လယ်မြေကိုလုပ်ပိုင်ခွင့်လျှောက်ထားခြင်း၊လယ်ယာမြေ လုပ်ကိုင်ခြင်း၏ အခွင့်အရေးနှင့် လိုက်နာရမည့်စည်းကမ်းချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
551 Views

လယ်မြေကိုလုပ်ပိုင်ခွင့်လျှောက်ထားခြင်း၊လယ်ယာမြေ လုပ်ကိုင်ခြင်း၏ အခွင့်အရေးနှင့် လိုက်နာရမည့်စည်းကမ်းချက်များ

Knowledge | Posted by Hnin Ei Khin

[Unicode]

 

လယ်ယာမြေအားလုပ်ပိုင်ခွင့် အခွင့်အရေး တရားဝင်ရရှိလိုပါက လယ်ယာမြေအား အသုံးပြုခွင့်ရရှိထား သူသည်ကျေးရွာလယ်ယာစီမံခန့်ခွဲမှုမှတဆင့် မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက်ပုံစံများနှင့်အတူ တင်ပြလျှောက်ထားရပါမယ်။

ထိုသို့လျှောက်ထားလာပါက ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု၏ သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးမှ မှတ်ပုံတင်ကြေးပေးဆောင်စေကာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ကို ထုတ်ပေးပါ တယ်။

တောင်သူလယ်သမား အိမ်ထောင်စုထဲတွင်ပါဝင်သူမှ လျှောက်ထားရပြီး အိမ်ထောင်စု၏အုပ်ထိန်းသူ (သို့) ပါဝင်သူတစ်ဦးသည် လယ်မြေစိုက်ပျိုးခြင်းအား လုပ်ကိုင်နေသူဖြစ်ရပါမည်။လယ်ယာမြေအား လုပ်ကိုင်နေသူ မဟုတ်ပါကလျှောက်ထားသူသည် ဥပဒေအရ အကျိုးခံစားခွင့်ရှိကာ နိုင်ငံသားတစ်ဦးဖြစ်ပြီး (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရ မည်။အဖွဲ့အစည်းဖြစ်ပါက အစိုးရဌာန၊ ကုမဏီ(သို့) အသင်း အဖွဲ့ဖြစ်ရမည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရရှိပါက လယ်ယာမြေ၏ အကျိုးအမြတ်ကို တရားဝင် ခံစားပိုင်ခွင့်၊ စည်းကမ်းချက်များနှင့်အညီ လယ်ယာမြေအား ရောင်းချပိုင်ခွင့်၊ ပေါင်နှံခွင့်၊ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့်ပေးကမ်းခွင့် ၊ အမွေဆက်ခံမှုဖြင့် အငြင်းပွှားမှုများ ပေါ်ပေါက်ပါက်က တရားရုံးတွင် ဖြေရှင်းဆောင်ရွက်နိုင်ခွင့်၊ ရင်းနှီးမြုပ်နှံသူများနှင့် အကျိုးတူလုပ်ကိုင်ခွင့် အခွင့်အရေးများရရှိမည်ဖြစ်ပါသည်။

ထို့ပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများမှ အောက်ပါစည်းကမ်းချက်များအားလိုက်နာပြီး လယ်မြေ လုပ်ငန်း အား ဆောင်ရွက်ရပါမည်။

- ဥပဒေနှင့်အညီလယ်ယာမြေကို လုပ်ကိုင်ပြီး မြေခွန်နှင့်အခွန်အရပ်ရပ်များအား ပေးဆောင်ရန်။

- လယ်ယာမြေအား ရောင်းချ၊ပေါင်နှံခြင်း၊ငှားရမ်းခြင်း၊လဲလှယ်ခြင်း၊ပေးကမ်းခြင်းများပြုလုပ်သည့်အခါ သက် ဆိုင်ရာ ဦးစီးဌာနရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီး မှတ်ပုံတင်ကြေးပေးဆောင်၍ မှတ်ပုံတင်ရန်။

- အစိုးရအသိအမှတ်ပြုသည့်ဘဏ်တွင်သာ စိုက်ပျိုးထုတ်လုပ်မှုအတွက် ပေါင်နှံရန်။

- ခွင့်ပြုမိန့်မရရှိဘဲ လယ်ယာမြေအား အခြားနည်းသုံးစွဲခြင်းမပြုရန်။

- သီးနှံပြောင်းလဲစိုက်ပျိုးခွင့်မရှိသလို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်မြေကို လှပ်ထားခြင်းမပြုရန်။ -အငြင်းပွှားမှုပေါ်ပေါက်နေစဉ် ရောင်းချခြင်း၊ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊လဲလှယ်ခြင်း၊ ပေးကမ်းခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

လယ္ေျမကိုလုပ္ပိုင္ခြင့္ေလွ်ာက္ထားျခင္း၊လယ္ယာေျမ လုပ္ကိုင္ျခင္း၏ အခြင့္အေရးႏွင့္ လိုက္နာရမည့္စည္းကမ္းခ်က္မ်ား

 

လယ္ယာေျမအားလုပ္ပိုင္ခြင့္ အခြင့္အေရး တရားဝင္ရ႐ွိလိုပါက လယ္ယာေျမအား အသုံးျပဳခြင့္ရ႐ွိထား သူသည္ေက်း႐ြာလယ္ယာစီမံခန္႔ခြဲမႈမွတဆင့္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ သတ္မွတ္ခ်က္ပုံစံမ်ားႏွင့္အတူ တင္ျပေလွ်ာက္ထားရပါမယ္။

ထိုသို႔ေလွ်ာက္ထားလာပါက ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲမႈ၏ သေဘာတူညီခ်က္ျဖင့္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးမွ မွတ္ပုံတင္ေၾကးေပးေဆာင္ေစကာ လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ကို ထုတ္ေပးပါ တယ္။

ေတာင္သူလယ္သမား အိမ္ေထာင္စုထဲတြင္ပါဝင္သူမွ ေလွ်ာက္ထားရၿပီး အိမ္ေထာင္စု၏အုပ္ထိန္းသူ (သို႔) ပါဝင္သူတစ္ဦးသည္ လယ္ေျမစိုက္ပ်ိဳးျခင္းအား လုပ္ကိုင္ေနသူျဖစ္ရပါမည္။လယ္ယာေျမအား လုပ္ကိုင္ေနသူ မဟုတ္ပါကေလွ်ာက္ထားသူသည္ ဥပေဒအရ အက်ိဳးခံစားခြင့္႐ွိကာ ႏိုင္ငံသားတစ္ဦးျဖစ္ၿပီး (၁၈)ႏွစ္ျပည့္ၿပီးသူျဖစ္ရ မည္။အဖြဲ႕အစည္းျဖစ္ပါက အစိုးရဌာန၊ ကုမဏီ(သို႔) အသင္း အဖြဲ႕ျဖစ္ရမည္။

လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ရ႐ွိပါက လယ္ယာေျမ၏ အက်ိဳးအျမတ္ကို တရားဝင္ ခံစားပိုင္ခြင့္၊ စည္းကမ္းခ်က္မ်ားႏွင့္အညီ လယ္ယာေျမအား ေရာင္းခ်ပိုင္ခြင့္၊ ေပါင္ႏွံခြင့္၊ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ႏွင့္ေပးကမ္းခြင့္ ၊ အေမြဆက္ခံမႈျဖင့္ အျငင္းပႊားမႈမ်ား ေပၚေပါက္ပါက္က တရား႐ုံးတြင္ ေျဖ႐ွင္းေဆာင္႐ြက္ႏိုင္ခြင့္၊ ရင္းႏွီးျမဳပ္ႏွံသူမ်ားႏွင့္ အက်ိဳးတူလုပ္ကိုင္ခြင့္ အခြင့္အေရးမ်ားရ႐ွိမည္ျဖစ္ပါသည္။

ထို႔ျပင္ လယ္ယာေျမလုပ္ပိုင္ခြင့္ရ႐ွိသူမ်ားမွ ေအာက္ပါစည္းကမ္းခ်က္မ်ားအားလိုက္နာၿပီး လယ္ေျမ လုပ္ငန္း အား ေဆာင္႐ြက္ရပါမည္။

- ဥပေဒႏွင့္အညီလယ္ယာေျမကို လုပ္ကိုင္ၿပီး ေျမခြန္ႏွင့္အခြန္အရပ္ရပ္မ်ားအား ေပးေဆာင္ရန္။

- လယ္ယာေျမအား ေရာင္းခ်၊ေပါင္ႏွံျခင္း၊ငွားရမ္းျခင္း၊လဲလွယ္ျခင္း၊ေပးကမ္းျခင္းမ်ားျပဳလုပ္သည့္အခါ သက္ ဆိုင္ရာ ဦးစီးဌာန႐ုံးတြင္ တံဆိပ္ေခါင္းခြန္ထမ္းေဆာင္ၿပီး မွတ္ပုံတင္ေၾကးေပးေဆာင္၍ မွတ္ပုံတင္ရန္။

- အစိုးရအသိအမွတ္ျပဳသည့္ဘဏ္တြင္သာ စိုက္ပ်ိဳးထုတ္လုပ္မႈအတြက္ ေပါင္ႏွံရန္။

- ခြင့္ျပဳမိန္႔မရ႐ွိဘဲ လယ္ယာေျမအား အျခားနည္းသုံးစြဲျခင္းမျပဳရန္။

- သီးႏွံေျပာင္းလဲစိုက္ပ်ိဳးခြင့္မ႐ွိသလို ခိုင္လုံေသာ အေၾကာင္းျပခ်က္မ႐ွိဘဲ လယ္ေျမကို လွပ္ထားျခင္းမျပဳရန္။ -အျငင္းပႊားမႈေပၚေပါက္ေနစဥ္ ေရာင္းခ်ျခင္း၊ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊လဲလွယ္ျခင္း၊ ေပးကမ္းျခင္းမ်ား မျပဳလုပ္ရန္ ၫႊန္ၾကားထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
shwe-wutthmone
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service