မြောက်များစွာသော နာနာဘာဝပရလောကသားများကျက်စားနေထိုင်ရာ အင်္ဂလန်နိုင်ငံ၏ သရဲအခြောက်ဆုံး ဟိုတယ် The Ancient Ram Inn - Property News in Myanmar from iMyanmarHouse.com
939 Views
မြောက်များစွာသော နာနာဘာဝပရလောကသားများကျက်စားနေထိုင်ရာ အင်္ဂလန်နိုင်ငံ၏ သရဲအခြောက်ဆုံး ဟိုတယ် The Ancient Ram Inn
[Unicode]
လွန်ခဲ့သော ၁၅ ရာစုနှစ်ဆီက စုန်းပညာတတ်မြောက်သောကြောင့် သေမိန့်ချခံရသူ စုန်းမဝိဉာဉ်နှင့် သူမ၏ကြောင်သရဲ ,The Ancient Ram Inn အား ရာစုနှစ်အဆက်ဆက် ပိုင်ဆိုင်ခဲ့သူများရဲ့ ဝိဉာဉ်များအား တွဲလောင်းကျလျက် မြင်တွေ့နိုင်ပြီး၊ အမည်မသိ မိန်းကလေးငယ်ဝိဉာဉ်ဖြူလေးမှ ရံဖန်ရံခါ သူမအား တည်းခိုသူ ခရီးသွားများ မြင်တွေ့စေနိုင်ရန် လက်ပြနှုတ်ဆက်လေ့ရှိသော The Ancient Ram Inn သည် အင်္ဂလန်နိုင်ငံရဲ့ ပရလောကဝိဉာဉ်နတ်ဆိုး ဝိဉာဉ်ပေါင်းစုံကျက်စားနေထိုင်သော အချောက်ချားဆုံး Hotel အဖြစ်နာမည်ကြီးသည်။
The Ancient Ram Inn ကို ထိုစဉ်က St. Mary’s Church ကျောင်းကိုဆောက်လုပ်ရာတွင် ပါဝင်သော ကျွန်၊အလုပ်သမားများနေထိုင်ရန်အတွက် ၁၁၄၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့သည်။ အင်္ဂလန်နိုင်ငံ Gloucestershire ပြည်နယ်ရှိ ဈေးမြို့ငယ်လေးတွင်တည်ရှိပြီး အလုပ်သမားများထွက်ခွာသွားသည့်အခါမှာတော့ ခရစ်ယာန်ဘုန်းတော်ကြီးများ ဆက်လက်နေထိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ The Ancient Ram Inn ဟာ ပိုင်ဆိုင်သူ အမြောက်အမြားလက်ထဲ၌ ပြုပြင်မှုများစွာနှင့် ပုံစံအမျိုးမျိုးပြောင်းလဲခဲ့သည်။ နောက်ဆုံးပိုင်ရှင် John Humphries မှ ၁၉၆၈ ခုနှစ်တွင် ပေါင် ၂၆၀၀ နှင့်ဝယ်ယူခဲ့ပြီး Hotel ဖွင့်ခဲ့ကာ ချောက်ချားဖွယ်ကောင်းလှသော သရဲတစ္ဆေဖြစ်ရပ်ဆန်းများအား တွေ့မြင်ခဲ့သည်။
The Ancient Ram Inn တွင်နေထိုင်သော နာနာဘာဝ ဝိဉာဉ်များအနက် နတ်ဆိုးဝိဉာဉ်များသာမဟုတ် နောက်ပြောင်ကျီစယ်တတ်သော ဝိဉာဉ်ကောင်းများလဲ နေထိုင်ကြသည်။ ၁၅ ရာစုနှစ်ဆီက စုန်းပညာ တတ်မြောက်မှုကြောင့် ကားစင်တင်မီးရှို့ခံရသော စုန်းမဝိဉာဉ်ဆိုလျှင် ဟိုတယ်၌တည်းခိုသူများကို ခြောက်လှန့်ခြင်းမပြု။ တစ်ခါတစ်ရံတွင်တော့ စုန်းမအခန်းဟုခေါ်သော သူမ၏ ကိုယ်ပိုင်အခန်းရှိ ထုပ်တန်း၌ တွဲလောင်းချနေလျက်ရှိသည်။ စုန်းမတွင် ကြောင်မည်းလေးတစ်ကောင် ရှိဟန်တူသည်။ ထိုကြောင်မည်းလေး၏ ဝိဉာဉ်ကိုလည်း ဟိုတယ်အခန်းထောင့်တွင် ရံဖန်ရံခါမြင်ရလေ့ရှိသည်။ အမည်မသိ မိန်းကလေးငယ် ဝိဉာဉ်ဖြူလေးဆိုလျှင် ခရီးသွားများနှင့် စကားပြောလိုသည့်ဟန် လက်ပြနှုတ်ဆက်လေ့ရှိသည်။
ဟိုတယ်မြေအောက်ခန်းကို ပြန်လည်ပြင်ဆင်စဉ်ကလည်း မြှုပ်နှံထားသော ကလေးအရိုးစု အမြောက်အမြားကို တူးဆွမိသည်။ ထိုကလေးများသည် ရင်ဘတ်တွင်ဓားများစိုက်ဝင်လျက် သေဆုံးနေပြီး သတ်ဖြတ်ယစ်ပူဇော်ရာတွင် အသုံးပြုခံခဲ့ရသော နစ်နာသူကလေးငယ်များဖြစ်သည်။ ရှေးဟောင်းဟိုတယ်အိမ်ကြီး၏ နံရံများထက်တွင် ဝမ်းနည်းပက်လက်ကလေးငိုသံများကို ကြားရလေ့ရှိပြီး ရိုစီအမည်ရှိ သရဲကလေးမ ဝိဉာဉ်လေး လျှောက်ပြေးသွားနေသည်ကိုလည်း မြင်တွေ့ရနိုင်သည်။
The Ancient Ram Inn ဆီသို့ သရဲတစ္ဆေနာနာဘာဝ ဖြစ်တည်မှုများအား လေ့လာဆန်းစစ်ရန် လာရောက်သူများဟာ အင်္ကျီအဝတ်အစားတွေထက် ဘုရားစာအုပ်များ စုံလင်စွာပါရန် လိုအပ်ပေသည်။
၂၀၁၇ ခုနှစ်တွင် ဟိုတယ်ပိုင်ရှင် Mr. John Humphries သေဆုံးခဲ့ပြီးနောက်မှာတော့ သမီးငယ် Caroline Humphries မှ ဟိုတယ်အား လွှဲပြောင်းဆက်ခံခဲ့ပြီး အိမ်ကြီး၏ ပရလောကဖြစ်ရပ်ဆန်းများကို လေ့လာလိုသော ပညာရှင်၊ အပျော်တမ်းရှာဖွေသူများအား လာရောက်ရန် ဖိတ်ကြားလေ့ရှိသည်။ ပရလောက နာနာဘာဝများအား မျက်မြင်တွေ့လိုလျင် ဟိုတယ်၌ ညအိပ်လေ့လာနိုင်သည်။ သင်ဆိုရင်ကော သွားရဲသလား မေးမြန်းကြည့်ချင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Upcoming Property Events
From 23 Aug To 24 Aug
Mingalar Market
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 27 Sep To 28 Sep
18th Property and Car Expo
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service