မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ကန့်သတ်သည့်ဥပဒေအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1007 Views

မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ကန့်သတ်သည့်ဥပဒေအကြောင်း

Knowledge | Posted by Shwe Zin Win

[Unicode]

 

မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပုဒ်မ-၃အရ မည်သူမဆိုမရွှေ့ မပြောင်းနိုင်သော အိမ်၊ခြံ၊မြေအား နိုင်ငံခြားသား၊ နိုင်ငံခြားပိုင် ကုမ္ပဏီများအား ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း တစ်စုံတစ်ရာပြုလုပ်၍ မရကြောင်း ဖော်ပြထားပါသည်။

နိုင်ငံအတွင်းရှိ ယခင်က နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား ပစ္စည်း တည်ရှိရာအရပ်ဒေသရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားရှိရမည်။ အဆိုပါ မရွှေ့မပြောင်းနိုင် သောပစ္စည်း ပိုင်ဆိုင်သော နိုင်ငံခြားသားကွယ်လွန်ခြင်း၊ နိုင်ငံမှထွက်ခွာခြင်း၊ ပြည်နှင်ဒဏ်ချမှတ်ခြင်း ကိစ္စရပ် များတွင် မြေပိုင်ဆိုင်မှုအား အမွေဆက်ခံသူရှိပါက ပိုင်ဆိုင်ခွင့်အား လွှဲပြောင်းရရှိမည်ဖြစ်ကာ အကျိုးခံစားခွင့်ရှိသူ မရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းပြုမည်ဖြစ်ပါသည်။

အဆိုပါအမွေဆက်ခံခြင်းများတွင် အမွေဆက်ခံမည့်သူအချင်းချင်း သဘောညီချက်အရ ဆောင်ရွက်နိုင်ပြီး အမွေဆက်ခံသူများ ညီညွတ်မှုမရှိပါက တရားရုံး၏ ဆုံးဖြတ်ချက်ရယူကာ ဖြေရှင်းဆောင်ရွက်မှု ပြုနိုင်ပါသည်။

ထို့ပြင် နိုင်ငံခြားသားနှင့် နိုင်ငံခြားသားပိုင်ကုမ္ပဏီအား မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ငှားရမ်းခြင်း ပြုလျှင် တစ်နှစ်ထက်ကျော်လွန်၍ ငှားရမ်းခြင်းစာချုပ်ချုပ်ဆို၍ မရပါ။

ပုဒ်မ-၁၁ အရ နိုင်ငံခြားသားပိုင်ဆိုင်ထားခဲ့သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား ထိန်ချန်ခြင်း နှင့် မှတ်ပုံတင်ရန် ပျက်ကွက်ပါက (၅)နှစ်အထိ ချမှတ်နိုင်သော ထောင်ဒဏ်အပြင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား  ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းလဲပြုနိုင်သည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပုဒ်မ-၁၄ အရ သံတမာန်အဖွဲ့ အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခြားမည်သည့်အဖွဲ့အစည်းများမဆို ဤဥပဒေပါ ပြဌာန်းချက်များကို ကင်းလွတ်ခွင့်ပြုနိုင်ပါသည်။

နိုင်ငံတော်နှင့်သက်ဆိုင်သည့်လုပ်ငန်းများအား အကျိုးတူစာချုပ်ချုပ်ဆိုထားသော ကုမ္ပဏီများ၊ အဖွဲ့ အစည်းများမှာ ဤဥပဒေပါအချက်အလက်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို ကန္႔သတ္သည့္ဥပေဒအေၾကာင္း

 

မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ ဥပေဒပုဒ္မ-၃အရ မည္သူမဆိုမေ႐ႊ႕ မေျပာင္းႏိုင္ေသာ အိမ္၊ျခံ၊ေျမအား ႏိုင္ငံျခားသား၊ ႏိုင္ငံျခားပိုင္ ကုမၸဏီမ်ားအား ေရာင္းခ်ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္း၊ လဲလွယ္ျခင္း တစ္စုံတစ္ရာျပဳလုပ္၍ မရေၾကာင္း ေဖာ္ျပထားပါသည္။

ႏိုင္ငံအတြင္း႐ွိ ယခင္က ႏိုင္ငံျခားသားမ်ား ပိုင္ဆိုင္သည့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားအား ပစၥည္း တည္႐ွိရာအရပ္ေဒသ႐ွိ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္ထား႐ွိရမည္။ အဆိုပါ မေ႐ႊ႕မေျပာင္းႏိုင္ ေသာပစၥည္း ပိုင္ဆိုင္ေသာ ႏိုင္ငံျခားသားကြယ္လြန္ျခင္း၊ ႏိုင္ငံမွထြက္ခြာျခင္း၊ ျပည္ႏွင္ဒဏ္ခ်မွတ္ျခင္း ကိစၥရပ္ မ်ားတြင္ ေျမပိုင္ဆိုင္မႈအား အေမြဆက္ခံသူ႐ွိပါက ပိုင္ဆိုင္ခြင့္အား လႊဲေျပာင္းရ႐ွိမည္ျဖစ္ကာ အက်ိဳးခံစားခြင့္႐ွိသူ မ႐ွိပါက ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းျပဳမည္ျဖစ္ပါသည္။

အဆိုပါအေမြဆက္ခံျခင္းမ်ားတြင္ အေမြဆက္ခံမည့္သူအခ်င္းခ်င္း သေဘာညီခ်က္အရ ေဆာင္႐ြက္ႏိုင္ၿပီး အေမြဆက္ခံသူမ်ား ညီၫြတ္မႈမ႐ွိပါက တရား႐ုံး၏ ဆုံးျဖတ္ခ်က္ရယူကာ ေျဖ႐ွင္းေဆာင္႐ြက္မႈ ျပဳႏိုင္ပါသည္။

ထို႔ျပင္ ႏိုင္ငံျခားသားႏွင့္ ႏိုင္ငံျခားသားပိုင္ကုမၸဏီအား မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား ငွားရမ္းျခင္း ျပဳလွ်င္ တစ္ႏွစ္ထက္ေက်ာ္လြန္၍ ငွားရမ္းျခင္းစာခ်ဳပ္ခ်ဳပ္ဆို၍ မရပါ။

ပုဒ္မ-၁၁ အရ ႏိုင္ငံျခားသားပိုင္ဆိုင္ထားခဲ့ေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား ထိန္ခ်န္ျခင္း ႏွင့္ မွတ္ပုံတင္ရန္ ပ်က္ကြက္ပါက (၅)ႏွစ္အထိ ခ်မွတ္ႏိုင္ေသာ ေထာင္ဒဏ္အျပင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား ျပည္သူ႕ဘာ အျဖစ္ သိမ္းဆည္းျခင္းလဲျပဳႏိုင္သည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ ဥပေဒပုဒ္မ-၁၄ အရ သံတမာန္အဖြဲ႕ အစည္းမ်ား၊ ကုလသမဂၢအဖြဲ႕အစည္းမ်ား၊ အျခားမည္သည့္အဖြဲ႕အစည္းမ်ားမဆို ဤဥပေဒပါ ျပဌာန္းခ်က္မ်ားကို ကင္းလြတ္ခြင့္ျပဳႏိုင္ပါသည္။

ႏိုင္ငံေတာ္ႏွင့္သက္ဆိုင္သည့္လုပ္ငန္းမ်ားအား အက်ိဳးတူစာခ်ဳပ္ခ်ဳပ္ဆိုထားေသာ ကုမၸဏီမ်ား၊ အဖြဲ႕ အစည္းမ်ားမွာ ဤဥပေဒပါအခ်က္အလက္မ်ားႏွင့္ သက္ဆိုင္ျခင္းမ႐ွိေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service