ထိုင်းနိုင်ငံမှာ လည်ပတ်စရာ မိုးစက်များကြားမှာ - Property Knowledge in Myanmar from iMyanmarHouse.com
2842 Views

ထိုင်းနိုင်ငံမှာ လည်ပတ်စရာ မိုးစက်များကြားမှာ

Knowledge | Posted by Aye Myat Thu

[Unicode]

 

တိမ်ညိုညိုတွေအမြဲစိုးမိုးထားတတ်တဲ့ အုံ့မှိုင်းမှိုင်းကောင်းကင်အောက်မှာ မိုးစက်မှုန်မွှားလေးတွေနဲ့အတူ လမ်းလျှောက်ရင်း ကိုယ်တစ်ခါမှမသိကျွမ်းခဲ့ဖူးတဲ့နေရာတွေကိုလည်ပတ်ရတဲ့ခံစားချက်ကဘယ်လိုများလဲ။

ခန္ဓာကိုယ်ကို ထိစင်နေတဲ့မိုးရေတွေကြောင့် အနှောင့်အယှက်ဖြစ်တယ်လို့ ခံစားရမလား။ဒါမှမဟုတ် ဒီလိုမိုးစက်လေးတွေထိစင်နေတဲ့အရသာကိုပဲ ခုံမင်မက်မောနေမလား။

ဘယ်သူတွေကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိုးကတော့ သူ့အချိန်အခါအတိုင်း အချိန်မှန်ရောက်လာခဲ့ပြန်ပါပြီ။ များသောအားဖြင့် မိုးရာသီဟာ ခရီးသွားလို့မကောင်းတဲ့ရာသီ အဖြစ်သတ်မှတ်ခံရပေမဲ့ မိုးမှာလည်း သူ့အလှနဲ့သူရှိတာမလို့ မိုးရာသီမှာလည်ပတ်လို့ကောင်းမယ့် ထိုင်းနိုင်ငံကနေရာ (၅) နေရာကို ဖော်ပြပေးလိုက်ပါတယ်။

 

Bangkok

 

 

ပုံမှန်အချိန်တွေမှာ ဝင့်ကြွားတက်ကြွနေတတ်တဲ့ ထိုင်းနိုင်ငံရဲ့ဇာတ်လိုက်ကျော် ဘန်ကောက်မြို့ဟာ မိုးရေတွေကြားရောက်ပြန်တော့လည်း တည်ငြိမ်တဲ့အသွင်ပြောင်းပြီး သူ့ရဲ့ရေစိုအလှကို လှစ်ဟပြထားပြန်ပါတယ်။ပျော်စရာ၊ လည်စရာတွေစုံလင်လှပြီး ရောင်စုံလူတွေ ပျားပန်းခတ်လှုပ်ရှားသွားလာနေတတ်တဲ့ ဘန်ကောက်မြို့မှာ မဖြစ်မနေသွားရမယ့်နေရာနှစ်ခုကို ပြောပါဆိုရင် Grand Palace နဲ့ Wat Arun ကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။

ဘန်ကောက်မြို့ရဲ့မိုးရာသီမှာ ဝဿန်မိုးစက်တွေ ခြံရံထားတဲ့ တော်ဝင်နန်းတော်ကြီးရဲ့ ခမ်းနားကြီးကျယ်မှုကို အဆွေးဓာတ်အပြည့်နဲ့ခံစားနိုင်သလို မှုန်မှိုင်းမှိုင်းကောင်းကင်ကို နောက်ခံထားပြီး အေးချမ်းသပ္ပာယ်စွာ တည်ရှိနေတဲ့ Wat Arun ကိုလည်း ကြည်ညိုဖွယ်မော်ဖူးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် မိုးအေးအေးနဲ့ Spa Treatment လေးယူပြီး ဇိမ်ခံမလား၊ ပြတိုက်ထဲမှာ အနုပညာတွေနဲ့အတူ အချိန်ဖြုန်းမလား ၊ မိုးလုံလေလုံ Shopping Center တွေမှာ ဈေးဝယ်မလား စိတ်ကြိုက်ရွေးချယ်စရာတွေအများကြီးရှိသေးတာမလို့ မိုးတွင်းမှာ ဘန်ကောက်ကို တစ်ခါလောက်တော့ သွားရောက်လည်ပတ်ကြည့်ပါ။

 

Chiang Mai

 

 

 

ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ချင်းမိုင်မြို့ဟာဆိုရင် ထိုင်းနိုင်ငံမှာ မိုးရာသီအတွင်း လည်ပတ်လို့အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။မြင့်မားတဲ့လတ္တီကျုကြောင့် သူ့ရဲ့ရာသီဥတုက အခြားနေရာတွေထက် ပိုမိုအေးမြခြောက်သွေ့ပြီး မိုးတွင်းမှာဆိုရင်တောင် မွှန်းလွှဲပိုင်းနဲ့ ညနေအစောပိုင်းလောက်မှာပဲ နာရီအနည်းငယ်လောက် မိုးသည်းထန်စွာရွာတတ်ပါတယ်။

 

 

မိုးရွာပြီးစ ချင်းမိုင်မှာဆိုရင် မိုးပေါက်ကြည်ကြည်လေးတွေတွဲလွဲခိုနေတဲ့ သစ်ပင်စိမ်းစိမ်းတွေ၊ မျက်စိတဆုံးကျယ်ပြောလှတဲ့ စပါးခင်းတွေနဲ့ ရေစိုတောင်တန်းတွေရဲ့အလှကို စိတ်လှုပ်ရှားဖွယ်တွေ့မြင်နိုင်ခံစားနိုင်ပါတယ်။ ချင်းမိုင်ကိုရောက်ခဲ့ရင် ချစ်စရာဆင်လေးတွေကို ဘေးမဲ့လွှတ်ပေးထားတဲ့ဆင်စခန်းကို သွားဖြစ်အောင်သွားဖို့လည်း တစ်ပါတည်း တိုက်တွန်းလိုက်ရပါစေ။

 

 

Koh Samuri

 

 

ကြည်စိမ်းနေတဲ့ပင်လယ်ပြင်မှာ ကျွန်းဆွယ်၊ ကျောက်ဆောင်တွေ အစုလိုက် အစုလိုက် သူ့နေရာနဲ့သူ အနုပညာဆန်ဆန်ဖြစ်တည်နေတဲ့ Koh Samuri ကမ်းခြေဟာဆိုရင် မိုးတွင်းမှာ Beach mood အပြည့်အွန်ချင်သူတွေအတွက် ပထမဆုံးရွေးချယ်ရမယ့်ကမ်းခြေတစ်ခုပါ။မေလကနေ အောက်တိုဘာလအတွင်းမှာ အားလပ်ရက်နဲ့ကြုံလို့ ကမ်းခြေသွားမယ်ဆိုပြီးစိတ်ကူးထားတယ်ဆိုရင် အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်းမှာပဲ မိုးသည်းထန်စွာရွာသွန်းတတ်ပြီး ကျန်တဲ့လတွေမှာ ခြောက်သွေ့သာယာတဲ့ Koh Samuri ကမ်းခြေကို ဦးစားပေးစဉ်းစားဖို့ အကြံပေးလိုက်ပါတယ်။

 

Pai

 

 

သာယာချမ်းမြေ့ဖွယ်ရှုခင်းတွေ၊ ကော်ဖီဆိုင်ဆန်းဆန်းလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ “ပိုင်’’ဟာဆိုရင် ချင်းမိုင်မြို့ရဲ့ မြောက်ဘက်ချိုင့်ဝှမ်းဒေသမှာရှိတဲ့ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ အေးချမ်းလွန်းတဲ့ “ပိုင်’’ ရွာလေးဆီကို ချင်းမိုင်ကနေ လေးနာရီလောက် ကားမောင်းရုံနဲ့ ရောက်ရှိနိုင်ပြီး ကော်ဖီချစ်သူတွေအနေနဲ့ ဆူညံခြင်းအလျဉ်းမရှိတဲ့ရွာလေးက ကဖေးလေးတစ်ခုမှာ မိုးသံတွေကိုတစိမ့်စိမ့်နားထောင်ရင်း ကော်ဖီလေးတစ်ခွက်နဲ့ အနားယူနိုင်ပါတယ်။

 

Phuket

 

 

 

ကမ်းခြေချစ်သူတွေနဲ့ မစိမ်းတဲ့ Phuket ဟာလည်း နိုင်ငံခြားခရီးသွားအများစု နှစ်ခြိုက်ကြတဲ့ထိုင်းနိုင်ငံရဲ့နာမည်ကြီးကမ်းခြေဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ်ကမ်းခြေရှုခင်းတွေ၊ Ourdoor Activities တွေကြောင့် နာမည်ကြီးတဲ့ Phuket မှာ မိုးရာသီဆိုရင် ပုံမှန်ဈေးထက် ထက်ဝက်တိတိလျှော့ဈေးပေးတဲ့ မိုးရာသီပရိုမိုးရှင်းတွေရှိပြီး မိုးကြောင့် ကမ်းခြေမှာလည်လို့မရရင်တောင် ကော်ဖီဆိုင်၊ Bar၊ Club နဲ့ အခြား Indoor Activities တွေ အများကြီးလုပ်လို့ရတာကြောင့် မိုးတွင်းမှာ Budget Save Trip လေးတစ်ခုအနေနဲ့ Phuket မှာ ပျော်လို့ရပါတယ်။

 

ကဲ ခရီးသွားချစ်သူတို့ရော မိုးရာသီမှာခရီးသွားဖူးကြလား။မသွားဖူးသေးဘူးဆိုရင် အထူးအဆန်းလေးဖြစ်သွားအောင် ဒီနေ့ပြောပြခဲ့တဲ့နေရာတွေကို မိုးစက်တွေကြားမှာ ခြေဆန့်ကြည့်လိုက်တော့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : asianhighlights.com

 

 

 

[Zawgyi]

 

ထိုင္းႏိုင္ငံမွာ လည္ပတ္စရာ မိုးစက္မ်ားၾကားမွာ

 

 

တိမ္ညိဳညိဳေတြအၿမဲစိုးမိုးထားတတ္တဲ့ အုံ႔မိႈင္းမိႈင္းေကာင္းကင္ေအာက္မွာ မိုးစက္မႈန္မႊားေလးေတြနဲ႔အတူ လမ္းေလွ်ာက္ရင္း ကိုယ္တစ္ခါမွမသိကြၽမ္းခဲ့ဖူးတဲ့ေနရာေတြကိုလည္ပတ္ရတဲ့ခံစားခ်က္ကဘယ္လိုမ်ားလဲ။

ခႏၶာကိုယ္ကို ထိစင္ေနတဲ့မိုးေရေတြေၾကာင့္ အေႏွာင့္အယွက္ျဖစ္တယ္လို႔ ခံစားရမလား။ဒါမွမဟုတ္ ဒီလိုမိုးစက္ေလးေတြထိစင္ေနတဲ့အရသာကိုပဲ ခုံမင္မက္ေမာေနမလား။

ဘယ္သူေတြႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ မိုးကေတာ့ သူ႕အခ်ိန္အခါအတိုင္း အခ်ိန္မွန္ေရာက္လာခဲ့ျပန္ပါၿပီ။ မ်ားေသာအားျဖင့္ မိုးရာသီဟာ ခရီးသြားလို႔မေကာင္းတဲ့ရာသီ အျဖစ္သတ္မွတ္ခံရေပမဲ့ မိုးမွာလည္း သူ႕အလွနဲ႔သူ႐ွိတာမလို႔ မိုးရာသီမွာလည္ပတ္လို႔ေကာင္းမယ့္ ထိုင္းႏိုင္ငံကေနရာ (၅) ေနရာကို ေဖာ္ျပေပးလိုက္ပါတယ္။

 

Bangkok

ပုံမွန္အခ်ိန္ေတြမွာ ဝင့္ႂကြားတက္ႂကြေနတတ္တဲ့ ထိုင္းႏိုင္ငံရဲ႕ဇာတ္လိုက္ေက်ာ္ ဘန္ေကာက္ၿမိဳ႕ဟာ မိုးေရေတြၾကားေရာက္ျပန္ေတာ့လည္း တည္ၿငိမ္တဲ့အသြင္ေျပာင္းၿပီး သူ႕ရဲ႕ေရစိုအလွကို လွစ္ဟျပထားျပန္ပါတယ္။ေပ်ာ္စရာ၊ လည္စရာေတြစုံလင္လွၿပီး ေရာင္စုံလူေတြ ပ်ားပန္းခတ္လႈပ္႐ွားသြားလာေနတတ္တဲ့ ဘန္ေကာက္ၿမိဳ႕မွာ မျဖစ္မေနသြားရမယ့္ေနရာႏွစ္ခုကို ေျပာပါဆိုရင္ Grand Palace နဲ႔ Wat Arun ကိုပဲ လက္ညိႇဳးထိုးျပရပါလိမ့္မယ္။

ဘန္ေကာက္ၿမိဳ႕ရဲ႕မိုးရာသီမွာ ဝႆန္မိုးစက္ေတြ ျခံရံထားတဲ့ ေတာ္ဝင္နန္းေတာ္ႀကီးရဲ႕ ခမ္းနားႀကီးက်ယ္မႈကို အေဆြးဓာတ္အျပည့္နဲ႔ခံစားႏိုင္သလို မႈန္မိႈင္းမိႈင္းေကာင္းကင္ကို ေနာက္ခံထားၿပီး ေအးခ်မ္းသပၸာယ္စြာ တည္႐ွိေနတဲ့ Wat Arun ကိုလည္း ၾကည္ညိဳဖြယ္ေမာ္ဖူးႏိုင္မွာျဖစ္ပါတယ္။ဒါ့အျပင္ မိုးေအးေအးနဲ႔ Spa Treatment ေလးယူၿပီး ဇိမ္ခံမလား၊ ျပတိုက္ထဲမွာ အႏုပညာေတြနဲ႔အတူ အခ်ိန္ျဖဳန္းမလား ၊ မိုးလုံေလလုံ Shopping Center ေတြမွာ ေဈးဝယ္မလား စိတ္ႀကိဳက္ေ႐ြးခ်ယ္စရာေတြအမ်ားႀကီး႐ွိေသးတာမလို႔ မိုးတြင္းမွာ ဘန္ေကာက္ကို တစ္ခါေလာက္ေတာ့ သြားေရာက္လည္ပတ္ၾကည့္ပါ။

 

Chiang Mai

ထိုင္းႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ခ်င္းမိုင္ၿမိဳ႕ဟာဆိုရင္ ထိုင္းႏိုင္ငံမွာ မိုးရာသီအတြင္း လည္ပတ္လို႔အေကာင္းဆုံးေနရာေတြထဲက တစ္ခုပါ။ျမင့္မားတဲ့လတၱီက်ဳေၾကာင့္ သူ႕ရဲ႕ရာသီဥတုက အျခားေနရာေတြထက္ ပိုမိုေအးျမေျခာက္ေသြ႕ၿပီး မိုးတြင္းမွာဆိုရင္ေတာင္ မႊန္းလႊဲပိုင္းနဲ႔ ညေနအေစာပိုင္းေလာက္မွာပဲ နာရီအနည္းငယ္ေလာက္ မိုးသည္းထန္စြာ႐ြာတတ္ပါတယ္။

မိုး႐ြာၿပီးစ ခ်င္းမိုင္မွာဆိုရင္ မိုးေပါက္ၾကည္ၾကည္ေလးေတြတြဲလြဲခိုေနတဲ့ သစ္ပင္စိမ္းစိမ္းေတြ၊ မ်က္စိတဆုံးက်ယ္ေျပာလွတဲ့ စပါးခင္းေတြနဲ႔ ေရစိုေတာင္တန္းေတြရဲ႕အလွကို စိတ္လႈပ္႐ွားဖြယ္ေတြ႕ျမင္ႏိုင္ခံစားႏိုင္ပါတယ္။ ခ်င္းမိုင္ကိုေရာက္ခဲ့ရင္ ခ်စ္စရာဆင္ေလးေတြကို ေဘးမဲ့လႊတ္ေပးထားတဲ့ဆင္စခန္းကို သြားျဖစ္ေအာင္သြားဖို႔လည္း တစ္ပါတည္း တိုက္တြန္းလိုက္ရပါေစ။

 

Koh Samuri

ၾကည္စိမ္းေနတဲ့ပင္လယ္ျပင္မွာ ကြၽန္းဆြယ္၊ ေက်ာက္ေဆာင္ေတြ အစုလိုက္ အစုလိုက္ သူ႕ေနရာနဲ႔သူ အႏုပညာဆန္ဆန္ျဖစ္တည္ေနတဲ့ Koh Samuri ကမ္းေျခဟာဆိုရင္ မိုးတြင္းမွာ Beach mood အျပည့္အြန္ခ်င္သူေတြအတြက္ ပထမဆုံးေ႐ြးခ်ယ္ရမယ့္ကမ္းေျခတစ္ခုပါ။ေမလကေန ေအာက္တိုဘာလအတြင္းမွာ အားလပ္ရက္နဲ႔ၾကဳံလို႔ ကမ္းေျခသြားမယ္ဆိုၿပီးစိတ္ကူးထားတယ္ဆိုရင္ ေအာက္တိုဘာလကေန ဒီဇင္ဘာလအတြင္းမွာပဲ မိုးသည္းထန္စြာ႐ြာသြန္းတတ္ၿပီး က်န္တဲ့လေတြမွာ ေျခာက္ေသြ႕သာယာတဲ့ Koh Samuri ကမ္းေျခကို ဦးစားေပးစဥ္းစားဖို႔ အၾကံေပးလိုက္ပါတယ္။ Pai

သာယာခ်မ္းေျမ့ဖြယ္႐ႈခင္းေတြ၊ ေကာ္ဖီဆိုင္ဆန္းဆန္းေလးေတြနဲ႔ ကမ႓ာလွည့္ခရီးသြားေတြကို ဆြဲေဆာင္ထားတဲ့ “ပိုင္’’ဟာဆိုရင္ ခ်င္းမိုင္ၿမိဳ႕ရဲ႕ ေျမာက္ဘက္ခ်ိဳင့္ဝွမ္းေဒသမွာ႐ွိတဲ့႐ြာေလးတစ္႐ြာ ျဖစ္ပါတယ္။ ေအးခ်မ္းလြန္းတဲ့ “ပိုင္’’ ႐ြာေလးဆီကို ခ်င္းမိုင္ကေန ေလးနာရီေလာက္ ကားေမာင္း႐ုံနဲ႔ ေရာက္႐ွိႏိုင္ၿပီး ေကာ္ဖီခ်စ္သူေတြအေနနဲ႔ ဆူညံျခင္းအလ်ဥ္းမ႐ွိတဲ့႐ြာေလးက ကေဖးေလးတစ္ခုမွာ မိုးသံေတြကိုတစိမ့္စိမ့္နားေထာင္ရင္း ေကာ္ဖီေလးတစ္ခြက္နဲ႔ အနားယူႏိုင္ပါတယ္။

Phuket

ကမ္းေျခခ်စ္သူေတြနဲ႔ မစိမ္းတဲ့ Phuket ဟာလည္း ႏိုင္ငံျခားခရီးသြားအမ်ားစု ႏွစ္ၿခိဳက္ၾကတဲ့ ထိုင္းႏိုင္ငံရဲ႕နာမည္ႀကီးကမ္းေျချဖစ္ပါတယ္။ ရင္သပ္႐ႈေမာဖြယ္ကမ္းေျခ႐ႈခင္းေတြ၊ Ourdoor Activities ေတြေၾကာင့္ နာမည္ႀကီးတဲ့ Phuket မွာ မိုးရာသီဆိုရင္ ပုံမွန္ေဈးထက္ ထက္ဝက္တိတိေလွ်ာ့ေဈးေပးတဲ့ မိုးရာသီပ႐ိုမိုး႐ွင္းေတြ႐ွိၿပီး မိုးေၾကာင့္ ကမ္းေျခမွာလည္လို႔မရရင္ေတာင္ ေကာ္ဖီဆိုင္၊ Bar၊ Club နဲ႔ အျခား Indoor Activities ေတြ အမ်ားႀကီးလုပ္လို႔ရတာေၾကာင့္ မိုးတြင္းမွာ Budget Save Trip ေလးတစ္ခုအေနနဲ႔ Phuket မွာ ေပ်ာ္လို႔ရပါတယ္။

ကဲ ခရီးသြားခ်စ္သူတို႔ေရာ မိုးရာသီမွာခရီးသြားဖူးၾကလား။မသြားဖူးေသးဘူးဆိုရင္ အထူးအဆန္းေလးျဖစ္သြားေအာင္ ဒီေန႔ေျပာျပခဲ့တဲ့ေနရာေတြကို မိုးစက္ေတြၾကားမွာ ေျခဆန္႔ၾကည့္လိုက္ေတာ့ေနာ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : asianhighlights.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service