ရန်ကုန် ဒဂုံမြို့သစ်ရှိ မြေဈေးများ အခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
671 Views
ရန်ကုန် ဒဂုံမြို့သစ်ရှိ မြေဈေးများ အခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာ
[Unicode]
ရန်ကုန်တိုင်း  ဒဂုံမြို့သစ်မြောက်ပိုင်း နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း  မြို့ နယ်ထဲ အိမ်ခြံမြေဈေးများ အခုရက်ပိုင်းအတွင်း ဈေးပြန်လည်မြင့်တက်လာတယ်လို့ အိမ်ခြံမြေဝန်ဆောင်လုပ်ငန်း လုပ်ဆောင်နေသူတွေက ပြောပါတယ်။
အရင်လနဲ့နှိုင်းယှဉ်ရင်တော့ နေရာနဲ့မြေအကျယ်အဝန်းပေါ်မူတည်ပြီး ကျပ်သိန်း(၄၀၀) နီးပါးလောက် ဈေးမြင့်တက်လာတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ထဲက အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ပြီးခဲ့လပိုင်းက ငွေကြေးဈေးနှုန်းဂယက်ကြောင့် အရောင်းအဝယ်အေးစက်ခဲ့ပေမယ့်လည်း အခုသြဂုတ်လကုန် ပိုင်းလောက်မှာတော့ အရောင်းအဝယ်ပြန်ဖြစ်လာလို့ ဈေးပြန်မြင့်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပိုင်ဆိုင်မှုသေချာတဲ့ဂရန်မြေတွေ ပိုအဝယ်လိုက်ပြီး ပေ (၄၀) ပေ(၆၀)တစ်ကွက်ကို ကျပ်သိန်း (၇၀၀၀) အထိ ပေါက်ဈေးရှိနေတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ပြောဆိုထားပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်အများစု အရောင်းအဝယ်အနည်းငယ် ပြန်လိုက်ပေမယ့် ဒဂုံမြို့သစ်မြို့နယ်တွေက မြေတွေက ပိုအရောင်းအဝယ်ဖြစ်နေတာပါ။ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကတော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်အများဆုံး မြို့နယ်ဖြစ်တယ်လို့လည်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။
အလားတူပဲ  ဒလမြို့နယ်  ဟာလည်း အရောင်းအဝယ်ပြန်လိုက်ပြီး ဈေးမြင့်တက်လာပေမယ့် ဂရန်မြေနည်းပါးပြီး ပါမစ်မြေများတာကြောင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ထက် အရောင်းအဝယ်နည်းပါးတယ်လို့လည်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းထဲက အရောင်းအဝယ် တည်ငြိမ်ခဲ့တဲ့ရန်ကုန် အိမ်ခြံမြေဈေးတွေဟာ အခုသြဂုတ်လကုန်ပိုင်းလောက်မှာပဲ အရောင်းအဝယ်ပြန်လိုက် လာတာဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
Upcoming Property Events
From 11 Oct To 12 Oct
Jade Palace Condo
From 11 Oct To 12 Oct
Shwe Moe Kaung
Shwe Moe Kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service