နွေညပူပူမှာ အဲယားကွန်းအကူမလို အေးခနဲဖြစ်သွားစေမယ့် ဂျပန်နိုင်ငံရဲ့ ထိတ်လန့်ဖွယ် ကီယိုတာကီ ဥမင်လှိုဏ်ဂူ - Property News in Myanmar from iMyanmarHouse.com
1819 Views
နွေညပူပူမှာ အဲယားကွန်းအကူမလို အေးခနဲဖြစ်သွားစေမယ့် ဂျပန်နိုင်ငံရဲ့ ထိတ်လန့်ဖွယ် ကီယိုတာကီ ဥမင်လှိုဏ်ဂူ
[Unicode]
အိပ်ခါနီးမီးကပျက် ပူလွန်းလို့အိပ်မရဖြစ်နေတဲ့အခါ ပန်ကာ၊အဲယားကွန်းအကူမလိုပဲ အေးခနဲဖြစ်သွားစေမယ့် အကြောင်းအရာလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပရလောကသားများကျက်စားရာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ ကီယိုတာကီ ဥမင်လှိုဏ်ခေါင်း ဖြစ်ပါတယ်။ ထိုဥမင်လှိုဏ်ခေါင်းဟာ ဂျပန်နိုင်ငံရဲ့ထိပ်တန်းမြို့တစ်မြို့ဖြစ်တဲ့ တိုကျိုမြို့တွင်းမှာတည်ရှိပါတယ်။
ကီယိုတာကီဥမင်လှိုဏ်ခေါင်းဟာ ၄၄၄ ပေ ရှည်လျားပြီး ဂျပန်နိုင်ငံစကားအရ ၄ စာလုံးဟာ သေဆုံးခြင်းလို့အဓိပ္ပာယ်ရပါတယ်တဲ့။ ၁၉၂၇ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်တဲ့နေရာမှာ ကျွန်လုပ်သားများကို စေခိုင်းဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ဒီကစပါတယ်။ ဆောက်လုပ်ခဲ့တဲ့အခါမှာ ကြီးမားတဲ့ငလျင်ဒဏ်ကျရောက်မှုကြောင့် ဆောက်လုပ်ဆဲအဆောက်အဦးနေရာပြိုကျပျက်ဆီးခဲ့ပြီး လုပ်သားတော်တော်များများ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ငလျင်ဖြစ်စဉ်အတွင်းပိတ်မိနေခဲ့တဲ့လုပ်သားများဟာလည်း ကယ်ဆယ်ခြင်းမခံရပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ထိုအချိန်မှစ အခုချိန်ထိ အဖြေရှာမရတဲ့ ခြောက်လှန့်မှုများဟာ ထိုဥမင်လှိုဏ်ခေါင်းအတွင်းဖြစ်ပေါ်လေ့ရှိတယ်လို့ ဥမင်လှိုဏ်ခေါင်းကို ဖြတ်သန်းသွားလာသူများက ပြောကြားလာခဲ့ပါတယ်။ ဘယ်ဆီကလာမှန်းမသိ ဆူပူကြိမ်းမောင်းသံ စကားပြောသံများကို ဖြတ်သန်းသွားလာသူ ကားသမားများ မကြာခဏကြားခဲ့ရပြီး လှိုဏ်ခေါင်းပေါက်ဝမှာ ရှိနေတတ်တဲ့ ဝတ်စုံအဖြူဝတ် ပရလောကသား မိန်းမပျိုတစ်ဦးရဲ့ခြောက်လှန့်မှုကိုလည်း ရံဖန်ရံခါ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ကီယိုတာကီ ဥမင်လှိုဏ်ခေါင်းကို လက်ရှိအချိန်အထိအသုံးပြုနေပြီး စိတ်အားငယ်တတ်သူနဲ့ ကြောက်လန့်တတ်သူ နှလုံးရောဂါသည်များကို တော့ ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးထားရှိပါတယ်။ ကြုံကြိုက်ခဲ့လို့ ထိုဥမင်ထဲဖြတ်မောင်းရမည်ရှိသော် ကားနောက်ကြည့်မှန်ကို ယောင်လို့တောင်သွားမကြည့်ပါနဲ့လို့တော့ကြိုတင်သတိပေးပါရစေ။ သတိပေးရတဲ့အကြောင်းကတော့ ကားနောက်ကြည့်မှန်မှာပေါ်နေတတ်တဲ့သရဲဝိဉာဉ်ကို မြင်မိသွားပါက ထိုသူဟာ ၄ ရက်အတွင်းအသက်ဆုံးရှုံးနိုင်လို့ပဲဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Upcoming Property Events
From 23 Aug To 24 Aug
Mingalar Market
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 27 Sep To 28 Sep
18th Property and Car Expo
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service