အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ အရောင်းမှား အဝယ်မှားမဖြစ်စေဖို့ လုပ်ငန်းလိုင်စင်လျှောက်ထားရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
1845 Views
အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ အရောင်းမှား အဝယ်မှားမဖြစ်စေဖို့ လုပ်ငန်းလိုင်စင်လျှောက်ထားရန် လိုအပ်
[Unicode]
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေသူတွေအနေနဲ့ အသိမှတ်ပြုလိုင်စင်လျှောက်ထားဖို့လိုအပ်ပြီး သက်ဆိုင်ရာဆိုင် မြို့နယ်အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာမှတ်ပုံတင်အဖွဲ့မှာ သွားရောက်လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူးဒေါ်မို့မို့အောင်က ပြောပါတယ်။အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ဆောင်တဲ့နေရာမှာလည်း အစိုးရက သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း အရောင်းဝယ်ပြုလုပ်ဖို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေကို တိုက်တွန်းထားပါတယ်။
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ရင် အရောင်းမှား အဝယ်မှားတွေဖြစ်နိုင်ပြီး အမှုအခင်းနဲ့ရာဇဝတ်မှုတွေဖြစ်နိုင်တယ်လို့ ဒေါ်မို့မို့အောင်က ဆိုပါတယ်။ လက်ရှိ အိမ်ခြံမြေမှုဝါဒ အခင်းအကျင်းအရ နောက်ပိုင်းမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်(လိုင်စင်)မရှိဘဲ အရောင်းအဝယ်ပြုလုပ်ရင် အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်လို့မရတော့ဘူးလို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူးဒေါ်မို့မို့အောင်က ပြောပါတယ်။
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအပြင် အခြားတည်ဆဲဥပဒေတွေကိုလိုက်နာရမှာဖြစ်သလို အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်ရဲ့ညွှန်ကြားချက်များကို လိုက်နာရမှာဖြစ်တယ်လို့ အဲ့ဒီမှတ်ပုံတင်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အိမ်ခြံမြေတန်ဖိုးတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ နှစ်အလိုက်သတ်မှတ်ပေးနေတာပါ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့အနေနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများသတ်မှတ်ပေးဖို့အတွက် ကွင်းဆင်းစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့မတ်လအတွင်းကဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Upcoming Property Events
From 26 Jul To 27 Jul
Emerald Bay Luxury Condo
From 26 Jul To 27 Jul
ERC Luxury Condo
From 26 Jul To 27 Jul
Magical World Apartment
From 08 Jul To 08 Aug
Central Shophouse
Magical World Apartment
Emerald Bay Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service