ပွင့်လင်းရာသီမှာ ခရီးသွားမယ့်သူတွေအတွက် အကောင်းဆုံး ပြည်တွင်းနေရာ (၃)ခု ? - Property Knowledge in Myanmar from iMyanmarHouse.com
789 Views
ပွင့်လင်းရာသီမှာ ခရီးသွားမယ့်သူတွေအတွက် အကောင်းဆုံး ပြည်တွင်းနေရာ (၃)ခု ?
Knowledge | Posted by Hnin Ei Khin
[Unicode]
အခုလို ပွင့်လင်းရာသီက အပန်းဖြေချင်သူတွေအတွက် ရွေးချယ်ချင်စရာ အကောင်းဆုံး ရာသီတစ်ခုပါ။
အဲဒါကြောင့် လူကြီးမင်းတို့အတွက် ခရီးစဉ်ရှာဖွေရ လွယ်ကူအောင် သွားရောက်လည်ပတ်သင့်တဲ့ ပြည်တွင်းနေရာ (၃)ခုအကြောင်း ပြောပြပေးပါရစေ။
၁. ချောင်းသာ
ကမ်းခြေမှာ အပန်းဖြေမယ့်သူတွေအတွက် ချောင်းသာဟာဆိုရင် အရွေးချယ်သင့်ဆုံးနေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။
လေတဖြူးဖြူးလေးကို ခံစားရင်း ကမ်းခြေအငွေ့အသက်က သင့်ရဲ့ စိတ်ကို ကြည်နူးအေးချမ်းသွားစေမှာပါ။
ပင်လယ်ရေပြင်က လတ်ဆတ်တဲ့ ရနံ့ကို ဖန်တီးပေးပြီး စိတ်ညစ်ညူးစရာမှန်သမျှ အဝေးသို့ ကင်းဝေးပပျောက်သွားစေပါလိမ့်မယ်။
ဒါကြောင့် အပန်းဖြေခြင်းအရသာကို သေချာခံစားချင်ရင် ချောင်းသာကိုသာ ရွေးချယ်လိုက်ပါ။
၂. ပုဂံ
သမိုင်းအမွေအနှစ် နေရာတစ်ခုရဲ့ အလှအပကို ခံစားလိုပြီး စေတီပုထိုးပေါင်းများစွာကို ဖူးမြော်လိုတယ်ဆိုရင်တော့ ပုဂံကိုသာ သွားရောက် လည်ပတ်လိုက်ပါ။
မြန်မာပြည်သူပြည်သားတိုင်း တစ်ကြိမ်တစ်ခါလောက်တော့ ရောက်ဖူးသင့်တဲ့ မြို့ဟာဆိုရင် ပုဂံပါပဲ။
ကမ္ဘာအလှပဆုံး နေရာများထဲက တစ်ခုအဖြစ် စာရင်းဝင်တဲ့ ပုဂံဟာ ဆိုရင် မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာ လှပမှုအပေါင်း ဝန်းရံနေဆဲပါ။
လည်ပတ်ဖို့ နေရာ ရှာဖွေတယ်ဆိုရင် အလှတရားကို ရှုစားဖို့ရာ ပုဂံကိုလည်း ရွေးချယ်သင့်ပါတယ်။
၃. ပြင်ဦးလွင်
အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဟာဆိုရင်လည်း အပန်းဖြေ ခရီးထွက်ဖို့ရာအတွက် အကောင်းဆုံး နေရာတစ်ခုပါ။
အရသာရှိတဲ့ တောင်ပေါ်ဒေသအစားအစာတွေနဲ့ ဆွဲဆောင်မှုအရှိဆုံးမြို့တစ်မြို့ဖြစ်ပြီး ဒေသထွက်ကုန်တွေဟာလည်း သဘောကျနှစ်ခြိုက်စရာတွေချည်းပါပဲ။
ပန်းမြို့တော်လို့ တင်စားရတဲ့ မြို့တစ်မြို့မို့ ပန်းပေါင်းစုံအလှကလည်း ရင်သပ်ရှုမောဖွယ် ဖြစ်စေပါလိမ့်မယ်။
အဲဒါကြောင့် ပြင်ဦးလွင်ဟာလည်း အလည်ပတ်သွားသင့်ဆုံး နေရာထဲမှာ ပါဝင်နေပြီး ထိပ်ဆုံးက ရပ်တည်နေခြင်းပါ။
ဒီ(၃)နေရာထဲမှာ သင်မရောက်ဖူးတဲ့ မြို့ပါဝင်နေရင် သွားရောက်လည်ပတ်ဖို့ရာ ညွှန်းဆိုလိုက်ပါရစေ။
တစ်ခါလောက်တော့ ရောက်ကိုရောက်ဖူးသင့်တဲ့ ဆွဲဆောင်မှုအရှိဆုံး မြန်မာ့အထင်ကရ မြို့တွေပါ။
လည်ပတ်ဖူးတယ်ဆိုရင်လည်း ထပ်သွားချင်မိတဲ့ မြို့တွေအဖြစ် ရင်ထဲအမြဲ တည်ရှိနေပါလိမ့်မယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
  [Zawgyi]
၁. ချောင်းသာ
၂. ပုဂံ
၃. ပြင်ဦးလွင်
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
Upcoming Property Events
From 10 May To 11 May
Mingalar Market
From 10 May To 11 May
Magical World Apartment
imyanmarmarket
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service