ဂရန်ကတုံး ဖြစ်သော်လည်း အမွေဆက်ခံမည့်သူ ရှာဖွေ၍ အမည်ပြောင်းနည်။ - Property Knowledge in Myanmar from iMyanmarHouse.com
1621 Views

ဂရန်ကတုံး ဖြစ်သော်လည်း အမွေဆက်ခံမည့်သူ ရှာဖွေ၍ အမည်ပြောင်းနည်။

Knowledge | Posted by Hnin Ei Khin

[Unicode]

 

 

မြေနှင့်အိမ်ဝယ်လျှင် ဝယ်သည့်မြေမှာ မိမိအမည်ပေါက်ဖြစ်ရန်လိုသည်။ သို့မှသာ အိမ်ဆောက်ရန် မြေပုံကူးယူခြင်း ၊ ခြံစည်းရိုးကာခြင်း ၊ ဘဏ်ငွေချေးခြင်း ပြုလုပ်ရန် အတွက် အိုးအိမ်/စည်ပင်မြေပုံကူးန်ိုင်သည်။ မြေကွက်မှာ မိမိဝယ်ထားသည်မှာ မှန်သော်လည်း ဥပဒေအရ မိမိအမည်ပေါက် မဟုတ်လျှင် အဆိုပါ ကိစ္စများလုပ်ဆောင်ခြင်း မပြုနိုင်ပါ။

သို့သော် မူလဂရန်ပိုင်ရှင် က မှတ်ပုံတင် General Power/ Special Power မိမိအားပေးထားလျှင်တော့ အထက်ပါ ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

 

မူလဂရန်ပိုင်ရှင် သေသွားလျင် ဝယ်သူအမည်ပြောင်းဖို့အဆင့်များ

အကယ်၍ မိမိဝယ်ယူခဲ့သည့်၊ ဂရန်အမည်ပေါက် / မြေအမည်ပေါက်များက သေဆုံးသွား၍ ကျန်ရစ်သူ သားသမီးများထံမှ အမွေဆက်ခံသည့် မြေနှင့်အိမ်ကို ဝယ်ယူထားသော သူများမှာ ဥပဒေနှင့် အညီ မိမိအမည်ပေါက် ဂရန်မြေရရှိရေးအတွက် ဆောင်ရွက်ရသည့်အခါ အချိုအချောင် ဟု ထင်ခဲ့သော မြေနှင့်အိမ်မှာ သူများအပူကိုယ့်အပူဖြစ်တော့သည်။ သူများ ဒုက္ခကိုဝယ်ယူသူ ဖြစ်သွားသည်။

 

အိုးအိမ်ဂရန်လား ၊ စည်ပင်ဂရန်လား ခွဲခြားစုံစမ်းပါ

အိမ်ကလည်း အသစ်ဆောက်ချင်သည် ခြံစည်းရိုကာဖို့လည်းလိုသည်။ သည်တော့ မိမိအမည်ပေါက် မြေငှါးဂရန် ရရန် ဘာတွေလုပ်ရမည်နည်း။ သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေ စီမံခန့်ခွဲမှုဌါန နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မြို့မြေစာရင်းတွင် သွားရောက်စုံစမ်းရသည်။ဤတွင် မောင်ကောင်းဖေ တို့အလုပ်ရှုပ်တော့သည်။

 

အလာကောင်းမှ အနှောင်းသေချာဖို့ အကူအညီယူပါ။

 

ဂရန်ကတုံးဝယ်မိပါက မြေအမည်ပေါက် မိသားစုထံသွား၍ အကူအညီတောင်းရသည်။ သေဆုံးသူ၏ သေစာရင်းမူရင်းပြ၍ ကျန်ရစ်သူများက တရားသူကြီးထံတွင် မြေအမည်ပေါက် မိခင်/ ဖခင်သေဆုံး၍ မိမိတို့မှာ အမွေဆက်ခံပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျမ်းကျိန်တင်ပြရသည်။ အိမ်နီးနားချင်းနှစ်ဦးကလည်း သေဆုံးသူများမှာ လျှောက်ထားသည့်မြေနှင့်အိမ်ကို ပိုင်ဆိုင်သူဖြစ်ကြောင်း၊ ကျန်ရစ်သည့် သားသမီးများက အမွေဆက်ခံပိုင်ဆိုင်သည်မှာ မှန်ကန်ပါကြောင်း ဘေးက ဝိုင်းကူ၍ ကျမ်းကျိန်ပေးရသည်။ ဥပဒေကိစ္စများ ပါလာလျင် ရှေ့နေမောင်ကောင်းဖေ တို့ကူညီမှဖြစ်မည်။

 

 

သားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း လျှောက်ရန်

 

ကျမ်းကျိန်(၃) စောင် ဂရန်မူရင်း ၊ သေစာရင်း၊ သားသမီးများ၏ မှတ်ပုံတင်မူရင်း၊ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်များယူဆောင်၍ ကျန်ရစ်သူသားသမီးများ ကိုခေါ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန (သို့) မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှာ သွားရောက်ပြီး ပိုင်ဆိုင်ကြောင်း မြေပုံကူးလျှောက်ထားရသည်။ ထို့အတူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင်ကိုပါ တပါတည်းလျှောက်ထားရသည်။ သို့မှသာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပြီးသည့်နှင့် တဆက်တည်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုနိုင်သည်။

 

ပိုင်ဆိုင်သူများဖြစ်ကြောင်း သားသမီးများက မှတ်ပုံတင်ထားရမယ်

မြို့တော်စည်ပင်မှ တစ်လခန့်ကြာပြီး မြေပုံ မြေရာဇဝင် ရလာသည်နှင့် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ကျန်ရစ်သူသားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရသည်။ နှစ်ပတ်ခန့်အကြာ စာချုပ်ရုံးက ပ်ိုင်ဆိုင်ကြောင်း စာချုပ်ရလာသည့်အခါ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်မချုပ်မီ၊ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီးဌာနသို့ သွားရသည်။

 

 

ဝင်ငွေခွန်ဥပဒေအရ တန်ဖိုးဖြတ်ပေးဖို့ အခွန်ရုံးကို တင်ပြရန်ပြန်

မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်သည့်အတွက် မိမိဝယ်ယူထားသည့် မြေနှင့်အိမ်ကိုတန်ဖိုးပြပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့သို့ တင်ပြရသည်။ ယင်း ဘုတ်အဖွဲ့ကလည်း ဆက်စပ်သက်ဆိုင်သည့် စာရွက်စာတမ်းများပြည့်စုံမှ လက်ခံသည်။ ဥပမာ- ဂရန်/ စာချုပ် ပိုင်ဆိုင်ကြောင်း စာချုပ်၊ မြေပုံမြေရာဇဝင် ၊ ဝယ်သူ၏မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း၊ စသည်တို့ကို (၆)စုံစီတွဲ၍တင်ပြရသည်။ ယင်းဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ မြေနှင့်အိမ်တန်ဖိုးသတ်မှတ်တန်ဖိုးကို မြေနှင့်အိမ်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနတွင် မောင်ကောင်းဖေ သွားရောက်ပေးဆောင်ရသည်။

 

နှစ်ထပ်ရှိမှ မှတ်မိဆိုသလို စာချုပ်ရုံးကို သွားရပြန်ပြီ

ရန်ကုန်တိုင်း အခွန်ရုံးမှ အခွန်တံဆိပ်ခေါင်းနှင့်ငွေသွင်းပြီး ချလန်စာရွက်များရရှိပါက အထက်တွင်ဖော်ပြခဲ့သည့် စာရွက်စာတမ်းတင်ပြ၍ အမွေဆက်ခံသူတို့နှင့် မြေဝယ်ထားသူတို့ ရန်ကုန်မြို့စာချုပ်ရုံးမှာ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရပြန်သည်။ စာချုပ်ပြီး ချက်ခြင်းမရ။ (၁၄) ရက်ခန့်အကြာမှ မှတ်ပုံတင်စာချုပ်ထုတ်ယူ၍ရသည်။ စာချုပ်ရုံးကိစ္စဖြစ်၍ မောင်ကောင်းဖေ တို့ပါရပြန်သည်။

 

မိမိအမည်ပြောင်းဖို့ မြို့တော်ခန်းမသို့ နောက်တစ်ခါက်

စာချုပ်စာတမ်းရုံးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ရရှိသည်နှင့် ဝယ်သူအမည်ပေါက်ရရှိရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၄၆)လမ်းရုံး ခန်းမ သို့သွား၍ အရောင်းအဝယ်စာချုပ် (မူရင်း) ဂရန် (မူရင်း) မှတ်ပုံတင် (မူရင်း) ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်တို့ကို တင်ပြ၍ မြို့နယ်အလိုက် အမည်ပြောင်းခ ပေးသွင်းရသည်။ ကန့်ကွက်ရန်ရှိမရှိ မြို့ပြ မြေစီမံခန့်ခွဲမှုဌါန မှ ကွင်းဆင်းစစ်ဆေးသည်။ ကန့်ကွက်သူမရှိမှသာ တစ်လခန်း အကြာ၌ မိမိဝယ်ယူထားသည့် ဂရန်(သို့) မြေပိုင်မြေ စာချုပ်ပေါ်တွင် မိမိအမည်ပြောင်းပေးတော့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ဂရန္ကတံုး ျဖစ္ေသာ္လည္း အေမြဆက္ခံမည့္သူ ရွာေဖြ၍ အမည္ေျပာင္းနည္။

 

ေျမနွင့္အိမ္ဝယ္လွ်င္ ဝယ္သည့္ေျမမွာ မိမိအမည္ေပါက္ျဖစ္ရန္လိုသည္။ သို႕မွသာ အိမ္ေဆာက္ရန္ ေျမပံုကူးယူျခင္း ၊ ျခံစည္းရုိးကာျခင္း ၊ ဘဏ္ေငြေခ်းျခင္း ျပဳလုပ္ရန္ အတြက္ အိိုးအိမ္/စည္ပင္ေျမပံုကူးႏို္္င္သည္။ ေျမကြက္မွာ မိမိဝယ္ထားသည္မွာ မွန္ေသာ္လည္း ဥပေဒ အရ မိမိအမည္ေပါက္ မဟုတ္လွ်င္ အဆိုပါ ကိစၥမ်ားလုပ္ေဆာင္ျခင္း မျပဳႏိုင္ပါ။

သို႕ေသာ္ မူလဂရန္ပိုင္ရွင္ က မွတ္ပံုတင္ General Power/ Special Power မိမိအားေပးထားလွ်င္ေတာ့ အထက္ပါ ကိစၥရပ္မ်ား ေဆာင္ရြက္ႏိုင္ပါသည္။

မူလဂရန္ပိုင္ရွင္ ေသသြားလ်င္ ဝယ္သူအမည္ေျပာင္းဖို႕အဆင့္မ်ား

အကယ္၍ မိမိဝယ္ယူခဲ့သည့္၊ ဂရန္အမည္ေပါက္ / ေျမအမည္ေပါက္မ်ားက ေသဆံုးသြား၍ က်န္ရစ္သူ သားသမီးမ်ားထံမွ အေမြဆက္ခံသည့္ ေျမနွင့္အိမ္ကို ဝယ္ယူထားေသာ သူမ်ားမွာ ဥပေဒနွင့္ အညီ မိမိအမည္ေပါက္ ဂရန္ေျမရရွိေရးအတြက္ ေဆာင္ရြက္ရသည့္အခါ အခ်ိဳအေခ်ာင္ ဟု ထင္ခဲ့ေသာ ေျမနွင့္အိမ္မွာ သူမ်ားအပူကိုယ့္အပူျဖစ္ေတာ့သည္။ သူမ်ား ဒုကၡကိုဝယ္ယူသူ ျဖစ္သြားသည္။

အိုးအိမ္ဂရန္လား ၊ စည္ပင္ဂရန္လား ခြဲျခားစံုစမ္းပါ

အိမ္ကလည္း အသစ္ေဆာက္ခ်င္သည္ ျခံစည္းရုိကာဖို႕လည္း လိုသည္။ သည္ေတာ့ မိမိအမည္ေပါက္ ေျမငွါးဂရန္ ရရန္ ဘာေတြလုပ္ရမည္နည္း။ သက္ဆိုင္ရာ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ျမိဳ႕ျပေျမ စီမံခန္႔ခြဲမႈဌါန နွင့္ ျမိဳ႕ျပနွင့္ အိမ္ရာဖြံ႕ျဖိဳးေရး ဦးစီးဌာန ျမိဳ႕ေျမစာရင္းတြင္ သြားေရာက္စံုစမ္းရသည္။ဤတြင္ ေမာင္ေကာင္းေဖ တို႕အလုပ္ရႈပ္ေတာ့သည္။

အလာေကာင္းမွ အေနွာင္းေသခ်ာဖို႕ အကူအညီယူပါ။

 

ဂရန္ကတံုးဝယ္မိပါက ေျမအမည္ေပါက္ မိသားစုထံသြား၍ အကူအညီေတာင္းရသည္။ ေသဆံုးသူ၏ ေသစာရင္းမူရင္းျပ၍ က်န္ရစ္သူမ်ားက တရားသူၾကီးထံတြင္ ေျမအမည္ေပါက္ မိခင္/ ဖခင္ေသဆံုး၍ မိမိတို႕မွာ အေမြဆက္ခံပိုင္ဆိုင္သူမ်ားျဖစ္ေၾကာင္း၊ က်မ္းက်ိန္တင္ျပရသည္။ အိမ္နီးနားခ်င္းနွစ္ဦးကလည္း ေသဆံုးသူမ်ားမွာ ေလွ်ာက္ထားသည့္ေျမနွင့္အိမ္ကို ပိုင္ဆိုင္သူျဖစ္ေၾကာင္း၊ က်န္ရစ္သည့္ သားသမီးမ်ားက အေမြဆက္ခံပိုင္ဆိုင္သည္မွာ မွန္ကန္ပါေၾကာင္း ေဘးက ဝုိင္းကူ၍ က်မ္းက်ိန္ေပးရသည္။ ဥပေဒကိစၥမ်ား ပါလာလ်င္ ေရွ႕ေနေမာင္ေကာင္းေဖ တို႕ကူညီမွျဖစ္မည္။

 

သားသမီးမ်ားက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေလွ်ာက္ရန္

 

က်မ္းက်ိန္(၃) ေစာင္ ဂရန္မူရင္း ၊ ေသစာရင္း၊ သားသမီးမ်ား၏ မွတ္ပံုတင္မူရင္း၊ ေၾကြးက်န္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္မ်ားယူေဆာင္၍ က်န္ရစ္သူသားသမီးမ်ား ကိုေခၚ၍ ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ ျမိဳ႕ျပေျမစီမံခန္႕ခြဲမႈဌာန (သို႕) ျမိဳ႕ျပနွင့္အိမ္ရာ ဖြံ႕ျဖိဳးေရးဦးစီးဌာနတို႕မွာ သြားေရာက္ျပီး ပိုင္ဆိုင္ေၾကာင္း ေျမပံုကူးေလွ်ာက္ထားရသည္။ ထို႕အတူ အေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေျမပံု/ေျမရာဇဝင္ကိုပါ တပါတည္းေလွ်ာက္ထားရသည္။ သို႕မွသာ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ဆိုျပီးသည့္နွင့္ တဆက္တည္း မွတ္ပံုတင္ အေရာင္းအဝယ္စာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္သည္။

ပိုင္ဆိုင္သူမ်ားျဖစ္ေၾကာင္း သားသမီးမ်ားက မွတ္ပံုတင္ထားရမယ္

ျမိဳ႕ေတာ္စည္ပင္မွ တစ္လခန္႕ၾကာျပီး ေျမပံု ေျမရာဇဝင္ ရလာသည္နွင့္ ရန္ကုန္ျမိဳ႕ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးမွာ က်န္ရစ္သူသားသမီးမ်ားက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ရသည္။ နွစ္ပတ္ခန္႕အၾကာ စာခ်ဳပ္ရုံးက ပို္င္ဆိုင္ေၾကာင္း စာခ်ဳပ္ရလာသည့္အခါ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္မခ်ဳပ္မီ၊ ရန္ကုန္ တိုင္းေဒသၾကီး အခြန္ဦးစီးဌာနသို႕ သြားရသည္။

 

ဝင္ေငြခြန္ဥပေဒအရ တန္ဖိုးျဖတ္ေပးဖို႕ အခြန္ရုံးကို တင္ျပရန္ျပန္

မေရြ႕မေျပာင္းႏိုင္တဲ့ ပစၥည္းျဖစ္သည့္အတြက္ မိမိဝယ္ယူထားသည့္ ေျမနွင့္အိမ္ကိုတန္ဖိုးျပေပးဖို႕ ရန္ကုန္တိုင္းေဒသၾကီး ကာလတန္ဖိုး စိစစ္သတ္မွတ္ေရး အဖြဲ႕သို႕ တင္ျပရသည္။ ယင္း ဘုတ္အဖြဲ႕ကလည္း ဆက္စပ္သက္ဆိုင္သည့္ စာရြက္စာတမ္းမ်ားျပည့္စံုမွ လက္ခံသည္။ ဥပမာ- ဂရန္/ စာခ်ဳပ္ ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္၊ ေျမပံုေျမရာဇဝင္ ၊ ဝယ္သူ၏မွတ္ပံုတင္ ၊ အိမ္ေထာင္စုစာရင္း၊ စသည္တို႕ကို (၆)စံုစီတြဲ၍တင္ျပရသည္။ ယင္းဘုတ္အဖြဲ႕၏ ဆံုးျဖတ္ခ်က္အရ ေျမနွင့္အိမ္တန္ဖိုးသတ္မွတ္တန္ဖိုးကို ေျမနွင့္အိမ္တည္ရွိရာ ျမိဳ႕နယ္အခြန္ဦးစီးဌာနတြင္ ေမာင္ေကာင္းေဖ သြားေရာက္ေပးေဆာင္ရသည္။

နွစ္ထပ္ရွိမွ မွတ္မိဆိုသလို စာခ်ဳပ္ရုံးကို သြားရျပန္ျပီ

ရန္ကုန္တိုင္း အခြန္ရုံးမွ အခြန္တံဆိပ္ေခါင္းနွင့္ေငြသြင္းျပီး ခ်လန္စာရြက္မ်ားရရွိပါက အထက္တြင္ေဖာ္ျပခဲ့သည့္ စာရြက္စာတမ္းတင္ျပ၍ အေမြဆက္ခံသူတို႕နွင့္ ေျမဝယ္ထားသူတို႕ ရန္ကုန္ျမိဳ႕စာခ်ဳပ္ရုံးမွာ မွတ္ပံုတင္အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုရျပန္သည္။ စာခ်ဳပ္ျပီး ခ်က္ျခင္းမရ။ (၁၄) ရက္ခန္႔အၾကာမွ မွတ္ပံုတင္စာခ်ဳပ္ထုတ္ယူ၍ရသည္။ စာခ်ဳပ္ရုံးကိစၥျဖစ္၍ ေမာင္ေကာင္းေဖ တို႕ပါရျပန္သည္။

 

မိမိအမည္ေျပာင္းဖို႕ ျမိဳ႕ေတာ္ခန္းမသို႕ ေနာက္တစ္ခါက္

စာခ်ဳပ္စာတမ္းရုံးမွ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ရရွိသည္နွင့္ ဝယ္သူအမည္ေပါက္ရရွိရန္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (၄၆)လမ္းရုံး ခန္းမ သို႕သြား၍ အေရာင္းအဝယ္စာခ်ဳပ္ (မူရင္း) ဂရန္ (မူရင္း) မွတ္ပံုတင္ (မူရင္း) ေၾကြးက်န္ကင္းရွင္းေၾကာင္းေထာက္ခံခ်က္တို႕ကို တင္ျပ၍ ျမိဳ႕နယ္အလိုက္ အမည္ေျပာင္းခ ေပးသြင္းရသည္။ ကန္႕ကြက္ရန္ရွိမရွိ ျမိဳ႕ျပ ေျမစီမံခန္႕ခြဲမႈဌါန မွ ကြင္းဆင္းစစ္ေဆးသည္။ ကန္႕ကြက္သူမရွိမွသာ တစ္လခန္း အၾကာ၌ မိမိဝယ္ယူထားသည့္ ဂရန္(သို႕) ေျမပိုင္ေျမ စာခ်ဳပ္ေပၚတြင္ မိမိအမည္ေျပာင္းေပးေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service