ပိုင်ရှင်အသစ်ပြောင်းထားတဲ့ Sedona Hotel ကို ဒီဇင်ဘာလ (၁)ရက်နေ့ စတင်ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
1364 Views

ပိုင်ရှင်အသစ်ပြောင်းထားတဲ့ Sedona Hotel ကို ဒီဇင်ဘာလ (၁)ရက်နေ့ စတင်ဖွင့်လှစ်မည်

[Unicode]

 

ရန်ကုန် Sedona Hotel ကို Kepple ကော်ပိုရေးရှင်းက စင်ကာပူလုပ်ငန်းစု တစ်ခုဖြစ်တဲ့ Spring Blossom Ventures ကို အမေရိကန်ဒေါ်လာ (၅၇)သန်းကျော်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကာလ ၂၀၂၁ ခုနှစ်က ဟိုတယ်လုပ်ငန်းတွေ ရပ်နားထားခဲ့ရပြီး Sedona Hotel လည်း ဟိုတယ်လုပ်ငန်းတချို့ကို ရပ်နားခဲ့ရတာပါ။ အဲဒီနောက် စင်ကာပူလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Spring Blossom Ventures ကိုရောင်းချခဲ့ပြီး အခု ဒီဇင်ဘာလ (၁)ရက်နေ့မှာတော့ Sedona Hotel (ရန်ကုန်)ကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ကုမ္ပဏီဘက်က ကြေညာထားပါတယ်။

အခုပြန်ဖွင့်တာဟာ အဆောက်အဦအသစ်ဖြစ်တဲ့ Inya Wing ဘက်အခြမ်းက (၁၈)လွှာကနေ(၂၉)လွှာအထိ ပြန်ဖွင့်ထားတာဖြစ်ပြီး ကျန်တဲ့အဆောက်အဦအဟောင်းကိုတော့ ပြင်ဆင်မှုတွေလုပ်နေလို့ ပိတ်ထားပါသေးတယ်။ Kepple ကော်ပိုရေးရှင်းက Sedona Hotel (ရန်ကုန်)ကို အခုနှစ်မတ်လပိုင်းကစလို့ နှစ်ဘက်အရောင်းအဝယ် သဘောတူညီမှုတွေလုပ်ဆောင်နေတာလို့ ဆိုထားပါတယ်။

Kepple ကော်ပိုရေးရှင်းဟာ စင်ကာပူနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး အခု Sedona Hotel ကို ဝယ်ယူလိုက်တဲ့ Spring Blossom Ventures လုပ်ငန်းစုဟာလည်း စင်ပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ Sedoan Hotel (ရန်ကုန်)ကို (၁၉၉၆) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သက်တမ်းအနေနဲ့ (၂၇)နှစ် ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ Sedoan Hotel(ရန်ကုန်)ဟာ မြန်မာနိုင်ငံမှာ အစောဆုံးဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတကာဟိုတယ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 







(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service