ပျားဖွပ်သားထိုးမယားခိုး - Property Knowledge in Myanmar from iMyanmarHouse.com
714 Views

ပျားဖွပ်သားထိုးမယားခိုး

Knowledge | Posted by Shwe Zin Win

[Unicode]

 

 

ပျားဖွပ် သားထိုး၊ မယားခိုး၊ မုဆိုး တံငါ၊ အပါယ်လေးရွာဆိုပြီး ဆိုရိုးစကားတွေက ရှိတယ်မို့လား။ဒီအလုပ်ကို လုပ်တဲ့သူတွေက ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသုရကာယ်ဆိုတဲ့ အပါယ်လေးဘုံတောင် လားရမယ်လို့ ဆိုထားတော့ ကြောက်တော့ကြောက်မိသား။

ကြောက်ပေမဲ့လည်း လုပ်ခဲ့မိပြီးပြီ။ငယ်ငယ်တုန်းကတော့ ဒါတွေလုပ်ခဲ့တဲ့အပေါ် ကြောက်ရကောင်းမှန်း လည်းမသိခဲ့ပါဘူး။ပျော်စရာလို့တောင် အဲဒီတုန်းက ထင်ခဲ့မိတာပေါ့။

စာနာရကောင်းမှန်းမသိတော့ မကောင်းမှုတွေကို လုပ်ဖြစ်တာပေါ့။ရှက်ရကောင်းမှန်းမသိတော့ မကောင်းမှုတွေလုပ်ဖြစ်တာပေါ့။

အရွယ်တွေကြီးလာမှ စာနာရကောင်းမှန်း ရှက်ရကောင်းမှန်း သိလာသလိုရှိတော့ တချို့ဟာတွေက လုပ်ခဲ့ပြီးပြီလေ။ လွန်ခဲ့ပြီးပြီလေ။ ကိုယ့်အတိတ်မှာ ဒါတွေက ရှိနေခဲ့ပြီးပြီ။ပြန်ဖျက်လို့ကော ရနိုင်ပါဦးမလား။ မကောင်းမှုပြုသူဟာ မကောင်းမှုကို ပြန်ခံရဖို့တော့ လောကဓမ္မ သဘာဝအရ ရှိရမှာပေါ့။

အကုသိုလ်တွေကို ကုသိုလ်တရားတွေနဲ့ ပွတ်တိုက် ဆေးကြောရင်တော့ ပျောက်ပျက် ပါးလျနိုင်တဲ့ဟာတွေ ရှိသလို မရနိုင်တာတွေလည်း ရှိကောင်းရှိတယ်မို့လား။ ကိုယ်လုပ်တဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ ကိုယ်ပြုတဲ့ ကုသိုလ်တရားတွေက ထေရောထေမိပါမလားလို့ သံသယတွေဖြစ်နေခဲ့တယ်။

သိလာတဲ့ အသိတရားတွေရဲ့နောက်မှာတော့ ပြောမှား ပြုမှား လုပ်ကိုင်မှားတွေ နည်းသထက်နည်းအောင်တော့ ကြိုးစားခဲ့တာပေါ့။ အရှင်းကြီးတော့ မရှိသေးပါဘူး။

ဘဝမှာ ဆက်ပြီးရှင်သန်ဖို့အတွက် ရှာဖွေရုန်းကန်နေကြရတဲ့အခါမှာ လောဘဒေါသတွေနဲ့ ကင်းအောင်ရှောင်ဖို့ရာက လွယ်လှသေးတာတော့မဟုတ်ပါဘူး။မလွယ်သေးတော့ မှားနိုင်သေးတာပေါ့။မှားတဲ့ အခါမှာလည်း ပျားဖွပ်သားထိုးမယားခိုးလို အမှားမျိုးတွေ မရှိအောင်တော့ ကြိုးစားနေထိုင်နေရပါတယ်။

ငယ်ငယ်တုန်းက ပျားလည်းဖွပ်ဖူးတယ်။ပျားဖွပ်ပြီး ရောင်းစားတဲ့ အလုပ်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ပျားအုံတွေ့ရင် ပျားရည်စားချင်လို့ ဖွပ်တာပါ။ပျံနေတဲ့ ပျားကောင်တွေကို မသတ်ပေမယ့် ပျားရည်နဲ့ ပျားသလက်ယူတဲ့အခါ ပျားသလက်ထဲပါတဲ့ ပျားလောင်းတွေဟာတော့ သေကြရပါတယ်။ဒီအပြစ်ဟာ ဘယ်လောက်တောင်ကြီးလိုက်လေမလဲ။

သားလည်းထိုးခဲ့ဖူးပါတယ်။သားထိုးတယ်ဆိုတာကတော့ သားသတ်တာတော့ မဟုတ်ပါဘူး။ မိသားစု စားဝတ်နေရေးအတွက် ကြက် ဝက် ဆိတ်တို့ မွေးခဲ့ရခြင်းပါ။ကိုယ်တိုင်မသတ်ပေမယ့် ကိုယ်မွေးထားတဲ့ သတ္တဝါတွေကြီးလာရင် သားသတ်သမားကိုရောင်းခဲ့ကြရတော့ သားထိုးတဲ့သူနဲ့ မထူးလောက်ဘူး ထင်ပါတယ်။

မယားခိုးဆိုတာကတော့ ကိုယ်ထိလက်ရောက် မလုပ်ခဲ့ဖူးပါဘူး။စိတ်နဲ့တော့ ပြစ်မှားခဲ့ဖူးတာတွေပဲ ရှိတယ်ပေါ့။ ဒါလည်း မယားခိုးအပြစ်ထဲထည့်ရင်တော့ ခံရဖို့ပဲ ရှိတာပေါ့။

ခေတ်ကပဲပြုပြင်စီရင်မှုကောင်းလို့လား မသိပါဘူး။အခုခေတ် မဒီလေးတွေက သိပ်ကို လှလာကြတယ်။ အရင်တုန်းက လှပါတယ်ဆိုတဲ့ မင်းသမီးကြီးတွေကို ကြည့်လိုက်၊အခုခေတ် တော်ရုံမိန်းကလေးလောက်တောင် သူတို့ထက်ပို လှကြတယ်လို့ ထင်ပါတယ်။ လှကြတော့ သိပ်ကို ပြစ်မှားစရာကောင်းလှတာပေါ့။

ဟီရိဩတပ္ပကို အလေးမထားတဲ့ သူအတွက်က ပြစ်မှားစရာတွေချည်းပဲ ဖြစ်လာတာပေါ့။ စောင့်စည်းထိန်းသိမ်း ရမယ့် ကိုယ်ကျင့်တရားတွေကို အလေးမထားသူအတွက်က စားကျက်ကွင်းပြင်ကြီးတွေက ပေါလှတာပေါ့။

စိတ်ရှိတိုင်းသာ စိတ်ကို ဇာတ်ကြိုးလွှတ်ထားလိုက်ရရင် တစ်ပြည်လုံး၊တစ်ကမ္ဘာလုံး ဆွေမျိုးမကင်းဘူး ဖြစ်သွားနိုင်လောက်အောင် စိတ်က သောင်းကျန်းပါတယ်။ ကိုယ်ချင်းစာတရားတွေနဲ့ ကိုယ်ရဲ့ အပြုအမူကို စောင့်ထိန်းရသလို စိတ်ရဲ့ အလေ့အထကိုလည်း စောင့်ထိန်းနိုင်ကာမှ မိမိရော လောကကြီးပါ အေးချမ်းမှာပေါ့။ အပြစ်တို့ကင်းမှာပေါ့။

မုဆိုးတံငါဆိုတာက အသက်မွေးမှုအနေနဲ့တော့ မလုပ်ခဲ့ပါဘူး။အပျော်သဘောသာလုပ်ခဲ့တယ်။အပျော်ဟာ အပျက်ဖြစ်နေတဲ့ကိစ္စဆိုတော့ ခံရဖို့ ဝဋ်ကြွေးတွေဟာ ကိုယ့်မှာတင်ရှိနေမှာပါပဲ။

အပျော်လို့ယူဆခဲ့တဲ့ မသိနားမလည်လို့ပြုမိတဲ့ အမှားတွေက သံသရာမှာ ဘယ်လောက်ထိ လိုက်ပါနေဦးမလဲ မသိနိုင်၊မသိနိုင်တော့ ဆက်မိုက်၊ဆက်မိုက်တော့ ပြန်ပေးစရာထပ်နေတဲ့ အကြွေးတွေနဲ့ လူ့ဘဝ ရှေ့ဆက်ပြီး နေလို့ရော ကောင်းနိုင်ပါဦးမလား…ဒီတော့။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 [Zawgyi]

 

ပ်ားဖြပ္သားထိုးမယားခိုး

 

ပ်ားဖြပ္ သားထိုး၊ မယားခိုး၊ မုဆိုး တံငါ၊ အပါယ္ေလး႐ြာဆိုၿပီး ဆို႐ိုးစကားေတြက ႐ွိတယ္မို႔လား။ဒီအလုပ္ကို လုပ္တဲ့သူေတြက ငရဲ၊တိရစၧာန္၊ၿပိတၱာ၊အသုရကာယ္ဆိုတဲ့ အပါယ္ေလးဘုံေတာင္ လားရမယ္လို႔ ဆိုထားေတာ့ ေၾကာက္ေတာ့ေၾကာက္မိသား။

ေၾကာက္ေပမဲ့လည္း လုပ္ခဲ့မိၿပီးၿပီ။ငယ္ငယ္တုန္းကေတာ့ ဒါေတြလုပ္ခဲ့တဲ့အေပၚ ေၾကာက္ရေကာင္းမွန္း လည္းမသိခဲ့ပါဘူး။ေပ်ာ္စရာလို႔ေတာင္ အဲဒီတုန္းက ထင္ခဲ့မိတာေပါ့။

စာနာရေကာင္းမွန္းမသိေတာ့ မေကာင္းမႈေတြကို လုပ္ျဖစ္တာေပါ့။႐ွက္ရေကာင္းမွန္းမသိေတာ့ မေကာင္းမႈေတြလုပ္ျဖစ္တာေပါ့။

အ႐ြယ္ေတြႀကီးလာမွ စာနာရေကာင္းမွန္း ႐ွက္ရေကာင္းမွန္း သိလာသလို႐ွိေတာ့ တခ်ိဳ႕ဟာေတြက လုပ္ခဲ့ၿပီးၿပီေလ။ လြန္ခဲ့ၿပီးၿပီေလ။ ကိုယ့္အတိတ္မွာ ဒါေတြက ႐ွိေနခဲ့ၿပီးၿပီ။ျပန္ဖ်က္လို႔ေကာ ရႏိုင္ပါဦးမလား။ မေကာင္းမႈျပဳသူဟာ မေကာင္းမႈကို ျပန္ခံရဖို႔ေတာ့ ေလာကဓမၼ သဘာဝအရ ႐ွိရမွာေပါ့။

အကုသိုလ္ေတြကို ကုသိုလ္တရားေတြနဲ႔ ပြတ္တိုက္ ေဆးေၾကာရင္ေတာ့ ေပ်ာက္ပ်က္ ပါးလ်ႏိုင္တဲ့ဟာေတြ ႐ွိသလို မရႏိုင္တာေတြလည္း ႐ွိေကာင္း႐ွိတယ္မို႔လား။ ကိုယ္လုပ္တဲ့ မေကာင္းတဲ့လုပ္ရပ္ေတြနဲ႔ ကိုယ္ျပဳတဲ့ ကုသိုလ္တရားေတြက ေထေရာေထမိပါမလားလို႔ သံသယေတြျဖစ္ေနခဲ့တယ္။

သိလာတဲ့ အသိတရားေတြရဲ႕ေနာက္မွာေတာ့ ေျပာမွား ျပဳမွား လုပ္ကိုင္မွားေတြ နည္းသထက္နည္းေအာင္ေတာ့ ႀကိဳးစားခဲ့တာေပါ့။ အ႐ွင္းႀကီးေတာ့ မ႐ွိေသးပါဘူး။

ဘဝမွာ ဆက္ၿပီး႐ွင္သန္ဖို႔အတြက္ ႐ွာေဖြ႐ုန္းကန္ေနၾကရတဲ့အခါမွာ ေလာဘေဒါသေတြနဲ႔ ကင္းေအာင္ေ႐ွာင္ဖို႔ ရာက လြယ္လွေသးတာေတာ့မဟုတ္ပါဘူး။မလြယ္ေသးေတာ့ မွားႏိုင္ေသးတာေပါ့။မွားတဲ့ အခါမွာလည္း ပ်ားဖြပ္သားထိုးမယားခိုးလို အမွားမ်ိဳးေတြ မ႐ွိေအာင္ေတာ့ ႀကိဳးစားေနထိုင္ေနရပါတယ္။

ငယ္ငယ္တုန္းက ပ်ားလည္းဖြပ္ဖူးတယ္။ပ်ားဖြပ္ၿပီး ေရာင္းစားတဲ့ အလုပ္လုပ္ခဲ့တာေတာ့ မဟုတ္ပါဘူး။ ပ်ားအုံေတြ႕ရင္ ပ်ားရည္စားခ်င္လို႔ ဖြပ္တာပါ။ပ်ံေနတဲ့ ပ်ားေကာင္ေတြကို မသတ္ေပမယ့္ ပ်ားရည္နဲ႔ ပ်ားသလက္ယူတဲ့အခါ ပ်ားသလက္ထဲပါတဲ့ ပ်ားေလာင္းေတြဟာေတာ့ ေသၾကရပါတယ္။ဒီအျပစ္ဟာ ဘယ္ေလာက္ေတာင္ႀကီးလိုက္ေလမလဲ။

သားလည္းထိုးခဲ့ဖူးပါတယ္။သားထိုးတယ္ဆိုတာကေတာ့ သားသတ္တာေတာ့ မဟုတ္ပါဘူး။ မိသားစု စားဝတ္ေနေရးအတြက္ ၾကက္ ဝက္ ဆိတ္တို႔ ေမြးခဲ့ရျခင္းပါ။ကိုယ္တိုင္မသတ္ေပမယ့္ ကိုယ္ေမြးထားတဲ့ သတၱဝါေတြႀကီးလာရင္ သားသတ္သမားကိုေရာင္းခဲ့ၾကရေတာ့ သားထိုးတဲ့သူနဲ႔ မထူးေလာက္ဘူး ထင္ပါတယ္။

မယားခိုးဆိုတာကေတာ့ ကိုယ္ထိလက္ေရာက္ မလုပ္ခဲ့ဖူးပါဘူး။စိတ္နဲ႔ေတာ့ ျပစ္မွားခဲ့ဖူးတာေတြပဲ ႐ွိတယ္ေပါ့။ ဒါလည္း မယားခိုးအျပစ္ထဲထည့္ရင္ေတာ့ ခံရဖို႔ပဲ ႐ွိတာေပါ့။

ေခတ္ကပဲျပဳျပင္စီရင္မႈေကာင္းလို႔လား မသိပါဘူး။အခုေခတ္ မဒီေလးေတြက သိပ္ကို လွလာၾကတယ္။ အရင္တုန္းက လွပါတယ္ဆိုတဲ့ မင္းသမီးႀကီးေတြကို ၾကည့္လိုက္၊အခုေခတ္ ေတာ္႐ုံမိန္းကေလးေလာက္ေတာင္ သူတို႔ထက္ပို လွၾကတယ္လို႔ ထင္ပါတယ္။ လွၾကေတာ့ သိပ္ကို ျပစ္မွားစရာေကာင္းလွတာေပါ့။

ဟီရိဩတပၸကို အေလးမထားတဲ့ သူအတြက္က ျပစ္မွားစရာေတြခ်ည္းပဲ ျဖစ္လာတာေပါ့။ ေစာင့္စည္းထိန္းသိမ္း ရမယ့္ ကိုယ္က်င့္တရားေတြကို အေလးမထားသူအတြက္က စားက်က္ကြင္းျပင္ႀကီးေတြက ေပါလွတာေပါ့။

စိတ္႐ွိတိုင္းသာ စိတ္ကို ဇာတ္ႀကိဳးလႊတ္ထားလိုက္ရရင္ တစ္ျပည္လုံး၊တစ္ကမ႓ာလုံး ေဆြမ်ိဳးမကင္းဘူး ျဖစ္သြားႏိုင္ေလာက္ေအာင္ စိတ္က ေသာင္းက်န္းပါတယ္။ ကိုယ္ခ်င္းစာတရားေတြနဲ႔ ကိုယ္ရဲ႕ အျပဳအမူကို ေစာင့္ထိန္းရသလို စိတ္ရဲ႕ အေလ့အထကိုလည္း ေစာင့္ထိန္းႏိုင္ကာမွ မိမိေရာ ေလာကႀကီးပါ ေအးခ်မ္းမွာေပါ့။ အျပစ္တို႔ကင္းမွာေပါ့။

မုဆိုးတံငါဆိုတာက အသက္ေမြးမႈအေနနဲ႔ေတာ့ မလုပ္ခဲ့ပါဘူး။အေပ်ာ္သေဘာသာလုပ္ခဲ့တယ္။အေပ်ာ္ဟာ အပ်က္ျဖစ္ေနတဲ့ကိစၥဆိုေတာ့ ခံရဖို႔ ဝဋ္ေႂကြးေတြဟာ ကိုယ့္မွာတင္႐ွိေနမွာပါပဲ။

အေပ်ာ္လို႔ယူဆခဲ့တဲ့ မသိနားမလည္လို႔ျပဳမိတဲ့ အမွားေတြက သံသရာမွာ ဘယ္ေလာက္ထိ လိုက္ပါေနဦးမလဲ မသိႏိုင္၊မသိႏိုင္ေတာ့ ဆက္မိုက္၊ဆက္မိုက္ေတာ့ ျပန္ေပးစရာထပ္ေနတဲ့ အေႂကြးေတြနဲ႔ လူ႕ဘဝ ေ႐ွ႕ဆက္ၿပီး ေနလို႔ေရာ ေကာင္းႏိုင္ပါဦးမလား…ဒီေတာ့။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service