အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
612 Views

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

Knowledge | Posted by Shwe Zin Win

[Unicode]

နိုင်ငံခြားမှာ ပိုက်ဆံစုပြီး မြန်မာနိုင်ငံက မြေကွက်ကို ဝယ်ယူလို့ရနိုင်လား? ဘယ်လိုဝယ်ယူနိုင်မလဲ? .... ဆိုတဲ့မေးခွန်းဟာ iMyanmarHouse ကို အများဆုံးမေးကြတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းအတွက် တိကျသေချာတဲ့အဖြေကို ရှေ့နေမှ သေချာ ‌‌ဖြေဆိုထားတာမို့ ဝင်ဖတ်ကြည့်ပါနော် ။ ဒါအပြင့် အဆောက်အဦးနဲ့ပတ်သတ်တဲ့ အမေးအဖြေနှစ်ခုကိုပါ ထပ်တိုးဖြေကြားပေးထားပါသေးတယ်။

 

 

မေးခွန်း (၁) - နိုင်ငံရပ်ခြားရောက်ရှိနေသည့် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် မြေကွက်ကို ဘယ်လိုဝယ်ယူနိုင်ပါသလဲ။

 

နိုင်ငံခြားရောက်နေသူတစ်ဦးမှ မြေကွက်ဝယ်ယူခြင်းအား အဆောတလျင်ပြုလုပ်လိုပါက ၎င်း၏ယုံကြည် စိတ်ချရသူ (သားသမီး၊မိဘ၊ဆွေမျိုး) တစ်ဦးဦးအား မိမိဝယ်ယူလိုသော မရွှေ့မပြောင်းနိုင်သောပစ္စည်း(သို့)ရွှေ့ ပြောင်းနိုင်သော ပစ္စည်းအား အမည်ခံကာ ဝယ်ယူခိုင်းနိုင်ပါသည်။ ထို့သို့ဝယ်ယူခြင်းကို ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်း ဟု ခေါ်ပါသည်။

၎င်းမှ နိုင်ငံအတွင်းပြန်လည်ရောက်ရှိချိန်တွင် အမည်ခံဝယ်ယူသူမှ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အချိန်ကာလဖြင့် ကတိပြုချက် ရယူထားသင့်ပါသည်။ မြေကွက်အရောင်းအဝယ်စာချုပ်တွင် ငွေထုတ်ဝယ်ယူသူ မိမိအမည်ကို ဘီနာမီစနစ်တွင် ဖော်ပြရန် မလိုပါ။ ဒေါ်ကြည်ခင်နှင့်ဦးမင်းငွေဝင်းပါ-၂ (၂၀၁၅ခုနှစ်၊တရားမ အထူး အယူခံမှုအမှတ်-(၂) ဘီနာမီစနစ်၌ သီးခြားသဘောတူညီချက်သာ အမည်ခံဝယ်သူနှင့် ပြုလုပ်ထားရပါမည်။ ထို့အပြင် General Power/ Special Power ဖြင့် ကိုယ်စားလှယ်မှ အမှန်တကယ်ဝယ်ယူသူကိုယ်စား လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ပါသည်။ နိုင်ငံခြားတွင် ရောက်ရှိနေသူများမှ ကိုယ်စားလှယ်လွှဲစာ ဆောင်ရွက်လိုပါက ၎င်းရောက်ရှိနေသော နိုင်ငံ၏ နိုတြီပဗ္ပလစ်ထံမှ တဆင့်ဆောင်ရွက်ရပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ခန့်အပ်ထားသော သံအရာရှိက ထပ်ဆင့်လက်မှတ်ရေးထိုးပါသည်။ သံရုံးမှ အဆိုပါ ကိုယ်စားလှယ် လွှဲစာအား မှတ်ပုံတင်စာရင်းသွင်းပြီး မူရင်းအား ပြန်လည်ပေးအပ်ပါသည်။

သို့သော် ယခုနောက်ပိုင်း ၁.၁၂.၂၀၂၃ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ ညွှန်ကြားချက်အရ ကိုယ်စား လှယ်လွှဲစာများအား မှတ်ပုံတင်စာချုပ်ချုပ်သည့်အချိန်မှ တစ်ပါးထဲ ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် ရောင်းသူအပြင် ဝယ်ယူသူများမှာလဲ မှတ်ပုံတင်စာချုပ်ချုပ်ဆိုသည်အထိ ကိုယ်တိုင်လက်မှတ်ရေးထိုး ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ဝယ်ယူသူမှ နိုင်ငံသို့ပြန်လည်ရောက်ရှိချိန် အမည်ပြောင်း ဆောင်ရွက်သည့်အခါ ရောင်းချ သူမှလဲ မှတ်ပုံတင်စာချုပ်ချုပ်ဆိုသည်အထိ လက်မှတ်ရေးထိုး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဖြေဆို ရေးသား ပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) - မြေနှင့်အဆောက်အဦကို နှစ်ရှည် ငှားရမ်းခြင်းအား တရားဝင်ခိုင်မာမှုရှိစေရန် ဘာတွေလုပ်ရမလဲ။

 

မြေ၊ အဆောက်အဦးပါမြေ၊ တိုက်ခန်း၊ ကွန်ဒို၊ စက်ရုံ၊ အလုပ်ရုံဟူ၍ လုပ်ငန်းအမျိုးအစား (သို့) လူနေထိုင်မှု ပေါ်မူတည်၍ ငှားရမ်းမှုများရှိပြီး ခိုင်မာမှုရှိလိုပါက ငှားရမ်းခြင်း စာချုပ်အား မှတ်ပုံတင် ရပါသည်။

ကုမ္ပဏီအနေဖြင့် ငှားရမ်းခြင်း ချုပ်ဆိုသောစာချုပ်များတွင် ကုမ္ပဏီကိုယ်စား လက်မှတ်ရေးထိုး ဆောင်ရွက်ခွင့်ရှိသူမှ တာဝန်ယူငှားရမ်းပြီး နှစ်အလိုက် ငှားရမ်းခြင်းစာချုပ်ချုပ်ဆိုခြင်းများ ရှိသလို (၁)နှစ်ထက် ကျော်လွန်ပါက ငှားရမ်းခြင်းစာချုပ်ကို မဖြစ်မနေမှတ်ပုံတင်ရန် လိုအပ်ပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၆(ဃ)အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို တစ်နှစ်ပြီး တစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်း စာချုပ်များမှာ မဖြစ်မနေမှတ်ပုံမတင်မနေရ စာချုပ်အမျိုးအစားများထဲတွင် ပါဝင်ပါသည်။

နိုင်ငံတော်ပိုင်မြေကို ရင်းနှီးမြုပ်နှံမှုအတွက် ငှားရမ်းလိုပါက ရင်းနှီးမြုပ်နှံမှုဥပဒေပုဒ်မ-၃၆(ဃ) အရ ရင်းနှီးမြုပ်နှံမှုအတွက် ခွင့်ပြုမိန့် ရယူရန် လိုအပ် ပါသည်။ ရင်းနှီးမြုပ်နှံမှုခွင့်ပြုမိန့်ရရှိပါက သတ်မှတ် ကာလအတိုင်း ငှားရမ်းနိုင်မည်ဖြစ်ကာ နှစ်ရှည် ငှားရမ်းလိုပါကလဲ ကနဦးနှစ်(၅၀)ငှားရမ်းနိုင်ပြီး (၁၀)နှစ် တစ်ကြိမ်ဖြင့် (၂)ကြိမ် သက်တမ်းတိုး ဆောင်ရွက် နိုင်ပါသည်။

ပုဒ်မ-၅၀(ဃ)နှင့်အညီ မှတ်ပုံတင်ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုမည်ဆိုပါက တံဆိပ်ခေါင်းခွန် ပြည့်မှီစွာထမ်းဆောင်ကာ စာချုပ်၌ မြေကွက်တည်ရှိရာနေရာအား တိကျစွာဖော်ပြရပြီး အသိသက် သေများဖြင့် ငှားရမ်းခြင်းစာချုပ်ချုပ်ဆိုကာ မှတ်ပုံတင်ရှိရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

  မေးခွန်း (၃) - ပါမစ်ပျောက်မြေကွက်အားမြေငှါးစာချုပ်လျှောက်ထားလို့ရပါသလား။

 

ပါမစ်မြေကို ဝယ်ယူပိုင်ဆိုင်ထားပါက မြေငှားစာချုပ်ချုပ်ဆိုနိုင်သည့် အဆင့်ထိ လျှောက်ထားရယူ မှုပြုရန်လိုအပ်ပါသည်။ မြေငှားရမ်းမှု မြေငှားဂရန် လက်ဝယ်ရှိမှသာ မိမိပိုင်ဆိုင်မှု ခိုင်မာမည်ဖြစ်ပါသည်။

အောက်ပါအချက်(၃)ချက်ဖြင့် ပါမစ်မြေပိုင်ဆိုင်ထားသူများမှာ ပါမစ်မူရင်း မတင်ပြနိုင်ပါက ပျောက်ဆုံးကြောင်း တင်ပြလျှောက်ထားမှုပြုရပါမည်။

၁။ ပါမစ်မြေတိုက်ရိုက် အမည်ပေါက်ချထားခံရသူ

၂။ အဆက်အစပ်အရပ်ကတိစာချုပ်များဖြင့် ပါမစ်မြေအား လွှဲပြောင်းလက်ခံရရှိသူ

၃။ တရားရုံး၏ အနိုင်ဒီဂရီဖြင့် ပါမစ်မြေကို ပိုင်ဆိုင်ထားသူ

ပျောက်ဆုံးကြောင်းတင်ပြရာ၌ လျှောက်လွှာနှင့်အတူ ပါမစ်မူရင်း ပျောက်ဆုံးကြောင်း ကျမ်းကျိန် လွှာ၊ မြို့နယ်ရဲစခန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်အပြင် လျှောက်ထားသူ၏ ဝန်ခံ ကတိပြုချက်၊ မှတ်ပုံတင်မိတ္တူ၊ အမွေဆက်ခံပိုင်ဆိုင်သူဖြစ်ပါက ကျမ်းကျိန်လွှာ ၊ အိမ်ထောင်စုစာရင်းနှင့် အမည်ပေါက်သူ၏ သေစာရင်းလဲ တင်ပြရပါမည်။ ထို့ပြင်ပိုင်ဆိုင်မှုနှင့်ဆက်စပ်သည့်စာချုပ်စာတမ်းများ၊ တရားရုံး၏ အနိုင်ဒီဂရီဖြင့် ပါမစ်မြေကို ပိုင်ဆိုင်ထားသူဖြစ်ခဲ့လျှင် အမိန့် ဒီဂရီမူရင်းနှင့်မိတ္တူ တို့ကို ပူးတွဲတင်ပြရန် လိုအပ်ပါသည်။

မြေနှင့်စပ်လျဉ်း၍လဲ အဆိုပါမြေမှာ မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခ နောက်ဆုံးပေးဆောင်ထားသော ပြေစာ တင်ပြရပါမည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မူရင်းမိတ္တူတိုက်ဆိုင်စစ်ဆေးပြီး အထက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံမှုရှိမှသာ ပါမစ်ပျောက်ခြင်းနှင့် မြေငှားဂရန် လျှောက်ထားခြင်းအတွက် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

 

အပတ္စဥ္ သိမွတ္ဖြယ္ရာ ဥပေဒအေမးအေျဖက႑

 

ႏိုင္ငံျခားမွာ ပိုက္ဆံစုၿပီး ျမန္မာႏိုင္ငံက ေျမကြက္ကို ဝယ္ယူလို႔ရႏိုင္လား? ဘယ္လိုဝယ္ယူႏိုင္မလဲ? .... ဆိုတဲ့ေမးခြန္းဟာ iMyanmarHouse ကို အမ်ားဆုံးေမးၾကတဲ့ ေမးခြန္းျဖစ္ပါတယ္။ ဒီေမးခြန္းအတြက္ တိက်ေသခ်ာတဲ့အေျဖကို ေ႐ွ႕ေနမွ ေသခ်ာ ‌‌ေျဖဆိုထားတာမို႔ ဝင္ဖတ္ၾကည့္ပါေနာ္ ။ ဒါအျပင့္ အေဆာက္အဦးနဲ႔ပတ္သတ္တဲ့ အေမးအေျဖႏွစ္ခုကိုပါ ထပ္တိုးေျဖၾကားေပးထားပါေသးတယ္။

ေမးခြန္း (၁) - ႏိုင္ငံရပ္ျခားေရာက္႐ွိေနသည့္ ျမန္မာႏိုင္ငံသားတစ္ဦးအေနျဖင့္ ေျမကြက္ကို ဘယ္လိုဝယ္ယူႏိုင္ပါသလဲ။

ႏိုင္ငံျခားေရာက္ေနသူတစ္ဦးမွ ေျမကြက္ဝယ္ယူျခင္းအား အေဆာတလ်င္ျပဳလုပ္လိုပါက ၎၏ယုံၾကည္ စိတ္ခ်ရသူ (သားသမီး၊မိဘ၊ေဆြမ်ိဳး) တစ္ဦးဦးအား မိမိဝယ္ယူလိုေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း(သို႔)ေ႐ႊ႕ ေျပာင္းႏိုင္ေသာ ပစၥည္းအား အမည္ခံကာ ဝယ္ယူခိုင္းႏိုင္ပါသည္။ ထို႔သို႔ဝယ္ယူျခင္းကို ဘီနာမီစနစ္ျဖင့္ ဝယ္ယူျခင္း ဟု ေခၚပါသည္။ ၎မွ ႏိုင္ငံအတြင္းျပန္လည္ေရာက္႐ွိခ်ိန္တြင္ အမည္ခံဝယ္ယူသူမွ ျပန္လည္လႊဲေျပာင္းေပးအပ္ရန္ အခ်ိန္ကာလျဖင့္ ကတိျပဳခ်က္ ရယူထားသင့္ပါသည္။ ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္တြင္ ေငြထုတ္ဝယ္ယူသူ မိမိအမည္ကို ဘီနာမီစနစ္တြင္ ေဖာ္ျပရန္ မလိုပါ။ ေဒၚၾကည္ခင္ႏွင့္ဦးမင္းေငြဝင္းပါ-၂ (၂၀၁၅ခုႏွစ္၊တရားမ အထူး အယူခံမႈအမွတ္-(၂) ဘီနာမီစနစ္၌ သီးျခားသေဘာတူညီခ်က္သာ အမည္ခံဝယ္သူႏွင့္ ျပဳလုပ္ထားရပါမည္။ ထို႔အျပင္ General Power/ Special Power ျဖင့္ ကိုယ္စားလွယ္မွ အမွန္တကယ္ဝယ္ယူသူကိုယ္စား လက္မွတ္ေရးထိုးေဆာင္႐ြက္ႏိုင္ပါသည္။ ႏိုင္ငံျခားတြင္ ေရာက္႐ွိေနသူမ်ားမွ ကိုယ္စားလွယ္လႊဲစာ ေဆာင္႐ြက္လိုပါက ၎ေရာက္႐ွိေနေသာ ႏိုင္ငံ၏ ႏိုႀတီပဗၸလစ္ထံမွ တဆင့္ေဆာင္႐ြက္ရၿပီး ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ ခန္႔အပ္ထားေသာ သံအရာ႐ွိက ထပ္ဆင့္လက္မွတ္ေရးထိုးပါသည္။ သံ႐ုံးမွ အဆိုပါ ကိုယ္စားလွယ္ လႊဲစာအား မွတ္ပုံတင္စာရင္းသြင္းၿပီး မူရင္းအား ျပန္လည္ေပးအပ္ပါသည္။ သို႔ေသာ္ ယခုေနာက္ပိုင္း ၁.၁၂.၂၀၂၃ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး၏ ၫႊန္ၾကားခ်က္အရ ကိုယ္စား လွယ္လႊဲစာမ်ားအား မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္သည့္အခ်ိန္မွ တစ္ပါးထဲ ေဆာင္႐ြက္ေပးမည္ျဖစ္ေသာေၾကာင့္ ေရာင္းသူအျပင္ ဝယ္ယူသူမ်ားမွာလဲ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုသည္အထိ ကိုယ္တိုင္လက္မွတ္ေရးထိုး ေဆာင္႐ြက္ရန္ လိုအပ္ပါသည္။ ထို႔ေၾကာင့္ ဝယ္ယူသူမွ ႏိုင္ငံသို႔ျပန္လည္ေရာက္႐ွိခ်ိန္ အမည္ေျပာင္း ေဆာင္႐ြက္သည့္အခါ ေရာင္းခ် သူမွလဲ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုသည္အထိ လက္မွတ္ေရးထိုး ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသား ေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ေျမႏွင့္အေဆာက္အဦကို ႏွစ္႐ွည္ ငွားရမ္းျခင္းအား တရားဝင္ခိုင္မာမႈ႐ွိေစရန္ ဘာေတြလုပ္ရမလဲ။

ေျမ၊ အေဆာက္အဦးပါေျမ၊ တိုက္ခန္း၊ ကြန္ဒို၊ စက္႐ုံ၊ အလုပ္႐ုံဟူ၍ လုပ္ငန္းအမ်ိဳးအစား (သို႔) လူေနထိုင္မႈ ေပၚမူတည္၍ ငွားရမ္းမႈမ်ား႐ွိၿပီး ခိုင္မာမႈ႐ွိလိုပါက ငွားရမ္းျခင္း စာခ်ဳပ္အား မွတ္ပုံတင္ ရပါသည္။ ကုမၸဏီအေနျဖင့္ ငွားရမ္းျခင္း ခ်ဳပ္ဆိုေသာစာခ်ဳပ္မ်ားတြင္ ကုမၸဏီကိုယ္စား လက္မွတ္ေရးထိုး ေဆာင္႐ြက္ခြင့္႐ွိသူမွ တာဝန္ယူငွားရမ္းၿပီး ႏွစ္အလိုက္ ငွားရမ္းျခင္းစာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား ႐ွိသလို (၁)ႏွစ္ထက္ ေက်ာ္လြန္ပါက ငွားရမ္းျခင္းစာခ်ဳပ္ကို မျဖစ္မေနမွတ္ပုံတင္ရန္ လိုအပ္ပါသည္။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒပုဒ္မ-၁၆(ဃ)အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို တစ္ႏွစ္ၿပီး တစ္ႏွစ္ ငွားရမ္းျခင္း၊ တစ္ႏွစ္ထက္ပို၍ ငွားရမ္းျခင္း၊ငွားရမ္းခကို ႏွစ္အလိုက္သတ္မွတ္၍ ငွားရမ္းျခင္း စာခ်ဳပ္မ်ားမွာ မျဖစ္မေနမွတ္ပုံမတင္မေနရ စာခ်ဳပ္အမ်ိဳးအစားမ်ားထဲတြင္ ပါဝင္ပါသည္။ ႏိုင္ငံေတာ္ပိုင္ေျမကို ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ငွားရမ္းလိုပါက ရင္းႏွီးျမဳပ္ႏွံမႈဥပေဒပုဒ္မ-၃၆(ဃ) အရ ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ခြင့္ျပဳမိန္႔ ရယူရန္ လိုအပ္ ပါသည္။ ရင္းႏွီးျမဳပ္ႏွံမႈခြင့္ျပဳမိန္႔ရ႐ွိပါက သတ္မွတ္ ကာလအတိုင္း ငွားရမ္းႏိုင္မည္ျဖစ္ကာ ႏွစ္႐ွည္ ငွားရမ္းလိုပါကလဲ ကနဦးႏွစ္(၅၀)ငွားရမ္းႏိုင္ၿပီး (၁၀)ႏွစ္ တစ္ႀကိမ္ျဖင့္ (၂)ႀကိမ္ သက္တမ္းတိုး ေဆာင္႐ြက္ ႏိုင္ပါသည္။ ပုဒ္မ-၅၀(ဃ)ႏွင့္အညီ မွတ္ပုံတင္ငွားရမ္းျခင္း စာခ်ဳပ္ခ်ဳပ္ဆိုမည္ဆိုပါက တံဆိပ္ေခါင္းခြန္ ျပည့္မွီစြာထမ္းေဆာင္ကာ စာခ်ဳပ္၌ ေျမကြက္တည္႐ွိရာေနရာအား တိက်စြာေဖာ္ျပရၿပီး အသိသက္ ေသမ်ားျဖင့္ ငွားရမ္းျခင္းစာခ်ဳပ္ခ်ဳပ္ဆိုကာ မွတ္ပုံတင္႐ွိရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

ေမးခြန္း (၃) - ပါမစ္ေပ်ာက္ေျမကြက္အားေျမငွါးစာခ်ဳပ္ေလွ်ာက္ထားလို႔ရပါသလား။

ပါမစ္ေျမကို ဝယ္ယူပိုင္ဆိုင္ထားပါက ေျမငွားစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္သည့္ အဆင့္ထိ ေလွ်ာက္ထားရယူ မႈျပဳရန္လိုအပ္ပါသည္။ ေျမငွားရမ္းမႈ ေျမငွားဂရန္ လက္ဝယ္႐ွိမွသာ မိမိပိုင္ဆိုင္မႈ ခိုင္မာမည္ျဖစ္ပါသည္။ ေအာက္ပါအခ်က္(၃)ခ်က္ျဖင့္ ပါမစ္ေျမပိုင္ဆိုင္ထားသူမ်ားမွာ ပါမစ္မူရင္း မတင္ျပႏိုင္ပါက ေပ်ာက္ဆုံးေၾကာင္း တင္ျပေလွ်ာက္ထားမႈျပဳရပါမည္။ ၁။ ပါမစ္ေျမတိုက္႐ိုက္ အမည္ေပါက္ခ်ထားခံရသူ ၂။ အဆက္အစပ္အရပ္ကတိစာခ်ဳပ္မ်ားျဖင့္ ပါမစ္ေျမအား လႊဲေျပာင္းလက္ခံရ႐ွိသူ ၃။ တရား႐ုံး၏ အႏိုင္ဒီဂရီျဖင့္ ပါမစ္ေျမကို ပိုင္ဆိုင္ထားသူ ေပ်ာက္ဆုံးေၾကာင္းတင္ျပရာ၌ ေလွ်ာက္လႊာႏွင့္အတူ ပါမစ္မူရင္း ေပ်ာက္ဆုံးေၾကာင္း က်မ္းက်ိန္ လႊာ၊ ၿမိဳ႕နယ္ရဲစခန္း၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔၏ ေထာက္ခံခ်က္အျပင္ ေလွ်ာက္ထားသူ၏ ဝန္ခံ ကတိျပဳခ်က္၊ မွတ္ပုံတင္မိတၱဴ၊ အေမြဆက္ခံပိုင္ဆိုင္သူျဖစ္ပါက က်မ္းက်ိန္လႊာ ၊ အိမ္ေထာင္စုစာရင္းႏွင့္ အမည္ေပါက္သူ၏ ေသစာရင္းလဲ တင္ျပရပါမည္။ ထို႔ျပင္ပိုင္ဆိုင္မႈႏွင့္ဆက္စပ္သည့္စာခ်ဳပ္စာတမ္းမ်ား၊ တရား႐ုံး၏ အႏိုင္ဒီဂရီျဖင့္ ပါမစ္ေျမကို ပိုင္ဆိုင္ထားသူျဖစ္ခဲ့လွ်င္ အမိန္႔ ဒီဂရီမူရင္းႏွင့္မိတၱဴ တို႔ကို ပူးတြဲတင္ျပရန္ လိုအပ္ပါသည္။ ေျမႏွင့္စပ္လ်ဥ္း၍လဲ အဆိုပါေျမမွာ ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခ ေနာက္ဆုံးေပးေဆာင္ထားေသာ ေျပစာ တင္ျပရပါမည္။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ မူရင္းမိတၱဴတိုက္ဆိုင္စစ္ေဆးၿပီး အထက္ေဖာ္ျပပါ အခ်က္အလက္မ်ား ျပည့္စုံမႈ႐ွိမွသာ ပါမစ္ေပ်ာက္ျခင္းႏွင့္ ေျမငွားဂရန္ ေလွ်ာက္ထားျခင္းအတြက္ ေဆာင္ ႐ြက္ေပးမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
bkk-projects
maha

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service