မိမိအိမ်က ရေခဲသေတ္တာအကြောင်း ဘာတွေသိထားဖို့လိုသလဲ..... - Property Knowledge in Myanmar from iMyanmarHouse.com
1709 Views
မိမိအိမ်က ရေခဲသေတ္တာအကြောင်း ဘာတွေသိထားဖို့လိုသလဲ.....
Knowledge | Posted by Aye Myat Thu
[Unicode]
ခေတ်မီတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ အိမ်တိုင်းလိုလို ရေခဲသေတ္တာရှိကြပါတယ်။ အိမ်မှာရှိတဲ့ ရေခဲသေတ္တာထဲကို မိမိတို့စားချင်တဲ့ အစားအစာတွေ ကြာရှည်ခံအောင် သိမ်းဆည်းထားကြပါတယ်။
အိမ်တိုင်းမှာရှိတဲ့ ရေခဲသေတ္တာကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ အိမ်မှာ ရေခဲသေတ္တာရှိသူတိုင်း သိထားသင့်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ရေခဲသေတ္တာထဲတွင် အသားငါးများ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အချိုရည်ဗူး၊ ရေသန့်ဘူးများ နှင့် အလှကုန်ပစ္စည်းများကို ထည့်ထားတတ်လေ့ရှိသည်။ အေးအေးလေးနဲ့ ကြာရှည်ခံချင်တိုင်း အစားအစာအားလုံး ရေခဲသေတ္တာထဲ ထည့်ဖို့မလိုပေ။
ရေခဲသေတ္တာထဲ လုံးဝထည့်မထားသင့်တဲ့ အစားအစာများ
ကြာရှည်ခံအောင် ရေခဲသေတ္တာထဲထည့်မှ ပုံပျက်ပြီး သုံးမရတော့တဲ့ အစားအစာတွေ၊ အသီးအနှံတွေလည်းရှိပါတယ်။ ထိုအစားအစာတွေ၊ အသီးအနှံတွေကတော့ ဆီးသီး၊ မက်မွန်သီး၊ ပန်းသီး၊ အခွံမာသီး၊ သခွားမွှေး၊ ဖရဲသီး၊ ပျားရည် နဲ့ အာလူးတို့ပဲဖြစ်ပါတယ်။
ဖော်ပြပါ အသီးအနှံတွေ အစားအစာတွေက ရေခဲသေတ္တာထဲ လုံးဝမထည့်သင့်တဲ့ အသီးအနှံ၊ အစားအစာတွေပဲဖြစ်ပါတယ်။ ဒီအသီးအနှံတွေကို ရေခဲသေတ္တာထဲထည့်ထားခြင်းက ဘာအကျိုးကျေးဇူးမှ မရရှိဘဲ အသီးတွေရဲ့ မူလပါ အဟာရ နဲ့ အဆီအနှစ်တွေကို ဓါတ်ပြယ်စေနိုင်ပါတယ်။
ရေခဲသေတ္တာထဲမှာရှိတဲ့ အစားအစာ၊ အသီးအနှံတွေ လတ်ဆတ်ပြီးအထားခံနေဖို့ဆိုရင် အတွင်းပိုင်း အအေးပမာဏ မျှတနေဖို့လိုပါတယ်။အအေးပမာဏကို စနစ်တကျ ရှိန်ညှိထားရင် အထဲမှာထည့်ထားတဲ့ အစားအစာတွေ ပုပ်သိုးခြင်းမရှိတော့ဘဲ လတ်ဆတ်ပြီး အေးနေမှာပဲဖြစ်ပါတယ်။
ရေခဲသေတ္တာ အသုံးပြုသူတိုင်း ရှောင်ရှားရမည့် အချက်များ
လူတွေတောင် နေမကောင်းဖြစ်သလို၊ စက်ပစ္စည်းတွေလည်း ပျက်ယွင်းကြပါတယ်။ လူတွေ ကျန်းမာရေးဂရုစိုက်ကြသလို၊ စက်ပစ္စည်းတွေ မပျက်စီးအောင်လည်း ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဆောင်ရန်/ရှောင်ရန်တွေလိုအပ်ပါတယ်။
ရေခဲသေတ္တာ အသုံးပြုသူတိုင် ဘယ်လိုအချက်တွေကို မပြုလုပ်သင့်ဘူးလဲဆိုတော့.....
(၁) မလိုအပ်ဘဲ တံခါးမဖွင့်ထားပါနဲ့၊ လိုအပ်တဲ့ပစ္စည်းယူပြီးတာနဲ့ ချက်ချင်းပြန်ပိတ်ပါ။
(၂) ရေခဲသေတ္တာရဲ့ အတွင်းအပြင်ကို ရေနဲ့ ပက်ဖြန်းခြင်း မပြုပါနဲ့။
(၃) ဓာဓုဆေးဝါးပစ္စည်းများ၊ ဆေးရည်များကို ရေခဲသေတ္တာထဲ မထည့်ပါနဲ့။
(၄ ) ရေခဲသေတ္တာရဲ့ လေထွက်ပေါက်ရှေ့မှာ ပစ္စည်းတွေ မထားပါနဲ့။
ရေခဲသေတ္တာ အသုံးပြုသူတိုင်း ပြုလုပ်သင့်သည့် အချက်များ
ရေခဲသေတ္တာ အသုံးပြုသူတိုင်း ရှောင်ရှားရမည့် အချက်တွေကို သိထားပြီဆိုရင် အိမ်မှာရှိတဲ့ရေခဲသေတ္တာ ပျက်စီးမလွယ်အောင် ဘယ်လိုအချက်တွေ ပြုလုပ်ပေးသင့်လဲဆိုတော့
(၁) တခြားအိမ်သုံးပစ္စည်းများကဲ့သို့ ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။
(၂) ရေခဲသေတ္တာထဲရှိ ပစ္စည်းတွေကို စနစ်တကျ ထားပါ။ တစ်ခုပေါ်တစ်ခုထပ်ထားပါက လေဝင်လေထွက်ပိတ်ပြီး အတွင်းပိုင်း အအေးပမာဏ ကျသွားနိုင်ပါတယ်။
(၃) ရေခဲသေတ္တာ နောက်အခြမ်းကို သန့်ရှင်းစွာ ထားပါ။
(၄) ရေခဲသေတ္တာထဲ ထည့်ရမည့်ပစ္စည်းများကို ရေဆေး၊ အသီးအရွက်များဖြစ်ပါက ဆားရည်စိမ်ပြီးမှထည့်ပါ။ အသီးအရွက်မှာပါလာတဲ့ ပိုးများ (ဥပမာ-Corona Virus) ရေခဲသေတ္တာထဲ မွေးမြူသလိုဖြစ်နေပါမယ်။
အိမ်မှာ ရေခဲသေတ္တာရှိသူတိုင်း အထက်ပါ ဆောင်ရန်/ရှောင်ရန်တွေကို ဖတ်ပြီး မိမိအိမ်မှာရှိတဲ့ ရေခဲသေတ္တာကို မပျက်စီးအောင် ဂရုစိုက်ကြဖို့ အကြံပေးပြောကြားလိုက်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
Upcoming Property Events
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service