တစ်ညကို $100,000 ထိကုန်ကျတဲ့ကမ္ဘာပေါ်မှာဈေးအကြီးဆုံး Private ကျွန်းကြီး - Property News in Myanmar from iMyanmarHouse.com
1160 Views

တစ်ညကို $100,000 ထိကုန်ကျတဲ့ကမ္ဘာပေါ်မှာဈေးအကြီးဆုံး Private ကျွန်းကြီး

[Unicode]

 

အထက်တန်းကျတယ် အဆင့်မြင့်တယ် ဆိုတဲ့ စကားတွေထပ် ပိုကောင်းအောင် ဘယ်လိုစကားလုံးနဲ့ဖော်ပြနိုင်မှာတဲ့လဲ တကယ့်ဇိမ်ခံခရီးသွားခြင်းအစစ်ဆိုတာ Private ကျွန်းပေါ်မှာတည်ဆောက်ထားတဲ့ Luxury Hotel ကြီးမှာ တည်းခိုပြီး Luxury ဆိုတဲ့ အကောင်းစား အရသာကိုခံစားခြင်းပါပဲ။

ဖိလစ်ပိုင်နိုင်ငံ၊ Palawan အရှေ့ဘက်ကမ်းရိုးတန်း၊ Sulu ပင်လယ်မှာရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Banwa Private Island မှာ အကောင်းဆုံးသောအရာတွေကို ခံစားကြည့်ရအောင်။ Soft opening ကို ၂၀၁၉ ခုနှစ်မှာဖွင့်ခဲ့ပြီးတော့ တစ်ညကို ဒေါ်လာ ၁၀၀၀၀၀ ထိကုန်ကျပါတယ်။

 

Banwa ဇိမ်ခံအပန်းဖြေစခန်းမှာ သမုဒ္ဒရာအရှေ့ဘက်ကမ်းခြေကိုမျက်နှာမူထားတဲ့ Villa ၆ လုံး၊ ကျယ်ဝန်းတဲ့ Jacuzzis နှင့် Infinity Pools များပါရှိပါသည်။ သဲဖြူဖြူပေါ်မှာတည်ဆောက်ထားပြီး ရင်သတ်ရှုမောဖွယ်မြင်ကွင်းများရှိသည့် Garden rooms ၁၂ခန်းအပြင် ကျွန်းကြီးပေါ်မှာ spa, အဆင့်မြင့် ဘား Lounges တွေရှိပြီး ဧည့်သည်များသည် jet skies နှင့် ရွက်လှေများအသုံးပြုခွင့်ရှိပါသည်။ ဧည့်သည်များအတွက် unlimited spa treatments ကုသမှုပါဝင်သည်။

 

 

 

2020 မှာကပ်ရောဂါကြောင့်ပိတ်သိမ်းထားခဲ့ပြီး 2021 may လမှာပြန်လည်ဖွင့်လှစ်တဲ့အခါ တစ်ညတည်းငွေ $45,000 အဖြစ်ကုန်ကျစရိတ်သက်သာသွားခဲ့သည်။

ဧည့်သည်တွေရဲ့ Privacy နဲ့ ပိုမိုသက်တောင့်သက်သာရှိစေရေးအတွက် လေကြောင်းကုမ္ပဏီ Ascent Flights Global နှင့် ပူးပေါင်းပြီး သီးသန့်လေကြောင်းခရီးသွားလာမှုကို မိတ်ဆက်ခဲ့သည်။

 

 

ကျွန်းကို စင်းလုံးငှားရန် အနည်းဆုံး $135,000 သုံးစွဲရမည်ဖြစ်ပြီး အနည်းဆုံး သုံးညတာ တည်းခိုခွင့်ပါရှိသည်။

ကျွန်းပေါ်မှာ Individual villa တွေက ရေပန်းအစားဆုံးဖြစ်ပြီး ဗီလာတစ်ခုစီတွင် နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့ပါဝင်သည့် သီးသန့် private butler and full board meals service ပါဝင်ပါသည်။

 

 

Banwa သည် ၎င်း၏ဈေးနှုန်းကြောင့် နာမည်ကောင်းရနိုင်သော်လည်း "ကျွန်ုပ်တို့မှာ ဧည့်သည်တွေ မရှိတဲ့ ရက်ပိုင်းတွေရှိခဲ့တယ်" ဟု resort's marketing consultant, Los Banos မှ ပြောကြားခဲ့သည်။

 

“အပန်းဖြေစခန်း၏ဧည့်သည်တွေသည်များသောအားဖြင့်ဆိုရှယ်မီဒီယာအကောင့်များမရှိသော Private People တွေ" ဟုသူမကပြောကြားခဲ့သည်။

အပန်းဖြေစခန်းသည် နိုင်ငံ၏အကျော်ကြားဆုံးပုဂ္ဂလိကကျွန်းများ တည်ရှိရာ Sulu ပင်လယ်ရှိ ပလာဝမ်တွင် တည်ရှိသည်။

 

"Banwa က Sulu Sea မှာရှိတာကြောင့် တခြားကမ်းခြေတွေလို ရေပန်းစားတာတော့မဟုတ်ပါဘူး" ဟု Los Banos က အခြားအပန်းဖြေစခန်းများနှင့် ကွာခြားစေသည့်အရာအတွက် ပြောကြားခဲ့သည်။

 

 

"ဒါဟာ ပါလာဝမ်ရဲ့ တခြားနေရာတွေလို အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေမပါဘဲ လှပတဲ့ရှုခင်းတွေနဲ့ ဥယျာဉ်ကျွန်းတစ်ခုပါ။ ဒါဟာ private sanctuary တစ်ခုလိုပါပဲ" ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

 

“your island, your menu” ဆိုတဲ့ဆောင်ပုဒ်ကိုအသုံးပြုပြီး Resort မှာ organic farm Vegetables များနှင့် sulu ပင်လယ်မှဖမ်းမိသော ငါးများ ကိုအသုံးပြုပြီး ချက်ပြုတ်ပေးတဲ့ Chefs များသည် အရသာရဲ့လိုအင်ဆန္ဒတွေ အံဝင်ခွင်ကျဖြစ်စေမဲ့ဟင်းလျာတွေကို ပြင်ဆင်ပေးလိမ့်မယ်။

 

 

အပန်းဖြေစခန်း၏ ဝိုင်စာရင်းတွင် $36,000 ကုန်ကျသော ပရီမီယံဝိုင်ပုလင်းများရှိသည် premium wines များသည် Resort rate တွင်မပါဝင်ပါ။

 

Banwa တွင် snorkeling, kayaking, jet skiing, scuba diving, sailing, yoga and tennis စသည့် activities များပြုလုပ်နိုင်ပါသည်။ Hawksbill ပင်လယ်လိပ် နှင့် Tabon ငှက်များ အပါအဝင် ဒေသတွင်း တောရိုင်းတိရိစ္ဆာန်များအကြောင်း ဆွေးနွေးရန် အဏ္ဏဝါ ကျွမ်းကျင်သူတွေ ရှိပါသည်။ special events တွေ သူငယ်ချင်း မိသားစုတွေနဲ့ ပျော်ပါးနိုင်ရန် အတွက် ကျွန်းကြီးတစ်ခုလုံးငှားရမ်းနိုင်ပါတယ်။

 

 

Private Island ရဲ့ အနှစ်သာရသည် ကမ်းစပ်နဲ့တိုက်မိတဲ့ လှိုင်းလုံးတွေရဲ့ အသံ ပင်လယ်ပြင်ကြီးကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေထု၊ လတ်လတ်ဆတ်ဆတ်ဖမ်းမိတဲ့ ပင်လယ်စာတွေရဲ့ ရနံ့သင်းသင်းနဲ့လိုချင်သမျှဇိမ်ခံပစ္စည်းများကို စိတ်ကြိုက်ပြင်ဆင်ထားသော staff တွေရဲ့ဝန်ဆောင်မှုနဲ့ အတူ အခိုက်အတန့်အားလုံးကို ပျော်ရွှင်စွာ စိတ်ကူးကြည့်ပါ သီးသန့်ကျွန်းတွေက သင်အမြဲအိပ်မက်မက်ခဲ့သော ဇိမ်ခံမှုအပြည့်ဖြင့် အပြည့်အဝခံစားနိုင်ရန် အဆင့်အတန်းတစ်ခုကိုရနိုင်စေပါတယ်။

 

 

Destination Deluxe Awards 2022 တွင် "Private Island of the Year" ကို ရရှိခြင်းသည် ပြိုင်ဘက်ကင်းသော ဇိမ်ခံမှုနှင့် ကြွယ်ဝမှု၏ သက်သေဖြစ်ပါသည်။

 

 

 

 

 

 

 

Credit to Photo

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

  [Zawgyi]

တစ္ညကို $100,000 ထိကုန္က်တဲ့ကမ႓ာေပၚမွာေစ်းအႀကီးဆုံး Private ကြၽန္းႀကီး

 

အထက္တန္းက်တယ္ အဆင့္ျမင့္တယ္ ဆိုတဲ့ စကားေတြထပ္ ပိုေကာင္းေအာင္ ဘယ္လိုစကားလုံးနဲ႔ေဖာ္ျပႏိုင္မွာတဲ့လဲ တကယ့္ဇိမ္ခံခရီးသြားျခင္းအစစ္ဆိုတာ Private ကြၽန္းေပၚမွာတည္ေဆာက္ထားတဲ့ Luxury Hotel ႀကီးမွာ တည္းခိုၿပီး Luxury ဆိုတဲ့ အေကာင္းစား အရသာကိုခံစားျခင္းပါပဲ။

 

ဖိလစ္ပိုင္ႏိုင္ငံ၊ Palawan အေ႐ွ႕ဘက္ကမ္း႐ိုးတန္း၊ Sulu ပင္လယ္မွာ႐ွိတဲ့ ကမ႓ာ့ေစ်းအႀကီးဆုံး Banwa Private Island မွာ အေကာင္းဆုံးေသာအရာေတြကို ခံစားၾကည့္ရေအာင္။

Soft opening ကို ၂၀၁၉ ခုႏွစ္မွာဖြင့္ခဲ့ၿပီးေတာ့ တစ္ညကို ေဒၚလာ ၁၀၀၀၀၀ ထိကုန္က်ပါတယ္။

Banwa ဇိမ္ခံအပန္းေျဖစခန္းမွာ သမုဒၵရာအေ႐ွ႕ဘက္ကမ္းေျခကိုမ်က္ႏွာမူထားတဲ့ Villa ၆ လုံး၊ က်ယ္ဝန္းတဲ့ Jacuzzis ႏွင့္ Infinity Pools မ်ားပါ႐ွိပါသည္။ သဲျဖဴျဖဴေပၚမွာတည္ေဆာက္ထားၿပီး ရင္သတ္႐ႈေမာဖြယ္ျမင္ကြင္းမ်ား႐ွိသည့္ Garden rooms ၁၂ခန္းအျပင္ ကြၽန္းႀကီးေပၚမွာ spa, အဆင့္ျမင့္ ဘား Lounges ေတြ႐ွိၿပီး ဧည့္သည္မ်ားသည္ jet skies ႏွင့္ ႐ြက္ေလွမ်ားအသုံးျပဳခြင့္႐ွိပါသည္။ ဧည့္သည္မ်ားအတြက္ unlimited spa treatments ကုသမႈပါဝင္သည္။

2020 မွာကပ္ေရာဂါေၾကာင့္ပိတ္သိမ္းထားခဲ့ၿပီး 2021 may လမွာျပန္လည္ဖြင့္လွစ္တဲ့အခါ တစ္ညတည္းေငြ $45,000 အျဖစ္ကုန္က်စရိတ္သက္သာသြားခဲ့သည္။

ဧည့္သည္ေတြရဲ႕ Privacy နဲ႔ ပိုမိုသက္ေတာင့္သက္သာ႐ွိေစေရးအတြက္ ေလေၾကာင္းကုမၸဏီ Ascent Flights Global ႏွင့္ ပူးေပါင္းၿပီး သီးသန္႔ေလေၾကာင္းခရီးသြားလာမႈကို မိတ္ဆက္ခဲ့သည္။

ကြၽန္းကို စင္းလုံးငွားရန္ အနည္းဆုံး $135,000 သုံးစြဲရမည္ျဖစ္ၿပီး အနည္းဆုံး သုံးညတာ တည္းခိုခြင့္ပါ႐ွိသည္။

ကြၽန္းေပၚမွာ Individual villa ေတြက ေရပန္းအစားဆုံးျဖစ္ၿပီး ဗီလာတစ္ခုစီတြင္ နံနက္စာ၊ ေန႔လယ္စာ၊ ညစာတို႔ပါဝင္သည့္ သီးသန္႔ private butler and full board meals service ပါဝင္ပါသည္။

Banwa သည္ ၎၏ေစ်းႏႈန္းေၾကာင့္ နာမည္ေကာင္းရႏိုင္ေသာ္လည္း "ကြၽႏ္ုပ္တို႔မွာ ဧည့္သည္ေတြ မ႐ွိတဲ့ ရက္ပိုင္းေတြ႐ွိခဲ့တယ္" ဟု resort's marketing consultant, Los Banos မွ ေျပာၾကားခဲ့သည္။

“အပန္းေျဖစခန္း၏ဧည့္သည္ေတြသည္ မ်ားေသာအားျဖင့္ဆို႐ွယ္မီဒီယာအေကာင့္မ်ားမ႐ွိေသာ Private People ေတြ" ဟုသူမကေျပာၾကားခဲ့သည္။

အပန္းေျဖစခန္းသည္ ႏိုင္ငံ၏အေက်ာ္ၾကားဆုံးပုဂၢလိကကြၽန္းမ်ား တည္႐ွိရာ Sulu ပင္လယ္႐ွိ ပလာဝမ္တြင္ တည္႐ွိသည္။

"Banwa က Sulu Sea မွာ႐ွိတာေၾကာင့္ တျခားကမ္းေျခေတြလို ေရပန္းစားတာေတာ့မဟုတ္ပါဘူး" ဟု Los Banos က အျခားအပန္းေျဖစခန္းမ်ားႏွင့္ ကြာျခားေစသည့္အရာအတြက္ ေျပာၾကားခဲ့သည္။

"ဒါဟာ ပါလာဝမ္ရဲ႕ တျခားေနရာေတြလို အႏၲရာယ္႐ွိတဲ့ တိရစၧာန္ေတြမပါဘဲ လွပတဲ့႐ႈခင္းေတြနဲ႔ ဥယ်ာဥ္ကြၽန္းတစ္ခုပါ။ ဒါဟာ private sanctuary တစ္ခုလိုပါပဲ" ဟု သူမက ထပ္ေလာင္းေျပာၾကားခဲ့သည္။

“your island, your menu” ဆိုတဲ့ေဆာင္ပုဒ္ကိုအသုံးျပဳၿပီး Resort မွာ organic farm Vegetables မ်ားႏွင့္ sulu ပင္လယ္မွဖမ္းမိေသာ ငါးမ်ား ကိုအသုံးျပဳၿပီး ခ်က္ျပဳတ္ေပးတဲ့ Chefs မ်ားသည္ အရသာရဲ႕လိုအင္ဆႏၵေတြ အံဝင္ခြင္က်ျဖစ္ေစမဲ့ဟင္းလ်ာေတြကို ျပင္ဆင္ေပးလိမ့္မယ္။

အပန္းေျဖစခန္း၏ ဝိုင္စာရင္းတြင္ $36,000 ကုန္က်ေသာ ပရီမီယံဝိုင္ပုလင္းမ်ား႐ွိသည္ premium wines မ်ားသည္ Resort rate တြင္မပါဝင္ပါ။

Banwa တြင္ snorkeling, kayaking, jet skiing, scuba diving, sailing, yoga and tennis စသည့္ activities မ်ားျပဳလုပ္ႏိုင္ပါသည္။ Hawksbill ပင္လယ္လိပ္ ႏွင့္ Tabon ငွက္မ်ား အပါအဝင္ ေဒသတြင္း ေတာ႐ိုင္းတိရိစၧာန္မ်ားအေၾကာင္း ေဆြးေႏြးရန္ အဏၰဝါ ကြၽမ္းက်င္သူေတြ ႐ွိပါသည္။ special events ေတြ သူငယ္ခ်င္း မိသားစုေတြနဲ႔ ေပ်ာ္ပါးႏိုင္ရန္ အတြက္ ကြၽန္းႀကီးတစ္ခုလုံးငွားရမ္းႏိုင္ပါတယ္။

Private Island ရဲ႕ အႏွစ္သာရသည္ ကမ္းစပ္နဲ႔တိုက္မိတဲ့ လိႈင္းလုံးေတြရဲ႕ အသံ ပင္လယ္ျပင္ႀကီးကိုျဖတ္သန္းတိုက္ခတ္လာတဲ့ ေလထု၊ လတ္လတ္ဆတ္ဆတ္ဖမ္းမိတဲ့ ပင္လယ္စာေတြရဲ႕ ရနံ႔သင္းသင္းနဲ႔ လိုခ်င္သမွ်ဇိမ္ခံပစၥည္းမ်ားကို စိတ္ႀကိဳက္ျပင္ဆင္ထားေသာ staff ေတြရဲ႕ဝန္ေဆာင္မႈနဲ႔ အတူ အခိုက္အတန္႔အားလုံးကို ေပ်ာ္႐ႊင္စြာ စိတ္ကူးၾကည့္ပါ သီးသန္႔ကြၽန္းေတြက သင္အၿမဲအိပ္မက္မက္ခဲ့ေသာ ဇိမ္ခံမႈအျပည့္ျဖင့္ အျပည့္အ၀ခံစားႏိုင္ရန္ အဆင့္အတန္းတစ္ခုကိုရႏိုင္ေစပါတယ္။

Destination Deluxe Awards 2022 တြင္ "Private Island of the Year" ကို ရ႐ွိျခင္းသည္ ၿပိဳင္ဘက္ကင္းေသာ ဇိမ္ခံမႈႏွင့္ ႂကြယ္ဝမႈ၏ သက္ေသျဖစ္ပါသည္။

 

Credit to Photo

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

Upcoming Property Events

bkk-projects
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service