အတာသင်္ကြန်ပိတ်ရက်ရှည်များ ဒီလိုဖြတ်သန်းသွား - Property Knowledge in Myanmar from iMyanmarHouse.com
374 Views

အတာသင်္ကြန်ပိတ်ရက်ရှည်များ ဒီလိုဖြတ်သန်းသွား

Knowledge | Posted by Shwe Zin Win

[Unicode]

ဂိမာန်နွေဦး အတာကူးတဲ့ သင်္ကြန်ရာသီမှာ အတမ်းတအမက်မောဆုံးအရာတစ်ခုကိုပြောပါဆိုရင် သင်္ကြန်ပိတ်ရက်ရှည်တွေလို့ဖြေမိမှာအသေအချာပါ။

ကလေးဘဝတုန်းက နွေရာသီရောက်ပြီဆိုရင် စာလုပ်စရာမလိုဘဲစိတ်ကြိုက်ဆော့ကစားလို့ရတဲ့ သင်္ကြန်ကျောင်းပိတ်ရက်ရှည်တွေကိုအမြဲမျှော်ခဲ့သလို လုပ်ခန်းခွင်ဝင်ရတဲ့အရွယ်ရောက်ပြန်တော့လည်း ရှားရှားပါးပါးရတဲ့သင်္ကြန်ပိတ်ရက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ စဉ်းစားရင်းစိတ်လှုပ်ရှားပျော်ရွှင်ရပြန်တယ်။

လေရူးနဲ့အတူဝေ့ကာဝဲကာလွင့်ပါသွားတဲ့ရွက်ကြွေတွေကိုငေးရင်း သင်္ကြန်ပိတ်ရက်မှာဘာလုပ်ရင်ကောင်းမလဲလို့ လူတိုင်းစဉ်းစားဖူးကြမှာပါ။

ပတ်ဝန်းကျင်ကိုကြည့်ပြန်တော့လည်းအရာရာတိုင်းက ဆွေးစရာ ငေးစရာအပြည့်၊ သစ်ပင်အခြေမှာပြန့်ကြဲနေတဲ့ ရွက်ကြွေတွေရယ်၊ အလွမ်းဓာတ်ခံကို အရှိန်မြှင့်ပေးတဲ့ ဥဩငှက်သံလေးရယ်၊ အစီအရီနေရာယူထားတဲ့ မြစိမ်းရောင်ပုရစ်ဖူးလေးတွေရယ်၊ ရွှေရည်လူးထားတဲ့ ပိတောက်၊ငုဝါပွင့် ဝါဝါတွေရယ်၊ တိုးဝှေ့ကျီစယ်တိုက်ခတ်သွားတဲ့လေရူးလေးရယ်၊ ဒါတွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါ သင်္ကြန်ဆိုတဲ့အနှစ်သာရက ပိုပြီးပီပြင်လာတယ်။

ဒီလိုအနှစ်သာရပြည့်ဝတဲ့ သင်္ကြန်မှာ အခန်းထဲမှာတစ်နေကုန်အချိန်ကုန်သွားမယ့်အစား ဒီအချက်လေးတွေကိုလုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

 

 

၁။ အပန်းဖြေအနားယူပါ

 

 

သင်္ကြန်ပိတ်ရက်မှာ ပထမဆုံးလုပ်ရမယ့်အရာက အပန်းဖြေအနားယူဖို့ပါ။အလုပ်မှာ စိတ်ပင်ပန်း၊ လူပင်ပန်းခဲ့သမျှအားလုံးကို မေ့ထားပြီး ပထမဆုံးပြည့်ပြည့်ဝဝအနားယူလိုက်ပါ။ စောစောထစရာလည်းမလို ၊ အိပ်ရေးဝအောင်အိပ်ပြီး စိတ်ဖိစီးမှုတွေအားလုံးကို လျှော့ချလို့ရမယ့် အကောင်းဆုံးအချိန်ဖြစ်တာကြောင့် စိတ်ကိုအကြည်ဓာတ်လေးရအောင်မွေးမြူလိုက်ပါ။

 

၂။ စာအုပ်ဖတ်ပါ

 

နေ့စဉ်နဲ့အမျှ ကွန်ပျူတာ၊ဖုန်းစတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ Social Media တွေကို အမြဲတစေထိတွေ့အသုံးပြုနေတာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ ရေရှည်မှာထိခိုက်လာစေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် မျက်လုံးကို အနားပေးရာရောက်သလို စိတ်အာဟာရအတွက်လည်းအထောက်အကူပြုတဲ့ စာအုပ်လေးတွေကို ရွေးချယ်ဖတ်ကြည့်ပါ။ဖြစ်နိုင်မယ်ဆိုရင် E-books ၊ Audio Books တွေအစား တကယ့်စာရွက်လေးတွေကို လက်နဲ့ကိုယ်တိုင်ထိတွေ့ခံစားပြီး ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

 

၃။ ခရီးထွက်ပါ

 

 

နိစ္စဓူဝလည်ပတ်နေတဲ့အရာတွေကနေကွဲထွက်ပြီး အသစ်အဆန်းတွေကိုတွေ့ကြုံခံစားနိုင်တဲ့အတွက်ခရီးသွားခြင်းကလည်း စိတ်ကိုပျော်ရွှင်ပေါ့ပါးစေပါတယ်။သင်္ကြန်ကာလမှာ အပူရှောင်ဖို့အတွက် ရာသီဥတုသာယာလှပပြီး အပူသက်သာတဲ့ ကလော၊ အင်းလေးစတဲ့ တောင်ပေါ်ဒေသတွေကိုခရီးထွက်လို့ရသလို ထနောင်းဝေတဲ့ အညာနွေအလှကိုခံစားရင်း ကုသိုလ်ယူဘုရားဖူးဖို့အတွက်ဆိုရင်တော့ ပုဂံရဲ့တန်ခိုးကြီးဘုရားတွေကလည်း သင်္ကြန်တွင်းမှာ အချိန်ပေးဖူးမျှော်ဖို့သင့်တော်လှပါတယ်။ကမ်းခြေမှာ အပန်းဖြေဖို့ဆိုရင်တော့ လူကြိုက်များလည်ပတ်ကြတဲ့ ငပလီ၊ ငွေဆောင်စတဲ့ ကမ်းခြေတွေကို ရွေးချယ်နိုင်ပါတယ်။

 

၄။ မိသားစုနဲ့အချိန်ဖြုန်းပါ

 

 

တန်ဖိုးရှိတဲ့အချိန်အပိုင်းအခြားလေးတွေကို ချစ်ရတဲ့သူတွေကပဲဖန်တီးပေးနိုင်တယ်လို့ပြောကြတယ်။ အသက်ကြီးလာတာနဲ့ အမျှ ချစ်ရတဲ့မိသားစုကို အချိန်မပေးဖြစ်တော့ဘူးဆိုရင် ဒီသင်္ကြန်ပိတ်ရက်မှာ မိသားစုနဲ့ မုန့်လုပ်စားတာပဲဖြစ်ဖြစ်၊ စကားစမြည်ပြောတာပဲဖြစ်ဖြစ် သေးသေးမွှားမွှားလေးတွေကအစအတူတူကုန်ဆုံးကြည့်ပါ။အခိုက်အတန့်တိုင်းက ဘဝအတွက် အမှတ်ရစရာတွေဖြစ်လာပါလိမ့်မယ်။

 

၅။ အိမ်သန့်ရှင်းရေးလုပ်ပါ

 

 

ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်က သန့်ရှင်းသပ်ရပ်မှုမရှိဘဲ ရှုပ်ပွနေမယ်ဆိုရင် စိတ်ကလည်းအလိုလိုရှုပ်ထွေးပြီး ညစ်လာတတ်ပါတယ်။အချိန်မပေးအားသေးလို့ အခန်းမရှင်းဖြစ်သေးဘူး၊ အိမ်မရှင်းဖြစ်သေးဘူးဆိုရင် သင်္ကြန်ပိတ်ရက်တွေက အရှုပ်တွေရှင်းဖို့ ကောင်းကောင်းကြီး လုံလောက်ပါတယ်။ရှင်းရတဲ့အချိန်သာပင်ပန်းပေမဲ့ ပြီးသွားတဲ့အချိန်မှာ သပ်ရှင်းသပ်ရပ်နေတဲ့အခန်းလေးကိုတစိမ့်စိမ့်ကြည့်ပြီး ရလာတဲ့ပီတိက ကိုယ့်အတွက်အမြတ်ပါပဲ။

ဒီလောက်ဆိုရင်တော့ သင်္ကြန်ပိတ်ရက်ရှည်ကြီးမှာ ကြောင်ပျောက်မနေဘဲ အပေါ်ကအချက်လေးတွေအတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလို့ရပြီနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အတာသႀကၤန္ပိတ္ရက္႐ွည္မ်ား ဒီလိုျဖတ္သန္းသြား

 

ဂိမာန္ေႏြဦး အတာကူးတဲ့ သႀကၤန္ရာသီမွာ အတမ္းတအမက္ေမာဆုံးအရာတစ္ခုကိုေျပာပါဆိုရင္ သႀကၤန္ပိတ္ရက္႐ွည္ေတြလို႔ေျဖမိမွာအေသအခ်ာပါ။

ကေလးဘဝတုန္းက ေႏြရာသီေရာက္ၿပီဆိုရင္ စာလုပ္စရာမလိုဘဲစိတ္ႀကိဳက္ေဆာ့ကစားလို႔ရတဲ့ သႀကၤန္ေက်ာင္းပိတ္ရက္႐ွည္ေတြကိုအၿမဲေမွ်ာ္ခဲ့သလို လုပ္ခန္းခြင္ဝင္ရတဲ့အ႐ြယ္ေရာက္ျပန္ေတာ့လည္း ႐ွား႐ွားပါးပါးရတဲ့သႀကၤန္ပိတ္ရက္ေတြကို ဘယ္လိုအသုံးခ်ရမလဲဆိုတာ စဥ္းစားရင္းစိတ္လႈပ္႐ွားေပ်ာ္႐ႊင္ရျပန္တယ္။

ေလ႐ူးနဲ႔အတူေဝ့ကာဝဲကာလြင့္ပါသြားတဲ့႐ြက္ေႂကြေတြကိုေငးရင္း သႀကၤန္ပိတ္ရက္မွာဘာလုပ္ရင္ေကာင္းမလဲလို႔ လူတိုင္းစဥ္းစားဖူးၾကမွာပါ။

ပတ္ဝန္းက်င္ကိုၾကည့္ျပန္ေတာ့လည္းအရာရာတိုင္းက ေဆြးစရာ ေငးစရာအျပည့္၊ သစ္ပင္အေျခမွာျပန္႔ႀကဲေနတဲ့ ႐ြက္ေႂကြေတြရယ္၊ အလြမ္းဓာတ္ခံကို အ႐ွိန္ျမႇင့္ေပးတဲ့ ဥဩငွက္သံေလးရယ္၊ အစီအရီေနရာယူထားတဲ့ ျမစိမ္းေရာင္ပုရစ္ဖူးေလးေတြရယ္၊ ေ႐ႊရည္လူးထားတဲ့ ပိေတာက္၊ငုဝါပြင့္ ဝါဝါေတြရယ္၊ တိုးေဝွ႔က်ီစယ္တိုက္ခတ္သြားတဲ့ေလ႐ူးေလးရယ္၊ ဒါေတြအားလုံးကိုေပါင္းစပ္လိုက္တဲ့အခါ သႀကၤန္ဆိုတဲ့အႏွစ္သာရက ပိုၿပီးပီျပင္လာတယ္။

ဒီလိုအႏွစ္သာရျပည့္ဝတဲ့ သႀကၤန္မွာ အခန္းထဲမွာတစ္ေနကုန္အခ်ိန္ကုန္သြားမယ့္အစား ဒီအခ်က္ေလးေတြကိုလုပ္ၾကည့္ဖို႔ အၾကံျပဳလိုက္ပါတယ္။

 

၁။ အပန္းေျဖအနားယူပါ

သႀကၤန္ပိတ္ရက္မွာ ပထမဆုံးလုပ္ရမယ့္အရာက အပန္းေျဖအနားယူဖို႔ပါ။အလုပ္မွာ စိတ္ပင္ပန္း၊ လူပင္ပန္းခဲ့သမွ်အားလုံးကို ေမ့ထားၿပီး ပထမဆုံးျပည့္ျပည့္ဝဝအနားယူလိုက္ပါ။ ေစာေစာထစရာလည္းမလို ၊ အိပ္ေရးဝေအာင္အိပ္ၿပီး စိတ္ဖိစီးမႈေတြအားလုံးကို ေလွ်ာ့ခ်လို႔ရမယ့္ အေကာင္းဆုံးအခ်ိန္ျဖစ္တာေၾကာင့္ စိတ္ကိုအၾကည္ဓာတ္ေလးရေအာင္ေမြးျမဴလိုက္ပါ။

 

၂။ စာအုပ္ဖတ္ပါ

ေန႔စဥ္နဲ႔အမွ် ကြန္ပ်ဴတာ၊ဖုန္းစတဲ့ အီလက္ထေရာနစ္ပစၥည္းေတြနဲ႔ Social Media ေတြကို အၿမဲတေစထိေတြ႕အသုံးျပဳေနတာက ခႏၶာကိုယ္က်န္းမာေရးအတြက္ေရာ စိတ္က်န္းမာေရးအတြက္ပါ ေရ႐ွည္မွာထိခိုက္လာေစပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္က်န္းမာေရးအတြက္ မ်က္လုံးကို အနားေပးရာေရာက္သလို စိတ္အာဟာရအတြက္လည္းအေထာက္အကူျပဳတဲ့ စာအုပ္ေလးေတြကို ေ႐ြးခ်ယ္ဖတ္ၾကည့္ပါ။ျဖစ္ႏိုင္မယ္ဆိုရင္ E-books ၊ Audio Books ေတြအစား တကယ့္စာ႐ြက္ေလးေတြကို လက္နဲ႔ကိုယ္တိုင္ထိေတြ႕ခံစားၿပီး ဖတ္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

 

၃။ ခရီးထြက္ပါ

နိစၥဓူဝလည္ပတ္ေနတဲ့အရာေတြကေနကြဲထြက္ၿပီး အသစ္အဆန္းေတြကိုေတြ႕ၾကဳံခံစားႏိုင္တဲ့အတြက္ ခရီးသြားျခင္းကလည္း စိတ္ကိုေပ်ာ္႐ႊင္ေပါ့ပါးေစပါတယ္။သႀကၤန္ကာလမွာ အပူေ႐ွာင္ဖို႔အတြက္ ရာသီဥတုသာယာလွပၿပီး အပူသက္သာတဲ့ ကေလာ၊ အင္းေလးစတဲ့ ေတာင္ေပၚေဒသေတြကိုခရီးထြက္လို႔ရသလို ထေနာင္းေဝတဲ့ အညာေႏြအလွကိုခံစားရင္း ကုသိုလ္ယူဘုရားဖူးဖို႔အတြက္ဆိုရင္ေတာ့ ပုဂံရဲ႕တန္ခိုးႀကီးဘုရားေတြကလည္း သႀကၤန္တြင္းမွာ အခ်ိန္ေပးဖူးေမွ်ာ္ဖို႔သင့္ေတာ္လွပါတယ္။ကမ္းေျခမွာ အပန္းေျဖဖို႔ဆိုရင္ေတာ့ လူႀကိဳက္မ်ားလည္ပတ္ၾကတဲ့ ငပလီ၊ ေငြေဆာင္စတဲ့ ကမ္းေျခေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။

 

၄။ မိသားစုနဲ႔အခ်ိန္ျဖဳန္းပါ

တန္ဖိုး႐ွိတဲ့အခ်ိန္အပိုင္းအျခားေလးေတြကို ခ်စ္ရတဲ့သူေတြကပဲဖန္တီးေပးႏိုင္တယ္လို႔ေျပာၾကတယ္။ အသက္ႀကီးလာတာနဲ႔ အမွ် ခ်စ္ရတဲ့မိသားစုကို အခ်ိန္မေပးျဖစ္ေတာ့ဘူးဆိုရင္ ဒီသႀကၤန္ပိတ္ရက္မွာ မိသားစုနဲ႔ မုန္႔လုပ္စားတာပဲျဖစ္ျဖစ္၊ စကားစျမည္ေျပာတာပဲျဖစ္ျဖစ္ ေသးေသးမႊားမႊားေလးေတြကအစအတူတူကုန္ဆုံးၾကည့္ပါ။အခိုက္အတန္႔တိုင္းက ဘဝအတြက္ အမွတ္ရစရာေတြျဖစ္လာပါလိမ့္မယ္။

 

၅။ အိမ္သန္႔႐ွင္းေရးလုပ္ပါ

ကိုယ္ေနထိုင္တဲ့ပတ္ဝန္းက်င္က သန္႔႐ွင္းသပ္ရပ္မႈမ႐ွိဘဲ ႐ႈပ္ပြေနမယ္ဆိုရင္ စိတ္ကလည္းအလိုလို႐ႈပ္ေထြးၿပီး ညစ္လာတတ္ပါတယ္။အခ်ိန္မေပးအားေသးလို႔ အခန္းမ႐ွင္းျဖစ္ေသးဘူး၊ အိမ္မ႐ွင္းျဖစ္ေသးဘူးဆိုရင္ သႀကၤန္ပိတ္ရက္ေတြက အ႐ႈပ္ေတြ႐ွင္းဖို႔ ေကာင္းေကာင္းႀကီး လုံေလာက္ပါတယ္။႐ွင္းရတဲ့အခ်ိန္သာပင္ပန္းေပမဲ့ ၿပီးသြားတဲ့အခ်ိန္မွာ သပ္႐ွင္းသပ္ရပ္ေနတဲ့အခန္းေလးကိုတစိမ့္စိမ့္ၾကည့္ၿပီး ရလာတဲ့ပီတိက ကိုယ့္အတြက္အျမတ္ပါပဲ။

ဒီေလာက္ဆိုရင္ေတာ့ သႀကၤန္ပိတ္ရက္႐ွည္ႀကီးမွာ ေၾကာင္ေပ်ာက္မေနဘဲ အေပၚကအခ်က္ေလးေတြအတိုင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းလို႔ရၿပီေနာ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service