တိုက်ခန်းများအား နေထိုင်ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
929 Views

တိုက်ခန်းများအား နေထိုင်ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

Knowledge | Posted by Hnin Ei Khin

 

[Unicode]

တိုက်ခန်းများပိုင်ဆိုင်မှုမှာ အပျောက်စနစ်ဖြင့် ဝယ်ယူခြင်းဖြစ်သဖြင့် တိုက်သစ်ပြန်လည် ဆောက်လုပ်မည်ဆိုပါက အိမ်ရှင်အိမ်ငှားဥပဒေပြဿနာအတိုင်းသာ ဖြေရှင်းဆောင်ရွက်ရပါသည်။ တိုက်ခန်းပိုင်ဆိုင်မှု အတွက် အငြင်းပွားသည့်အခါ (၁၂)နှစ်ကျော် နေထိုင်မှုအပြင် မြေခွန်ပေးဆောင်ခြင်းမှာလဲ နေထိုင်မှုအတွက် အထောက်အထားဖြစ်စေပါသည်။

တိုက်ခန်းများ ဝယ်ယူပိုင်ဆိုင်မှုမှာ နေထိုင်မှုကို အပျောက်စနစ်ဖြင့် လွှဲပြောင်းပေးအပ်ခြင်းပင် ဖြစ်ပါသည်။ မူလမြေရှင်၏ မြေပေါ်တွင် အငှားနေထိုင်ခြင်းသဘောပင်ဖြစ်ပြီး လွှဲပြောင်းရောင်းချခြင်းများမှာလဲ ပိုင်ဆိုင်ခွင့်အတွက် လွှဲပြောင်းချခြင်းမဟုတ်ဘဲ နေထိုင်ခွင့်အတွက် လွှဲပြောင်းရောင်းချခြင်းပင် ဖြစ်ပါသည်။

၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၄၄၅ တွင် အိမ်ရှင်အိမ်ငှားအဖြစ် ခံယူရာ၌ ကိုယ်အမူအရာဖြင့်ပင် အိမ်ရှင်အိမ်ငှားအဖြစ် ရောက်ရှိနိုင်ကြောင်း ဖော်ပြထားပြီး မြေရှင်၏ မြေပေါ်တွင် ငှားရမ်းနေထိုင်ခြင်းအတွက် မြေရှင်၏ အသိအမှတ်ပြုမှုရယူရန်မှာ လွယ်ကူစေပါသည်။

တိုက်ခန်းအား နေထိုင်မှုအတွက် အသိအမှတ်ပြုရန်မှာလဲ မြေရှင်ထံတွင်ပင်ရှိပြီး ဝယ်ယူသူ အမည်ပြောင်း ဆောင်ရွက်မှုမှာလဲ မြေရှင်အသိအမှတ်ပြုမှုဖြင့်သာ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် အမည် ပြောင်းအသိအမှတ်ပြုအနေဖြင့် မြေရှင်မှ လက်မှတ်ရေးထိုးရန် သတ်မှတ်(%) အား ရောင်းချသူမှဘက်မှ ပေးဆောင်ကြခြင်းပင် ဖြစ်ပါသည်။

ဒေါ်ချိုက်သင်း(ခ)ဒေါ်သင်းသင်းနိုင်နှင့် ဒေါ်ခင်ညွှန့်ပါ-၆(၂၀၀၈) အမှုတွင် လက်ရှိနေထိုင်သည့် မူလအဆောက်အအုံမှာ ယို့ယွင်းပျက်စီးနေသည့်အတွက် ဖြိုဖျက်ပြီး အသစ်ဆောက်လုပ်ရန်အပြင် တိုက်ခန်းမူလ ပိုင်ရှင်အား အခန်းတစ်ခန်း ပြန်ပေးလည်ပေးအပ်ရန် တိုက်ခန်းပိုင်ရှင်နှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီတို့အကြား သီးခြားပဋိဉာဉ် ပြုလုပ်ထားကြပါသည်။ အဆိုပါအခြေအနေအရ တရားရုံးမှ အချင်းဖြစ် တိုက်ခန်းအား မူလပိုင်ရှင်က လက်ရောက်ရထိုက်ကြောင်း ဆုံးဖြတ်ထားသည်ကို တွေ့ရှိနိုင်ပါသည်။

အဆိုပါ စီရင်ထုံးတွင် မြေရှင်မှာ အခန်းများခွဲဝေပေးခြင်းကြောင့် ၎င်းမြေပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ ပိုင်ဆိုင်ခွင့်အခွင့်အရေးကို ထိခိုက်မှုမရှိကြောင်း သုံးသပ်ထားသည်ကို ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi] တိုက်ခန်းများအား နေထိုင်ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

 










 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service