သုခဒဂုံပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့်အတွက် မဲနှိုက်ခွင့်ရသူစာရင်းတွေကို သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးများတွင် သွားကြည့်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
1330 Views
သုခဒဂုံပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့်အတွက် မဲနှိုက်ခွင့်ရသူစာရင်းတွေကို သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးများတွင် သွားကြည့်နိုင်ပြီ
[Unicode]
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အမှတ်(၂)လမ်းမကြီးနဲ့ ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးမှာ တည်ဆောက်နေတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်ခွင့်အတွက် လျှောက်လွှာတင်ထားသူတွေအနေနဲ့ အချက်အလတ်တွေနဲ့ ကိုက်ညီမှုရှိတဲ့သူတွေကို မဲနှိုင်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ နေထိုင်ခွင့်ရဖို့ မဲနှိုက်ခွင့် ရသူစာရင်းတွေနဲ့ မဲနှိုက်မယ့်ရက်ကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေမှာ နိုဝင်ဘာလ (၂)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ အသိပေးကြေညာထားမှာဖြစ်တယ်လို့ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကနေ သိရပါတယ်။
မဲနှိုင်ခွင့်ရသူတွေအနေနဲ့ မိမိတို့ကိုယ်တိုင် မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုလူဦးရေစာရင်း(သန်းခေါင်စာရင်း) ယူဆောင်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ သတ်မှတ်ထားတဲ့ တိုက်တွေအလိုက် သတ်မှတ်ရက်တွေမှာ မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကနေ သိရပါတယ်။
လျှောက်လွှာတင်ထားသူတွေဟာ မြို့နယ်နဲ့ခရိုင်အလိုက် လျှောက်လွှာတင်ထားတဲ့ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေမှာ သွားရောက်မေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်အစပိုင်းကစပြီး ကနဦးအနေနဲ့ အခန်းပေါင်း (၁၁၆၈) ခန်းကို လျှောက်လွှာလက်ခံခဲ့ပြီး မဲနှိုက်ရွေးချယ်ကာ နေထိုင်ခွင့်ပြုသွားမယ်လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။ အိမ်ရာဝန်းထဲမှာ နေထိုင်ကြမယ့်သူတွေအတွက် လျှပ်စစ်ဓာတ်အားရရှိဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကဆိုပါတယ်။
အိမ်ရာအတွင်းမှာ အများနဲ့သက်ဆိုင်တဲ့ လျှပ်စစ်မီး၊ မီတာခ၊ သန့်ရှင်းရေး၊ ရေရရှိရေး၊ လုံခြုံရေး စတဲ့ အခွန်အခတွေနဲ့ အိမ်ရာကော်မတီကကောက်ခံတဲ့ အိမ်ရာရန်ပုံငွေ အခွန်အခကို မပျက်မကွက် ပေးဆောင်ရမယ်လို့လည်း သိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Upcoming Property Events
From 19 Jul To 20 Jul
Royal Theikdi Condo
From 19 Jul To 20 Jul
Mingalar Market
From 08 Jul To 08 Aug
Central Shophouse
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service