မဟာတေဇဂုဏ် ဆုပန်ရာ၌ ရနိုင်သော ဘုန်းတန်ခိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
704 Views

မဟာတေဇဂုဏ် ဆုပန်ရာ၌ ရနိုင်သော ဘုန်းတန်ခိုးများ

Knowledge | Posted by Shwe Zin Win

[Unicode]

ဗုဒ္ဓသည်(၁) အမျိုးဖြင့်မြတ်ခြင်း(၂)ဘုန်းဖြင့်မြတ်ခြင်း(၃)ဂုဏ်ဖြင့်မြတ်ခြင်း ပြည့်တင်းထွန်းတောက်လျက်ရှိ၏၊ မာရ်ငါးပါး မအောင်မြင်မီ(ဘုရားအဖြစ်သို့ မရောက်မီ)သိဒ္ဓတ္ထမင်းဘဝကပင် တရာ့ရှစ်ပါးသော မင်းတို့နှင့် ပြိုင်ရာ၌ ဘုန်းနှင့်လက်ရုံးမှာမူ ပြိုင်ဘက်မပြူ တဆူတည်းသော မင်းအဖြစ်၌ အစိုးတရနေ စံပယ်နိုင်ခြင်းသည်လည်း မဟာတေဇဂုဏ်ပင်ဖြစ်၏၊နေမိမင်းဘဝ မန္ဓာတ်မင်းဘဝ ဂုတ္တိလစောင်းသမားဘဝ တို့ကလည်း လူသားဘဝနှင့် နတ်စည်းစိမ်ကို ခံစားနိုင်သည်မှာလည်း မဟာတေဇဂုဏ်ပင်ဖြစ်၏၊ မဟောသဓာဘဝ ဝေဿန္တရာမင်းဘဝ သိဒ္ဓတ္ထမင်းဘဝများက မယ်တော်သိုက်ဝမ်း ကြာတိုက်ခန်းမှ ဘုန်းပန်းပွင့်ဖူး ဘုန်းရောင်မြူး၍ မီးရှူးသန့်စင် ဖွားမြင်ဆဲ ခဏ၌ပင် စကားပြောဆိုနိုင်စွမ်းရှိသော စွမ်းရည်သတ္တိသည်လည်း မဟာတေဇဂုဏ်ပင်ဖြစ်၏၊ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တ ဆိုတဲ့ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတာ်မူရခြင်းသည်လည်း မဟာတေဇဂုဏ်ပင်ဖြစ်၏၊

ဗုဒ္ဓ၏မဟာတေဇဂုဏ်သည် မဖြစ်ဘူးမြဲ ထူးကဲလှစွာ ဖြစ်ပေါ်လာသော အံ့ဩဘွယ်ဂုဏ်တရပ်ပင်ဖြစ်၏၊ သည်မျှသာ မဟုတ်သေးပေ၊ဗုဒ္ဓ၏ မဟာတေဇဂုဏ်သည် အစိန္တေယျပင်ဖြစ်၏၊အပ္ပမေယျပင်ဖြစ်၏၊ ထိုဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူသော ဗုဒ္ဓကိုကြည်ညိုရှိခိုးပြီးပါမှ မဟာတေဇဂုဏ်ကို ဆုပန်ပါက ရရှိနိုင်မည်ဖြစ်၏၊ထို့အပြင် ဗုဒ္ဓရှင်တော်မြတ်၌ တန်ခိုးဆယ်မျိုးလည်းရှိ၏၊ထိုဆယ်မျိုးမှာ-

(၁)သမာဓိဝိပ္ဖါရ=သမာဓိပြန့်သော တန်ခိုးတော်၊

(၂)ဉာဏဝိပ္ဖါရ=ဉာဏ်ပြန့်သော တန်ခိုးတော်၊

(၃)အဓိဋ္ဌာနံ=ဆောက်တည်အပ်သော တန်ခိုးတော်၊

(၄)ဝိကုဗ္ဗနာ=အထူးထူးပြုသော တန်ခိုးတော်၊

(၅)မနော်မယ=နှလုံးအလိုအတိုင်းပြီးသော တန်ခိုးတော်၊

(၆)အရိယာဣဒ္ဓိ=အရိယာပုဂ္ဂိုလ်တို့၏ တန်ခိုးတော်၊

(၇)ကမ္မဝိပါကဇာ=ကံအကျိုးဖြစ်သော တန်ခိုးတော်၊

(၈)ဝိဇ္ဇာမယ= အတတ်ဖြင့်ပြီးသော တန်ခိုးတော်၊

(၉)ပုညဝတော=ဘုန်းရှိသောသူ၏ တန်ခိုးတော်၊

(၁၀)ပယောဂ=လုံ့လဟူသောအကြောင်းကြောင့် ပြည့်စုံသော တန်ခိုးတော်၊

ဤဆယ်မျိုးနှင့်ပြည့်စုံသော ဗုဒ္ဓကို လေးလေးနက်နက် တွေးဆထင်မြင်၍ ကြည်ညိုရပါမည်။ထိုသို့ကြည်ညိုပြီးမှ မဟာတေဇဂုဏ်ဆုပန်ရန် ရည်သန်ပါသည်၊ထိုတန်ခိုးဆယ်မျိုးထက် ထူးကဲ လွန်မြတ်လှသော တန်ခိုးလည်းရှိသေး၏၊

ထိုတန်ခိုးကား ပါဋိဟာရိယ တန်ခိုးတော်ပင်တည်း၊ဤပါဋိဟာရိယ တန်ခိုးသည် ရေမီးအစုံပေါ်ထွက်စေနိုင်သော တန်ခိုးတော်မြတ်ပင်ဖြစ်သည်၊ဗုဒ္ဓ၏ယာမျက်လုံးတော်က မီး,ဝဲမျက်လုံတော်က ရေ, ကိုယ်အထက်ပိုင်းက မီး, အောက်ပိုင်းက ရေ၊ ဤကဲ့သို့ အစုံအစုံထွက်ပေါ် ကွန့်မြူးနိုင်ပေသည်၊ ဤဘုန်းတန်ခိုးများသည်လည်း မဟာတေဇဂုဏ်ပင် ဖြစ်၏။

ဗြဟ္မနိမ္မိတာရုံဆရာတော် ၏ ရတနာပီတိကျမ်း မှ ထုတ်နှုတ်ပူဇော်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

မဟာေတဇဂုဏ္ ဆုပန္ရာ၌ ရႏိုင္ေသာ ဘုန္းတန္ခိုးမ်ား

 

ဗုဒၶသည္(၁) အမ်ိဳးျဖင့္ျမတ္ျခင္း(၂)ဘုန္းျဖင့္ျမတ္ျခင္း(၃)ဂုဏ္ျဖင့္ျမတ္ျခင္း ျပည့္တင္းထြန္းေတာက္လ်က္႐ွိ၏၊ မာရ္ငါးပါး မေအာင္ျမင္မီ(ဘုရားအျဖစ္သို႔ မေရာက္မီ)သိဒၶတၳမင္းဘဝကပင္ တရာ့႐ွစ္ပါးေသာ မင္းတို႔ႏွင့္ ၿပိဳင္ရာ၌ ဘုန္းႏွင့္လက္႐ုံးမွာမူ ၿပိဳင္ဘက္မျပဴ တဆူတည္းေသာ မင္းအျဖစ္၌ အစိုးတရေန စံပယ္ႏိုင္ျခင္းသည္လည္း မဟာေတဇဂုဏ္ပင္ျဖစ္၏၊ေနမိမင္းဘဝ မႏၶာတ္မင္းဘဝ ဂုတၱိလေစာင္းသမားဘဝ တို႔ကလည္း လူသားဘဝႏွင့္ နတ္စည္းစိမ္ကို ခံစားႏိုင္သည္မွာလည္း မဟာေတဇဂုဏ္ပင္ျဖစ္၏၊ မေဟာသဓာဘဝ ေဝႆႏၲရာမင္းဘဝ သိဒၶတၳမင္းဘဝမ်ားက မယ္ေတာ္သိုက္ဝမ္း ၾကာတိုက္ခန္းမွ ဘုန္းပန္းပြင့္ဖူး ဘုန္းေရာင္ျမဴး၍ မီး႐ွဴးသန္႔စင္ ဖြားျမင္ဆဲ ခဏ၌ပင္ စကားေျပာဆိုႏိုင္စြမ္း႐ွိေသာ စြမ္းရည္သတၱိသည္လည္း မဟာေတဇဂုဏ္ပင္ျဖစ္၏၊ဣႆရိယ ဓမၼ ယသ သိရီ ကာမ ပယတၱ ဆိုတဲ့ ဘုန္းေတာ္ေျခာက္ပါးႏွင့္ ျပည့္စုံတာ္မူရျခင္းသည္လည္း မဟာေတဇဂုဏ္ပင္ျဖစ္၏၊

ဗုဒၶ၏မဟာေတဇဂုဏ္သည္ မျဖစ္ဘူးၿမဲ ထူးကဲလွစြာ ျဖစ္ေပၚလာေသာ အံ့ဩဘြယ္ဂုဏ္တရပ္ပင္ျဖစ္၏၊ သည္မွ်သာ မဟုတ္ေသးေပ၊ဗုဒၶ၏ မဟာေတဇဂုဏ္သည္ အစိေႏၲယ်ပင္ျဖစ္၏၊အပၸေမယ်ပင္ျဖစ္၏၊ ထိုဂုဏ္အေပါင္းႏွင့္ျပည့္စုံေတာ္မူေသာ ဗုဒၶကိုၾကည္ညိဳ႐ွိခိုးၿပီးပါမွ မဟာေတဇဂုဏ္ကို ဆုပန္ပါက ရ႐ွိႏိုင္မည္ျဖစ္၏၊ထို႔အျပင္ ဗုဒၶ႐ွင္ေတာ္ျမတ္၌ တန္ခိုးဆယ္မ်ိဳးလည္း႐ွိ၏၊ထိုဆယ္မ်ိဳးမွာ-

(၁)သမာဓိဝိပၹါရ=သမာဓိျပန္႔ေသာ တန္ခိုးေတာ္၊

(၂)ဉာဏဝိပၹါရ=ဉာဏ္ျပန္႔ေသာ တန္ခိုးေတာ္၊

(၃)အဓိ႒ာနံ=ေဆာက္တည္အပ္ေသာ တန္ခိုးေတာ္၊

(၄)ဝိကုဗၺနာ=အထူးထူးျပဳေသာ တန္ခိုးေတာ္၊

(၅)မေနာ္မယ=ႏွလုံးအလိုအတိုင္းၿပီးေသာ တန္ခိုးေတာ္၊

(၆)အရိယာဣဒၶိ=အရိယာပုဂၢဳိလ္တို႔၏ တန္ခိုးေတာ္၊

(၇)ကမၼဝိပါကဇာ=ကံအက်ိဳးျဖစ္ေသာ တန္ခိုးေတာ္၊

(၈)ဝိဇၨာမယ= အတတ္ျဖင့္ၿပီးေသာ တန္ခိုးေတာ္၊

(၉)ပုညဝေတာ=ဘုန္းရွိေသာသူ၏ တန္ခိုးေတာ္၊

(၁၀)ပေယာဂ=လုံ႔လဟူေသာအေၾကာင္းေၾကာင့္ ျပည့္စုံေသာ တန္ခိုးေတာ္၊

ဤဆယ္မ်ိဳးႏွင့္ျပည့္စုံေသာ ဗုဒၶကို ေလးေလးနက္နက္ ေတြးဆထင္ျမင္၍ ၾကည္ညိဳရပါမည္။ထိုသို႔ၾကည္ညိဳၿပီးမွ မဟာေတဇဂုဏ္ဆုပန္ရန္ ရည္သန္ပါသည္၊ထိုတန္ခိုးဆယ္မ်ိဳးထက္ ထူးကဲ လြန္ျမတ္လွေသာ တန္ခိုးလည္းရွိေသး၏၊

ထိုတန္ခိုးကား ပါဋိဟာရိယ တန္ခိုးေတာ္ပင္တည္း၊ဤပါဋိဟာရိယ တန္ခိုးသည္ ေရမီးအစုံေပၚထြက္ေစႏိုင္ေသာ တန္ခိုးေတာ္ျမတ္ပင္ျဖစ္သည္၊ဗုဒၶ၏ယာမ်က္လုံးေတာ္က မီး,ဝဲမ်က္လုံေတာ္က ေရ, ကိုယ္အထက္ပိုင္းက မီး, ေအာက္ပိုင္းက ေရ၊ ဤကဲ့သို႔ အစုံအစုံထြက္ေပၚ ကြန္႔ျမဴးႏိုင္ေပသည္၊ ဤဘုန္းတန္ခိုးမ်ားသည္လည္း မဟာေတဇဂုဏ္ပင္ ျဖစ္၏။

ျဗဟၼနိမၼိတာရုံဆရာေတာ္ ၏ ရတနာပီတိက်မ္း မွ ထုတ္ႏႈတ္ပူေဇာ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

Upcoming Property Events

From 16 Aug To 17 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service