ပိုင်ဆိုင်မှုစာချုပ်များကြားက မြေကွက် ဝယ်ရခပ်ခက်ခက် - Property Knowledge in Myanmar from iMyanmarHouse.com
871 Views

ပိုင်ဆိုင်မှုစာချုပ်များကြားက မြေကွက် ဝယ်ရခပ်ခက်ခက်

Knowledge | Posted by Zarni Kyaw

[Unicode]

 

အခုတလော အိမ်ခြံမြေဈေးကွက် ငြိမ်နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်း တန်ဖိုးကြီး အိမ်ခြံမြေ အရောင်းအဝယ်တွေကတော့ လှုပ်လှုပ်ရှားရှား ရှိနေဆဲပါ။ တန်ဖိုးကြီး မြေဆိုကတည်းက ရှင်းရှင်းလင်းလင်းနဲ့ ဝယ်လို့ရတာ နည်းပါတယ်။ နှစ်ကြာလာတဲ့ မြေဖြစ်လေ နောက်ကြောင်း ရာဇဝင်တွေလည်း ပေရှည်လေ ပါပဲ။ ရော့ မြေနဲ့အိမ်အပ်လိုက်ပြီ လက်ငင်းချက်ခြင်းငွေချေတော့ ဆိုတာမျိုးက တော့ရှားပါတယ်။ အခန်းဆက်ရုပ်ရှင်ကြည့်ရသလို ရင်တထိပ်ထိပ်နဲ့ စောင့်ကြည့်ရတာလေ…..

မကြာသေးခင်က မောင်ကောင်းဖေရဲ့ မိတ်ဆွေတစ်ဦး အင်းစိန် ပိန္နဲကုန်းရပ်ကွက်မှာ မြေနှင့်အိမ်ဝယ်ချင်လို့ လာခဲ့ပေးပါ ဆိုတာနဲ့ မောင်ကောင်းဖေ အရောက်သွားခဲ့ရပါတယ်။ ရောင်းတဲ့ ပိုင်ရှင်တွေကလည်း ဝယ်မဲ့သူရဲ့ အိမ်မှာ အဆင်သင့်စောင့်နေကြပါတယ်။ ရောင်းသူဝယ်သူနှစ်ဘက်ဈေးညှိပြီး ဖြစ်တာကြောင့် ရောင်းသူများက ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို မောင်ကောငမ်းဖေ ကို ထုတ်ပြပါတယ်။

ရန်ကုန်-အင်းစိန် ပိန္နဲကုန်းရပ်ကွက်က မြို့တည်လာတာကြာပြီဖြစ်လို့ မောင်ကောင်းဖေ မြင်တွေ့နေကျ စလစ်၊ ပါမစ်၊ ဂရန်မြေမျိုး မဟုတ်ပဲ။ ဘိုးဘပိုင်မြေမျိုးဖြစ်နေတာကိုတွေ့ရပါတယ်။ ဘိုးဘပိုင်မြေမျိုးက ပါမစ်စာရွက်ပြပါ ။ အနှစ် (၆၀) ဂရန်ပြပါ ဆိုပြီးတောင်းကြည့်လို့ရတာ မျိုးမဟုတ်ဘူးလေ။ ဒါနဲ့ ထုတ်ပြတဲ့စာရွက်စာတမ်းတွေ ကြည့်ကတည်းက မြေအမည်ပေါက်သူရဲ့ မြေခွန်ပြေစာတွေ မြေအရောင်းအဝယ်ကတိစာချုပ် အဆက်အစပ်တွေနဲ့ မှတ်ပုံတင်စာချုပ်ထားတဲ့ မြေကွက်အရောင်းအဝယ်စာချုပ် တွေကိုတွေ့ရပါတယ်။

မြေအမည်ပေါက် သူတွေရဲ့့ အမည်ကို ဖတ်ကြည့်လိုက်တဲ့အခါ ဗမာအမည်ပေါက်မဟုတ်ပဲ လူမျိုးခြား အမည်ပေါက်နာမည်တွေဖြစ်နေတာကို တွေ့ရတယ်။

နာမည်တွေကလည်းများလိုက်တာ (၆၀) ကျော်တောင်ရှိတယ်။ မြေအကျယ်ကလည်း (၉) ဧက လောက်ရှိတယ်။ အခုတော့ဖြင့် အမွေဆက်ခံတဲ့ သားသမီး မြေးမြစ်တွေက (၂၀’ x ၆၀’) (၄၀ x ၆၀) စသဖြင့် အဆင့်ဆင့်ခွဲစိပ်ပြီးရောင်းချသွားကြလို့ မြန်မာနာမည်ပေါက်တွေလည်း များလာပါပြီ။

မောင်ကောင်းဖေ အခုဝယ်မယ့် မြေနဲ့ အိမ်က ဗမာပိုင်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုရောင်းမယ့်သူက သူပိုင်တဲ့ မြေနှင့်အိမ်ကို မြေနှင့်အိမ်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး မှတ်ပုံတင်ထားခဲ့ပေမဲ့။ အမည်မပြောင်းပဲ တန်းလန်းထားတဲ့အတွက် ဝယ်တဲ့သူတွေအတွက် အခက်အခဲနဲ့ကြုံရပါတော့တယ်။

တကယ်တန်း အရောင်းအဝယ်လုပ်တဲ့အခါမှာ ဝယ်သူဘက်က စိတ်ညစ်ရသလို ရောင်းသူဘက်ကလည်း စိတ်ပျက်စရာတွေနဲ့ ကြုံပါတော့တယ်။ ဘာကြောင့်လည်း မေးစရာရှိပါတယ်။ ဝယ်သူဘက်က စရန်ငွေပေးပြီးတာနဲ့ ရောင်းသူဘက်က အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြို့တော် စည်ပင်မြေစီမံဌာနမှာ အရောင်းမြေပုံ ကူးပေးရပါတယ်။ အရောင်းမြေပုံ ထုတ်ပေးဖို့အတွက် ရောင်းသူရဲ့ တာဝန်လေ။

အဲဒီမှာ စပြီး စိတ်ညစ်ရတော့တာပါပဲ။ မြေက ရောင်းသူပိုင်မြေဖြစ်ပေမဲ့ အမည်ပေါ်က်တဲ့အထိ မလုပ်မိခဲ့တဲ့အတွက် ကြောင့် စည်ပင်မှာ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် အရောင်းမြေပုံ ကူးဖို့အတွက် မြေအမည်ပေါက်ကိုရှာရပြီလေ။ မြေအမည်ပေါက်က်ို ရန်ကုန်မြို့တွင်းမှာ ရှာတွေပေမဲ့ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ခန့်က မြေအမည်ပေါက် (၆) ဦးမဟုတ်တော့ဘူး။ သူတို့ရဲ့ အမွေကိုဆက်ခံခဲ့တဲ့ ဇနီး။ သားသမီး မြေးဖြစ်နေတာကို တွေ့ရပါတော့တယ်။

အဲဒီ အမွေဆက်ခံခဲ့သူတွေကလည်း အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်လုပ်ထားပြီး အမည်ပြောင်းထားတာ မတွေ့ရဘူး။ မြေအမည်ပေါက် (၆)ဦးရဲ့ ဇနီး၊ သားသမီး မြေး ၊ မြစ် စသည်တို့က ပိုင်ဆိုင်ကြောင်း စာချုပ် အဆက်အစပ်လုပ်ပြီး ကိုင်ထားကြတော့ ၊ တကယ်တမ်း အရောင်းမြပုံကူးပေးဖို့ စည်ပင်မြေယာဌာနကို ခေါ်လိုက်တဲ့အခါ အမွေဆက်ခံသူ (၄၀)ကျော် ကိုယ်စား ၎င်းတို့ထံက အထွေထွေကိုယ်စားလှယ်လွှဲစာ (GP) ယူထားသူတစ်ဦးက အထပ်လိုက် ပိုင်ဆိုင်ကြောင်း စာချုပ်အဆက်အစပ်တွေကိုကိုင်ပြီး မြေစီမံဌာနမှူး ထံမှာ လာပြပေးတယ်လေ။

မောင်ကောင်းဖေ လည်း ပိုင်ဆိုင်ကြောင်း စာချုပ်အဆက်အစပ်တွေကို ကိုယ်စားလှယ်လွှဲစာ ယူထားသူကလာပြမှပဲ ဒီလောက်များမှန်းသိရတော့တယ်။ မျိုးဆက်တွေဘယ်လောက်တိုးပွားပေမဲ့ စည်ပင်မြို့မြေစာရင်းမှာတော့ သူတို့ကိုအမွေပေးခဲ့တဲ့ ကျေးဇူးရှင်ဘိုးဘ (၆) ဦးရဲ့ အမည်ပေါက်ပဲရှိနေပါသေးတယ်။ ဒီလိုပိုင်ဆိုင်ကြောင်းစာချုပ်တွေကြည့်ပြီး မောင်ကောင်းဖေ လည်း အတော်အံ့သြသွားတယ်။ စိတ်ထဲမှာလည်း ဒီလို ဘိုးဘပ်ိုင်မြေဝယ်ရတာ မလွယ်ပါလားလို့ တွေးနေမိပါတယ်။

ရောင်းသူအနေနဲ့ သူဝယ်ယူစဉ်က မှတ်ပုံတင် မြေကွက်အရောင်းအဝယ်စာချုပ်ချုပ်ပြီးတာနဲ့ အမည်ပြောင်းခဲ့ရင် အခုလို မူလအမည်ပေါက်သူရဲ့ အမွေဆက်ခံသူတွေကို ခေါ်နေစရာ မလိုပါဘူး။ ဘိုးဘပိုင်မြေရဲ့ သဘောက ဝယ်ပြီး အမည်မပြောင်းခဲ့ရင် နောက်တစ်ဦးကို ရောင်းရင်ပဲဖြစ်ဖြစ် မေတ္တာနဲ အပိုင်ပေးရင်ပဲဖြစ်ဖြစ် မြေပုံကူးတဲ့အခါ မူလ အမည်ပေါက်ကို ပြန်ခေါ်ရပါတယ်။

ဘာကြောင့်လဲဆိုတော့ မြို့မြေစာရင်းမှာ မိမိအမည်မဖောက်ခဲ့လို့ပါပဲ။ အမည်မဖောက်တဲ့အတွက် စည်ပင်မှာမြေပုံကူးရင်းလည်း ပိုင်ဆိုင်ကြောင်းစာချုပ်စာတမ်းတွေပြဖို့ မူလအမည်ပေါက်တွေကို ခေါ်ပြခိုင်းရသလို အခွန်ဆောင်ချင်တာတို့ မြေကွက်အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်တဲ့အခါ တို့ စည်ပင်မှာ မိမိအမည်ပြောင်းတဲ့အခါတို့မှာလည်း မူလအမည်ပေါက်သူတို့ရဲ့ အမွေဆက်ခံသူတွေကို အကြိမ်ကြိမ် အခါခါ ခေါ်ပြီး ပိုင်ဆိုင်ကြောင်း စာချုပ်တွေပြပေးဖို့ အကူအညီတောင်းရပါတယ်။

ဒါကြောင့် ဒီလိုမူလအမည်ပေါက်သူတွေကို အကြ်ိမ်ကြိမ်အခါခါ ခေါ်ရတဲ့ဘေးမှ လွတ်ကင်းချင်ရင်တော့ ဘိုးဘပိုင်မြေဝယ်ရင် ဝယ်သူအမည်ပေါက် ဖြစ်လာတဲ့အထိ ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ရွှင်လန်းကျန်းမာသုခအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ပိုင္ဆိုင္မႈစာခ်ဳပ္မ်ားၾကားက ေျမကြက္ ဝယ္ရခပ္ခက္ခက္

 

အခုတေလာ အိမ္ျခံေျမေဈးကြက္ ျငိမ္ေနတာကိုေတြ႕ရပါတယ္။ ဒါေပမဲ့လည္း တန္ဖိုးၾကီး အိမ္ျခံေျမ အေရာင္းအဝယ္ေတြကေတာ့ လႈပ္လႈပ္ရွားရွား ရွိေနဆဲပါ။ တန္ဖိုးၾကီး ေျမဆိုကတည္းက ရွင္းရွင္းလင္းလင္းနဲ႕ ဝယ္လို႔ရတာ နည္းပါတယ္။ နွစ္ၾကာလာတဲ့ ေျမျဖစ္ေလ ေနာက္ေၾကာင္း ရာဇဝင္ေတြလည္း ေပရွည္ေလ ပါပဲ။ ေရာ့ ေျမနဲ႕အိမ္အပ္လိုက္ျပီ လက္ငင္းခ်က္ျခင္းေငြေခ်ေတာ့ ဆိုတာမ်ိဳးက ေတာ့ရွားပါတယ္။ အခန္းဆက္ရုပ္ရွင္ၾကည့္ရသလို ရင္တထိပ္ထိပ္နဲ႕ ေစာင့္ၾကည့္ရတာေလ…..

မၾကာေသးခင္က ေမာင္ေကာင္းေဖရဲ႕ မိတ္ေဆြတစ္ဦး အင္းစိန္ ပိႏၷဲကုန္းရပ္ကြက္မွာ ေျမနွင့္အိမ္ဝယ္ခ်င္လို႕ လာခဲ့ေပးပါ ဆိုတာနဲ႕ ေမာင္ေကာင္းေဖ အေရာက္သြားခဲ့ရပါတယ္။ ေရာင္းတဲ့ ပိုင္ရွင္ေတြကလည္း ဝယ္မဲ့သူရဲ႕ အိမ္မွာ အဆင္သင့္ေစာင့္ေနၾကပါတယ္။ ေရာင္းသူဝယ္သူနွစ္ဘက္ေဈးညွိျပီး ျဖစ္တာေၾကာင့္ ေရာင္းသူမ်ားက ပိုင္ဆိုင္မႈ စာရြက္စာတမ္းမ်ားကို ေမာင္ေကာငမ္းေဖ ကို ထုုတ္ျပပါတယ္။

ရန္ကုန္-အင္းစိန္ ပိႏၷဲကုန္းရပ္ကြက္က ျမိဳ႕တည္လာတာၾကာျပီျဖစ္လို႕ ေမာင္ေကာင္းေဖ ျမင္ေတြ႕ေနက် စလစ္၊ ပါမစ္၊ ဂရန္ေျမမ်ိဳး မဟုတ္ပဲ။ ဘိုးဘပိုင္ေျမမ်ိဳးျဖစ္ေနတာကိုေတြ႕ရပါတယ္။ ဘိုးဘပိုင္ေျမမ်ိဳးက ပါမစ္စာရြက္ျပပါ ။ အနွွစ္ (၆၀) ဂရန္ျပပါ ဆိုျပီးေတာင္းၾကည့္လို႕ရတာ မ်ိဳးမဟုတ္ဘူးေလ။ ဒါနဲ႕ ထုတ္ျပတဲ့စာရြက္စာတမ္းေတြ ၾကည့္ကတည္းက ေျမအမည္ေပါက္သူရဲ႕ ေျမခြန္ေျပစာေတြ ေျမအေရာင္းအဝယ္ကတိစာခ်ဳပ္ အဆက္အစပ္ေတြနဲ႕ မွတ္ပံုတင္စာခ်ဳပ္ထားတဲ့ ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္ ေတြကိုေတြ႕ရပါတယ္။

ေျမအမည္ေပါက္ သူေတြရဲ႔႕ အမည္ကို ဖတ္ၾကည့္လိုက္တဲ့အခါ ဗမာအမည္ေပါက္မဟုတ္ပဲ လူမ်ိဳးျခား အမည္ေပါက္နာမည္ေတြျဖစ္ေနတာကို ေတြ႔ရတယ္။

နာမည္ေတြကလည္းမ်ားလိုက္တာ (၆၀) ေက်ာ္ေတာင္ရွိတယ္။ ေျမအက်ယ္ကလည္း (၉) ဧက ေလာက္ရွိတယ္။ အခုေတာ့ျဖင့္ အေမြဆက္ခံတဲ့ သားသမီး ေျမးျမစ္ေတြက (၂၀’ x ၆၀’) (၄၀ x ၆၀) စသျဖင့္ အဆင့္ဆင့္ခြဲစိပ္ျပီးေရာင္းခ်သြားၾကလို႔ ျမန္မာနာမည္ေပါက္ေတြလည္း မ်ားလာပါျပီ။

ေမာင္ေကာင္းေဖ အခုဝယ္မယ့္ ေျမနဲ႕ အိမ္က ဗမာပိုင္ျဖစ္ပါတယ္။ ဒါေပမဲ့ အခုေရာင္းမယ့္သူက သူပိုင္တဲ့ ေျမနွင့္အိမ္ကို ေျမနွင့္အိမ္အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုျပီး မွတ္ပံုတင္ထားခဲ့ေပမဲ့။ အမည္မေျပာင္းပဲ တန္းလန္းထားတဲ့အတြက္ ဝယ္တဲ့သူေတြအတြက္ အခက္အခဲနဲ႕ၾကံဳရပါေတာ့တယ္။

တကယ္တန္း အေရာင္းအဝယ္လုပ္တဲ့အခါမွာ ဝယ္သူဘက္က စိတ္ညစ္ရသလို ေရာင္းသူဘက္ကလည္း စိတ္ပ်က္စရာေတြနဲ႕ ၾကံဳပါေတာ့တယ္။ ဘာေၾကာင့္လည္း ေမးစရာရွိပါတယ္။ ဝယ္သူဘက္က စရန္ေငြေပးျပီးတာနဲ႕ ေရာင္းသူဘက္က အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုရန္အတြက္ ျမိဳ႕ေတာ္ စည္ပင္ေျမစီမံဌာနမွာ အေရာင္းေျမပံု ကူးေပးရပါတယ္။ အေရာင္းေျမပံု ထုတ္ေပးဖို႕အတြက္ ေရာင္းသူရဲ႕ တာဝန္ေလ။

အဲဒီမွာ စျပီး စိတ္ညစ္ရေတာ့တာပါပဲ။ ေျမက ေရာင္းသူပိုင္ေျမျဖစ္ေပမဲ့ အမည္ေပါ္က္တဲ့အထိ မလုပ္မိခဲ့တဲ့အတြက္ ေၾကာင့္ စည္ပင္မွာ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ အေရာင္းေျမပံု ကူးဖို႕အတြက္ ေျမအမည္ေပါက္ကိုရွာရျပီေလ။ ေျမအမည္ေပါက္က္ို ရန္ကုန္ျမိဳ႕တြင္းမွာ ရွာေတြေပမဲ့ လြတ္လပ္ေရးရျပီး ၁၉၄၈ ခုနွစ္ ခန္႕က ေျမအမည္ေပါက္ (၆) ဦးမဟုတ္ေတာ့ဘူး။ သူတို႕ရဲ႕ အေမြကိုုဆက္ခံခဲ့တဲ့ ဇနီး။ သားသမီး ေျမးျဖစ္ေနတာကို ေတြ႕ရပါေတာ့တယ္။

အဲဒီ အေမြဆက္ခံခဲ့သူေတြကလည္း အေမြဆက္ခံ ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္လုပ္ထားျပီး အမည္ေျပာင္းထားတာ မေတြ႕ရဘူး။ ေျမအမည္ေပါက္ (၆)ဦးရဲ႕ ဇနီး၊ သားသမီး ေျမး ၊ ျမစ္ စသည္တို႕က ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ အဆက္အစပ္လုပ္ျပီး ကိုင္ထားၾကေတာ့ ၊ တကယ္တမ္း အေရာင္းျမပံုကူးေပးဖို႕ စည္ပင္ေျမယာဌာနကို ေခၚလိုက္တဲ့အခါ အေမြဆက္ခံသူ (၄၀)ေက်ာ္ ကိုယ္စား ၄င္းတို႕ထံက အေထြေထြကိုယ္စားလွယ္လႊဲစာ (GP) ယူထားသူတစ္ဦးက အထပ္လိုက္ ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္အဆက္အစပ္ေတြကိုကိုင္ျပီး ေျမစီမံဌာနမွဴး ထံမွာ လာျပေပးတယ္ေလ။

ေမာင္ေကာင္းေဖ လည္း ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္အဆက္အစပ္ေတြကို ကိုယ္စားလွယ္လႊဲစာ ယူထားသူကလာျပမွပဲ ဒီေလာက္မ်ားမွန္းသိရေတာ့တယ္။ မ်ိဳးဆက္ေတြဘယ္ေလာက္တိုးပြားေပမဲ့ စည္ပင္ျမိဳ႕ေျမစာရင္းမွာေတာ့ သူတို႕ကိုအေမြေပးခဲ့တဲ့ ေက်းဇူးရွင္ဘိုးဘ (၆) ဦးရဲ႕ အမည္ေပါက္ပဲရွိေနပါေသးတယ္။ ဒီလိုပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ေတြၾကည့္ျပီး ေမာင္ေကာင္းေဖ လည္း အေတာ္အ့ံၾသသြားတယ္။ စိတ္ထဲမွာလည္း ဒီလို ဘိုးဘပို္င္ေျမဝယ္ရတာ မလြယ္ပါလားလို႕ ေတြးေနမိပါတယ္။

ေရာင္းသူအေနနဲ႕ သူဝယ္ယူစဥ္က မွတ္ပံုတင္ ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ျပီးတာနဲ႕ အမည္ေျပာင္းခဲ့ရင္ အခုလို မူလအမည္ေပါက္သူရဲ႕ အေမြဆက္ခံသူေတြကို ေခၚေနစရာ မလိုပါဘူး။ ဘိုးဘပိုင္ေျမရဲ႕ သေဘာက ဝယ္ျပီး အမည္မေျပာင္းခဲ့ရင္ ေနာက္တစ္ဦးကို ေရာင္းရင္ပဲျဖစ္ျဖစ္ ေမတၱာနဲ အပိုင္ေပးရင္ပဲျဖစ္ျဖစ္ ေျမပံုကူးတဲ့အခါ မူလ အမည္ေပါက္ကို ျပန္ေခၚရပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ျမိဳ႕ေျမစာရင္းမွာ မိမိအမည္မေဖာက္ခဲ့လို႕ပါပဲ။ အမည္မေဖာက္တဲ့အတြက္ စည္ပင္မွာေျမပံုကူးရင္းလည္း ပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္စာတမ္းေတြျပဖို႕ မူလအမည္ေပါက္ေတြကို ေခၚျပခိုင္းရသလို အခြန္ေဆာင္ခ်င္တာတို႕ ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပံုတင္တဲ့အခါ တို႕ စည္ပင္မွာ မိမိအမည္ေျပာင္းတဲ့အခါတို႕မွာလည္း မူလအမည္ေပါက္သူတို႕ရဲ႕ အေမြဆက္ခံသူေတြကို အၾကိမ္ၾကိမ္ အခါခါ ေခၚျပီး ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ေတြျပေပးဖို႕ အကူအညီေတာင္းရပါတယ္။

ဒါေၾကာင့္ ဒီလိုမူလအမည္ေပါက္သူေတြကို အၾကိ္မ္ၾကိမ္အခါခါ ေခၚရတဲ့ေဘးမွ လြတ္ကင္းခ်င္ရင္ေတာ့ ဘိုးဘပိုင္ေျမဝယ္ရင္ ဝယ္သူအမည္ေပါက္ ျဖစ္လာတဲ့အထိ ေဆာင္ရြက္ၾကပါလို႕ တိုက္တြန္းလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ရႊင္လန္းက်န္းမာသုခအျဖာျဖာနဲ႕ ျပည့္စံုႏိုင္ၾကပါေစ

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service