နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြေကွက်ကိုအမည်ပေါက် ရအောင် ဝယ်လို့ရနိုင်မလား ? - Property Knowledge in Myanmar from iMyanmarHouse.com
1102 Views

နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြေကွက်ကိုအမည်ပေါက် ရအောင် ဝယ်လို့ရနိုင်မလား ?

Knowledge | Posted by Hnin Ei Khin

[Unicode]

“ ကျွန်တော်က နိုင်ငံခြားမှာအခြေချနေပါတယ်။ အိမ်ခြံမြေတွေကို ကျွန်တော့်နာမည်နဲ့ ဝယ်လို့ရပါသလား ? ”

ဒီလို ဝယ်မယ်ဆိုရင် မြန်မာနိုင်ငံကို ကိုယ်တိုင်ပြန်လာပြီးမှ ဝယ်လို့ရမှာလား ?

ကိုယ်စားဝယ်ခိုင်းမိရင် ပိုင်ဆိုင်မှုက တစ်ခြားသူနာမည်နဲ့ ဖြစ်သွား နိုင်သလား? … စတဲ့ မေးခွန်းကတော့ ခုရက်ပိုင်းအတွင်း iMyanmarHouse Legal Service မှာ အမေးအများဆုံး မေးခွန်းတွေထဲက တစ်ခုပါ။

ဒါကြောင့် နေ့စဉ်နဲ့အမျှ ဖြေကြားနေရတဲ့ ဒီမေးခွန်းကို နိုင်ငံခြားမှာ ရောက်ရှိနေတဲ့သူတွေ၊ သင်္ဘောသားတွေအတွက် အိမ်ခြံမြေဝယ်ယူဖို့ တွေဝေနေရတဲ့အပိုင်းရဲ့ ဖြေရှင်းချက်အချို့ ကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံခြားမှာနေပြီး မြန်မာနိုင်ငံက အိမ်ခြံမြေကို ဝယ်ယူမယ်ဆိုရင် …

(၁) နိုင်ငံခြားမှာ အခြေချနေထိုင်နေသော်ငြား မြန်မာနိုင်ငံမှာ အိမ်ခြံမြေကို ဝယ်ယူနိုင်ပါတယ်။

(၂) ဒီလို ဝယ်ယူရာမှာ ကိုယ်တိုင် လာရောက်ဝယ်ယူနိုင်သကဲ့သို့ ကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ခြင်းမရှိပါက မိမိ၏မိသားစုဝင်များအနက် တစ်ဦးဦးအား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး ဝယ်ယူလို့လဲ ရပါတယ်။

(၃) ကိုယ်စားလှယ်ခန့်အပ် ဝယ်ယူမယ်ဆိုရင် ကိုယ်စားလှယ်လွှဲအပ်စာကို ဥပဒေနဲ့အညီ လွှဲအပ်ဖို့ လိုအပ်ပါတယ်။

(၄) ကိုယ်စားလှယ်ခန့်အပ်ခြင်းကို စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး (ကြေးတိုင်နှင့်မြေစာရင်း) တွင် ဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားတွင် ရောက်ရှိသူအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင်လည်း ကိုယ်စားလှယ်လွှဲအပ်ခြင်းကို ဆောင်ရွက်နိုင်ပါတယ်။

မိမိ နေထိုင်ရာနိုင်ငံတွင် သံရုံးမရှိပါက သက်ဆိုင်ရာ နိုင်ငံရှိ ကောင်စစ်ဝန်ရုံးတွင်ဆောင်ရွက်နိုင်ပါတယ်။

(၅) အိမ်ခြံမြေဝယ်ယူခြင်းအား မိမိ၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူမှ ကိုယ်စားဝယ်ယူနိုင်ပြီး မှတ်ပုံတင်စာချုပ်တွင် မိမိအမည်ပေါက်ဖြင့် ချုပ်ဆိုနိုင်ပြီး

အိမ်ခြံမြေဂရန်အား မိမိအမည်ပေါက် သို့ ပြောင်းလဲနိုင်ပါတယ်။

ကဲ … ဒါဆိုရင်တော့ နိုင်ငံခြားမှာနေပြီး မြန်မာနိုင်ငံက အိမ်ခြံမြေဈေးကွက်ကိုစိတ်ဝင်စားလို့ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် ဥပဒေအရ ခိုင်မာမှုရှိအောင် ဘယ်လိုဝယ်ယူနိုင်မလဲ ဆိုတဲ့ အချက်ကို သိရှိပြီးသွားပြီလို့ ထင်ပါတယ်။

ဒါကြောင့် အိမ်ခြံမြေ ဝယ်ယူတဲ့အခါ ပိုင်ဆိုင်မှုခိုင်မာစေဖို့ ဥပဒေနည်းအရအကောင်းဆုံး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တဲ့အချိန်တိုင်း iMyanmarHouse Legal Service က လူကြီးမင်းတို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 


















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service