“သူတော်ကောင်းစကား မျှဝေသွားမည်” - Property Knowledge in Myanmar from iMyanmarHouse.com
876 Views

“သူတော်ကောင်းစကား မျှဝေသွားမည်”

Knowledge | Posted by Si Thu Aung

[Unicode]

 

သူတော်ကောင်းစကားများကို နှစ်သက်သူများက သူတို့ဖတ်လိုက်၊သိလိုက်ရသည့် သူတော်ကောင်းတို့၏ စကားများကို လူမှုကွန်ရက်တွင် မျှဝေတတ်ကြသည်။

သူတို့မျှဝေသဖြင့် မိမိလည်းသိခွင့်ရသည်။ထိုသူတော်ကောင်းတို့၏ စကားများကို သိခွင့်ရသဖြင့်လည်း ကျွန်တော့်စိတ်တွင် ကုသိုလ်စိတ်နှင့် ကြည်နူးရပါသည်။

လောကမှာ မနှစ်သက်ဖွယ်သော အမနာပ စကားများကို လူအတော်များများက အလွန်အမင်း စိတ်ဝင်စားတတ်ကြသည်။ စိတ်ဝင်စားရုံတင်မဟုတ် ထိုစကားတို့၏ဆိုးကျိုးတို့ကို မတွက်ဆပဲ လိုလိုလားလားပင် မျှဝေမှုတွေလုပ်တတ် ကြသည်။

ထိုမျှဝေမှုတို့ကြောင့် ဖတ်မိသောသူများ၏စိတ်တွင် ညစ်ထေးမှုများ ဖြစ်ကြရသည်။ထိုအခိုက်အတန့် ကုသိုလ်စိတ်တို့ ကင်းပသွားတတ်သည်။ဒေါသနှင့် အကုသိုလ်စိတ်တို့ ဖြစ်ကြရသည်။

တချို့သောမျှဝေမှုများသည် တည်ငြိမ်နေသည့် လူ့အသိုက်အဝန်းကိုပင် ပျက်စီးစေသည်အထိ ဒုက္ခပေးတတ်သည်ကို တွေ့ရပေသည်။

မျှဝေမှုတိုင်းသည် မိမိနှင့် အခြားသော လူ့အသိုက်အဝန်းအတွက် အကျိုးမဲ့စေသည့် ကိစ္စတို့ကို ဖြစ်စေလျှင် သတိထားသင့်သည်။မျှဝေမှုတို့အား ရှောင်ရှားသင့်သည်။

ယနေ့ သူတစ်ပါးအတွက်ပါ ပြန်လည်မျှဝေသင့်သည့် စကားလေးများကို လူပုဂ္ဂိုလ်နှစ်ဦးက တင်ထားသည်ကို မိမိဖတ်လိုက်ရသည်။

ထူခြားစွာပင် ထိုစကားများမှာ ယောဆရာတော်ကြီး၏ စကားများဖြစ်နေသည်ကိုတွေ့ရသည်။တစ်ခုက “တရားဆိုတဲ့ ရေ ရှိနေလို့” နှင့် “ ရေထဲ နှစ်ပြီး သတ်တာကမှ သက်သာလိမ့်ဦးမယ်” ဆိုသည့် တရားစကားများဖြစ်သည်။ ကျွန်တော်လည်း ပြန်ပြီးမျှဝေချင်သည်။

ဆရာတော်ကြီးကို ဦးခိုက်ပူဇော်ရင်း ပြန်လည်မျှဝေမှုပြုလုပ်ရပါသည်။ကုသိုလ် အသိတို့တိုးပွားပါစေ။ပထမ တရားစကားလေးက

“တရားဆိုတဲ့_ရေရှိနေလို့”

“ရေမပါတဲ့ ရေသန့်ဘူးအခွံကိုလေတိုက်လောက်တဲ့တစ်နေရာမှာ ခုံတို့စားပွဲတို့အပေါ် တင်ထားကြည့်ပေါ့။ လေနည်းနည်း တိုက်ခတ်လိုက်တာနဲ့ တလိမ့်ခေါက်ကွေး တုံးလုံးပက်လက်လွင့်ပါသွားသလို တရားအင်အား နည်းနေတဲ့ လူရဲ့စိတ်ဟာလည်း ဒီအတိုင်းပဲ။”

“အဆိုးလောကဓံ'လေ' လေး နည်းနည်း တိုက်ခတ်လိုက်တာနဲ့ ခံနိုင်ရည်မရှိဘူး။ပူစရာနဲ့တွေ့ရင် ပူချလိုက်တာပဲ။ ငိုစရာနဲ့တွေ့ရင် ငိုချလိုက်တာပဲ။”

“ရေအပြည့်ရှိနေတဲ့ ရေသန့်ဘူးကို လေတိုက်လောက်တဲ့ တစ်နေရာမှာ ခုံတို့စားပွဲတို့အပေါ် တင်ထားစမ်းကြည့်ပါ။ တော်ရုံတန်ရုံ ကြမ်းတမ်းတဲ့'လေ'လောက်နဲ့တော့ တလိမ့်ခေါက်ကွေး လိမ့်ကျမသွားဘူးဗျ၊ ကြံ့ကြံ့ခံနိုင်တယ်၊၊အတွင်းမှာ ရေပါနေလို့၊၊”

 

 

“ဒီအတိုင်းပဲ တရားစွမ်းအား၊ တရားအင်အား ရှိတဲ့လူရဲ့စိတ်ဟာလည်း တော်ရုံတန်ရုံ ကြမ်းတမ်းတဲ့ အဆိုးလောကဓံ 'လေ'လောက်ကိုတော့အပြုံးမပျက်ဘူးဗျ၊ ကြံ့ကြံ့ခံနိုင်တယ်၊အတွင်းမှာ တရားဆိုတဲ့‌ ‌ရေရှိနေလို့။”

ဒုတိယ မျှဝေလိုတဲ့ တရားစကားလေးက…..

“ ရေထဲ နှစ်ပြီး သတ်တာကမှ သက်သာလိမ့်ဦးမယ် “

“ယခုလို နွေရာသီရောက်ပြီဆိုရင် တချို့ရှင်အပါး (၁၀၀)ပြုပွဲ - တဲ့။ဘယ်လိုလုပ်ပြီး ရှင်စစ်စစ် ဖြစ်တော့မှာလဲ။ ဆရာက ရှေ့ကနေ သရဏဂုံချပေး။နောက်ကနေ ရှင်သာမဏေလောင်းတွေက လိုက်ဆိုသူက ဆို၊ မဆိုသူက မဆို ၊ငေးသူက ငေး၊သရဏဂုံပီသအောင် လိုက်မဆိုသူတွေ ငေးနေသူတွေ ဘယ်လိုမှ ကိုရင် မဖြစ်နိုင်ဘူး။”

 

 

 

“ကိုရင်မဖြစ်ဘဲ မိဘတွေ အဖိုးတွေ အဖွားတွေက နဖူးမြေကျ ရှိခိုးနေကြတယ်။ ရေထဲ နှစ်သတ်တာက သက်သာရာ ရလိမ့်ဦးမယ်။ ကိုရင်တစ်ပါးဖြစ်ဖို့ဆိုတာ သရဏဂုံကို တစ်ခေါက်နဲ့မပြီးရင် နှစ်ခေါက် သုံးခေါက် ချပေးရတာ၊ သရဏဂုံကို ပီသအောင် မဆိုရင် ဘယ်လိုမှ ကိုရင်မဖြစ်နိုင်ဘူး။”

“ကိုရင်ဖြစ်ဖို့ သရဏဂုံက တာဝန်ယူတယ်။ကိုရင်စစ်ဖို့ သီလက တာဝန်ယူတယ်။ ကိုရင်ပြည့်ဖို့ သမထ ဝိပဿနာက တာဝန်ယူတယ်။”

ထပ်ဆင့် မျှဝေလိုက်ရတဲ့ ဒီတရားစကားများသည် အကျိုးရှိပြီး သိသင့်တာတွေဖြစ်လို့ ဖတ်မိတဲ့သူတိုင်း အတွက် အကျိုးယုတ်စရာ မရှိဘူးလို့ယူဆမိပါတယ်။အပူမီးတို့ ရင်ဝယ်ငြိမ်းအေးကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

“သူေတာ္ေကာင္းစကား မွ်ေဝသြားမည္”

 

သူေတာ္ေကာင္းစကားမ်ားကို ႏွစ္သက္သူမ်ားက သူတို႔ဖတ္လိုက္၊သိလိုက္ရသည့္ သူေတာ္ေကာင္းတို႔၏ စကားမ်ားကို လူမႈကြန္ရက္တြင္ မွ်ေဝတတ္ၾကသည္။

သူတို႔မွ်ေဝသျဖင့္ မိမိလည္းသိခြင့္ရသည္။ထိုသူေတာ္ေကာင္းတို႔၏ စကားမ်ားကို သိခြင့္ရသျဖင့္လည္း ကၽြန္ေတာ့္စိတ္တြင္ ကုသိုလ္စိတ္ႏွင့္ ၾကည္ႏူးရပါသည္။

ေလာကမွာ မႏွစ္သက္ဖြယ္ေသာ အမနာပ စကားမ်ားကို လူအေတာ္မ်ားမ်ားက အလြန္အမင္း စိတ္ဝင္စားတတ္ၾကသည္။ စိတ္ဝင္စားရုံတင္မဟုတ္ ထိုစကားတို႔၏ဆိုးက်ိဳးတို႔ကို မတြက္ဆပဲ လိုလိုလားလားပင္ မွ်ေဝမႈေတြလုပ္တတ္ ၾကသည္။

ထိုမွ်ေဝမႈတို႔ေၾကာင့္ ဖတ္မိေသာသူမ်ား၏စိတ္တြင္ ညစ္ေထးမႈမ်ား ျဖစ္ၾကရသည္။ထိုအခိုက္အတန္႔ ကုသိုလ္စိတ္တို႔ ကင္းပသြားတတ္သည္။ေဒါသႏွင့္ အကုသိုလ္စိတ္တို႔ ျဖစ္ၾကရသည္။

တခ်ိဳ႕ေသာမွ်ေဝမႈမ်ားသည္ တည္ၿငိမ္ေနသည့္ လူ႔အသိုက္အဝန္းကိုပင္ ပ်က္စီးေစသည္အထိ ဒုကၡေပးတတ္သည္ကို ေတြ႔ရေပသည္။

မွ်ေဝမႈတိုင္းသည္ မိမိႏွင့္ အျခားေသာ လူ႔အသိုက္အဝန္းအတြက္ အက်ိဳးမဲ့ေစသည့္ ကိစၥတို႔ကို ျဖစ္ေစလွ်င္ သတိထားသင့္သည္။မွ်ေဝမႈတို႔အား ေရွာင္ရွားသင့္သည္။

ယေန႔ သူတစ္ပါးအတြက္ပါ ျပန္လည္မွ်ေဝသင့္သည့္ စကားေလးမ်ားကို လူပုဂၢဳိလ္ႏွစ္ဦးက တင္ထားသည္ကို မိမိဖတ္လိုက္ရသည္။

ထူျခားစြာပင္ ထိုစကားမ်ားမွာ ေယာဆရာေတာ္ႀကီး၏ စကားမ်ားျဖစ္ေနသည္ကိုေတြ႔ရသည္။တစ္ခုက “တရားဆိုတဲ့ ေရ ရွိေနလို႔” ႏွင့္ “ ေရထဲ ႏွစ္ၿပီး သတ္တာကမွ သက္သာလိမ့္ဦးမယ္” ဆိုသည့္ တရားစကားမ်ားျဖစ္သည္။ ကၽြန္ေတာ္လည္း ျပန္ၿပီးမွ်ေဝခ်င္သည္။

ဆရာေတာ္ႀကီးကို ဦးခိုက္ပူေဇာ္ရင္း ျပန္လည္မွ်ေဝမႈျပဳလုပ္ရပါသည္။ကုသိုလ္ အသိတို႔တိုးပြားပါေစ။ပထမ တရားစကားေလးက

“တရားဆိုတဲ့_ေရရွိေနလို႔”

“ေရမပါတဲ့ ေရသန္႔ဘူးအခြံကိုေလတိုက္ေလာက္တဲ့တစ္ေနရာမွာ ခုံတို႔စားပြဲတို႔အေပၚ တင္ထားၾကည့္ေပါ့။ ေလနည္းနည္း တိုက္ခတ္လိုက္တာနဲ႔ တလိမ့္ေခါက္ေကြး တုံးလုံးပက္လက္လြင့္ပါသြားသလို တရားအင္အား နည္းေနတဲ့ လူရဲ႕စိတ္ဟာလည္း ဒီအတိုင္းပဲ။”

“အဆိုးေလာကဓံ'ေလ' ေလး နည္းနည္း တိုက္ခတ္လိုက္တာနဲ႔ ခံႏိုင္ရည္မရွိဘူး။ပူစရာနဲ႔ေတြ႕ရင္ ပူခ်လိုက္တာပဲ။ ငိုစရာနဲ႔ေတြ႕ရင္ ငိုခ်လိုက္တာပဲ။”

“ေရအျပည့္ရွိေနတဲ့ ေရသန႔္ဘူးကို ေလတိုက္ေလာက္တဲ့ တစ္ေနရာမွာ ခုံတို႔စားပြဲတို႔အေပၚ တင္ထားစမ္းၾကည့္ပါ။ ေတာ္႐ုံတန္႐ုံ ၾကမ္းတမ္းတဲ့'ေလ'ေလာက္နဲ႔ေတာ့ တလိမ့္ေခါက္ေကြး လိမ့္က်မသြားဘူးဗ်၊ ႀကံ့ႀကံ့ခံႏိုင္တယ္၊၊အတြင္းမွာ ေရပါေနလို႔၊၊”

“ဒီအတိုင္းပဲ တရားစြမ္းအား၊ တရားအင္အား ရွိတဲ့လူရဲ႕စိတ္ဟာလည္း ေတာ္႐ုံတန္႐ုံ ၾကမ္းတမ္းတဲ့ အဆိုးေလာကဓံ 'ေလ'ေလာက္ကိုေတာ့အၿပဳံးမပ်က္ဘူးဗ်၊ ႀကံ့ႀကံ့ခံႏိုင္တယ္၊အတြင္းမွာ တရားဆိုတဲ့‌ ‌ေရရွိေနလို႔။”

ဒုတိယ မွ်ေဝလိုတဲ့ တရားစကားေလးက…..

“ ေရထဲ ႏွစ္ၿပီး သတ္တာကမွ သက္သာလိမ့္ဦးမယ္ “

“ယခုလို ေႏြရာသီေရာက္ၿပီဆိုရင္ တခ်ိဳ႕ရွင္အပါး (၁၀၀)ျပဳပြဲ - တဲ့။ဘယ္လိုလုပ္ၿပီး ရွင္စစ္စစ္ ျဖစ္ေတာ့မွာလဲ။ ဆရာက ေရွ႕ကေန သရဏဂုံခ်ေပး။ေနာက္ကေန ရွင္သာမေဏေလာင္းေတြက လိုက္ဆိုသူက ဆို၊ မဆိုသူက မဆို ၊ေငးသူက ေငး၊သရဏဂုံပီသေအာင္ လိုက္မဆိုသူေတြ ေငးေနသူေတြ ဘယ္လိုမွ ကိုရင္ မျဖစ္ႏိုင္ဘူး။”

“ကိုရင္မျဖစ္ဘဲ မိဘေတြ အဖိုးေတြ အဖြားေတြက နဖူးေျမက် ရွိခိုးေနၾကတယ္။ ေရထဲ ႏွစ္သတ္တာက သက္သာရာ ရလိမ့္ဦးမယ္။ ကိုရင္တစ္ပါးျဖစ္ဖို႔ဆိုတာ သရဏဂုံကို တစ္ေခါက္နဲ႔မျပီးရင္ ႏွစ္ေခါက္ သုံးေခါက္ ခ်ေပးရတာ၊ သရဏဂုံကို ပီသေအာင္ မဆိုရင္ ဘယ္လိုမွ ကိုရင္မျဖစ္ႏိုင္ဘူး။”

“ကိုရင္ျဖစ္ဖို႔ သရဏဂုံက တာဝန္ယူတယ္။ကိုရင္စစ္ဖို႔ သီလက တာဝန္ယူတယ္။ ကိုရင္ျပည့္ဖို႔ သမထ ဝိပႆနာက တာဝန္ယူတယ္။”

ထပ္ဆင့္ မွ်ေဝလိုက္ရတဲ့ ဒီတရားစကားမ်ားသည္ အက်ိဳးရွိၿပီး သိသင့္တာေတြျဖစ္လို႔ ဖတ္မိတဲ့သူတိုင္း အတြက္ အက်ိဳးယုတ္စရာ မရွိဘူးလို႔ယူဆမိပါတယ္။အပူမီးတို႔ ရင္ဝယ္ၿငိမ္းေအးၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service