ဩစတြီးယားက ဟစ်တလာမွေးဖွားခဲ့တဲ့အိမ်ကို Police Station အဖြစ်ပြန်လည်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
1601 Views
ဩစတြီးယားက ဟစ်တလာမွေးဖွားခဲ့တဲ့အိမ်ကို Police Station အဖြစ်ပြန်လည်တည်ဆောက်
[Unicode]
ဟစ်တလာရဲ့အိမ်ကို ခရိုင်အာဏာပိုင်ရုံးတွေအဖြစ်ဆောက်လုပ်တဲ့အခါ အငြင်းပွားစရာတွေကြားထဲက ဟစ်တလာရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးတယ်လို့လဲဆိုပါတယ်။
ကွယ်လွန်သူ နာဇီပါတီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ မွေးဖွားခဲ့တဲ့အိမ်ကို သူရဲ့ ဆန္ဒများနှင့်ပတ်သက်၍ တောင်းဆိုချက်အသစ်များကို ထုတ်လွှင့်ပြသပြီးနောက်
စီစဉ်ထားတဲ့အတိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ သြစတြီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဥပဒေကြောင်းအရ နှစ်အတန်ကြာ ငြင်းခုံခဲ့ပြီးနောက် အစိုးရက ၁၈၈၉ ခုနှစ်မှာ ဟစ်တလာမွေးဖွားခဲ့တဲ့ Braunau မြောက်ပိုင်းက နေအိမ်ကို လူ့အခွင့်အရေးလေ့ကျင့်ရေးစင်တာတစ်ခုရှိတဲ့ ရဲစခန်းအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အောက်တိုဘာနှစ်ရက်နေ့မှာ လုပ်ငန်းစတင်မယ်လို့ဆိုပါတယ်။
ဂျာမနီနယ်စပ်ရှိတဲ့ အဆောက်အအုံကို နာဇီလက်သစ် ဘုရားကျောင်းအနေနဲ့ထိန်းသိမ်းထားဖို့ ကြိုးပမ်းရာမှာ အစိုးရက ပျက်စီးယိုယွင်းနေတဲ့ အဆောက်အုံအနေနဲ့ သိမ်းယူခဲ့တာကြောင့် ပိုင်ရှင်ဟောင်းနဲ့ နိုင်ငံတော်ကြား ပြဿနာများနဲ့ ဇာတ်လမ်းကိုအဆုံးသတ်ခဲ့ရပါတယ်။
“အားလုံးက စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မှာပါ” ဟု ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သြစတြီးယား ဒါရိုက်တာ Günter Schwaiger က အိမ်အတွက် ဝန်ကြီးဌာနရဲ့ အစီအစဉ်များက “ဟစ်တလာဖြစ်ချင်တဲ့ ဆန္ဒနဲ့အညီ” ဖြစ်လိမ့်မယ်လို့ သံသယဖြစ်မိကြောင်းပြောခဲ့ပါတယ်။ ယခုလနှောင်းပိုင်းမှာ အဲဒီအဆောက်အအုံနဲ့ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ဖို့ မျှော်လင့်ထားပါတယ်လို့လည်းပြောပါသေးတယ်။
Schwaiger ဟာ ၁၉၃၉ ခုနှစ် မေလ ၁၀ ရက်နေ့က ဒေသခံသတင်းစာတစ်စောင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားများအရ သူ့ရဲ့မွေးရပ်အိမ်အား ခရိုင်အာဏာပိုင်များ၏ ရုံးခန်းများအဖြစ်သို့ ပြောင်းလဲစေလိုတဲ့ဆန္ဒဟာ ဟစ်တလာ၏ဆန္ဒဖြစ်ကြောင်း ဖော်ပြထားပါတယ်။။
(ဓာတ်ပုံ-biography)
နေအိမ်အား ရဲစခန်းအဖြစ် ပြောင်းလဲတာဟာ ဟစ်တလာမျှော်မှန်းချက်အတိုင်း ဖြစ်လာစေနိုင်ဖို့ ရည်ရွယ်နေသလိုဖြစ်တာကြောင့် Schwaiger က တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရရဲ့ အစီအစဉ်တွေကို ပြန်လည်စဉ်းစားရန် တောင်းဆိုခဲ့ပါတယ်။
၈၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ ပြန်လည်တည်ဆောက်မှု ကုန်ကျစရိတ်မှာ ယူရို သန်း ၂၀ (ပေါင် ၁၇ သန်း) ဖြစ်သည်။ အဆိုပါလုပ်ငန်းကို ၂၀၂၅ မှာ ပြီးစီးဖို့ စီစဉ်ထားပြီး ၂၀၂၆ ခုနှစ်မှာ ရဲစခန်းအဖြစ် စတင်လည်ပတ်မှာ ဖြစ်ပါတယ်။
(ဓာတ်ပုံ-  npr)
ဟစ်တလာဟာ အဲဒီအိမ်မှာ အချိန်တိုလေးသာ ကုန်ဆုံးခဲ့ပေမယ့် ကမ္ဘာတစ်ဝှမ်းက နာဇီထောက်ခံသူတွေကို ဆက်လက်ဆွဲဆောင်နိုင်ခဲ့ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Upcoming Property Events
From 19 Jul To 20 Jul
Royal Theikdi Condo
From 19 Jul To 20 Jul
Mingalar Market
From 08 Jul To 08 Aug
Central Shophouse
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service