ကြမ်းပြင်ပေါ် မွေ့ရာချမအိပ်ခင် သိသင့်သည့်အချက် (၈) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
743 Views

ကြမ်းပြင်ပေါ် မွေ့ရာချမအိပ်ခင် သိသင့်သည့်အချက် (၈) ချက်

Knowledge | Posted by Hnin Ei Khin

[Unicode]

မွေ့ရာမပါဘဲ ကြမ်းပြင်ပေါ် အိပ်စက်ခြင်းဟာ ကိုယ်ဟန်အနေအထားကို ကူညီပေးပြီး ခါးနာသက်သာစေတယ်လို့ အချို့လူတွေပြောကြသလိုပဲ သက်သောင့်သက်သာဖြစ်မှုကို ပေးစွမ်းနိုင်ပါတယ်။ သင့်အိပ်ရာကို ကြမ်းပြင်မှာခင်းအိပ်ခြင်းအား မှန်မှန်ကန်ကန်ပြုလုပ်ထားတယ်ဆိုရင် ကုတင်ပေါ်တင်အိပ်ခြင်းထက် ကြမ်းပေါ်ချအိပ်ခြင်းက သက်သောင့်သက်သာပိုရှိစေနိုင်ပါတယ်။ ကြမ်းပြင်ပေါ် ဘယ်လိုအိပ်စက်ရမလဲဆိုတာနဲ့ သင့်အတွက် သင့်လျော်မလျော်ဆိုတာကို ဆွေး‌နွေးလိုက်ကြရအောင်လား။

ကုတင်မပါဘဲ အိပ်သင့်လား?

ကုတင်မပါဘဲ ကြမ်းပြင်ပေါ် အိပ်စက်ခြင်းက အောက်ပါကျန်းမာရေးအကျိုးကျေးဇူးအချို့ကို ရရှိစေနိုင်ပါတယ် -

- သွေးလှည့်ပတ်မှုတိုးတက်ကောင်းမွန်စေခြင်း

- လည်ပင်းနှင့်ခါးနာမှု လျော့နည်းစေခြင်း

- အဆစ်နာကျင်မှု လျော့နည်းစေခြင်း

- ကိုယ်နေဟန်ထားပိုမိုကောင်းမွန်စေခြင်း

 

 

 

ကြမ်းပြင်ပေါ် မွေ့ရာချမအိပ်မီ သိသင့်သည့် အချက် (၈) ချက်

၁။ ကြမ်းမျက်နှာပြင်

ကြမ်းပြင်ပေါ် မွေ့ရာထားတဲ့အခါ သတိပြုစရာအချက်အနည်းငယ်ရှိပါတယ်။ ကြမ်းမျက်နှာပြင်မှာ သန့်ရှင်းမှုနဲ့ ကြိုတင်ပြင်ဆင်ထားမှု ရှိတာ သေချာစေပါ။

အကောင်းဆုံးကြမ်းမျက်နှာပြင်များမှာ -

- သစ်မာ

- ကြွေပြား

- ကော်ဇော

- Tatami (ဂျပန်စတိုင်လ်ဖျာ)

- ကြမ်းခင်းဖျာ/ဖယောင်းပုဆိုး/ခင်းနှီး/ခင်းဖုံ

၂။ မွေ့ရာအမျိုးအစား

မွေ့ရာအများစုကို အောက်ခံမပါဘဲ အသုံးပြုလို့ရပါတယ်။

၃။ ကျန်းမာရေးအကျိုးကျေးဇူးများ

- တင်ပါးရိုးအာရုံကြောကိုက်ခဲနာ သက်သာကောင်းမွန်စေနိုင်ခြင်း

- လည်ပင်းနှင့်ခါးနာ သက်သာ‌ကောင်းမွန်စေနိုင်ခြင်း

- ကိုယ်နေဟန်ထား ပိုမိုကောင်းမွန်စေနိုင်ခြင်း

- သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်စေနိုင်ခြင်း

 

 

 

၄။ အပူချိန်

သင့်အိပ်ခန်းက ပူတယ်ဆိုရင် ကုတင်မပါဘဲအိပ်ခြင်းကြောင့် အနည်းငယ်အပူသက်သာစေနိုင်ပါတယ်။ ကြမ်းနဲ့နီးတဲ့အခါ လေထုက ပိုအေးမြပါတယ်။ ဒါပေမဲ့ သင့်အခန်းက အေးတယ်ဆိုရင်တော့ ကုတင်ခံအိပ်တာက အကောင်းဆုံးဖြစ်နိုင်ပါတယ်။

၅။ ဖုန်မှုန့်ဓာတ်မတည့်ခြင်း

ကြမ်းပြင်ပေါ် မွေ့ရာထားတဲ့ အိပ်ခန်းစိတ်ကူးကို အကောင်အထည်မဖော်ခင် အကယ်၍ သင့်မှာ ဓာတ်မတည့်ရောဂါရှိတယ်ဆိုရင် ကုတင်မပါဘဲ အိပ်စက်ဖို့ကိစ္စကို သေချာစဉ်းစားသင့်ပါတယ်။ ကြမ်းနဲ့နီးခြင်းက ဖုန်မှုန့်စုတဲ့နေရာနဲ့နီးခြင်း၊ အသက်ရှူရာမှာ ဖုန်မှုန့်တွေများများပါဖို့အခွင့်အလမ်းပိုများစေခြင်းပဲဖြစ်ပါတယ်။ အကယ်၍ကြမ်းပေါ်မှာပဲ မွေ့ရာခင်းပြီးအိပ်ချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ ၎င်းကြမ်းပြင်ကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးဖို့လိုပါတယ်။

၆။ မှိုသတိပြုပါ

လေစီးဆင်းမှုနဲ့ အစိုဓာတ် အကန့်အသတ်ရှိတဲ့အခါ မွေ့ရာမှာ ဖားဥနဲ့ မှိုတွေ ဖြစ်ပွားပါတယ်။ သင့်ကိုယ်ကထွက်တဲ့ချွေးနဲ့ဆီတွေဟာ မွေ့ရာထဲ စိမ့်ဝင်ပါလိမ့်မယ်၊ အဲဒီအခါ ကုတင်မပါဘဲ အိပ်တာဆိုရင် လတ်ဆတ်တဲ့လေက မွေ့ရာထဲ ဖြတ်သန်းလှည့်လည်စီးဆင်းဖို့ အခွင့်အရေးမရှိဖြစ်ပါတယ်။ ထိုအခါ မှိုတွေ၊ ပိုးမွှားတွေ၊ ဓာတ်မတည့်မှုဖြစ်စေတဲ့ ဗက်တီးရီးယားတွေ စုပါလိမ့်မယ်။

 

 

၇။ တရွရွနှင့်အူယားစရာပိုးကောင်များ

ကြမ်းပြင်နဲ့နီးနီးကပ်ကပ်ရှိခြင်းက တရွရွနဲ့ အူယာစရားပိုကောင်တွေ သင့်မွေ့ရာပေါ်တက်လာစေဖို့ လွယ်ကူစေပါတယ်။ မွေ့ရာပေါ် မုန့်မစားပါနဲ့၊ သန့်ရှင်းရေးပုံမှန်ပြုလုပ်ပါ။

၈။ လေလှည့်လည်မှုအတွက် ခွင့်ပြုပါ

လေလှည့်လည်မှုမရှိခြင်းက မွေ့ရာအောက်မှာ မှိုစွဲကပ်စေနိုင်ပါတယ်။ သင့်မွေ့ရာကို လတ်ဆတ်တဲ့လေနဲ့ နေ့စဉ်ထိတွေ့စေခြင်းနဲ့ သင်အိပ်တဲ့နေရာမှာ လတ်ဆတ်တဲ့လေစီးဆင်းမှုရှိစေခြင်းဟာ သင့်ကျန်းမာသုခအတွက် ကောင်းမွန်ပါတယ်။ မွေ့ရာကို ကြမ်းပြင်ပေါ် ချခင်းအိပ်တဲ့အခါ မွေ့ရာကို လေလှည့်လည်မှုမရှိအောင် လုပ်ပစ်လိုက်တာပါပဲ။ ဒီအတွက် သင်လုပ်ရမှာကတော့ သင့်မွေ့ရာကို အသက်ရှူခွင့်ပေးဖို့အတွက် သီတင်းပတ်တစ်ပတ်လျှင်တစ်ကြိမ် နံရံမှာကပ်ပြီးထောင်ပေးဖို့ပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့အတွက် အချိန်ကောင်းတစ်ခုကတော့ သင့်အိပ်ခန်းကို သန့်ရှင်းရေးပြုလုပ်တဲ့အခါပဲဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 8 Things you Should Know Before Sleeping on a Mattress on the Floor (nolahmattress)

 

 

[Zawgyi]

ၾကမ္းျပင္ေပၚ ေမြ႕ရာခ်မအိပ္ခင္ သိသင့္သည့္အခ်က္ (၈) ခ်က္

 

ေမြ႕ရာမပါဘဲ ၾကမ္းျပင္ေပၚ အိပ္စက္ျခင္းဟာ ကိုယ္ဟန္အေနအထားကို ကူညီေပးၿပီး ခါးနာသက္သာေစတယ္လို႔ အခ်ိဳ႕လူေတြေျပာၾကသလိုပဲ သက္ေသာင့္သက္သာျဖစ္မႈကို ေပးစြမ္းႏိုင္ပါတယ္။ သင့္အိပ္ရာကို ၾကမ္းျပင္မွာခင္းအိပ္ျခင္းအား မွန္မွန္ကန္ကန္ျပဳလုပ္ထားတယ္ဆိုရင္ ကုတင္ေပၚတင္အိပ္ျခင္းထက္ ၾကမ္းေပၚခ်အိပ္ျခင္းက သက္ေသာင့္သက္သာပို႐ွိေစႏိုင္ပါတယ္။ ၾကမ္းျပင္ေပၚ ဘယ္လိုအိပ္စက္ရမလဲဆိုတာနဲ႔ သင့္အတြက္ သင့္ေလ်ာ္မေလ်ာ္ဆိုတာကို ေဆြး‌ေႏြးလိုက္ၾကရေအာင္လား။

ကုတင္မပါဘဲ အိပ္သင့္လား?

ကုတင္မပါဘဲ ၾကမ္းျပင္ေပၚ အိပ္စက္ျခင္းက ေအာက္ပါက်န္းမာေရးအက်ိဳးေက်းဇူးအခ်ိဳ႕ကို ရ႐ွိေစႏိုင္ပါတယ္ -

- ေသြးလွည့္ပတ္မႈတိုးတက္ေကာင္းမြန္ေစျခင္း

- လည္ပင္းႏွင့္ခါးနာမႈ ေလ်ာ့နည္းေစျခင္း

- အဆစ္နာက်င္မႈ ေလ်ာ့နည္းေစျခင္း

- ကိုယ္ေနဟန္ထားပိုမိုေကာင္းမြန္ေစျခင္း

ၾကမ္းျပင္ေပၚ ေမြ႕ရာခ်မအိပ္မီ သိသင့္သည့္ အခ်က္ ၈ ခ်က္

၁။ ၾကမ္းမ်က္ႏွာျပင္

ၾကမ္းျပင္ေပၚ ေမြ႕ရာထားတဲ့အခါ သတိျပဳစရာအခ်က္အနည္းငယ္႐ွိပါတယ္။ ၾကမ္းမ်က္ႏွာျပင္မွာ သန္႔႐ွင္းမႈနဲ႔ ႀကိဳတင္ျပင္ဆင္ထားမႈ ႐ွိတာ ေသခ်ာေစပါ။

အေကာင္းဆုံးၾကမ္းမ်က္ႏွာျပင္မ်ားမွာ -

- သစ္မာ

- ေႂကြျပား

- ေကာ္ေဇာ

- Tatami (ဂ်ပန္စတိုင္လ္ဖ်ာ)

- ၾကမ္းခင္းဖ်ာ/ဖေယာင္းပုဆိုး/ခင္းႏွီး/ခင္းဖုံ

၂။ ေမြ႕ရာအမ်ိဳးအစား

ေမြ႕ရာအမ်ားစုကို ေအာက္ခံမပါဘဲ အသုံးျပဳလို႔ရပါတယ္။

၃။ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

- တင္ပါး႐ိုးအာ႐ုံေၾကာကိုက္ခဲနာ သက္သာေကာင္းမြန္ေစႏိုင္ျခင္း

- လည္ပင္းႏွင့္ခါးနာ သက္သာ‌ေကာင္းမြန္ေစႏိုင္ျခင္း

- ကိုယ္ေနဟန္ထား ပိုမိုေကာင္းမြန္ေစႏိုင္ျခင္း

- ေသြးလွည့္ပတ္မႈ ပိုမိုေကာင္းမြန္ေစႏိုင္ျခင္း

 

၄။ အပူခ်ိန္

သင့္အိပ္ခန္းက ပူတယ္ဆိုရင္ ကုတင္မပါဘဲအိပ္ျခင္းေၾကာင့္ အနည္းငယ္အပူသက္သာေစႏိုင္ပါတယ္။ ၾကမ္းနဲ႔နီးတဲ့အခါ ေလထုက ပိုေအးျမပါတယ္။ ဒါေပမဲ့ သင့္အခန္းက ေအးတယ္ဆိုရင္ေတာ့ ကုတင္ခံအိပ္တာက အေကာင္းဆုံးျဖစ္ႏိုင္ပါတယ္။

၅။ ဖုန္မႈန္႔ဓာတ္မတည့္ျခင္း

ၾကမ္းျပင္ေပၚ ေမြ႕ရာထားတဲ့ အိပ္ခန္းစိတ္ကူးကို အေကာင္အထည္မေဖာ္ခင္ အကယ္၍ သင့္မွာ ဓာတ္မတည့္ေရာဂါ႐ွိတယ္ဆိုရင္ ကုတင္မပါဘဲ အိပ္စက္ဖို႔ကိစၥကို ေသခ်ာစဥ္းစားသင့္ပါတယ္။ ၾကမ္းနဲ႔နီးျခင္းက ဖုန္မႈန္႔စုတဲ့ေနရာနဲ႔နီးျခင္း၊ အသက္႐ွဴရာမွာ ဖုန္မႈန္႔ေတြမ်ားမ်ားပါဖို႔အခြင့္အလမ္းပိုမ်ားေစျခင္းပဲျဖစ္ပါတယ္။ အကယ္၍ၾကမ္းေပၚမွာပဲ ေမြ႕ရာခင္းၿပီးအိပ္ခ်င္တယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ၎ၾကမ္းျပင္ကို သန္႔႐ွင္းေရးပုံမွန္ျပဳလုပ္ေပးဖို႔လိုပါတယ္။

၆။ မိႈသတိျပဳပါ

ေလစီးဆင္းမႈနဲ႔ အစိုဓာတ္ အကန္႔အသတ္႐ွိတဲ့အခါ ေမြ႕ရာမွာ ဖားဥနဲ႔ မိႈေတြ ျဖစ္ပြားပါတယ္။ သင့္ကိုယ္ကထြက္တဲ့ေခြၽးနဲ႔ဆီေတြဟာ ေမြ႕ရာထဲ စိမ့္ဝင္ပါလိမ့္မယ္၊ အဲဒီအခါ ကုတင္မပါဘဲ အိပ္တာဆိုရင္ လတ္ဆတ္တဲ့ေလက ေမြ႕ရာထဲ ျဖတ္သန္းလွည့္လည္စီးဆင္းဖို႔ အခြင့္အေရးမ႐ွိျဖစ္ပါတယ္။ ထိုအခါ မိႈေတြ၊ ပိုးမႊားေတြ၊ ဓာတ္မတည့္မႈျဖစ္ေစတဲ့ ဗက္တီးရီးယားေတြ စုပါလိမ့္မယ္။

၇။ တ႐ြ႐ြႏွင့္အူယားစရာပိုးေကာင္မ်ား

ၾကမ္းျပင္နဲ႔နီးနီးကပ္ကပ္႐ွိျခင္းက တ႐ြ႐ြနဲ႔ အူယာစရားပိုေကာင္ေတြ သင့္ေမြ႕ရာေပၚတက္လာေစဖို႔ လြယ္ကူေစပါတယ္။ ေမြ႕ရာေပၚ မုန္႔မစားပါနဲ႔၊ သန္႔႐ွင္းေရးပုံမွန္ျပဳလုပ္ပါ။

၈။ ေလလွည့္လည္မႈအတြက္ ခြင့္ျပဳပါ

ေလလွည့္လည္မႈမ႐ွိျခင္းက ေမြ႕ရာေအာက္မွာ မိႈစြဲကပ္ေစႏိုင္ပါတယ္။ သင့္ေမြ႕ရာကို လတ္ဆတ္တဲ့ေလနဲ႔ ေန႔စဥ္ထိေတြ႕ေစျခင္းနဲ႔ သင္အိပ္တဲ့ေနရာမွာ လတ္ဆတ္တဲ့ေလစီးဆင္းမႈ႐ွိေစျခင္းဟာ သင့္က်န္းမာသုခအတြက္ ေကာင္းမြန္ပါတယ္။ ေမြ႕ရာကို ၾကမ္းျပင္ေပၚ ခ်ခင္းအိပ္တဲ့အခါ ေမြ႕ရာကို ေလလွည့္လည္မႈမ႐ွိေအာင္ လုပ္ပစ္လိုက္တာပါပဲ။ ဒီအတြက္ သင္လုပ္ရမွာကေတာ့ သင့္ေမြ႕ရာကို အသက္႐ွဴခြင့္ေပးဖို႔အတြက္ သီတင္းပတ္တစ္ပတ္လွ်င္တစ္ႀကိမ္ နံရံမွာကပ္ၿပီးေထာင္ေပးဖို႔ပဲျဖစ္ပါတယ္။ ဒီလိုေဆာင္႐ြက္ဖို႔အတြက္ အခ်ိန္ေကာင္းတစ္ခုကေတာ့ သင့္အိပ္ခန္းကို သန္႔႐ွင္းေရးျပဳလုပ္တဲ့အခါပဲျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 8 Things you Should Know Before Sleeping on a Mattress on the Floor (nolahmattress)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service