Travel Vlogger လုပ်ဖို့ စဉ်းစားထားရင် ဘာတွေလိုအပ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1678 Views
Travel Vlogger လုပ်ဖို့ စဉ်းစားထားရင် ဘာတွေလိုအပ်မလဲ
Knowledge | Posted by Si Thu Aung
[Unicode]
ခရီးသွား Vlog တွေ တစ်ကမ္ဘာလုံးကို မျှဝေချင်လား? Travel Vlogger လုပ်ပြီးအသက်မွေးဝမ်းကြောင်းလုပ်ချင်လား ခရီးသွား Vlog တစ်ခုကို ဘယ်လိုစလုပ်ရမလဲဆိုတာ သိချင်နေတာ ဒါမှမဟုတ် အသုံးပြုရမယ့် ပစ္စည်းတွေအတွက် အကြံပြုချက်အချို့ကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကသင့်အတွက် တစ်နေရာရာကနေ အထောက်အကူပြုနိုင်မှာပါ ...
ခရီးသွား Vlogger ဘယ်လို စလုပ်ကြမလဲ?
(1) သင့်ရဲ့နယ်ပယ်ကို အရင်ရွေးချယ်ပါ။
ကမ္ဘာပေါ်မှာ ထောင်ချီတဲ့သူတွေ ကမ္ဘာပတ်ခရီးသွားကြပြီး သူတို့အတွေ့အကြုံတွေကို share ပေးကျပေမဲ့ အနည်းငယ်ပဲ နာမည်ကြီးကြတယ်။ အကောင်းဆုံး Travel Vloggers တွေဆိုတာကလည်း သူတို့ရဲ့ခရီးသွားခြင်းနဲ့ဆိုင်တဲ့ Videos တွေကို ဘယ်တော့မှ Randoms မလုပ်ဘူး သူတို့မှာအမြဲထူးခြားတဲ့ Angle တွေရှိတယ် လမ်းကြောင်းမှန်မှန်နဲ့ ခရီးသွားဘလော့ကို စလုပ်ဖို့ ကိုယ့်နယ်ပယ်ကို အရင်သတ်မှတ်ဖို့ လိုအပ်ပါတယ်။
YouTube ကနေတစ်ဆင့် ကိုယ်ခရီးသွားချင်တဲ့ စတိုင်နဲ့ စိတ်ဝင်စားတဲ့အရာကို ရှာဖွေပြီး စတင်သင့်ပါတယ်။
ဘတ်ဂျက် save ဖြစ်တာနဲ့စချင်ရင် ဘတ်ဂျက်ဖြစ်အောင် ဘယ်လိုသွားရမလဲ ဆိုတဲ့နည်းတွေ ဝိုင်သောက်ရတာကြိုက်ရင် ဘလော့မှာ ဝိုင်ပါတဲ့ခရီးစဉ်မျိုးတွေကနေ စတင်သင့်ပါတယ်။
အကောင်းဆုံးခရီးသွား YouTube channelတွေမှာ စွန့်စားခန်း Vlog တွေလည်း ရှိကြပါတယ်။ Solo Travel ဆိုတာကလည်း စွန့်စားခြင်းခရီးစဉ်လို့ ပြောရမယ့် Solo Travel နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ လမ်းညွှန်ပေးတာစသည်ဖြင့် ကိုယ်သွားချင်တဲ့လမ်းကြောင်းရဲ့ နယ်ပယ်ကို သတ်မှတ်နိုင်ပါတယ်။
(2) Channel တစ်ခု စတည်ထောင်ပါ
နယ်ပယ်သတ်မှတ်ပြီးတာနဲ့ channel တစ်ခု စတည်ထောင်ဖို့ပြုလုပ်ပါ။ ခရီးသွား Vlog အတွက် နာမည်ကောင်းတစ်ခုရပြီဆိုရင် ဒီနာမည်ကို ဘယ်သူတွေ အသုံးပြုထားလဲဆိုတာ check လုပ်ပါ တူနေလို့လဲ စိတ်မညစ်ပါနဲ့ နာမည်ရွေးစရာတွေရှိပါတယ်။
ကိုယ်ရွေးထားတဲ့နာမည်က ကိုယ့်နယ်ပယ်နဲ့လိုက်လား၊ ကိုယ့်နာမည်က Brand တစ်ခုအနေနဲ့ရှိမှာဖြစ်တာကြောင့် မှန်ကန်တဲ့နာမည်ကို ရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။ နယ်ပယ်အသီးသီးမှာ ကိုယ့်နာမည်ကို ထင်ဟတ်နေစေဖို့နဲ့ အလွယ်တကူ မှတ်မိနိုင်တာကြောင့် video တွေကို လူများရှာဖွေကြည့်ရှုဖို့ ပိုလွယ်ကူလေဖြစ်ပါတယ်။
ကိုယ့်ရဲ့ audiences ကိုရှာဖွေဖို့ မျှဝေမယ့် platform တွေကို ရွေးချယ်သင့်ပါတယ်။ ဥပမာ YouTube, Facebook, Instagram . Vlogger တွေအတွက် သီးသန့် website တွေလည်း ရှိပါတယ်။ YouTube Vlogger လုပ်မယ်ဆိုရင် SEO ဆိုတဲ့အဓိပ္ပါယ်ကိုလည်း နားလည်ထားဖို့ လိုပါတယ်။ ဒါကတော့ သင့်ကို အခြားဘယ်နေရာမှာ ရှာတွေ့နိုင်တယ်ဆိုတာကို လူများသိစေဖို့ အခြား social media အကောင့်တွေကို ပရိုဖိုင်လင့်ခ်ထည့်ပေးတာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် Facebook၊ Twitter နဲ့ Instagram အားလုံးကို လူမှုမီဒီယာ ပလက်ဖောင်းအားလုံးမှာ သင်ရဲ့ YouTube ချန်နယ်ကို လင့်ခ်ထည့်ပါ ချန်နယ်ပရိုဖိုင်မှာ ပုံများ၊ ဆက်သွယ်ဖို့ အသေးစိတ်များကိုလည်းဖြည့်ပါ။
(3) မှန်ကန်တဲ့ Vlogging ကိရိယာကို ရယူပါ
Travel Vlog အတွက် Quality ကောင်းတဲ့ video တစ်ပုဒ်ရယူဖို့ လိုအပ်ပါတယ်။ ခရီးသွားဘလော့ကာအများစုက လေးလံတဲ့ကင်မရာတွေထက် small and lightweight ဖြစ်မယ့် အရာမျိုးကို ဆောင်ထားသင့်ပါတယ်။
သုံးသင့်တဲ့ Vlogging Equipment တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
? lightweight camera with image stabilization ဖြစ်နိုင်တဲ့ iPhone အမျိုးအစား, Sony Cybershop လိုမျိုး camera
? flexible tripod ဟာ ဖုန်းနဲ့တွဲပြီးအသုံးပြုဖို့ flexible အဖြစ်ဆုံးပါ။
? external microphone ဖြစ်တဲ့ lavaliere mics တွေကသေးပြီး မထင်ရှားတဲ့အတွက် အသုံးဝင်ပါတယ်။
? GoPro လိုမျိုး action camera တွေလည်း သုံးသင့်ပါတယ်။
(4) ရိုက်ကူးရေးစတင်ပါ
အလေ့အကျင့်က သင့် Video တွေကို perfect ဖြစ်တာကြောင့် စတင်ပြီး ရိုက်ဖို့စိတ်ကူးပါ သင့်အနီးနားကနေရာတွေကို လည်ပတ်ဖို့ စိတ်ဝင်စားတဲ့ tourists တွေ ဘလော့ကာတွေ ရှိနေပါတယ်။ မင်းရဲ့အိမ်အနီးနားကနေ စတင်ပါ local restaurant တွေသွားတယ် museum အနားမှာရှိတဲ့ပန်းခြံ စတဲ့နေရာတွေကနေ စတင်လို့ရပါတယ်။ ဘယ်သွားသွား အရေးမကြီးပါဘူး။ အစ၊ အလယ်၊ အဆုံး စိတ်ကူးထားတဲ့ story တွေရှိဖို့လိုပါတယ်။ Viewers တွေကို သူတို့ကိုယ်တိုင်ဒီနေရာကို ရောက်နေစေမယ့် ခံစားချက်ရအောင် ပြုလုပ်ပါ။ ခြေထောက်အောက်က သစ်ကိုင်းအသံ၊ ရေတံခွန်က ရေကျတဲ့အသံ၊ ငှက်တွေရဲ့အော်သံတွေကို သူတို့ကိုယ်ခံစားခွင့်ပေးပါ။ အများကြီးရိုက်ကူးဖို့လည်း မကြောက်ပါနဲ့ 30 sec video တွေနဲ့ YouTube shorts တင်လို့ရပါတယ်။
(5) Video တည်းဖြတ်ဖို့ လေ့လာပါ
အအောင်မြင်ဆုံး Travel Vlogger ဖြစ်ဖို့ မင်းရဲ့ video တွေက engaging ဖြစ်ဖို့လိုပါတယ်၊ ဆွဲဆောင်မှုရှိတဲ့ video တွေ ဖန်တီးဖို့ video editing က အရေးကြီးပါတယ်။
ဗီဒီယိုများ စတင်ဖန်တီးဖို့ Video editing software တစ်ခုအရင်ရှာဖွေပါ။ ထည့်သွင်းပြီးတာနဲ့နားမလည်တာတွေကို YouTube ကနေတစ်ဆင့် လေ့လာနိုင်ပါတယ်၊ ခရီးသွားဗီဒီယိုများရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ သီချင်းထည့်ခြင်းက လွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အမြန်ဗီဒီယိုမိတ်ဆက်တစ်ခု ဖန်တီးခြင်းကလည်း သင့်ဗီဒီယိုများကို ထင်ရှားပေါ်လွင်စေမှာ ဖြစ်တယ်။ အခြားခရီးသွား Vlogger များကို ကြည့်ရှုခြင်းဟာလည်း စိတ်ကူးစိတ်သန်းကောင်းတစ်ခုဖြစ်ပြီး နည်းပညာအသစ်များကို လေ့လာဖို့ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုလို့လည်း ဆိုရပါမယ်။
(6) YouTube ပေါ်မှာ video တင်ပါ
Video edit ပြီးတာနဲ့ YouTube channel ပေါ်ကို Private နဲ့အရင်တင်ပါ။ ဒါက Keywords တွေ ထည့်ဖို့ ဆိုရှယ်မီဒီယာလင့်စ်တွေထည့်ဖို့ အချိန်ပေးပါတယ်။ schedule post နဲ့တင်တာက viewers တွေအတွက် ဒီအချိန်တိုင်း ဒီ video တင်မယ်ဆိုတဲ့ အချိန်တိုင်းမျှော်နေစေမယ့် အရာကို ထည့်သွင်းပေးသလိုမျိုး ဖြစ်စေပါတယ်။
(7) Video ကို promote လုပ်ပါ
Video ကို promote လုပ်မယ်ဆိုရင် ကိုယ့် friends တွေနဲ့သွားရတဲ့ Contents မျိုး ဖန်တီးပြီး သူတို့ကို share ခိုင်းပါ။ ဒါက အထိရောက်ဆုံးဖြစ်တာကြောင့် video promote လုပ်ဖို့ အရာရာအဆင်ပြေသွားပါလိမ့်မယ်။
Travel Vlog ကြောင့် followers တွေတိုးလာပြီဆိုရင် တခြား vloggers တွေနဲ့ Collab လုပ်ပါ။
ဥပမာ Hiking လုပ်မယ်ဆိုပါက တောင်တက်ဖိနပ်ဆိုင်တွေကနေ commercial ရနိုင်ပါတယ်, အခြား ခရီးသွား vlogger များနဲ့ ပူးပေါင်းပြီးကွန်ရက်ကို တည်ဆောက်ပါ။
ခရီးသွား video တိုင်းကို လိုက်လံကြည့်ရှုပေးသူတွေ ကောမန့်ပေးသူတွေကို communicate လုပ်ပါ။
မှတ်ချက်များကို ဖြေကြားခြင်းဟာ ဗီဒီယိုဘလော့ဂ်တစ်ခုကို ကြော်ငြာခြင်းအတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်၊ ခရီးသွား vlog ကို အဆက်မပြတ် ဖန်တီးပါ။ စိတ်ရှည်ပြီး လိုက်လျောညီထွေရှိပါ။ အချိန်ကြာလာတာနဲ့အမျှ၊ ကြည့်ရှု့သူတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ သင်ရဲ့ ခရီးသွားလာမှုများကို လိုက်ကြည့်ပါလိမ့်မယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
(4) ရိုက်ကူးရေးစတင်ပါ
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service