Midnight in Paris ရုပ်ရှင်ရိုက်ကူးရာ ပဲရစ်မြို့ရဲ့အထင်ကရနေရာများ - Property News in Myanmar from iMyanmarHouse.com
498 Views

Midnight in Paris ရုပ်ရှင်ရိုက်ကူးရာ ပဲရစ်မြို့ရဲ့အထင်ကရနေရာများ

[Unicode]

ပဲရစ်မြို့ဟာ မိုးရေတွေကြားထဲမှာ အလှဆုံးပါပဲတဲ့…

ကြီးမားခိုင်ခန့်တဲ့ရှေးဟောင်းလက်ရာအဆောက်အဦတွေ ၊ လမ်းဘေးဈေးဆိုင်တန်းလေးတွေ၊ မြက်ခင်းစိမ်းစိမ်းတွေ ၊ လမ်းဖြတ်ကူးနေတဲ့လူတွေ မြင်မြင်သမျှအရာအားလုံးက ပဲရစ်မြို့မှာဆိုရင် ပိုပြီးကဗျာဆန်တယ်ဆိုရင်လက်ခံလား။

ပဲရစ်မြို့ရဲ့လမ်းမတွေထက် ဝါဖျော့ဖျော့ မာကျူရီမီးရောင်အောက်မှာ ချစ်ရသူနဲ့ အတူတူလမ်းလျှောက်ချင်စိတ်တဖွားဖွားပေါ်လာစေမယ့် Midnight in Paris ရုပ်ရှင်ဟာဆိုရင် ရုပ်ရှင်ချစ်သူတွေကြားမှာ ရေပန်းစားခဲ့တဲ့ Woody Allen ရဲ့ Masterpiece လက်ရာတစ်ခုဖြစ်ပါတယ်။

 

 

ဂန္တဝင်တေးသွားတစ်ပုဒ်ကို နားထောင်နေရသလို ငြိမ့်ညောင်းလှပတဲ့ ပဲရစ်မြို့ဟာ ကျန်ခဲ့တဲ့ရာစုနှစ်တွေမှာ အခုထက်အဆတစ်ရာမကပိုလှနေမယ်ဆိုပြီး အတိတ်ကိုတသသဖြစ်နေတဲ့ အမေရိကန်ဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့ အတိတ်ကချစ်စဖွယ်ပြင်သစ်မိန်းမလှလေးတို့ ဆန်းကြယ်စွာ ချစ်ကြိုက်မိသွားတဲ့အကြောင်းကို လှပစွာပုံဖော်ထားတဲ့ ဒီရုပ်ရှင်ထဲမှာဆိုရင် ပဲရစ်မြို့ရဲ့အနုအလှတွေကို တဝကြီးခံစားလို့ရပါတယ်။

ဒီထဲကမှ အဓိကဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ပဲရစ်မြို့ရဲ့အထင်ကရနေရာတွေက ဘာတွေများဖြစ်မလဲ....

 

1. Saint-Etienne du Mont Church

 

ရုပ်ရှင်တစ်ခုလုံးရဲ့ အသက်လို့ပြောလို့ရတဲ့ ဒီနေရာလေးက အဓိကဇာတ်ဆောင်ဖြစ်တဲ့ Gil တစ်ယောက် အမှတ်မထင်ဘဲအချိန်ခရီးသွားခွင့်ရခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ညဘက်ရောက်တိုင်း Gil ထိုင်စောင့်နေတတ်တဲ့ လှေကားထစ်တွေဟာဆိုရင် Saint-Etienne du Mont ဘုရားကျောင်းရဲ့ မြောက်ဘက်မုခ်ခြေရင်းဖြစ်ပြီး Saint-Etienne du Mont ဘုရားကျောင်းကိုတော့ (၁၄၉၂ ခုနှစ် - ၁၆၂၆ ခုနှစ်) အတွင်းမှာ ဆောက်လုပ်ခဲ့တယ်လို့သိရပါတယ်။အနောက်တိုင်း ဗိသုကာလက်ရာ နဲ့ ရှေးဟောင်းလက်ရာတွေကို ပေါင်းစပ်ပုံဖော်ထားပြီး ၁၉ ရာစုနှစ်မတိုင်ခင်အထိ ပန်းပုလက်ရာတွေကို ထည့်သွင်းထားခြင်းမရှိသေးပါဘူး။

 

 

2. Bistro Paul

 

Gil နဲ့ ပြင်သစ်မိန်းမလှလေးတို့ ကြည်နူးဖွယ်အနမ်းဖလှယ်ပြီးနောက် စားသောက်ဆိုင်ဘေးကစားပွဲလေးမှာ ထိုင်ခဲ့တဲ့ဇာတ်ဝင်ခန်းကိုမှတ်မိကြမှာပါ။ဒီဇာတ်ဝင်ခန်းကိုရိုက်ခဲ့တဲ့နေရာက ၂၀ ရာစုနှစ်အစောပိုင်းတည်းက တည်ဆောက်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ထိုခေတ်ထိုအခါက ဗိသုကာလက်ရာကို အခုအချိန်ထိထိန်းသိမ်းလာခဲ့တာကြောင့် အချိန်ကြာလာတဲ့အခါမှာ ပါရီရဲ့ အထင်ကရနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

3. Fairground Arts Museum

 

 

တတိယမြောက်ညမှာ Gil သွားခဲ့တဲ့ Fitzgerald ရဲ့အကပါတီဇာတ်ဝင်ခန်းကို Fairground Arts Museum မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီပြတိုက်ဟာဆိုရင် လာရောက်လည်ပတ်သူတွေကိုဆွဲဆောင်နိုင်ဖို့အတွက် ၁၉ ရာစုနဲ့ ၂၀ ရာစုနှစ်က အနုပညာလက်ရာတွေကိုသရုပ်ဖော်ထားတဲ့ ကစားစရာတွေ၊ အရာဝတ္ထုတွေနဲ့ ပြင်ဆင်ထားပြီး ရှေးဟောင်းစိတ်ကူးယဉ်ကမ္ဘာတစ်ခုသဖွယ် ဆန်းပြားလွန်းလှတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။

 

4.Gertrude Stein’s apartment

 

မှော်ဆန်တဲ့ ဒုတိယမြောက်ညမှာ Gil ဟာ အမေရိကန်ကဗျာဆရာ၊ စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာမတစ်ဦးဖြစ်တဲ့ Gertrude Stein ဆီကိုခေါ်သွားခံခဲ့ရပါတယ်။အနုပညာလက်ရာ စုဆောင်းသူတစ်ဦးလည်းဖြစ်တဲ့ Gartrude Stein ဟာဆိုရင် California မှာ ကြီးပြင်းခဲ့ပြီး ၁၉၀၃ ခုနှစ်မှာတော့ ပဲရစ်ကိုရွှေ့ပြောင်းလာကာ သေဆုံးတဲ့အထိဘဝတစ်လျှောက်လုံးအခြေချနေထိုင်ခဲ့ပါတယ်။Midnight in Paris ထဲက ဒီဇာတ်ဝင်ခန်းကို Gartrude Stein နဲ့ သူ့ရဲ့ချစ်သူ Alice B. lived. Toklas.တို့ အပြင်မှာအမှန်တကယ် နေထိုင်ခဲ့ကြတဲ့ တိုက်ခန်းမှာရိုက်ကူးထားတာပါ။

 

5. Shakespeare & Company

 

ပဲရစ်ရဲ့လမ်းမတွေထက် လမ်းလျှောက်ရတာကြိုက်တဲ့ Gil တစ်ယောက်လမ်းလျှောက်ထွက်ရင်း ဝင်ကြည့်ခဲ့တဲ့ စာအုပ်ဆိုင်လေးကတော့ ပဲရစ်မြို့ (၅) ရပ်ကွက်က Shakespeare & Company ဆိုတဲ့ အင်္ဂလိပ်စာအုပ်ဆိုင်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်ဆိုင်လေးကို ၁၉၅၁ ခုနှစ်မှာ George Whitman ဆိုတဲ့ အမေရိကန်လူမျိုးတစ်ယောက်ကဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆိုင်ရဲ့မူလနာမည်က "Le Mistral" ဖြစ်ပါတယ်။၁၉၆၄ ခုနှစ်မှာ William Shakespeare ရဲ့ နှစ် (၄၀၀) ပြည့်မွေးနေ့နှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့ Shakespeare & Company ဆိုပြီးဆိုင်အမည်ကိုပြောင်းခဲ့တာပါ။Gil အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား Owen Wilson က ပဲရစ်မှာနေခဲ့တဲ့အချိန်အတွင်းမှာ အဲဒီစာအုပ်ဆိုင်ရဲ့ ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်ခဲ့တယ်လို့တောင် ပြောထားပါတယ်။

ဒီနေ့မှာတော့ Midnight in Paris ရုပ်ရှင်ထဲက အထင်ကရနေရာအချို့ကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။

ခမ်းနားကြီးကျယ်တဲ့အနုပညာတွေကိန်းအောင်းနေတဲ့ ပဲရစ်ရဲ့ ညတွေမှာ တစ်သက်မှာတစ်ခါတော့ ချစ်ရသူနဲ့အတူတူ လမ်းလျှောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : fantrippers.com

 

 

 

[Zawgyi]

Midnight in Paris ႐ုပ္႐ွင္႐ိုက္ကူးရာ ပဲရစ္ၿမိဳ႕ရဲ႕အထင္ကရေနရာမ်ား

ပဲရစ္ၿမိဳ႕ဟာ မိုးေရေတြၾကားထဲမွာ အလွဆုံးပါပဲတဲ့…

ႀကီးမားခိုင္ခန္႔တဲ့ေ႐ွးေဟာင္းလက္ရာအေဆာက္အဦေတြ ၊ လမ္းေဘးေဈးဆိုင္တန္းေလးေတြ၊ ျမက္ခင္းစိမ္းစိမ္းေတြ ၊ လမ္းျဖတ္ကူးေနတဲ့လူေတြ ျမင္ျမင္သမွ်အရာအားလုံးက ပဲရစ္ၿမိဳ႕မွာဆိုရင္ ပိုၿပီးကဗ်ာဆန္တယ္ဆိုရင္လက္ခံလား။

ပဲရစ္ၿမိဳ႕ရဲ႕လမ္းမေတြထက္ ဝါေဖ်ာ့ေဖ်ာ့ မာက်ဴရီမီးေရာင္ေအာက္မွာ ခ်စ္ရသူနဲ႔ အတူတူလမ္းေလွ်ာက္ခ်င္စိတ္တဖြားဖြားေပၚလာေစမယ့္ Midnight in Paris ႐ုပ္႐ွင္ဟာဆိုရင္ ႐ုပ္႐ွင္ခ်စ္သူေတြၾကားမွာ ေရပန္းစားခဲ့တဲ့ Woody Allen ရဲ႕ Masterpiece လက္ရာတစ္ခုျဖစ္ပါတယ္။

ဂႏၲဝင္ေတးသြားတစ္ပုဒ္ကို နားေထာင္ေနရသလို ၿငိမ့္ေညာင္းလွပတဲ့ ပဲရစ္ၿမိဳ႕ဟာ က်န္ခဲ့တဲ့ရာစုႏွစ္ေတြမွာ အခုထက္အဆတစ္ရာမကပိုလွေနမယ္ဆိုၿပီး အတိတ္ကိုတသသျဖစ္ေနတဲ့ အေမရိကန္ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္နဲ႔ အတိတ္ကခ်စ္စဖြယ္ျပင္သစ္မိန္းမလွေလးတို႔ ဆန္းၾကယ္စြာ ခ်စ္ႀကိဳက္မိသြားတဲ့အေၾကာင္းကို လွပစြာပုံေဖာ္ထားတဲ့ ဒီ႐ုပ္႐ွင္ထဲမွာဆိုရင္ ပဲရစ္ၿမိဳ႕ရဲ႕အႏုအလွေတြကို တဝႀကီးခံစားလို႔ရပါတယ္။

ဒီထဲကမွ အဓိကဇာတ္ဝင္ခန္းေတြကို ႐ိုက္ကူးပုံေဖာ္ခဲ့တဲ့ ပဲရစ္ၿမိဳ႕ရဲ႕အထင္ကရေနရာေတြက ဘာေတြမ်ားျဖစ္မလဲ....

1. Saint-Etienne du Mont Church

႐ုပ္႐ွင္တစ္ခုလုံးရဲ႕ အသက္လို႔ေျပာလို႔ရတဲ့ ဒီေနရာေလးက အဓိကဇာတ္ေဆာင္ျဖစ္တဲ့ Gil တစ္ေယာက္ အမွတ္မထင္ဘဲအခ်ိန္ခရီးသြားခြင့္ရခဲ့တဲ့ေနရာေလးျဖစ္ပါတယ္။ညဘက္ေရာက္တိုင္း Gil ထိုင္ေစာင့္ေနတတ္တဲ့ ေလွကားထစ္ေတြဟာဆိုရင္ Saint-Etienne du Mont ဘုရားေက်ာင္းရဲ႕ ေျမာက္ဘက္မုခ္ေျခရင္းျဖစ္ၿပီး Saint-Etienne du Mont ဘုရားေက်ာင္းကိုေတာ့ (၁၄၉၂ ခုႏွစ္ - ၁၆၂၆ ခုႏွစ္) အတြင္းမွာ ေဆာက္လုပ္ခဲ့တယ္လို႔သိရပါတယ္။အေနာက္တိုင္း ဗိသုကာလက္ရာ နဲ႔ ေ႐ွးေဟာင္းလက္ရာေတြကို ေပါင္းစပ္ပုံေဖာ္ထားၿပီး ၁၉ ရာစုႏွစ္မတိုင္ခင္အထိ ပန္းပုလက္ရာေတြကို ထည့္သြင္းထားျခင္းမ႐ွိေသးပါဘူး။

2. Bistro Paul

Gil နဲ႔ ျပင္သစ္မိန္းမလွေလးတို႔ ၾကည္ႏူးဖြယ္အနမ္းဖလွယ္ၿပီးေနာက္ စားေသာက္ဆိုင္ေဘးကစားပြဲေလးမွာ ထိုင္ခဲ့တဲ့ဇာတ္ဝင္ခန္းကိုမွတ္မိၾကမွာပါ။ဒီဇာတ္ဝင္ခန္းကို႐ိုက္ခဲ့တဲ့ေနရာက ၂၀ ရာစုႏွစ္အေစာပိုင္းတည္းက တည္ေဆာက္ထားတဲ့ စားေသာက္ဆိုင္တစ္ဆိုင္ျဖစ္ၿပီး ထိုေခတ္ထိုအခါက ဗိသုကာလက္ရာကို အခုအခ်ိန္ထိထိန္းသိမ္းလာခဲ့တာေၾကာင့္ အခ်ိန္ၾကာလာတဲ့အခါမွာ ပါရီရဲ႕ အထင္ကရေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။

3. Fairground Arts Museum

တတိယေျမာက္ညမွာ Gil သြားခဲ့တဲ့ Fitzgerald ရဲ႕အကပါတီဇာတ္ဝင္ခန္းကို Fairground Arts Museum မွာ ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ အဲဒီျပတိုက္ဟာဆိုရင္ လာေရာက္လည္ပတ္သူေတြကိုဆြဲေဆာင္ႏိုင္ဖို႔အတြက္ ၁၉ ရာစုနဲ႔ ၂၀ ရာစုႏွစ္က အႏုပညာလက္ရာေတြကိုသ႐ုပ္ေဖာ္ထားတဲ့ ကစားစရာေတြ၊ အရာဝတၳဳေတြနဲ႔ ျပင္ဆင္ထားၿပီး ေ႐ွးေဟာင္းစိတ္ကူးယဥ္ကမ႓ာတစ္ခုသဖြယ္ ဆန္းျပားလြန္းလွတဲ့ ျပတိုက္တစ္ခုျဖစ္ပါတယ္။

4.Gertrude Stein’s apartment

ေမွာ္ဆန္တဲ့ ဒုတိယေျမာက္ညမွာ Gil ဟာ အေမရိကန္ကဗ်ာဆရာ၊ စာေရးဆရာနဲ႔ ျပဇာတ္ေရးဆရာမတစ္ဦးျဖစ္တဲ့ Gertrude Stein ဆီကိုေခၚသြားခံခဲ့ရပါတယ္။အႏုပညာလက္ရာ စုေဆာင္းသူတစ္ဦးလည္းျဖစ္တဲ့ Gartrude Stein ဟာဆိုရင္ California မွာ ႀကီးျပင္းခဲ့ၿပီး ၁၉၀၃ ခုႏွစ္မွာေတာ့ ပဲရစ္ကိုေ႐ႊ႕ေျပာင္းလာကာ ေသဆုံးတဲ့အထိဘဝတစ္ေလွ်ာက္လုံးအေျခခ်ေနထိုင္ခဲ့ပါတယ္။Midnight in Paris ထဲက ဒီဇာတ္ဝင္ခန္းကို Gartrude Stein နဲ႔ သူ႕ရဲ႕ခ်စ္သူ Alice B. lived. Toklas.တို႔ အျပင္မွာအမွန္တကယ္ ေနထိုင္ခဲ့ၾကတဲ့ တိုက္ခန္းမွာ႐ိုက္ကူးထားတာပါ။

5. Shakespeare & Company

ပဲရစ္ရဲ႕လမ္းမေတြထက္ လမ္းေလွ်ာက္ရတာႀကိဳက္တဲ့ Gil တစ္ေယာက္လမ္းေလွ်ာက္ထြက္ရင္း ဝင္ၾကည့္ခဲ့တဲ့ စာအုပ္ဆိုင္ေလးကေတာ့ ပဲရစ္ၿမိဳ႕ (၅) ရပ္ကြက္က Shakespeare & Company ဆိုတဲ့ အဂၤလိပ္စာအုပ္ဆိုင္ေလးပဲျဖစ္ပါတယ္။ဒီစာအုပ္ဆိုင္ေလးကို ၁၉၅၁ ခုႏွစ္မွာ George Whitman ဆိုတဲ့ အေမရိကန္လူမ်ိဳးတစ္ေယာက္ကဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ဆိုင္ရဲ႕မူလနာမည္က "Le Mistral" ျဖစ္ပါတယ္။၁၉၆၄ ခုႏွစ္မွာ William Shakespeare ရဲ႕ ႏွစ္ (၄၀၀) ျပည့္ေမြးေန႔ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္အေနနဲ႔ Shakespeare & Company ဆိုၿပီးဆိုင္အမည္ကိုေျပာင္းခဲ့တာပါ။Gil အျဖစ္သ႐ုပ္ေဆာင္ခဲ့တဲ့မင္းသား Owen Wilson က ပဲရစ္မွာေနခဲ့တဲ့အခ်ိန္အတြင္းမွာ အဲဒီစာအုပ္ဆိုင္ရဲ႕ ပုံမွန္ေဖာက္သည္တစ္ဦး ျဖစ္ခဲ့တယ္လို႔ေတာင္ ေျပာထားပါတယ္။

ဒီေန႔မွာေတာ့ Midnight in Paris ႐ုပ္႐ွင္ထဲက အထင္ကရေနရာအခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာပဲျဖစ္ပါတယ္။

ခမ္းနားႀကီးက်ယ္တဲ့အႏုပညာေတြကိန္းေအာင္းေနတဲ့ ပဲရစ္ရဲ႕ ညေတြမွာ တစ္သက္မွာတစ္ခါေတာ့ ခ်စ္ရသူနဲ႔အတူတူ လမ္းေလွ်ာက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : fantrippers.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service