(၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းလောက်ပြီးတော့မယ့် ရန်ကုန်-ဒလ မြစ်ကူးတံတား - Property News in Myanmar from iMyanmarHouse.com
1832 Views
(၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းလောက်ပြီးတော့မယ့် ရန်ကုန်-ဒလ မြစ်ကူးတံတား
[Unicode]
ရန်ကုန်-ဒလမြစ်ကူးတံတားကို Korea Econo-mic Development Fund(EDCF) ရဲ့ချေးငွေအကူအညီနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်ဒီဇင်ဘာလလောက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း ကိုဗစ် (၁၉)ရောဂါအခြေနေကြောင့်ခေတ္တရပ်နားထားရာကနေ ပြန်လည်စတင်ခဲ့ပြီး အခု (၂၀၂၃) ခုနှစ်မတ်လပိုင်းလောက်မှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးဦးဝင်းဖေတို့က လာရောက်ကြည့်ရှုခဲ့ပြီး လာမယ့်(၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ပြီးစီးနိုင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ရန်ကုန်မြို့ရဲ့ လမ်းမတော်မြို့နယ်ကနေ ပြည်လမ်းမပေါ်အထိဆက်သွယ်ထားပြီးတစ်ဖက်မှာလည်း ဒလတွံတေးခရိုင်   ဒလမြို့နယ်    နဲ့ဆက်သွယ်ထားတဲ့တံတားတစ်ခုဖြစ်ပါတယ်။ဒလတံတားပြီးစီးသွားရင် ရန်ကုန်မှာ ယာဉ်ကြောကြပ်တည်းမှု အထိုက်အလျောက်လျော့နည်းသွားမှာဖြစ်သလို ဒလဘက်ခြမ်းမှာလည်း အိမ်ခြံမြေဈေးတွေ ဈေးမြင့်တက်နိုင်တယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်နေသူတွေက သုံးသပ်နေကြပါတယ်။
ဒလ   ဘက်ခြမ်း မှာ အိမ်ခြံမြေဈေး တွေဟာ ဒလတံတားစတည်ဆောက်စဉ်ကတည်းက တရိပ်ရိပ်မြင့်လာပြီး တချို့ကျေးရွာမြေတွေတောင် ဈေးထောင်ချီတဲ့အထိပေါက်ဈေးရှိနေပါတယ်။အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ဒလမြို့ခံတွေပြောဆိုချက်အရ  ဒလမှာမြေဈေး (၃)ဆကျော်အထိမြင့်တက်လာတယ်လို့ ဆိုပါတယ်။ အဲ့ဒီတံတားဟာ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး အလုပ်သမား(၆၅၀) ကျော်နဲ့နေ့ညမပြတ်တည်ဆောက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။
ဒီတံတားဟာ သံမဏိကြိုးဆိုင်းတံတားတွေထဲမှာ အရှည်ဆုံးနဲ့အကြီးဆုံးဖြစ်ပြီး တံတားအောက်ကနေ ပင်လယ်ကူးသင်္ဘောတွေဖြတ်သွားဖို့ ရေလည်တိုင် နှစ်တိုင်ကိုမြှင့်ထားတဲ့ ဒီဇိုင်းသတ်မှတ်တည်ဆောက်ထားတာပါ။ ဒလမြစ်ကူးတံတားရဲ့ ပင်မအရှည်ဟာ(၂၂၆၄၀)ပေရှိပြီး ခံနိုင်ဝန်ဟာ ယာဉ်တစ်စီးချင်း (၇၅) တန်ရှိပါတယ်။ ရန်ကုန်မြစ်အတွင်း ပင်လယ်ကူးသင်္ဘောတွေဖြတ်သန်းနိုင်ဖို့ အမြင့်ပေ(၁၆၀)နဲ့ ရေလမ်းကင်းလွတ်အကျယ် (၉၉၈)ပေရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Upcoming Property Events
From 13 Sep To 14 Sep
INNO CITY
From 13 Sep To 14 Sep
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
Magical World
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service