ပဋိဉာဉ်အက်ဥပဒေနှင့် စပ်လျဉ်း၍ ပစ္စည်းခေတ္တအပ်နှံခြင်းအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
666 Views

ပဋိဉာဉ်အက်ဥပဒေနှင့် စပ်လျဉ်း၍ ပစ္စည်းခေတ္တအပ်နှံခြင်းအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Knowledge | Posted by Hnin Ei Khin

[Unicode]

 

ပဋိဉာဉ်အက်ဥပဒေ-၁၄၈ အရ ခေတ္တအပ်နှံခြင်းဆိုသည်မှာ ပစ္စည်းတစ်စုံတစ်ရာအား လုပ်ငန်းပြီး ဆုံးပါက ပြန်လည်ပေးအပ်ရန် အပ်နှံထားခြင်းပင်ဖြစ်ပါသည်။

ထို့သို့အပ်နှံရာတွင် ပဋိဉာဉ်ချုပ်ဆိုကာ အပ်နှံ သူမှ မိမိပြုလုပ်စေလိုသော လုပ်ငန်းအား စီမံညွှန်ကြားမှုပြုပြီး အပ်နှံခြင်းခံရသူမှ ပဋိဉာဉ်အတိုင်း လုပ်ဆောင် ပေးရန်အတွက် လက်ခံရယူခြင်းပင်ဖြစ်ပါသည်။

အပ်နှံခံရသူသည်ပစ္စည်းအား ပိုင်ဆိုင်ခြင်းမရှိသော်လည်း တရားသဖြင့် ပစ္စည်းအား လက်ရှိထား ပိုင်ခွင့်ရရှိခြင်းပင် ဖြစ်သည်။ ပစ္စည်းအား အပ်နှံထားသူနှင့် ကတိပြုချက်အတိုင်း (သို့) အပ်နှံထားသည့် ပစ္စည်း အတိုင်း အပ်နှံခံရသူမှ ပြန်လည်ပေးအပ်ရန် တာဝန်ရှိနေပါသည်။

ကုန်စည်များအား အရစ်ကျငွေပေးချေ ရောင်းဝယ်ခြင်းများတွင် တန်ဖိုးငွေ အကြေပေးချေပြီးမှသာ ဝယ်ယူသူထံ ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။ တန်ဖိုးငွေ မကြေသေးဘဲ ပစ္စည်းလက်ရောက်ရရှိထားပါကလဲ ခေတ္တအပ်နှံခြင်းခံရသူအဖြစ် ပစ္စည်းကို လက်ရှိထားပိုင်ခွင့်သာ ရှိသေးပါသည်။

ပစ္စည်းအား အပ်နှံထားရှိခြင်းနှင့် ပစ္စည်းအား အနာဂဏ်အတွက် အရောင်းအဝယ်ပြုခြင်း ကွာခြား ချက်မှာ ရောင်းချခြင်းများတွင် ပစ္စည်းအတွက် ကိုက်ညီသော တန်ဖိုးငွေကိုသာ ပစ္စည်းရရှိထားသူက ပေးအပ် ရန် တာဝန်ရှိခြင်းပင်ဖြစ်ပါသည်။

ထို့ပြင် လဲလှယ်ခြင်းပြုရန် သဘောတူညီချက် ပဋိဉာဉ်ရှိပါကလဲ ပစ္စည်းပြန် ပေးရန် မလိုအပ်ဘဲ အလဲအလှယ်ပြုလုပ်သည့် အရာတစ်စုံတစ်ခုသာ ပြန်လည် ပေးအပ်ရသောကြောင့် ခေတ္တ အပ်နှံခြင်းနှင့်တော့ မတူပါ။

ဘဏ်များတွင် ငွေအပ်သည်များ၌လဲ အတိုးငွေပါ ပြန်လည်ရှိခြင်းဖြစ်သဖြင့် ခေတ္တအပ်နှံခြင်း မဟုတ်ဘဲ အတိုးငွေရသောကြောင့် ငွေချေးခြင်း သဘောနှင့်သာ သက်ဆိုင်ပါသည်။

ခေတ္တအပ်နှံခြင်းတွင် ပစ္စည်းမှာ စတင်အပ်နှံစဉ်ကတည်းက ချို့ယွင်းချက်များရှိပါက အပ်နှံသူသည် အပ်နှံခံရသူထံ ထုတ်ဖော်ပြောဆိုရန် လိုအပ်ပြီး ပျက်ကွက်ပါက အပ်နှံသူ၌သာ တာဝန်ရှိပါသည်။

ပစ္စည်းပေါင်နှံခြင်းများ၌ အပေါင်ဆိုင်အား ခိုးယူခြင်း၊ လုယက်ခြင်းများကြောင့် အပေါင်ပစ္စည်း ဆုံးရှုံးမှုရှိလျှင် အပေါင်ဆိုင်၌ တာဝန်မရှိကြောင်း စည်းကမ်းသတ်မှတ်ချက် သဘောတူထားပါက ထိုသို့သော အကြောင်းကြောင့် ပစ္စည်းဆုံးရှုံးလျှင် အပေါင်ဆိုင်များက တာဝန်ယူမည်မဟုတ်ကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ပဋိဉာဥ္အက္ဥပေဒႏွင့္ စပ္လ်ဥ္း၍ ပစၥည္းေခတၱအပ္ႏွံျခင္းအေၾကာင္း ဥပေဒဗဟုသုတ အေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

ပဋိဉာဥ္အက္ဥပေဒ-၁၄၈ အရ ေခတၱအပ္ႏွံျခင္းဆိုသည္မွာ ပစၥည္းတစ္စုံတစ္ရာအား လုပ္ငန္းၿပီး ဆုံးပါက ျပန္လည္ေပးအပ္ရန္ အပ္ႏွံထားျခင္းပင္ျဖစ္ပါသည္။

ထို႔သို႔အပ္ႏွံရာတြင္ ပဋိဉာဥ္ခ်ဳပ္ဆိုကာ အပ္ႏွံ သူမွ မိမိျပဳလုပ္ေစလိုေသာ လုပ္ငန္းအား စီမံၫႊန္ၾကားမႈျပဳၿပီး အပ္ႏွံျခင္းခံရသူမွ ပဋိဉာဥ္အတိုင္း လုပ္ေဆာင္ ေပးရန္အတြက္ လက္ခံရယူျခင္းပင္ျဖစ္ပါသည္။

အပ္ႏွံခံရသူသည္ပစၥည္းအား ပိုင္ဆိုင္ျခင္းမ႐ွိေသာ္လည္း တရားသျဖင့္ ပစၥည္းအား လက္႐ွိထား ပိုင္ခြင့္ရ႐ွိျခင္းပင္ ျဖစ္သည္။ ပစၥည္းအား အပ္ႏွံထားသူႏွင့္ ကတိျပဳခ်က္အတိုင္း (သို႔) အပ္ႏွံထားသည့္ ပစၥည္း အတိုင္း အပ္ႏွံခံရသူမွ ျပန္လည္ေပးအပ္ရန္ တာဝန္႐ွိေနပါသည္။

ကုန္စည္မ်ားအား အရစ္က်ေငြေပးေခ် ေရာင္းဝယ္ျခင္းမ်ားတြင္ တန္ဖိုးေငြ အေၾကေပးေခ်ၿပီးမွသာ ဝယ္ယူသူထံ ပိုင္ဆိုင္ခြင့္ရ႐ွိမည္ျဖစ္သည္။ တန္ဖိုးေငြ မေၾကေသးဘဲ ပစၥည္းလက္ေရာက္ရ႐ွိထားပါကလဲ ေခတၱအပ္ႏွံျခင္းခံရသူအျဖစ္ ပစၥည္းကို လက္႐ွိထားပိုင္ခြင့္သာ ႐ွိေသးပါသည္။

ပစၥည္းအား အပ္ႏွံထား႐ွိျခင္းႏွင့္ ပစၥည္းအား အနာဂဏ္အတြက္ အေရာင္းအဝယ္ျပဳျခင္း ကြာျခား ခ်က္မွာ ေရာင္းခ်ျခင္းမ်ားတြင္ ပစၥည္းအတြက္ ကိုက္ညီေသာ တန္ဖိုးေငြကိုသာ ပစၥည္းရ႐ွိထားသူက ေပးအပ္ ရန္ တာဝန္႐ွိျခင္းပင္ျဖစ္ပါသည္။

ထို႔ျပင္ လဲလွယ္ျခင္းျပဳရန္ သေဘာတူညီခ်က္ ပဋိဉာဥ္႐ွိပါကလဲ ပစၥည္းျပန္ ေပးရန္ မလိုအပ္ဘဲ အလဲအလွယ္ျပဳလုပ္သည့္ အရာတစ္စုံတစ္ခုသာ ျပန္လည္ ေပးအပ္ရေသာေၾကာင့္ ေခတၱ အပ္ႏွံျခင္းႏွင့္ေတာ့ မတူပါ။

ဘဏ္မ်ားတြင္ ေငြအပ္သည္မ်ား၌လဲ အတိုးေငြပါ ျပန္လည္႐ွိျခင္းျဖစ္သျဖင့္ ေခတၱအပ္ႏွံျခင္း မဟုတ္ဘဲ အတိုးေငြရေသာေၾကာင့္ ေငြေခ်းျခင္း သေဘာႏွင့္သာ သက္ဆိုင္ပါသည္။

ေခတၱအပ္ႏွံျခင္းတြင္ ပစၥည္းမွာ စတင္အပ္ႏွံစဥ္ကတည္းက ခ်ိဳ႕ယြင္းခ်က္မ်ား႐ွိပါက အပ္ႏွံသူသည္ အပ္ႏွံခံရသူထံ ထုတ္ေဖာ္ေျပာဆိုရန္ လိုအပ္ၿပီး ပ်က္ကြက္ပါက အပ္ႏွံသူ၌သာ တာဝန္႐ွိပါသည္။

ပစၥည္းေပါင္ႏွံျခင္းမ်ား၌ အေပါင္ဆိုင္အား ခိုးယူျခင္း၊ လုယက္ျခင္းမ်ားေၾကာင့္ အေပါင္ပစၥည္း ဆုံး႐ႈံးမႈ႐ွိလွ်င္ အေပါင္ဆိုင္၌ တာဝန္မ႐ွိေၾကာင္း စည္းကမ္းသတ္မွတ္ခ်က္ သေဘာတူထားပါက ထိုသို႔ေသာ အေၾကာင္းေၾကာင့္ ပစၥည္းဆုံး႐ႈံးလွ်င္ အေပါင္ဆိုင္မ်ားက တာဝန္ယူမည္မဟုတ္ေၾကာင္း ေရးသားေဖာ္ျပေပးလိုက္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service