အပျိုကြီးမမတို့ပိုင်ဆိုင်တဲ့ အိမ်နှင့်မြေဝယ်ပြီနောက်ဆက်တွဲ ထောက်ခံချက်တွေလိုသေးတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
1406 Views

အပျိုကြီးမမတို့ပိုင်ဆိုင်တဲ့ အိမ်နှင့်မြေဝယ်ပြီနောက်ဆက်တွဲ ထောက်ခံချက်တွေလိုသေးတယ်။

Knowledge | Posted by Hnin Ei Khin

[Unicode]

 

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ ရှေ့လူကြီးများ အတိုင်း မိမိမွေရပ်ဌာနီမှ အိမ်၊ မြေ၊ လယ်ယာလုပ်ငန်းတို့ကို စွန့်လွှတ်၍ မြို့ကြီးပြကြီး ရန်ကုန်မြို့ကြီးတွင် ရွှေ့ပြောင်းလုပ်ကိုင်အခြေချသူများအဖို့ ကြီးမားသောစွန့်လွှတ်မှုပြုလုပ်ကြရသည်မှာ အမှန်ပင်။ အခြေချမည့်နေရာမှာ ဆွေမျိုး (သို့မဟုတ် ) မိတ်ဆွေကောင်းရှိဖို့လိုသည်။ မိမိတို့ပါလာသည့်အရင်းနှီးဖြင့် စတင်မ,တည်ရမည်မှာ နေစရာအတွက် အိမ်မြေပိုင်ဆိုင်မှုရှိဖို့ ပင်ဖြစ်သည်။ ဝယ်ယူမည့်မြေနှင့် အိမ်မှာ ဘူမိနက်သန် မှန်ဖို့လိုသည်။ မိမိ အတွက်အကျိုးပေမည့် မြေကောင်းမြေသန့် ဖြစ်ဖို့လိုသည်။ ပြောင်းရွှေ့ နေထိုင်လိုသည့် နေရာက ရန်ကုန်မြို့ဆိုတော့ မြေ အကြောင်းနားလည်မှ တန်ကာကျသည်။ သို့မဟုတ်ပါက အလွဲအများနဲသာ ရင်ဆိုင်ရတတ်သည်။

 

ပါမစ်မြေထက် ဂရန်မြေနှင့်ဘိုးဘွားပိုင်မြေက ပို၍ခိုင်မာ

 

အသစ်ထပ်မံတိုးချဲ့သော မြို့သစ်များမှာလွဲ၍ ရန်ကုန်မြို့တွင်း မြို့နယ်များမှာ များသောအားဖြင့် ပါမစ်မြေနည်းပါးသည်။ ဘိုးဘွားပိုင်မြေနှင့် နှစ်( ၆၀ )၊ နှစ် (၉၀ ) ဂရန်မြေတို့ကိုအများအပြားတွေ့ရသည်။ ပါမစ်မြေမှာသတ်မှတ်သော စည်းကမ်းများမလိုက်နာလျှင် နိုင်ငံတော်အစိုးရက အချိန်မရွေးသိမ်းယူနိုင်သည်။ ဂရန်မြေကျတော့ သတ်မှတ်သည့်နှစ်စဉ် မြေခွန်ပေးဆောင်ရန်လိုသည်။ ဂရန်သက်တမ်းကုန်သွားလျှင်လည်း ဂရန်သက်တမ်းတိုးလျှောက်ပြီး သားစဉ်မြေးဆက်စိတ်ချမ်းသာစွာ တစ်သက်တာ နေနိုင်သည်။ သို့သော် ဝယ်ထားသော မြေနှင့်အိမ်မှာ မိမိအမည်ပေါက်ဂရန် ( မြေငှားစာချုပ်) ဖြစ်ဖို့တော့လိုသည်။အခြားသူအမည်ပေါက် ဂရန်မြေကွက်နှင့် အိမ်ကိုဝယ်မိပါက ကိုယ့်အမည်ပေါက်ဖြစ်ဖို့ ကုန်ကျစရိတ်များသည်။ အချိန်ပေးရသည်။

 

တိမ်မယောင်နှင့် နက်၊ လွယ်မယောင်နှင့် ခက်တဲ့မြေ မကြာသေးမီက တာမွေမြို့နယ်မှ အိမ်ဝယ်မည် ကိုဌေးကြွယ် တစ်ယောက် မောင်ကောင်းဖေ ထံရောက်လာသည်။ မိဘများအတွက် ဝယ်ထားသည့်မြေနှင့်အိမ်မှာ အပျိုကြီးနှစ်ယောက် ပိုင်ဆိုင်သည့်အိမ် ဖြစ်သည်။ အနှစ် ( ၆၀) ဂရန်တွင် ‘မမအပျိုကြီး’ အမည်ပေါက်ဖြစ်နေသည်။ လွန်ခဲ့သောခြောက်လခန့်က အမည်ပေါက် မမကြီးက ကွယ်လွန်သွားခဲ့သည်။ မမကြီးကွယ်လွန်သွားတော့ ညီမဖြစ်သူ အပျိုကြီးက အမွေဆက်ခံရုံဆိုလျှင် မခက်ခဲလှဟုထင်သည်။ သို့သော် တိမ်မယောင်နှင့် နက် ၊ လွယ်မယောင်နှင့်အခက်တွေ့ နေ၍ မောင်ကောင်းဖေ နှင့်လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်။

 

ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေတဲ့ အပျိုကြီးမမတို့ရဲ့ သံယောဇဉ်အိမ်

ကျန်ရစ်သူညီမအပျိုကြီးမှာ မမအပျိုကြီးကွယ်လွန်သွားသဖြင့် ရပ်ကွက်ထဲမှာ အမျိုးမရှိလို့အားငယ်သည်။ အသက်ကလည်း (၇၀ ) ကျော် အသက်ကြီးပိုင်းရောက်တော့ သွေးတိုး ၊ ဆီးချို ၊ ရောဂါနှိပ်စက်မှုကြောင့် ကျန်းမာရေးကလည်းသိပ်မကောင်း၊ သည်တော့ မြောက်ဒဂုံမှာနေသည့် တူမအနီးမှာ ပြောင်းရွှေ့နေထိုင်ဖို့ဆုံးဖြတ်ပြီး မိမိအမွေဆက်ခံသည့် မြေနှင့်အိမ်ကို ကိုဌေးကြွယ်မိဘများကို ရောင်းချခြင်းဖြစ်သည်။ ကိုဌေးကြွယ်လည်း အပျိုကြီး အပေါ်တွင်သနားကရုဏာ ဖြစ်နေသည်။ မှန်တာပြောရလျှင် ကိုဌေးကြွယ်တို့ တောမှ မြို့တက်ပြီး အလုပ်ဝင်စဉ်က အပျိုကြီးတို့၏ အိမ်တွင် အိမ်ငှား၍ နေထိုင်ခဲ့ရသည်။ ယင်းအိမ်မှာ အိမ်ငှားနေပြီး ကြိုးစားရင်းက အိုးပိုင် ၊ အိမ်ပိုင် ရအောင်ကြိုးစားခဲ့ကြသည်။ ယခု မိဘများပြောင်းလာတော့ တစ်ရပ်ကွက်ထဲအတူတူနေဖို့အတွက် ညီမအပျိုကြီးက ပြန်ရောင်းလိုက်သည့် အိမ်ကို ဝယ်လိုက်ကြခြင်းဖြစ်သည်။ ထိုအတူ မိမိတို့၏ ဘဝ တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့သည့် ဤမြေနှင့်အိမ်က မိမိတို့အတွက် အကျိုးပေးပြီး ရေခံမြေခံကောင်းသည်ဟု ဆိုရမည် ညီမအပျိုကြီးကတော့တူမ နေထိုင်ရာမြောက်ဒဂုံတွင် အိမ်ဝယ်၍သွားရောက်နေထိုင်သဖြင့် အဆင်ပြေသွားသည်။

 

အမည်ပေါက် မှန်ကန်မှုရှိ မရှိသိလိုလျှင် မြေရာဇဝင်ကြည့်မှ သေချာသိနိုင်တယ်

ရောင်းသူကအဆင်ပြေပေမဲ့ အဆင်မပြေ ပေရှည်နေသူကတော့ ဝယ်သူ ကိုဌေးကြွယ်တို့ ပါပဲ။ သူများအမည်နှင့်ဝယ်ထားသည့် ဂရန်ဆိုတော့ ကိုယ်အမည်ပေါက်ဖြစ်အောင် ကြိုးစားရပြန်သည်။

ရန်ကုန်မြို့တော် စည်ပင်မြို့ မြေစာရင်းတွင် သွားစုံစမ်းကြည့်ရာ ကွယ်လွန်သူ “မမကြီး” အမည်ပေါက်နေသည်။ ကိုဌေးကြွယ်တို့ ဝယ်လိုက်သည်က ကျန်ရစ်သူ ညီမအပျိုကြီးထံမှ ဝယ်ယူခြင်းဖြစ်သည်။ အမည်ပြောင်းရဖို့အရေး ရန်ကုန်မြို့တော်စည်ပင် မြေယာဌာနတွင် မမအပျိုကြီး အမည်ပေါက် ဟုတ်၊ မဟုတ် မြေပုံမြေရာဇဝင် ကူးယူကြည့်ရသည်။ မြေရာဇဝင်ကူးရန် မမအပျိုကြီးနှင့်ညီမအပျိုကြီးညီအစ်မ အရင်းတော်စပ်ကြောင်း တရားသူကြီးရှေ့တွင် ကျမ်းကျိန် ရသည်။

မမအပျိုကြီးနှင့် ညီမအပျိုကြီးတို့ညီမအရင်းဖြစ်ကြောင်း “မမအပျိုကြီး” ကွယ်လွန်စဉ်က ညီမအပျိုကြီး သဂြိုလ်ပေးကြောင်း လက်ရည်တစ်ပြင်တည်း တစ်သက်လုံး အတူလုပ်ကိုင်စားသောက်ခဲ့ကြောင်း ၊ ထို့‌ကြောင့် အိမ်နှင့်မြေကို ညီမအပျိုကြီးကသာ အမွေဆက်ခံပိုင်ဆိုင်ခြင်းကို သိရှိကြောင်း အိမ်နီးနားချင်းနှစ်ဦးကလည်း ဝိုင်းကူကျမ်းကျိန်ပေးရသည်။အမှန်တကယ်သေဆုံးရကြောင်း သေစာရင်းလည်း ပြရသေးသည်။ သည်လိုနှင့် စည်ပင် မြေစီမံခန့်ခွဲမှုဌာနက တောင်းသည့်စာရွက်စာတမ်းတွေ တင်ပြပြီးနောက် မြေရာဇဝင်ရဖို့ စောင့်ဆိုင်းနေစဉ် အကြောင်းကြားစာ ထပ်မံရောက်လာပြန်သည်။ “မမအပျိုကြီးနှင့်ညီမအပျိုကြီး ” တို့မှာ အဖေမတူလို့ ကွယ်လွန်သူအပျိုကြီးနှင့်အတူနေထိုင်သည့် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် မိတ္တူတို့နှင့်အတူ အဖေမတူသည့်အကြောင်း ထပ်မံ ကျမ်းကျိန်တင်ပြရပြန်သည်။ နေစဉ်ထုတ် သတင်စာတွင်လည်း ကန့်ကွက်သူ ရှိ မရှိ သီးခြားကြော်ငြာပေးရပြန်သည်။အဖေ မတူသည့်အကြောင်း ညီမအပျိုကြီးကို မေးမြန်းရပြန်သည်။

“မမကြီးရဲ့အဖေ ဦးလွန်က မမကြီးနှစ်နှစ်သမီးမှာ ကွယ်လွန်တယ်၊ အမေက နောက်နှစ်နှစ်လောက်အကြာမှာ ငါတို့အဖေဦးချစ်အောင်နဲ့ ထပ်မံအိမ်ထောင်ပြုပြီး ငါ့ကိုမွေးလာတာပဲ”ဟု ညီမအပျိုကြီးက ရှင်းပြသည်။ သို့ပေမဲ့ မြန်မာဓလေ့ထံတမ်းဥပဒေအရ မိဘနှစ်ပါကွယ်လွန်လျှင် သားသမီးများ အမွေဆက်ခံရသည် ။ ယခု ညီအစ်မနှစ်ယောက် ရှိနေသည့်အနက် ‘မမကြီးကွယ်လွန်သည့် အတွက် ညီမအပျိုကြီးက အမွေဆက်ခံရန်ဖြစ်သည်။ သို့သော် အဖေ မတူသည့်ပြဿနာက ညီမအရင်းမှ ဟုတ်ရဲ့လား ဒါမှမဟုတ် မမအပျိုကြီးက တခြားသူ၏ သမီးတစ်ယောက်ကိုခေါ်ပြီးမွေးစားထား တာများလာဟု သံသယဝင်စရာဖြစ်သည်။ သို့သော် အိမ်နီးချင်းကအစ ရပ်ကွက်လူကြီးများပါမကျန် ညီအစ်မနှစ်ယောက်အကြောင်း သိတာများကြသည်။ယခုဖော်ပြခဲ့သလို အမေတူ အဖေကွဲဖြစ်ကြောင်း တစ်လမ်းတည်းနေသူများက ဝိုင်ပြီး ကျမ်းကျိန်ထောက်ခံပေးပြီး ကန့်ကွက်သူမရှိ၍ စည်ပင်က မြေရာဇဝင် ထုတ်ပေးလိုက်ရသည်။ အမည်ပြောင်းဖို့ကိစ္စတွင် စည်ပင်က မြေရာဇဝင်ရဖို့ အရေးတကြီးဆုံးဖြစ်တာကို မောင်ကောင်ဖေလည်းကိုယ်တွေ့ကြုံမှ သိရသည်။ မြေပုံ/ရာဇဝင်ရတော့လည်း စာချုပ်ရုံးသွား ၊ အခွန်ရုံးတင်ပြ ၊ ဝင်ငွေခွန်ဆောင်ပြီးမှ အမည်ပြောင်းရသည်။ မြေရာဇဝင်များရပြီး စာချုပ်ရုံးမှာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ရသည်။ အခွန်ဦးစီဌာနတွင် မြေနှင့်အိမ်တန်ဖိုး ဖြတ်ပေးရန် တင်ပြရပြန်သည်။ ယခုကဲ့သို့ မြေနှင့်အိမ်တန်ဖိုးဖြတ်ပြီးမှ အရောင်းအဝယ်စာချုပ် ချုပ်၍ရသည်။ အရောင်းအဝယ် စာချုပ်ရမှ ရန်ကုန်မြို့တော်စည်ပင်မြို့ပြ မြေစီမံခန့်ခွဲမှုဌာနတွင် အမည်ပြောင်းရတော့သည်။

 

ဂရန်ပဲဖြစ်ဖြစ်၊ ပါမစ်ပဲဖြစ်ဖြစ်၊ မြေအကြောင်းနားလည်ဖို့သာ အဓိက

 

ပါမစ်ကအတုအစစ်ခွဲရတာခက်လို့ ဂရန်ဝယ်တော့လည်း မြေဂရန်အမည်ပေါက်သူက အသက်ထင်ရှာရှိတုန်း တိုက်ရိုက်ဝယ်မှသာ ကောင်းသည်။ ဂရန်အမည်ပေါက်သူ သေသွာလျှင် မိမိအမည်ပေါက်ဖြစ်ရန် အဆင့်ဆင့် ဆောင်ရွက်ရသည့် တာဝန်များလှကြောင်း သိလာရသည်။ထို့ကြောင့် အိမ်နှင့်မြေဝယ်တော့မည့်ရည်မှန်းချက်ရှိသူများ အဖို့ အမှားအယွင်းမရှိ၊ ကုန်ကျစရိတ်နည်းရန် ငွေကုန်လူပန်းမဖြစ်ရန် အိမ်၊ခြံ၊ မြေ ကျွမ်းကျင်သူ ရှေ့နေ ရှေ့ရပ်များနှင့်တိုင်ပင်ဆွေးနွေပြီ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အပ်ိဳႀကီးမမတို႔ပိုင္ဆိုင္တဲ့ အိမ္ႏွင့္ေျမဝယ္ၿပီေနာက္ဆက္တြဲ ေထာက္ခံခ်က္ေတြလိုေသးတယ္။

 

တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ဆိုတဲ့ ေ႐ွ႕လူႀကီးမ်ား အတိုင္း မိမိေမြရပ္ဌာနီမွ အိမ္၊ ေျမ၊ လယ္ယာလုပ္ငန္းတို႔ကို စြန္႔လႊတ္၍ ၿမိဳ႕ႀကီးျပႀကီး ရန္ကုန္ၿမိဳ႕ႀကီးတြင္ ေ႐ႊ႕ေျပာင္းလုပ္ကိုင္အေျခခ်သူမ်ားအဖို႔ ႀကီးမားေသာစြန္႔လႊတ္မႈျပဳလုပ္ၾကရသည္မွာ အမွန္ပင္။ အေျခခ်မည့္ေနရာမွာ ေဆြမ်ိဳး (သို႔မဟုတ္ ) မိတ္ေဆြေကာင္း႐ွိဖို႔လိုသည္။ မိမိတို႔ပါလာသည့္အရင္းႏွီးျဖင့္ စတင္မ,တည္ရမည္မွာ ေနစရာအတြက္ အိမ္ေျမပိုင္ဆိုင္မႈ႐ွိဖို႔ ပင္ျဖစ္သည္။ ဝယ္ယူမည့္ေျမႏွင့္ အိမ္မွာ ဘူမိနက္သန္ မွန္ဖို႔လိုသည္။ မိမိ အတြက္အက်ိဳးေပမည့္ ေျမေကာင္းေျမသန္႔ ျဖစ္ဖို႔လိုသည္။ ေျပာင္းေ႐ႊ႕ ေနထိုင္လိုသည့္ ေနရာက ရန္ကုန္ၿမိဳ႕ဆိုေတာ့ ေျမ အေၾကာင္းနားလည္မွ တန္ကာက်သည္။ သို႔မဟုတ္ပါက အလြဲအမ်ားနဲသာ ရင္ဆိုင္ရတတ္သည္။

 

ပါမစ္ေျမထက္ ဂရန္ေျမႏွင့္ဘိုးဘြားပိုင္ေျမက ပို၍ခိုင္မာ

အသစ္ထပ္မံတိုးခ်ဲ႕ေသာ ၿမိဳ႕သစ္မ်ားမွာလြဲ၍ ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕နယ္မ်ားမွာ မ်ားေသာအားျဖင့္ ပါမစ္ေျမနည္းပါးသည္။ ဘိုးဘြားပိုင္ေျမႏွင့္ ႏွစ္( ၆၀ )၊ ႏွစ္ (၉၀ ) ဂရန္ေျမတို႔ကိုအမ်ားအျပားေတြ႕ရသည္။ ပါမစ္ေျမမွာသတ္မွတ္ေသာ စည္းကမ္းမ်ားမလိုက္နာလွ်င္ ႏိုင္ငံေတာ္အစိုးရက အခ်ိန္မေ႐ြးသိမ္းယူႏိုင္သည္။ ဂရန္ေျမက်ေတာ့ သတ္မွတ္သည့္ႏွစ္စဥ္ ေျမခြန္ေပးေဆာင္ရန္လိုသည္။ ဂရန္သက္တမ္းကုန္သြားလွ်င္လည္း ဂရန္သက္တမ္းတိုးေလွ်ာက္ၿပီး သားစဥ္ေျမးဆက္စိတ္ခ်မ္းသာစြာ တစ္သက္တာ ေနႏိုင္သည္။ သို႔ေသာ္ ဝယ္ထားေသာ ေျမႏွင့္အိမ္မွာ မိမိအမည္ေပါက္ဂရန္ ( ေျမငွားစာခ်ဳပ္) ျဖစ္ဖို႔ေတာ့လိုသည္။အျခားသူအမည္ေပါက္ ဂရန္ေျမကြက္ႏွင့္ အိမ္ကိုဝယ္မိပါက ကိုယ့္အမည္ေပါက္ျဖစ္ဖို႔ ကုန္က်စရိတ္မ်ားသည္။ အခ်ိန္ေပးရသည္။

 

တိမ္မေယာင္ႏွင့္ နက္၊ လြယ္မေယာင္ႏွင့္ ခက္တဲ့ေျမ မၾကာေသးမီက တာေမြၿမိဳ႕နယ္မွ အိမ္ဝယ္မည္ ကိုေဌးႂကြယ္ တစ္ေယာက္ ေမာင္ေကာင္းေဖ ထံေရာက္လာသည္။ မိဘမ်ားအတြက္ ဝယ္ထားသည့္ေျမႏွင့္အိမ္မွာ အပ်ိဳႀကီးႏွစ္ေယာက္ ပိုင္ဆိုင္သည့္ အိမ္ ျဖစ္သည္။ အႏွစ္ ( ၆၀) ဂရန္တြင္ ‘မမအပ်ိဳႀကီး’ အမည္ေပါက္ျဖစ္ေနသည္။ လြန္ခဲ့ေသာေျခာက္လခန္႔က အမည္ေပါက္ မမႀကီးက ကြယ္လြန္သြားခဲ့သည္။ မမႀကီးကြယ္လြန္သြားေတာ့ ညီမျဖစ္သူ အပ်ိဳႀကီးက အေမြဆက္ခံ႐ုံဆိုလွ်င္ မခက္ခဲလွဟုထင္သည္။ သို႔ေသာ္ တိမ္မေယာင္ႏွင့္ နက္ ၊ လြယ္မေယာင္ႏွင့္အခက္ေတြ႕ ေန၍ ေမာင္ေကာင္းေဖ ႏွင့္လာေရာက္တိုင္ပင္ေဆြးေႏြးျခင္းျဖစ္သည္။

 

ဘဝတစ္ဆစ္ခ်ိဳး ေျပာင္းလဲေစတဲ့ အပ်ိဳႀကီးမမတို႔ရဲ႕ သံေယာဇဥ္အိမ္

က်န္ရစ္သူညီမအပ်ိဳႀကီးမွာ မမအပ်ိဳႀကီးကြယ္လြန္သြားသျဖင့္ ရပ္ကြက္ထဲမွာ အမ်ိဳးမ႐ွိလို႔အားငယ္သည္။ အသက္ကလည္း (၇၀ ) ေက်ာ္ အသက္ႀကီးပိုင္းေရာက္ေတာ့ ေသြးတိုး ၊ ဆီးခ်ိဳ ၊ ေရာဂါႏွိပ္စက္မႈေၾကာင့္ က်န္းမာေရးကလည္းသိပ္မေကာင္း၊ သည္ေတာ့ ေျမာက္ဒဂုံမွာေနသည့္ တူမအနီးမွာ ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ဆုံးျဖတ္ၿပီး မိမိအေမြဆက္ခံသည့္ ေျမႏွင့္အိမ္ကို ကိုေဌးႂကြယ္မိဘမ်ားကို ေရာင္းခ်ျခင္းျဖစ္သည္။ ကိုေဌးႂကြယ္လည္း အပ်ိဳႀကီး အေပၚတြင္သနားက႐ုဏာ ျဖစ္ေနသည္။ မွန္တာေျပာရလွ်င္ ကိုေဌးႂကြယ္တို႔ ေတာမွ ၿမိဳ႕တက္ၿပီး အလုပ္ဝင္စဥ္က အပ်ိဳႀကီးတို႔၏ အိမ္တြင္ အိမ္ငွား၍ ေနထိုင္ခဲ့ရသည္။ ယင္းအိမ္မွာ အိမ္ငွားေနၿပီး ႀကိဳးစားရင္းက အိုးပိုင္ ၊ အိမ္ပိုင္ ရေအာင္ႀကိဳးစားခဲ့ၾကသည္။ ယခု မိဘမ်ားေျပာင္းလာေတာ့ တစ္ရပ္ကြက္ထဲအတူတူေနဖို႔အတြက္ ညီမအပ်ိဳႀကီးက ျပန္ေရာင္းလိုက္သည့္ အိမ္ကို ဝယ္လိုက္ၾကျခင္းျဖစ္သည္။ ထိုအတူ မိမိတို႔၏ ဘဝ တစ္ဆစ္ခ်ိဳး ေျပာင္းလဲေစခဲ့သည့္ ဤေျမႏွင့္အိမ္က မိမိတို႔အတြက္ အက်ိဳးေပးၿပီး ေရခံေျမခံေကာင္းသည္ဟု ဆိုရမည္ ညီမအပ်ိဳႀကီးကေတာ့တူမ ေနထိုင္ရာေျမာက္ဒဂုံတြင္ အိမ္ဝယ္၍သြားေရာက္ေနထိုင္သျဖင့္ အဆင္ေျပသြားသည္။

 

အမည္ေပါက္ မွန္ကန္မႈ႐ွိ မ႐ွိသိလိုလွ်င္ ေျမရာဇဝင္ၾကည့္မွ ေသခ်ာသိႏိုင္တယ္

ေရာင္းသူကအဆင္ေျပေပမဲ့ အဆင္မေျပ ေပ႐ွည္ေနသူကေတာ့ ဝယ္သူ ကိုေဌးႂကြယ္တို႔ ပါပဲ။ သူမ်ားအမည္ႏွင့္ဝယ္ထားသည့္ ဂရန္ဆိုေတာ့ ကိုယ္အမည္ေပါက္ျဖစ္ေအာင္ ႀကိဳးစားရျပန္သည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ၿမိဳ႕ ေျမစာရင္းတြင္ သြားစုံစမ္းၾကည့္ရာ ကြယ္လြန္သူ “မမႀကီး” အမည္ေပါက္ေနသည္။ ကိုေဌးႂကြယ္တို႔ ဝယ္လိုက္သည္က က်န္ရစ္သူ ညီမအပ်ိဳႀကီးထံမွ ဝယ္ယူျခင္းျဖစ္သည္။ အမည္ေျပာင္းရဖို႔အေရး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ ေျမယာဌာနတြင္ မမအပ်ိဳႀကီး အမည္ေပါက္ ဟုတ္၊ မဟုတ္ ေျမပုံေျမရာဇဝင္ ကူးယူၾကည့္ရသည္။ ေျမရာဇဝင္ကူးရန္ မမအပ်ိဳႀကီးႏွင့္ညီမအပ်ိဳႀကီး ညီအစ္မ အရင္းေတာ္စပ္ေၾကာင္း တရားသူႀကီးေ႐ွ႕တြင္ က်မ္းက်ိန္ ရသည္။ မမအပ်ိဳႀကီးႏွင့္ ညီမအပ်ိဳႀကီးတို႔ညီမအရင္းျဖစ္ေၾကာင္း “မမအပ်ိဳႀကီး” ကြယ္လြန္စဥ္က ညီမအပ်ိဳႀကီး သၿဂိဳလ္ေပးေၾကာင္း လက္ရည္တစ္ျပင္တည္း တစ္သက္လုံး အတူလုပ္ကိုင္စားေသာက္ခဲ့ေၾကာင္း ၊ ထို ့‌ေၾကာင့္ အိမ္ႏွင့္ေျမကို ညီမအပ်ိဳႀကီးကသာ အေမြဆက္ခံပိုင္ဆိုင္ျခင္းကို သိ႐ွိေၾကာင္း အိမ္နီးနားခ်င္းႏွစ္ဦးကလည္း ဝိုင္းကူက်မ္းက်ိန္ေပးရသည္။အမွန္တကယ္ေသဆုံးရေၾကာင္း ေသစာရင္းလည္း ျပရေသးသည္။ သည္လိုႏွင့္ စည္ပင္ ေျမစီမံခန္႔ခြဲမႈဌာနက ေတာင္းသည့္စာ႐ြက္စာတမ္းေတြ တင္ျပၿပီးေနာက္ ေျမရာဇဝင္ရဖို႔ ေစာင့္ဆိုင္းေနစဥ္ အေၾကာင္းၾကားစာ ထပ္မံေရာက္လာျပန္သည္။ “မမအပ်ိဳႀကီးႏွင့္ညီမအပ်ိဳႀကီး ” တို႔မွာ အေဖမတူလို႔ ကြယ္လြန္သူအပ်ိဳႀကီးႏွင့္အတူေနထိုင္သည့္ အိမ္ေထာင္စုစာရင္း၊ မွတ္ပုံတင္ မိတၱဴတို႔ႏွင့္အတူ အေဖမတူသည့္အေၾကာင္း ထပ္မံ က်မ္းက်ိန္တင္ျပရျပန္သည္။ ေနစဥ္ထုတ္ သတင္စာတြင္လည္း ကန္႔ကြက္သူ ႐ွိ မ႐ွိ သီးျခားေၾကာ္ျငာေပးရျပန္သည္။ အေဖ မတူသည့္အေၾကာင္း ညီမအပ်ိဳႀကီးကို ေမးျမန္းရျပန္သည္။ “မမႀကီးရဲ႕အေဖ ဦးလြန္က မမႀကီးႏွစ္ႏွစ္သမီးမွာ ကြယ္လြန္တယ္၊ အေမက ေနာက္ႏွစ္ႏွစ္ေလာက္အၾကာမွာ ငါတို႔အေဖဦးခ်စ္ေအာင္နဲ႔ ထပ္မံအိမ္ေထာင္ျပဳၿပီး ငါ့ကိုေမြးလာတာပဲ”ဟု ညီမအပ်ိဳႀကီးက ႐ွင္းျပသည္။ သို႔ေပမဲ့ ျမန္မာဓေလ့ထံတမ္းဥပေဒအရ မိဘႏွစ္ပါကြယ္လြန္လွ်င္ သားသမီးမ်ား အေမြဆက္ခံရသည္ ။ ယခု ညီအစ္မႏွစ္ေယာက္ ႐ွိေနသည့္အနက္ ‘မမႀကီးကြယ္လြန္သည့္ အတြက္ ညီမအပ်ိဳႀကီးက အေမြဆက္ခံရန္ျဖစ္သည္။ သို႔ေသာ္ အေဖ မတူသည့္ျပႆနာက ညီမအရင္းမွ ဟုတ္ရဲ႕လား ဒါမွမဟုတ္ မမအပ်ိဳႀကီးက တျခားသူ၏ သမီးတစ္ေယာက္ကိုေခၚၿပီးေမြးစားထား တာမ်ားလာဟု သံသယဝင္စရာျဖစ္သည္။ သို႔ေသာ္ အိမ္နီးခ်င္းကအစ ရပ္ကြက္လူႀကီးမ်ားပါမက်န္ ညီအစ္မႏွစ္ေယာက္အေၾကာင္း သိတာမ်ားၾကသည္။ယခုေဖာ္ျပခဲ့သလို အေမတူ အေဖကြဲျဖစ္ေၾကာင္း တစ္လမ္းတည္းေနသူမ်ားက ဝိုင္ၿပီး က်မ္းက်ိန္ေထာက္ခံေပးၿပီး ကန္႔ကြက္သူမ႐ွိ၍ စည္ပင္က ေျမရာဇဝင္ ထုတ္ေပးလိုက္ရသည္။ အမည္ေျပာင္းဖို႔ကိစၥတြင္ စည္ပင္က ေျမရာဇဝင္ရဖို႔ အေရးတႀကီးဆုံးျဖစ္တာကို ေမာင္ေကာင္ေဖလည္းကိုယ္ေတြ႕ၾကဳံမွ သိရသည္။ ေျမပုံ/ရာဇဝင္ရေတာ့လည္း စာခ်ဳပ္႐ုံးသြား ၊ အခြန္႐ုံးတင္ျပ ၊ ဝင္ေငြခြန္ေဆာင္ၿပီးမွ အမည္ေျပာင္းရသည္။ ေျမရာဇဝင္မ်ားရၿပီး စာခ်ဳပ္႐ုံးမွာ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ ခ်ဳပ္ရသည္။ အခြန္ဦးစီဌာနတြင္ ေျမႏွင့္အိမ္တန္ဖိုး ျဖတ္ေပးရန္ တင္ျပရျပန္သည္။ ယခုကဲ့သို႔ ေျမႏွင့္အိမ္တန္ဖိုးျဖတ္ၿပီးမွ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္၍ရသည္။ အေရာင္းအဝယ္ စာခ်ဳပ္ရမွ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ၿမိဳ႕ျပ ေျမစီမံခန္႔ခြဲမႈဌာနတြင္ အမည္ေျပာင္းရေတာ့သည္။

 

ဂရန္ပဲျဖစ္ျဖစ္၊ ပါမစ္ပဲျဖစ္ျဖစ္၊ ေျမအေၾကာင္းနားလည္ဖို႔သာ အဓိက

ပါမစ္ကအတုအစစ္ခြဲရတာခက္လို႔ ဂရန္ဝယ္ေတာ့လည္း ေျမဂရန္အမည္ေပါက္သူက အသက္ထင္႐ွာ႐ွိတုန္း တိုက္႐ိုက္ဝယ္မွသာ ေကာင္းသည္။ ဂရန္အမည္ေပါက္သူ ေသသြာလွ်င္ မိမိအမည္ေပါက္ျဖစ္ရန္ အဆင့္ဆင့္ ေဆာင္႐ြက္ရသည့္ တာဝန္မ်ားလွေၾကာင္း သိလာရသည္။ထို႔ေၾကာင့္ အိမ္ႏွင့္ေျမဝယ္ေတာ့မည့္ရည္မွန္းခ်က္႐ွိသူမ်ား အဖို႔ အမွားအယြင္းမ႐ွိ၊ ကုန္က်စရိတ္နည္းရန္ ေငြကုန္လူပန္းမျဖစ္ရန္ အိမ္၊ျခံ၊ ေျမ ကြၽမ္းက်င္သူ ေ႐ွ႕ေန ေ႐ွ႕ရပ္မ်ားႏွင့္တိုင္ပင္ေဆြးေႏြၿပီ ေဆာင္႐ြက္သင့္ပါေၾကာင္း အၾကံျပဳတင္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေ႐ွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service