လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေကို အရေးယူနိုင်ရေးဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
920 Views

လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေကို အရေးယူနိုင်ရေးဆောင်ရွက်မည်

[Unicode]

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင် မရှိဘဲ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေကို အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှုအသင်း(ဗဟို)ရဲ့ ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။

လက်ရှိအိမ်ခြံမြေဈေးကွက်ထဲမှာ လိမ်လည်မှုတွေများပြားနေလို့ အခုလိုစီစဉ်ရတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

အိမ်ခြံမြေရောင်းဝယ်လုပ်ကိုင်တဲ့အခါ လိမ်လည်မှုတွေရှိနေပြီး လုပ်ငန်းလိုင်စင်ရှိပါက လိမ်လည်မှုတွေဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ အိမ်ခြံမြေ ဝယ်ယူတဲ့အခါ ပြည်တွင်းမှာသာ မကပဲ ပြည်ပက အိမ်ခြံမြေတွေဝယ်ယူတဲ့အခါမှာပါ အလိမ်ခံရတဲ့ဖြစ်စဉ်တွေ ရှိနေတယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

လိမ်လည်ရှောင်တိမ်းမှုတွေခံရရင် မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှုအသင်း(ဗဟို) ကိုဆက်သွယ်တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှုအသင်း(ဗဟို)ရဲ့ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောပါတယ်။

ဒါ့အပြင် အိမ်ခြံမြေရောင်းဝယ်တဲ့နေရာမှာ စာရွက်စာတမ်းအတုတွေကို နည်းပညာနဲ့ပြုလုပ်ပြီး လိမ်လည်မှုတွေ ရှိနေတဲ့အတွက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသူတွေအနေနဲ့ သတိထားကြဖို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)က တိုက်တွန်းထားပါတယ်။ ဂရန်အတု၊ စလစ်အတုတွေကို သတိထားပြီး လောဘနဲ့ အရောင်းအဝယ် မပြုလုပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

လုပ္ငန္းလိုင္စင္မ႐ွိဘဲ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္သူေတြကို အေရးယူႏိုင္ေရးေဆာင္႐ြက္မည္

 

အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းလိုင္စင္ မ႐ွိဘဲ အက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္သူေတြကို အေရးယူႏိုင္ဖို႔ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံအိမ္ျခံ ေျမဝန္ေဆာင္မႈအသင္း(ဗဟို)ရဲ႕ ဥကၠ႒ ေဒၚမို႔မို႔ေအာင္က ေျပာပါတယ္။

လက္႐ွိအိမ္ျခံေျမေဈးကြက္ထဲမွာ လိမ္လည္မႈေတြမ်ားျပားေနလို႔ အခုလိုစီစဥ္ရတာျဖစ္တယ္လို႔ လည္းဆိုပါတယ္။

အိမ္ျခံေျမေရာင္းဝယ္လုပ္ကိုင္တဲ့အခါ လိမ္လည္မႈေတြ႐ွိေနၿပီး လုပ္ငန္းလိုင္စင္႐ွိပါက လိမ္လည္မႈေတြေျဖ႐ွင္းႏိုင္မွာျဖစ္တယ္လို႔ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ေနသူေတြက ေျပာပါတယ္။ အိမ္ျခံေျမ ဝယ္ယူတဲ့အခါ ျပည္တြင္းမွာသာ မကပဲ ျပည္ပက အိမ္ျခံေျမေတြဝယ္ယူတဲ့အခါမွာပါ အလိမ္ခံရတဲ့ျဖစ္စဥ္ေတြ ႐ွိေနတယ္လို႔လည္း အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ေနသူေတြက ဆိုပါတယ္။

လိမ္လည္ေ႐ွာင္တိမ္းမႈေတြခံရရင္ ျမန္မာႏိုင္ငံအိမ္ျခံ ေျမဝန္ေဆာင္မႈအသင္း(ဗဟို) ကိုဆက္သြယ္တိုင္ၾကားႏိုင္တယ္လို႔ ျမန္မာႏိုင္ငံအိမ္ျခံ ေျမဝန္ေဆာင္မႈအသင္း(ဗဟို)ရဲ႕ဥကၠ႒ ေဒၚမို႔မို႔ေအာင္က ေျပာပါတယ္။

ဒါ့အျပင္ အိမ္ျခံေျမေရာင္းဝယ္တဲ့ေနရာမွာ စာ႐ြက္စာတမ္းအတုေတြကို နည္းပညာနဲ႔ျပဳလုပ္ၿပီး လိမ္လည္မႈေတြ ႐ွိေနတဲ့အတြက္ အိမ္ျခံေျမဝန္ေဆာင္မႈလုပ္ငန္း လုပ္ေဆာင္ေနသူေတြအေနနဲ႔ သတိထားၾကဖို႔ ျမန္မာႏိုင္ငံ အိမ္ျခံေျမ ဝန္ေဆာင္မႈအသင္း(ဗဟို)က တိုက္တြန္းထားပါတယ္။ ဂရန္အတု၊ စလစ္အတုေတြကို သတိထားၿပီး ေလာဘနဲ႔ အေရာင္းအဝယ္ မျပဳလုပ္ဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service