အထူးဥပဒေများ ဖြစ်ပေါ်လာပုံအကြောင်း နှင့် လက်ရှိအထူးစီးပွားရေးဇုန်ဥပဒေအကြောင်းကို ဥပဒေ ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
600 Views
အထူးဥပဒေများ ဖြစ်ပေါ်လာပုံအကြောင်း နှင့် လက်ရှိအထူးစီးပွားရေးဇုန်ဥပဒေအကြောင်းကို ဥပဒေ ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။
Knowledge | Posted by Hnin Ei Khin
[Unicode]
ပြစ်မှုကျူးလွန်ခြင်းများကို စီရင်ဆုံးဖြတ်ရာတွင် ပြစ်မှုဆိုင်ရာဥပဒေဖြင့် စီရင်ဆုံးဖြတ်ပြီး ငွေရေး ကြေးရေးနှင့် လူမှုရေးပြဿနာ နစ်နာကြေးများ ရလိုမှုများအတွက် တရားမမှုများ ဖွင့်လှစ်စေ၍ စီရင်ဆုံးဖြတ်ပါတယ်။
ဥပဒေတချို့၏ အသေးစိတ်လိုအပ်ချက်များနှင့် သီးခြားဆောင်ရွက်ရန် ကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် အထူးဥပဒေများအသီးသီး ထွက်ပေါ်လာပါသည်။
အထူးဥပဒေဆိုသည်မှာ နိုင်ငံရေးအပေါ် အခြေခံ၍သော်လည်းကောင်း၊ စီးပွားရေးအပေါ် အခြေခံ၍ သော်လည်းကောင်း၊ လူမှုရေးအပေါ် အခြေခံ၍သော်လည်းကောင်း စီမံကိန်းလုပ်ငန်းဆောင်တာများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြဌာန်းခြင်းပင်ဖြစ်သည်။
၂၀၁၄ခုနှစ် တွင် စီးပွားရေးအပေါ်အခြေခံ၍ အထူးစီးပွားရေးဇုန်ဥပဒေ ထွက်ရှိထားပြီး ထိုဥပဒေအရ ရင်းနှီးမြုပ်နှံသူဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း ကော်မတီက ခွင့်ပြုသည့် လုပ်ငန်းကိုအကောင်အထည် ဖော်ဆောင်ရွက်နေသည့် နိုင်ငံသား၊ အကျိုးတူလုပ်ကိုင်သည့် နိုင်ငံသားနှင့် နိုင်ငံခြားသားကို ဆိုလိုပါသည်။
ရင်းနှီးတည်ဆောက်လိုသူများသည် နည်းဥပဒေပုဒ်မ-၂၂အရ လိုင်စင်၊ ပါမစ်နှင့် ခွင့်ပြုမိန့်များကို အလုံးစုံဝန်ဆောင်မှုပေးသည့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ လျှောက်ထားရမည်။ လုပ်ငန်းဆောင်တာများ ဆောင်ရွက်လိုသူသည် ပုံစံ(က)ဖြင့် သတ်မှတ်ပူးတွဲ စာရွက်စာတမ်းများဖြင့် လျှောက်ထားရပြီး ခွင့်ပြုပါက စီမံခန့်ခွဲမှုကော်မတီသည် ပုံစံ(ခ) ထုတ်ပေးပါသည်။
လုပ်ကိုင်သည့်လုပ်ငန်းနှင့် အဖွဲ့အစည်းများကို သတ်မှတ်ချက်များနှင့်အညီ အထူးစီးပွားရေး စက်မှုဇုန်ကော်မတီရုံးအတွင်း ပူးတွဲဖွင့်လှစ်ထားသည့် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာနရုံးခွဲတွင် မှတ်ပုံတင်ရမည်။
အထူးစီးပွားရေးဇုန်ဥပဒေပုဒ်မ-၉ အရ ရင်းနှီးမြုပ်နှံသူသည် သတ်မှတ်ချက်များနှင့်အညီ အောက်ပါလုပ်ငန်းဆောင်တာများ လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။
၁။ ကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်း၊ ကုန်ပစ္စည်းအဆင့်ဆင့် ထုတ်လုပ်ခြင်း၊ ကုန်လှောင်ရုံ လုပ်ငန်းလုပ်ကိုင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း။
၂။ လုပ်ငန်းအတွင်းအသုံးပြုမည့် ကုန်းကြမ်းပစ္စည်းများ၊ ထုတ်ပိုးပစ္စည်းများ၊ စက်ပစ္စည်း ကိရိယာတန်ဆာပလာများနှင့် စက်သုံးဆီများကို ဇုန်အတွင်းသို့ သယ်ယူတင်သွင်းခြင်း။
၃။ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပသို့ ကူးသန်းရောင်းဝယ်ခြင်း။
၄။ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပြည်ပဝန်ဆောင်မှု လုပ်ငန်းရုံးများကို စီမံခန့်ခွဲမှု ကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် သတ်မှတ်နေရာတွင် တည်ထောင်ဖွင့်လှစ်ခြင်း။
၅။ နိုင်ငံတော်က တားမြစ်ထားခြင်းမရှိသော အခြားစီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲမှုကော်မတီ၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ပဲဖြစ်ပါသည်။
ထိုအထူးစီးပွားရေးဇုန်အတွင်းသို့ ကုန်စည်များတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာန နှင့် အကောက်ခွန်၊ အခြားအခွန်အခများ ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရရှိရန် ညီနှိုင်းသတ်မှတ်ထားပါ သည်။ ပုဒ်မ-၃၂ အရ
၁။ ကင်းလွတ်ဇုန်အတွင်း ခုနှစ်နှစ်အတွင်း ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
၂။ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း ပထမနှစ်(၅)နှစ်အတွင်း ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
၃။ ဒုတိယ(၅)နှစ်အတွက် ဝင်ငွေခွန်၏ ၅၀% ရာခိုင်နှုန်းသက်သာခွင့်၊
၄။ တတိယ(၅)နှစ်အတွက် ရင်းနှီးမြုပ်နှံရန် အမြတ်ငွေကို ရန်ပုံငွေထားရှိ၍ တစ်နှစ်အတွင်း ပြန်လည်ရင်းနှီးမြုပ်နှံပြီး မြတ်စွန်းငွေအပေါ်တွင် ဝင်ငွေခွန်းနှုန်းထား၏ ၅၀% ရာခိုင်နှုန်း သက်သာခွင့်ပေးထားပါသည်။
ကင်းလွတ်ခွင့် အချိန်ကာလများ အထက်ပါအတိုင်းကျော်လွန်ပါက သတ်မှတ်ဝင်ငွေခွန်နှုန်းထားကို ထမ်းဆောင်ရပါမည်။
ထို့ပြင် အငြင်းပွားမှုများ ဖြစ်ပေါ်သည့်အခါ ချစ်ကြည်ရင်းနှီးစွာဖြေရှင်းခြင်း၊ စာချုပ်ပါ သတ်မှတ်ချက်များ နှင့်အညီ ဖြေရှင်းခြင်း၊ တည်ဆဲဥပဒေနှင့်အညီ ဖြေရှင်းခြင်းတို့ဖြင့် ဖြေရှင်း ဆောင်ရွက်စေပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
Upcoming Property Events
From 21 Jun To 22 Jun
Golden City Condo
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
From 09 Jun To 09 Jul
The Vista Luxury Residence
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service