အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး - Property Knowledge in Myanmar from iMyanmarHouse.com
2493 Views
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
Knowledge | Posted by Zarni Kyaw
[Unicode]
အပါယ်လေးပါး =အပါယ်ဆိုသည်မှာ ကောင်းမှုနှင့် မပြည့်စုံသော၊ကောင်းမှုကုသိုလ်များ ပြုခွင့်မရသော၊မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရနိုင်သော အရပ်ကိုခေါ်သည်။
(၁)ငရဲ= ချမ်းသာမှု အနည်းငယ်မျှမရှိဘဲ မီးတောက်မီးလျှံ၊ဓား၊လှံ၊စက်တို့၌ ခံရခြင်း(သဉ္ဇိုင်းငရဲ၊ကာလသုတ်ငရဲ၊အဝီစိငရဲ စသည်။)
(၂)တိရိစ္ဆာန်=တရားကိုမသိ၊စားခြင်း၊အိပ်ခြင်းနှင့် မေထုံမှီဝဲခြင်းတို့ကိုသာသိသော သတ္တဝါ။
(၃)ပြိတ္တာ=ချမ်းသာသုခမှကင်းဝေးသော သတ္တဝါ။
(၄)အသူရကာယ်= စည်းစိမ်ချမ်းသာ မြူးတူးခြင်းစသည်တို့မှ မမြူးတူး မထွန်းပတတ်သော သတ္တဝါ နေ့စံ၍ ညဉ့်ခံ၊ညဉ့်စံ၍ နေ့ခံရသော သတ္တဝါ။
ကပ်သုံးပါး =ကပ်သုံးပါးဆိုသည်မှာ ပျက်စီခြင်းကိုဆိုသည်။ ကမ္ဘာကြီး မပျက်စီးမီစပ်ကြား သေချင်းဆိုးနှင့်သေရခြင်း၊ပျက်စီခြင်းကိုဆိုလိုသည်။
(၁)သတ္တန္တရကပ်=သေစေတတ်သောဓား၊လှံ၊သေနတ်စသော လက်နက်တို့ဖြင့် အချင်းချင်းတိုက်ခိုက်ထိုးခုတ်၍ များစွာသေကြေပျက်စီးခြင်း။
(၂)ရောဂန္တရကပ်=ကူးစက်တတ်သော အနာရောဂါများ ကျရောက်သဖြင့် များစွာသေကြေပျက်စီးခြင်း။
(၃)ဒုဗ္ဘိက္ခ န္တရကပ်=အစာ ငတ်မွတ်ခေါင်းပါးခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း။
ရပ်ပြစ်ရှစ်ပါး (အပြစ်ရှိသောအရပ်)=မဂ်ဖိုကိုရခြင်းမှကင်းသောအရပ်၊မဂ်ဖိုလ်ရောက်အောင် တရားအား ထုတ်ခွင့် မရသော အရပ်ကို အပြစ်ရှိသောအရပ်ဟုခေါ်သည်။အခွင့်ကောင်းမဟုတ်သော ကာလဒေသဟုလည်းဆိုလိုသည်။
ဘုရားပွင့်နေတဲ့အခါ
(၁) ငရဲ=ချမ်းသာမှု အလျဉ်း မရှိသောအရပ်၌ ဖြစ်ရခြင်း။
(၂)တိရိစ္ဆာန်=မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တဝါဖြစ်ရခြင်း။
(၃)ပြိတ္တာ=အပါယ်လေးဘုံမှာ ဖြစ်နေခြင်း၊ချမ်းသာသုခမှကင်းဝေးသော သတ္တဝါဖြစ်ရခြင်း(အသူရကာယ်ပါဝင်သည်)
(၄)အသညဇော=ဘုရားပွင့်သည့်အခါ လွန်စွာ အသက်ရှည်ပြီး ဘုရားရှင်ကို မဖူးတွေ့နိုင်သည့် အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာ ဖြစ်နေခြင်း။
(၅)ပစ္စန္တရော=ရတနာသုံးပါမတည်၍ ရိုင်းစိုင်းသောအရပ်၊ဘုရားရှင်နှင့် ရဟန်းတော်များ မရောက်နိုင်ရာ အစွန်အဖျား ပစ္စန္တရစ် အရပ်တွင် ရောက်နေခြင်း။
(၆)ဝိကလိန္ဒြိယ=ပဋိသန္ဓေအားဖြင့် ကျိုး၊ကန်း၊ဆွံ့၊အ သောသူဖြစ်ရခြင်း။
(၇) မိစ္ဆာဒိဋ္ဌိ=မှားသောအယူကို ယူသော မိစ္ဆာဒိဋ္ဌိတက္ကဒွန်းဖြစ်ရခြင်း။
(၈)ဗုဒ္ဓသုညောတိဟောတုကော=ဘုရားသာသနာမရှိသော ကာလ၌ တိဟိတ်ပဋိသန္ဓေနေသောသူဖြစ်ရခြင်း။
မြတ်ဗုဒ္ဓသာသနာ့အခြေခံမှ.....
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဘုရားပွင့်နေတဲ့အခါ
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက်
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက်
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
Upcoming Property Events
From 25 Oct To 26 Oct
Magical World Apartment
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service