ကုန်အမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ သိရှိဆောင်ရွက်ထားသင့်သည့် အချက်အလက်များကို တင်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
1528 Views

ကုန်အမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ သိရှိဆောင်ရွက်ထားသင့်သည့် အချက်အလက်များကို တင်ပြလိုက်ပါတယ်။

Knowledge | Posted by Shwe Zin Win

 [Unicode]

 

ကုန်ပစ္စည်းများကို ခွဲခြားသိစေရန်အတွက် အမှတ်တံဆိပ်များဖြင့် ရည်ညွှန်းဆောင်ရွက်ထားရှိစေပြီး ထိုအမှတ်တံဆိပ်များ၏ ဂုဏ်သတင်းကျော်ကြားမှုမှာ အဆိုပါအမှတ်တံဆိပ် Company ၏ အရည်အသွေး အရည်အချင်း စိတ်ချယုံကြည်မှုများပေါ်အခြေခံကာ ထူးခြားပြောင်မြောက်သည့်အမှတ်အသားတစ်ခုအဖြစ် ရှိနေမည်ဖြစ်ပါ သည်။စီးပွားရေးလောက၌ ယုံကြည်စိတ်ချမူမှာ လွန်စွာမှအရေးပါပြီး ရေရှည်တည်တံ့ ခိုင်မာသည့် Company များနှင့်သာလက်တွဲသင့်ပါတယ်။

ထို့ကြောင့် Logo တစ်ခုမှာ Company တစ်ခု၏ ပုံရိပ်ပင်ဖြစ်ကာ အိမ်၊ခြံ၊မြေလောကတွင်လဲ ရေရှည် တည်တံ့ခိုင်မာစေရန်အတွက် ယခုအသစ်ထွက်ရှိသည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ Company Logo အား မှတ်ပုံတင်ထားသင့်ပါတယ်။ ထို့ပြင်မှတ်ပုံတင်ခြင်း၌ ဝန်ဆောင်မှု လုပ်ငန်းများ ခွဲခြား၍ ထင်ရှားစေရန်လဲ ဆောင်ရွက်နိုင်ပါတယ်။

စုပေါင်းပိုင်အမှတ်တံဆိပ်ဆိုတာကတော့ အသင်းအဖွဲ့အစည်းတစ်ခုကို စုပေါင်းပိုင်ဆိုင်ပြီး ထိုအသင်း အဖွဲ့အား ခွဲခြားထင်ရှားစေရန် အသင်းအဖွဲ့၏ Logo အားလဲ မှတ်ပုံတင်ခြင်းပင် ဖြစ်ပါတယ်။

အမှတ်တံဆိပ်တစ်ခု၏ ပိုင်ရှင်ဖြစ်လိုပါက ဦးစီးဌာန၏ မှတ်ပုံတင်စာရင်းတွင် လူကိုယ်တိုင်ဖြစ်စေ၊ Online မှ ကိုယ်စားလှယ်မှဖြစ်စေ၊ မှတ်ပုံတင်လျှောက်ထားနိုင်ပြီး iMyanmarHouse.com Company နှင့်လဲ ချိတ်ဆက် ဆောင်ရွက်နိုင်ပါတယ်။

ကုန်အမှတ်တံဆိပ်ဥပဒေအရ ကုန်အမှတ်တံဆိပ်များကို အကာအကွယ်ပေးခြင်းအားဖြင့် နိုင်ငံ၏ရင်းနှီး မြုပ်နှံမှုလုပ်ငန်းများ ၊ကုန်သွယ်ရေးလုပ်ငန်းများနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများအား ရေရှည်ပိုမိုတည်တံ့ ခိုင်မာလာမည်ဖြစ်ပါသည်။ထို့ကြောင့် မိမိ Company ၏ အကျိုးစီးပွား၊ (Data) သတင်းအချက်အလက်များ အား ကာကွယ်နိုင်ရန် နှင့် တုပဆောင်ရွက်သည့်ပြိုင်ဘက်များ ရန်မှ ကင်းဝေးရန် မူပိုင်ခွင့်ရှိဖို့ အထူးပင် လိုအပ်ပါသည်။

 

 

မူပိုင်ခွင့်ဥပဒေအရ အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို ဖန်တီးပေး နိုင်သလို နိုင်ငံတကာဈေးကွက်ကိုလဲ တာဝန်ခံမူအရည်အသွေးကောင်းတစ်ခုဖြင့် ထိုးဖောက်နိုင်မည်ဖြစ်သဖြင့် များစွာအကျိုးရှိပါသည်။

ကုန်အမှတ်တံဆိပ်မှာ သိသာထင်ရှားမှု မရှိပါက မှတ်ပုံတင်၍ မရသလို၊မှတ်ပုံတင်ပြီးပါက သက်တမ်းမှာ (၁၀)နှစ်သက်တမ်းထိ ရှိပါတယ်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ထိခိုက်လာပါက ပြစ်မှုကြောင်းအရ-(၃) နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ပြီး၊ တရားမကြောင်းအရ သိန်း (၅၀) ထက်မပိုသော ငွေဒဏ် နှစ်ရပ်လုံးချမှတ်နိုင်ပါတယ်ဆိုတဲ့အကြောင်း ဗဟုသုတအနေဖြင့် တင်ပြလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

  [Zawgyi]  

ကုန္အမွတ္တံဆိပ္ႏွင့္ စပ္လ်ဥ္း၍ သိရွိေဆာင္ရြက္ထားသင့္သည့္ အခ်က္အလက္မ်ားကို တင္ျပလိုက္ပါတယ္။

 

ကုန္ပစၥည္းမ်ားကို ခြဲျခားသိေစရန္အတြက္ အမွတ္တံဆိပ္မ်ားျဖင့္ ရည္ညႊန္းေဆာင္ရြက္ထားရွိေစၿပီး ထိုအမွတ္တံဆိပ္မ်ား၏ ဂုဏ္သတင္းေက်ာ္ၾကားမႈမွာ အဆိုပါအမွတ္တံဆိပ္ Company ၏ အရည္အေသြး အရည္အခ်င္း စိတ္ခ်ယံုၾကည္မႈမ်ားေပၚအေျခခံကာ ထူးျခားေျပာင္ေျမာက္သည့္အမွတ္အသားတစ္ခုအျဖစ္ ရွိေနမည္ျဖစ္ပါ သည္။စီးပြားေရးေလာက၌ ယံုၾကည္စိတ္ခ်မူမွာ လြန္စြာမွအေရးပါၿပီး ေရရွည္တည္တံ့ ခိုင္မာသည့္ Company မ်ားႏွင့္သာလက္တြဲသင့္ပါတယ္။

ထို႔ေၾကာင့္ Logo တစ္ခုမွာ Company တစ္ခု၏ ပံုရိပ္ပင္ျဖစ္ကာ အိမ္၊ျခံ၊ေျမေလာကတြင္လဲ ေရရွည္ တည္တံ႔ခိုင္မာေစရန္အတြက္ ယခုအသစ္ထြက္ရွိသည့္ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ဥပေဒႏွင့္အညီ Company Logo အား မွတ္ပံုတင္ထားသင့္ပါတယ္။ ထို႔ျပင္မွတ္ပံုတင္ျခင္း၌ ၀န္ေဆာင္မႈ လုပ္ငန္းမ်ား ခြဲျခား၍ ထင္ရွားေစရန္လဲ ေဆာင္ရြက္ႏိုင္ပါတယ္။

စုေပါင္းပိုင္အမွတ္တံဆိပ္ဆိုတာကေတာ့ အသင္းအဖြဲ႕အစည္းတစ္ခုကို စုေပါင္းပိုင္ဆိုင္ၿပီး ထိုအသင္း အဖြဲ႕အား ခြဲျခားထင္ရွားေစရန္ အသင္းအဖြဲ႔၏ Logo အားလဲ မွတ္ပံုတင္ျခင္းပင္ ျဖစ္ပါတယ္။

အမွတ္တံဆိပ္တစ္ခု၏ ပိုင္ရွင္ျဖစ္လိုပါက ဦးစီးဌာန၏ မွတ္ပံုတင္စာရင္းတြင္ လူကိုယ္တိုင္ျဖစ္ေစ၊ Online မွ ကိုယ္စားလွယ္မွျဖစ္ေစ၊ မွတ္ပံုတင္ေလွ်ာက္ထားႏိုင္ၿပီ း iMyanmarHouse.com Company ႏွင့္လဲ ခ်ိတ္ဆက္ ေဆာင္ရြက္ႏိုင္ပါတယ္။

ကုန္အမွတ္တံဆိပ္ဥပေဒအရ ကုန္အမွတ္တံဆိပ္မ်ားကို အကာအကြယ္ေပးျခင္းအားျဖင့္ ႏိုင္ငံ၏ရင္းႏွီး ျမဳပ္ႏွံမႈလုပ္ငန္းမ်ား ၊ကုန္သြယ္ေရးလုပ္ငန္းမ်ားႏွင့္ ကူးသန္းေရာင္း၀ယ္ေရး လုပ္ငန္းမ်ားအား ေရရွည္ပိုမိုတည္တံ့ ခိုင္မာလာမည္ျဖစ္ပါသည္။ထို႔ေၾကာင့္ မိမိ Company ၏ အက်ိဳးစီးပြား၊ (Data) သတင္းအခ်က္အလက္မ်ား အား ကာကြယ္ႏိုင္ရန္ ႏွင့္ တုပေဆာင္ရြက္သည့္ျပိဳင္ဘက္မ်ား ရန္မွ ကင္းေ၀းရန္ မူပိုင္ခြင့္ရွိဖို႔ အထူးပင္ လိုအပ္ပါသည္။

မူပိုင္ခြင့္ဥပေဒအရ အမ်ားျပည္သူ ေဘးကင္းလံုျခံဳေရးအတြက္ ပတ္၀န္းက်င္ေကာင္း တစ္ရပ္ကို ဖန္တီးေပး ႏိုင္သလို ႏိုင္ငံတကာေစ်းကြက္ကိုလဲ တာ၀န္ခံမူအရည္အေသြးေကာင္းတစ္ခုျဖင့္ ထိုးေဖာက္ႏိုင္မည္ျဖစ္သျဖင့္ မ်ားစြာအက်ိဳးရွိပါသည္။

ကုန္အမွတ္တံဆိပ္မွာ သိသာထင္ရွားမႈ မရွိပါက မွတ္ပံုတင္၍ မရသလို၊မွတ္ပံုတင္ၿပီးပါက သက္တမ္းမွာ (၁၀)ႏွစ္သက္တမ္းထိ ရွိပါတယ္။ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ဆိုင္ရာ အခြင့္အေရးမ်ားကို ခ်ိဳးေဖာက္ထိခိုက္လာပါက ျပစ္မႈေၾကာင္းအရ-(၃) ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ႏိုင္ၿပီး၊ တရားမေၾကာင္းအရ သိန္း (၅၀) ထက္မပိုေသာ ေငြဒဏ္ ႏွစ္ရပ္လံုးခ်မွတ္ႏိုင္ပါတယ္ဆိုတဲ့အေၾကာင္း ဗဟုသုတအေနျဖင့္ တင္ျပလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service