ထူးခြားဆန်းပြား ထိုင်းနိုင်ငံက အဆာပြေအင်းဆက်ပိုးကောင်များ - Property Knowledge in Myanmar from iMyanmarHouse.com
1285 Views
ထူးခြားဆန်းပြား ထိုင်းနိုင်ငံက အဆာပြေအင်းဆက်ပိုးကောင်များ
Knowledge | Posted by Hnin Ei Khin
[Unicode]
မုန့်ဈေးတန်းဆိုတာ အစားအသောက်ကြိုက်နှစ်သက်သူတိုင်းရဲ့ နိဗ္မာန်လို့တောင် သတ်မှတ်ရမှာပါ။ တချို့များဆိုရင် မုန့်ဈေးတန်းတစ်လျှောက် ဖြန့်ခင်းရောင်းချနေတဲ့ မုန့်တွေပတ်ဝယ်စား အစားအသောက် Show တွေ ရိုက်ပြပြီး ကြည့်ရှုသူ ပရိသတ်ကို ဖျော်ဖြေကြပါသေးတယ်။ ဒီလို vedio တွေကနေ ဝင်ငွေ သန်းနဲ့ချီရနေ သူများလည်း ဒုနဲ့ဒေးပါပဲ။ အများနဲ့မတူ တစ်မူထူးခြားတဲ့ ထိုင်းနိုင်ငံတွင်းက အင်းဆက်မုန့်‌ဈေးတန်းကတော့ မု့န်ကြိုက်သူ မမများကို မတူတဲ့ခံစားချက်ရသကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
သူတို့နိုင်ငံတွင်းမှာတင် စားသုံးသူများပြားတာကြောင့် တောင်ပုံရာပုံ ရောင်းချနေတာကိုတွေ့မြင်ရမှာပါ။ ထူးဆန်းတဲ့ အင်းဆက်အဆာပြေမု့န်လေးတွေက ဘာကောင်တွေဖြစ်မလဲ?
 ‌ နှံကောင်ကြော် (Grasshopper)
နှံကောင်တွေဟာ ထိုင်းနိုင်ငံမှာတော့ လူကြိုက်များတဲ့ အကောင်တွေပါ။ ကြော်စားလိုက်ရင်ရှယ်ပဲကိုး။ စားလိုက်ရင် ရွရွလေးနဲ့အရသာပြည့်ဝလို့ ထိုင်းလူမျိုးတွေက ရှောက်ရွက်နဲ့တွဲစားကြပါတယ်။ ထိုင်းနိုင်ငံတွင်းလူကြိုက်များတဲ့ အင်းဆက်ကြော်တစ်မျိုးပါ။ မက်ဆီကန်လူမျိုးများလည်း စားသုံးကြပါသေးတယ်။ သူတို့ကတော့ အသားညှပ်ပေါင်မုန့်ထဲ နှံကောင်ကြော်ကို ညှပ်ပြီးစားသုံးကြတာပါ။
ကင်းမြီးကောက် (Scorpion)
အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်လည်း ထိုင်းရောက်ရင် အဆိပ်မပြင်းနိုင်တော့ပါဘူး။ တရုတ်နဲ့ ထိုင်းနိုင်ငံဟာ အင်းဆက်ပိုးမွှားတွေ အများဆုံးစားတဲ့ နိုင်ငံထဲမှာပါပါတယ်။ ကင်းမြီးကောက်ကြော်က‌တော့ စားလိုက်တဲ့အခါမှာ ကဏန်းကြော်လိုမျိုး ကြွပ်ကြွပ်ရွရွလေးမို့ ထိုင်းလူမျိုးများ စွဲစွဲလမ်းလမ်း စားသုံးကြတဲ့ သရေစာဖြစ်ပါတယ်။
ဝါးပိုး  
အင်းဆက်များအားလုံးထဲ ဝါးပိုးကတော့ အန္တရာယ်အကင်းဆုံးစားသုံးနိုင်တဲ့ ပိုးကောင်တစ်မျိုးဖြစ်ပါတယ်။ ဝါးပိုးကောင်မှာ Protein ပြည့်ဝစွာပါပြီး ရှားပါး‌ဈေးကြီးပေးရတဲ့ အကောင်အမျိုးအစားဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့ အင်းဆက်မုန့်ဈေးတန်းမှာတော့ ဝါးပိုးကောင်ကြော်တွေကို ‌ပေါပေါလောလော တွေ့မြင်နိုင်ပါလိမ့်မယ်။
ပိုးစာကြော်  
အစိမ့်အရသာ ပိုးစာ‌ကြော်ဟာ ထိုင်းနိုင်ငံမှာ အရမ်းကို နာမည်ကြီးပြီး စားသုံးသူ များပြားတဲ့ ထိပ်တန်းစားစရာတစ်မျိုးဖြစ်ပါတယ်။ ထိုင်းဘက်ကနေ မြန်မာပြည်ကို တင်သွင်းနေပြီး အသားဓာတ်၊ သံဓာတ် အပြည့်ပါဝင်တာမို့ အသားဓာတ်လိုအပ်နေရင် စားပေးသင့်တဲ့ အင်းဆက်တစ်မျိုးဖြစ်ပါတယ်။
ကြောက်စရာကောင်းပေမယ့် အသားဓာတ်ကြွယ်ဝပြီး အစာကြေလွယ်တဲ့ အင်းဆက်ကြော်တွေဖြစ်ပါတယ်။ မရွံ့တတ်ရင် တစ်ခါလောက်တော့ စမ်းစားကြည့်ဖို့ အကြံပြုချင်ပါတယ်နော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဝါးပိုး
ပိုးစာကြော်
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service