တစ်ခါတုန်းက အဖြစ်လေးတွေ (၆) - Property Knowledge in Myanmar from iMyanmarHouse.com
768 Views

တစ်ခါတုန်းက အဖြစ်လေးတွေ (၆)

Knowledge | Posted by Shwe Zin Win

[Unicode]

“စားဖား”

မီးမရှိတဲ့အရပ်ဒေသတွေအတွက် မီးလာခြင်းမလာခြင်းဆိုတာက အကြောင်းလား။ရန်ကုန်အပါအဝင် နေ့စဉ်မီးလာခဲ့တဲ့ နေရာတွေအနေနဲ့ကတော့ မီးပျက်ချိန်တွေများလာတာဟာ တောအရပ်သာသာလိုပါပဲလား။ နေ့လည်းပူ၊ညလည်းအိုက်နဲ့ သိပ်မမိုက်ဘူးလို့ ပြောရတော့မှာပဲ။

ဒီတော့သဘာတရားအရ မိုးရွာရင်အပူလျော့မှာမို့ မိုးရွာဖို့ကိုလည်းတောင့်တမိတယ်။ အပူတွေပြင်းလွန်း လှရင်လည်း မိုးကရွာလာမှာပါ။ထစ်ချုန်းမိုးတွေတောင်ရွာနိုင်သေးတယ်။မိုးတွေရွာပြီဆိုရင်တော့ ဖားတွေမြင်ရ ဖားသံတွေကြားရဦးတော့မှာပါပဲ။ဈေးတွေထဲမှာဆို စားဖားကြီးတွေ ရောင်းပြီပေါ့ဗျာ။

အင်း…စားဖားဆိုလို့ တစ်ခါတုန်းက အဖြစ်လေးတွေထဲ ဒီအကြောင်းပြောချင်လာတယ်။ ဖားသားဟင်း ကြိုက်ခဲ့ဖူးတဲ့ ကျွန်တော် ဖြစ်ရပ်တစ်ခုကြောင့် ဖားသား မစားတော့တဲ့ အကြောင်းလေးပေါ့ဗျာ။

တစ်ခါတုန်းက ကျွန်တော့်မွေးရပ် အညာမှာပေါ့…

ကျွန်တော်တို့မြို့မှာ မွေးမြူရေးစားဖားဆိုတာ မရှိခဲ့ပါဘူး။မရှိသေးဘူးထင်ပါတယ်။မိုးရာသီရောက်မှ ထွက်ပေါ်လာတဲ့ စားဖားတွေကိုပဲ ဈေးမှာရောင်းကြတာတွေ့ရတယ်။ဖေဖေကသားငါးအစုံကြိုက်တယ်။ ဈေးသွားလို့ ဖားတွေတွေ့ရင်ဝယ်လာတော့တာပဲ။ပြီးရင် ပင်စိမ်းနိုင်နိုင်လေးနဲ့ အိုးကပ်လေးချက်တယ်။ ပင်စိမ်းနိုင်နိုင်နဲ့ဆိုတော့ ဟင်းဟာမွှေးနေတော့တာပေါ့။အကောင်လိုက်လေးတွေ။ စားဖို့မရဲပေမယ့် အနံ့က ဆွဲဆောင်နေတော့ စားကြည့်မိတာပေါ့။ အိုး..လွှတ်ကောင်းဗျာ။

အသားတင်မကဘူး အရိုးလေးတွေပါ ဝါးလို့ရတော့ ကြွပ်ကြွပ် ကြွပ်ကြွပ်နဲ့ ကောင်းကောင်းစားခဲ့သေးတာပေါ့။ ဒါပေမယ့်ဗျာ ဖြစ်ရပ်တစ်ခုက ဖားသားစားတဲ့အဖြစ်ကနေ အခုချိန်ထိရပ်စဲ သွားပါတော့တယ်။

ကျွန်တော်ငယ်ငယ်က စက်မှုလယ်ယာထွန်စက်စခန်းက ခြောက်ခန်းတွဲဝန်ထမ်းလိုင်းခန်းမှာ နေခဲ့ဘူးတယ်ဆိုတာကို ဖော်ပြခဲ့ပြီးတဲ့ဆောင်းပါးတွေမှာ ရေးခဲ့တယ်မို့လား။တောင်ဘက်ဆုံးအခန်းမှာ ဦးထွန်းခင်နဲ့ဒေါ်နွဲ့ကြည်တို့လင်မယားနေတယ်။ သူတို့မှာ ကိုစိုးထွန်း၊မိဆွေနဲ့ စိုးမင်းထွန်းဆိုပြီး သားသမီး သုံးယောက်ရှိတယ်။ကိုစိုးထွန်းနဲ့ ကျွန်တော့အစ်ကို အကြီးဆုံးက သူငယ်ချင်းတွေ။မိဆွေနဲ့စိုးမင်းထွန်းက ကျွန်တော့နဲ့ ကစားဖော်သူငယ်ချင်းတွေပါ။

တစ်ရက်ညပိုင်းမှာ ကျွန်တော့ အစ်ကိုကြီးရယ်၊ကိုစိုးထွန်းရယ် နောက်ပြီးလိုင်းခန်းထဲက သူတို့ရွယ်တူ သူငယ်ချင်းတွေစုပြီး ဖောင်းကတောချောင်းကို ဖားသွားကောက်ကြမယ်ဆိုပြီး လုပ်နေကြတယ်။ သံချောင်ပုံး တစ်ယောက်တစ်ပုံးစီနဲ့ပေါ့။

ကိုစိုးထွန်းတို့အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့သူငယ်ချင်းတွေကို ရေနွေးကို ထမင်းအိုးကြီးနဲ့ တည်ခိုင်းပြီး ဓာတ်မီးအပါအဝင် ရေနံဆီမီးခွက်ပုံးလေးနဲ့ ထွက်သွားကြတယ်။အဲဒီညက မိုးရွာပြီးတဲ့ညပေါ့။ ဖောင်းကတောချောင်းဆိုတာ ကျွန်တော်တို့မြို့ရဲ့တောင်ဘက်မှာရှိပြီး သဲချောင်းအမျိုးအစားပါ။ မိုးရွာနေတဲ့အချိန်မှာတော့ အရှိန်အဟုန်နဲ့ ရေစီးအားကောင်းတဲ့ချောင်းတစ်ချောင်းဆိုပေမယ့် ကျောက်စရစ်နဲ့ သဲခံနေတဲ့ ချောင်းဖြစ်တော့ မိုးရွာပြီးအချိန်နဲနဲကြာသွားပြီဆိုရင် ရေမရှိတော့ပါဘူး။ အဲဒီနေ့ကတော့ မိုးက သည်းကြီးမည်းကြီး မဟုတ်ပေမယ့် အတော်လေးတော့ ရွာလိုက်တယ်။

ဒီလိုရွာပြီးရင် အဲဒီသဲချောင်းမှာ စားဖားတွေထွက်ပြီပေါ့။မီးအုပ်ဆောင်းနဲ့ အလင်းပေးတော့ ပိုးကောင်လေး တွေက မီးအုပ်ဆောင်းဆီလာတယ်။ဒါကိုဖားတွေက လာစားတော့ အဆင်သင့် ကောက်ထည့်ရုံပါပဲ။ဒါမှမဟုတ် တုတ်တိုလေးတွေနဲ့ ရိုက်ပြီး ဖားကောက်ကြပါတယ်။

အချိန်အတော်လေးကြာတော့ သံချောင်ပုံးထဲမှာ ဖားတွေအတော်များများနဲ့ ပြန်ရောက်လာကြတယ်။ သူတို့ရောက်လာကြပြီး ဟိတ်ကောင်တွေ ရေနွေးဆူပြီးလားမေးတော့တာပါပဲ။ ဆူနေတာကြာပြီလို့ဖြေတော့ ဒန်အိုးဖုံးဖွင့်ကွာဆိုလို့ဖွင့်ပေးလိုက်တယ်။

ဘာမပြောညာမပြောနဲ့ ဖမ်းလာတဲ့ သံချောင်ပုံးထဲကဖားတွေကို ရေနွေးအိုးထဲလောင်းထည်းလိုက်ကြတယ်။ ဖားတွေဟာအရှင်တွေဗျာ။ရေနွေးပူနဲ့တွေ့တော့ ဝုံးဒိုင်းနဲ့ အိုးထဲကနေ ပြန်ပြီးခုန်ထွက်ကြတဲ့ အကောင်တွေက ထွက်လို့ပေါ့။ရေနွေးအိုးထဲမှ ကားကနဲသေတဲ့အကောင်တွေကသေပေါ့။ပါးစပ်ကသွေးလိုလို အမြှုပ်တွေထွက်လို့။

ကျွန်တော်လည်း ဒီမြင်ကွင်းကိုတွေ့ပြီး လန့်သွားတယ်။အဲဒီမြင်ကွင်းကိုမြင်ပြီး ဖားသားဟာ ကနေ့အချိန်ထိ ပြတ်သွားတယ်။စားလည်းမစားဝံ့တော့ပါဘူးဗျာ။ တစ်ခါတုန်းက အဖြစ်တွေပေါ့။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၆)

 

 

“စားဖား”

မီးမ႐ွိတဲ့အရပ္ေဒသေတြအတြက္ မီးလာျခင္းမလာျခင္းဆိုတာက အေၾကာင္းလား။ရန္ကုန္အပါအဝင္ ေန႔စဥ္မီးလာခဲ့တဲ့ ေနရာေတြအေနနဲ႔ကေတာ့ မီးပ်က္ခ်ိန္ေတြမ်ားလာတာဟာ ေတာအရပ္သာသာလိုပါပဲလား။ ေန႔လည္းပူ၊ညလည္းအိုက္နဲ႔ သိပ္မမိုက္ဘူးလို႔ ေျပာရေတာ့မွာပဲ။

ဒီေတာ့သဘာတရားအရ မိုး႐ြာရင္အပူေလ်ာ့မွာမို႔ မိုး႐ြာဖို႔ကိုလည္းေတာင့္တမိတယ္။ အပူေတြျပင္းလြန္း လွရင္လည္း မိုးက႐ြာလာမွာပါ။ထစ္ခ်ဳန္းမိုးေတြေတာင္႐ြာႏိုင္ေသးတယ္။မိုးေတြ႐ြာၿပီဆိုရင္ေတာ့ ဖားေတြျမင္ရ ဖားသံေတြၾကားရဦးေတာ့မွာပါပဲ။ေဈးေတြထဲမွာဆို စားဖားႀကီးေတြ ေရာင္းၿပီေပါ့ဗ်ာ။

အင္း…စားဖားဆိုလို႔ တစ္ခါတုန္းက အျဖစ္ေလးေတြထဲ ဒီအေၾကာင္းေျပာခ်င္လာတယ္။ ဖားသားဟင္း ႀကိဳက္ခဲ့ဖူးတဲ့ ကြၽန္ေတာ္ ျဖစ္ရပ္တစ္ခုေၾကာင့္ ဖားသား မစားေတာ့တဲ့ အေၾကာင္းေလးေပါ့ဗ်ာ။

တစ္ခါတုန္းက ကြၽန္ေတာ့္ေမြးရပ္ အညာမွာေပါ့…

ကြၽန္ေတာ္တို႔ၿမိဳ႕မွာ ေမြးျမဴေရးစားဖားဆိုတာ မ႐ွိခဲ့ပါဘူး။မ႐ွိေသးဘူးထင္ပါတယ္။မိုးရာသီေရာက္မွ ထြက္ေပၚလာတဲ့ စားဖားေတြကိုပဲ ေဈးမွာေရာင္းၾကတာေတြ႕ရတယ္။ေဖေဖကသားငါးအစုံႀကိဳက္တယ္။ ေဈးသြားလို႔ ဖားေတြေတြ႕ရင္ဝယ္လာေတာ့တာပဲ။ၿပီးရင္ ပင္စိမ္းႏိုင္ႏိုင္ေလးနဲ႔ အိုးကပ္ေလးခ်က္တယ္။ ပင္စိမ္းႏိုင္ႏိုင္နဲ႔ဆိုေတာ့ ဟင္းဟာေမႊးေနေတာ့တာေပါ့။အေကာင္လိုက္ေလးေတြ။ စားဖို႔မရဲေပမယ့္ အနံ႔က ဆြဲေဆာင္ေနေတာ့ စားၾကည့္မိတာေပါ့။ အိုး..လႊတ္ေကာင္းဗ်ာ။

အသားတင္မကဘူး အ႐ိုးေလးေတြပါ ဝါးလို႔ရေတာ့ ႂကြပ္ႂကြပ္ ႂကြပ္ႂကြပ္နဲ႔ ေကာင္းေကာင္းစားခဲ့ေသးတာေပါ့။ ဒါေပမယ့္ဗ်ာ ျဖစ္ရပ္တစ္ခုက ဖားသားစားတဲ့အျဖစ္ကေန အခုခ်ိန္ထိရပ္စဲ သြားပါေတာ့တယ္။

ကြၽန္ေတာ္ငယ္ငယ္က စက္မႈလယ္ယာထြန္စက္စခန္းက ေျခာက္ခန္းတြဲဝန္ထမ္းလိုင္းခန္းမွာ ေနခဲ့ဘူးတယ္ဆိုတာကို ေဖာ္ျပခဲ့ၿပီးတဲ့ေဆာင္းပါးေတြမွာ ေရးခဲ့တယ္မို႔လား။ေတာင္ဘက္ဆုံးအခန္းမွာ ဦးထြန္းခင္နဲ႔ေဒၚႏြဲ႕ၾကည္တို႔လင္မယားေနတယ္။ သူတို႔မွာ ကိုစိုးထြန္း၊မိေဆြနဲ႔ စိုးမင္းထြန္းဆိုၿပီး သားသမီး သုံးေယာက္႐ွိတယ္။ကိုစိုးထြန္းနဲ႔ ကြၽန္ေတာ့အစ္ကို အႀကီးဆုံးက သူငယ္ခ်င္းေတြ။မိေဆြနဲ႔စိုးမင္းထြန္းက ကြၽန္ေတာ့နဲ႔ ကစားေဖာ္သူငယ္ခ်င္းေတြပါ။

တစ္ရက္ညပိုင္းမွာ ကြၽန္ေတာ့ အစ္ကိုႀကီးရယ္၊ကိုစိုးထြန္းရယ္ ေနာက္ၿပီးလိုင္းခန္းထဲက သူတို႔႐ြယ္တူ သူငယ္ခ်င္းေတြစုၿပီး ေဖာင္းကေတာေခ်ာင္းကို ဖားသြားေကာက္ၾကမယ္ဆိုၿပီး လုပ္ေနၾကတယ္။ သံေခ်ာင္ပုံး တစ္ေယာက္တစ္ပုံးစီနဲ႔ေပါ့။

ကိုစိုးထြန္းတို႔အိမ္မွာ က်န္ခဲ့တဲ့ ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြကို ေရေႏြးကို ထမင္းအိုးႀကီးနဲ႔ တည္ခိုင္းၿပီး ဓာတ္မီးအပါအဝင္ ေရနံဆီမီးခြက္ပုံးေလးနဲ႔ ထြက္သြားၾကတယ္။အဲဒီညက မိုး႐ြာၿပီးတဲ့ညေပါ့။ ေဖာင္းကေတာေခ်ာင္းဆိုတာ ကြၽန္ေတာ္တို႔ၿမိဳ႕ရဲ႕ေတာင္ဘက္မွာ႐ွိၿပီး သဲေခ်ာင္းအမ်ိဳးအစားပါ။ မိုး႐ြာေနတဲ့အခ်ိန္မွာေတာ့ အ႐ွိန္အဟုန္နဲ႔ ေရစီးအားေကာင္းတဲ့ေခ်ာင္းတစ္ေခ်ာင္းဆိုေပမယ့္ ေက်ာက္စရစ္နဲ႔ သဲခံေနတဲ့ ေခ်ာင္းျဖစ္ေတာ့ မိုး႐ြာၿပီးအခ်ိန္နဲနဲၾကာသြားၿပီဆိုရင္ ေရမ႐ွိေတာ့ပါဘူး။ အဲဒီေန႔ကေတာ့ မိုးက သည္းႀကီးမည္းႀကီး မဟုတ္ေပမယ့္ အေတာ္ေလးေတာ့ ႐ြာလိုက္တယ္။

ဒီလို႐ြာၿပီးရင္ အဲဒီသဲေခ်ာင္းမွာ စားဖားေတြထြက္ၿပီေပါ့။မီးအုပ္ေဆာင္းနဲ႔ အလင္းေပးေတာ့ ပိုးေကာင္ေလး ေတြက မီးအုပ္ေဆာင္းဆီလာတယ္။ဒါကိုဖားေတြက လာစားေတာ့ အဆင္သင့္ ေကာက္ထည့္႐ုံပါပဲ။ဒါမွမဟုတ္ တုတ္တိုေလးေတြနဲ႔ ႐ိုက္ၿပီး ဖားေကာက္ၾကပါတယ္။

အခ်ိန္အေတာ္ေလးၾကာေတာ့ သံေခ်ာင္ပုံးထဲမွာ ဖားေတြအေတာ္မ်ားမ်ားနဲ႔ ျပန္ေရာက္လာၾကတယ္။ သူတို႔ေရာက္လာၾကၿပီး ဟိတ္ေကာင္ေတြ ေရေႏြးဆူၿပီးလားေမးေတာ့တာပါပဲ။ ဆူေနတာၾကာၿပီလို႔ေျဖေတာ့ ဒန္အိုးဖုံးဖြင့္ကြာဆိုလို႔ဖြင့္ေပးလိုက္တယ္။

ဘာမေျပာညာမေျပာနဲ႔ ဖမ္းလာတဲ့ သံေခ်ာင္ပုံးထဲကဖားေတြကို ေရေႏြးအိုးထဲေလာင္းထည္းလိုက္ၾကတယ္။ ဖားေတြဟာအ႐ွင္ေတြဗ်ာ။ေရေႏြးပူနဲ႔ေတြ႕ေတာ့ ဝုံးဒိုင္းနဲ႔ အိုးထဲကေန ျပန္ၿပီးခုန္ထြက္ၾကတဲ့ အေကာင္ေတြက ထြက္လို႔ေပါ့။ေရေႏြးအိုးထဲမွ ကားကနဲေသတဲ့အေကာင္ေတြကေသေပါ့။ပါးစပ္ကေသြးလိုလို အျမႇဳပ္ေတြထြက္လို႔။

ကြၽန္ေတာ္လည္း ဒီျမင္ကြင္းကိုေတြ႕ၿပီး လန္႔သြားတယ္။အဲဒီျမင္ကြင္းကိုျမင္ၿပီး ဖားသားဟာ ကေန႔အခ်ိန္ထိ ျပတ္သြားတယ္။စားလည္းမစားဝံ့ေတာ့ပါဘူးဗ်ာ။ တစ္ခါတုန္းက အျဖစ္ေတြေပါ့။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Upcoming Property Events

imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service