ယုယညှာတာ ဖေးကူပါမှ - Property Knowledge in Myanmar from iMyanmarHouse.com
594 Views

ယုယညှာတာ ဖေးကူပါမှ

Knowledge | Posted by Shwe Zin Win

[Unicode]

 

အိမ်ထောင်ရေးဆိုတာ စိတ်အခန့် မသင့်တိုင်း ကွဲရလောက်အောင် သိပ်လွယ်ကူနေကြရင်လည်း ရယူပိုင်ဆိုင်လိုခြင်းတွေကို နဂိုကတည်းက လက်လျော့ထားလိုက်ကြဖို့ ကောင်းပါတယ်။

အငြိမ်မနေနိုင်လို့ အိမ်ထောင်ဆိုတာထူထောင်မယ် ဆိုရင်လည်း ကောင်းခြင်းဆိုးခြင်းတွေကို အစကတည်းက မြင်ခဲ့၊တွေးဆခဲ့ဖို့ကောင်းပါတယ်။တပ်မက်ခြင်း တဏှာတွေနဲ့ မွှန်ထူနေကြရင်တော့ မြင်သင့်၊တွေးသင့်တာတွေ ပိတ်ဖုံးကာဆီးပြီး မမြင်နိုင်ဖြစ်ကြမယ်။ကြိုမြင်သင့်တာတွေ မမြင်ခဲ့တော့ နှစ်ဦးပေါင်းဖက်ပြီးမှ အပြစ်တွေမြင်လို့ ကွဲကြပြဲကြဖြစ်တော့တာပါပဲ။

ကိုယ်တစ်ဦးတည်းရဲ့ စိတ်ထဲမှာတောင် အတွေးအမြင်တွေက အပြောင်းအလဲတွေ အများကြီး ဖြစ်နေသေးရင် နှစ်ဦးဘဝဆိုတာက ကွဲပြားတဲ့အတွေးအမြင်တွေ အများကြီးဖြစ်လာမှာပါ။ အတွေးအမြင်တွေ အယူအဆတွေကွဲပြားတိုင်း ပေါင်းဖက်မှုတွေကွဲရမှာလား။အပြစ်အနာအဆာဆိုတာ လူတိုင်းမကင်းပါဘူး။ခွင့်လွှတ်နိုင်တဲ့ အပြစ်တော့ ဖြစ်ကြရမှာပေါ့။

မိတ်ဖက်၊အိမ်ထောင်ဖက်ကောင်းတွေဆိုတာ မတူတဲ့ အတွေးအမြင်တွေ ရှိကြပေမယ့် မတူကွဲပြားမှုတွေနဲ့ဘဲ ဘဝခရီးဆက်နိုင်ကြပါတယ်။တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေကို အပြန်အလှန်ဖြည့်ဆည်းပေးကြရင်းပေါ့။

တစ်ကိုယ်ကောင်း တစ်ဦးတည်း သီးခြားနေချင်ရင် အစကတည်းကနေပေါ့။ အိပ်ချင်တဲ့နေရာအိပ်၊ စာတော့မှဝယ်စား ဘယ်သူ့ ဘယ်သူရဲ့ အနွံတာမှခံစရာ မလိုတော့ဘူးပေါ့။ဒါကို အပြစ်ပြောစရာမရှိဘူး။

နှစ်ဦးနှစ်ဝ မေတ္တာဖလှယ်နိုင်မယ်ထင်လို့ ပေါင်းဖက်ကြပြီးမှ ယုယညှာတာမှုတွေ မထားဘဲ နိုင်လိုမင်းထက်တွေ၊စောင်းထိန်းရမယ့် လူ့ကျင့်ဝတ်တွေကို ဖောက်ဖျက်နေချင်ရင်တော့ ပိုင်ဆိုင်သိမ်းပိုက်လိုခြင်းတွေကို အစကတည်းက မလုပ်ခဲ့တာဟာ ပိုကောင်းပါလိမ့်မယ်။

အချစ်ယောင်ယောင်တွေနဲ့ မနေနိုင်လို့လည်း ယူကြတယ်။လူသိရှင်ကြား စကားပလီပလာတွေ ပြောခဲ့ကြပြီးမှ။ ဟော… သိပ်တောင် မကြာပါဘူး ဘယ်သူ့ကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အပြစ်ဖို့ကြပြီး ကွဲကြပြဲကြဖြစ်ကုန်ပါရောလား။

အများသူငါရှေ့ သေမလောက် ချစ်ပြတတ်ကြတဲ့သူတွေက ပိုဆိုးပါတယ်။သူများရှေ့ချပြနိုင်မှ ချစ်တယ်လို့ယူဆရမယ်ဆိုရင် ပုဆိုးတန်းတင်ပြီး မထင်မရှားနဲ့ သေတဲ့ အထိပေါင်းသင်းသွားကြတဲ့ အိမ်ထောင်ကောင်း မိတ်ဖက်ကောင်းတွေကို အားနာဖို့ကောင်းလှပါတယ်။ နောက်ပြီး နှစ်ဦးတည်းဘဝမှာပဲ ကွဲကြပြဲကြတာဆိုရင်လည်း ဆုတ်သာတက်သာရှိဦးမယ်။ ရင်သွေးတွေ ပေါက်ဖွားပြီးမှသာဆိုလျှင် ကလေးတွေအတွက်မကောင်းလှပါ။ အဓိကက ကလေးတွေပါပဲ။

ကလေးတွေရဲ့ စိတ်လုံခြုံမှုဟာ မိရင်းဖရင်းတွေနဲ့သာ အသက်ဆိုင်ဆုံးပါ။

နှစ်ဦးနှစ်ဖက် တကယ်ကိုပေါင်းသင်းဖို့ မဖြစ်နိုင်တော့ဘဲ စိတ်ပူပန်သောကတွေနဲ့ ဘဝကိုဖြတ်သန်းရတော့မယ်၊ မနာလိုမှုတွေ၊ဒေါသတွေနဲ့စိတ်နှလုံးနာကြည်းမှုတွေ ဖြစ်နေမယ်ဆိုရင်တော့ ကွာရှင်းမှုတွေလုပ်ရမှာပေါ့။

ဒါပေမဲ့ လူဟာသီးခြားကြီး အချိန်ကြာကြာမနေလိုတတ်ကြပါဘူး။ဒီအခါမှာ နောက်ထပ်ဆိုတာ စဉ်းစားလာကြဦးမှာပါပဲ။ နောက်အိမ်ထောင်ပြုကြပြန်ရင်လည်း အပြန်အလှန် ယုယညှာတာမှုတွေ ပေးနိုင်ရင်တော့ ကောင်းတာပေါ့။နောက်တစ်ခါ လာပြန်ပြီးပေါ့ ဆိုရင်ဖြင့်….။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ယုယညွာတာ ေဖးကူပါမွ

 

အိမ္ေထာင္ေရးဆိုတာ စိတ္အခန္႔ မသင့္တိုင္း ကြဲရေလာက္ေအာင္ သိပ္လြယ္ကူေနၾကရင္လည္း ရယူပိုင္ဆိုင္လိုျခင္းေတြကို နဂိုကတည္းက လက္ေလ်ာ့ထားလိုက္ၾကဖို႔ ေကာင္းပါတယ္။

အၿငိမ္မေနႏိုင္လို႔ အိမ္ေထာင္ဆိုတာထူေထာင္မယ္ ဆိုရင္လည္း ေကာင္းျခင္းဆိုးျခင္းေတြကို အစကတည္းက ျမင္ခဲ့၊ေတြးဆခဲ့ဖို႔ေကာင္းပါတယ္။တပ္မက္ျခင္း တဏွာေတြနဲ႔ မႊန္ထူေနၾကရင္ေတာ့ ျမင္သင့္၊ေတြးသင့္တာေတြ ပိတ္ဖုံးကာဆီးၿပီး မျမင္ႏိုင္ျဖစ္ၾကမယ္။ႀကိဳျမင္သင့္တာေတြ မျမင္ခဲ့ေတာ့ ႏွစ္ဦးေပါင္းဖက္ၿပီးမွ အျပစ္ေတြျမင္လို႔ ကြဲၾကၿပဲၾကျဖစ္ေတာ့တာပါပဲ။

ကိုယ္တစ္ဦးတည္းရဲ႕ စိတ္ထဲမွာေတာင္ အေတြးအျမင္ေတြက အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္ေနေသးရင္ ႏွစ္ဦးဘဝဆိုတာက ကြဲျပားတဲ့အေတြးအျမင္ေတြ အမ်ားႀကီးျဖစ္လာမွာပါ။ အေတြးအျမင္ေတြ အယူအဆေတြကြဲျပားတိုင္း ေပါင္းဖက္မႈေတြကြဲရမွာလား။အျပစ္အနာအဆာဆိုတာ လူတိုင္းမကင္းပါဘူး။ခြင့္လႊတ္ႏိုင္တဲ့ အျပစ္ေတာ့ ျဖစ္ၾကရမွာေပါ့။

မိတ္ဖက္၊အိမ္ေထာင္ဖက္ေကာင္းေတြဆိုတာ မတူတဲ့ အေတြးအျမင္ေတြ ႐ွိၾကေပမယ့္ မတူကြဲျပားမႈေတြနဲ႔ဘဲ ဘဝခရီးဆက္ႏိုင္ၾကပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္ လိုအပ္ခ်က္ေတြကို အျပန္အလွန္ျဖည့္ဆည္းေပးၾကရင္းေပါ့။

တစ္ကိုယ္ေကာင္း တစ္ဦးတည္း သီးျခားေနခ်င္ရင္ အစကတည္းကေနေပါ့။ အိပ္ခ်င္တဲ့ေနရာအိပ္၊ စာေတာ့မွဝယ္စား ဘယ္သူ႕ ဘယ္သူရဲ႕ အႏြံတာမွခံစရာ မလိုေတာ့ဘူးေပါ့။ဒါကို အျပစ္ေျပာစရာမ႐ွိဘူး။

ႏွစ္ဦးႏွစ္ဝ ေမတၱာဖလွယ္ႏိုင္မယ္ထင္လို႔ ေပါင္းဖက္ၾကၿပီးမွ ယုယညႇာတာမႈေတြ မထားဘဲ ႏိုင္လိုမင္းထက္ေတြ၊ေစာင္းထိန္းရမယ့္ လူ႕က်င့္ဝတ္ေတြကို ေဖာက္ဖ်က္ေနခ်င္ရင္ေတာ့ ပိုင္ဆိုင္သိမ္းပိုက္လိုျခင္းေတြကို အစကတည္းက မလုပ္ခဲ့တာဟာ ပိုေကာင္းပါလိမ့္မယ္။

အခ်စ္ေယာင္ေယာင္ေတြနဲ႔ မေနႏိုင္လို႔လည္း ယူၾကတယ္။လူသိ႐ွင္ၾကား စကားပလီပလာေတြ ေျပာခဲ့ၾကၿပီးမွ။ ေဟာ… သိပ္ေတာင္ မၾကာပါဘူး ဘယ္သူ႕ေၾကာင့္ ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔ အျပစ္ဖို႔ၾကၿပီး ကြဲၾကၿပဲၾကျဖစ္ကုန္ပါေရာလား။

အမ်ားသူငါေ႐ွ႕ ေသမေလာက္ ခ်စ္ျပတတ္ၾကတဲ့သူေတြက ပိုဆိုးပါတယ္။သူမ်ားေ႐ွ႕ခ်ျပႏိုင္မွ ခ်စ္တယ္လို႔ယူဆရမယ္ဆိုရင္ ပုဆိုးတန္းတင္ၿပီး မထင္မ႐ွားနဲ႔ ေသတဲ့ အထိေပါင္းသင္းသြားၾကတဲ့ အိမ္ေထာင္ေကာင္း မိတ္ဖက္ေကာင္းေတြကို အားနာဖို႔ေကာင္းလွပါတယ္။ ေနာက္ၿပီး ႏွစ္ဦးတည္းဘဝမွာပဲ ကြဲၾကၿပဲၾကတာဆိုရင္လည္း ဆုတ္သာတက္သာ႐ွိဦးမယ္။ ရင္ေသြးေတြ ေပါက္ဖြားၿပီးမွသာဆိုလွ်င္ ကေလးေတြအတြက္မေကာင္းလွပါ။ အဓိကက ကေလးေတြပါပဲ။

ကေလးေတြရဲ႕ စိတ္လုံျခဳံမႈဟာ မိရင္းဖရင္းေတြနဲ႔သာ အသက္ဆိုင္ဆုံးပါ။

ႏွစ္ဦးႏွစ္ဖက္ တကယ္ကိုေပါင္းသင္းဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ စိတ္ပူပန္ေသာကေတြနဲ႔ ဘဝကိုျဖတ္သန္းရေတာ့မယ္၊ မနာလိုမႈေတြ၊ေဒါသေတြနဲ႔စိတ္ႏွလုံးနာၾကည္းမႈေတြ ျဖစ္ေနမယ္ဆိုရင္ေတာ့ ကြာ႐ွင္းမႈေတြလုပ္ရမွာေပါ့။

ဒါေပမဲ့ လူဟာသီးျခားႀကီး အခ်ိန္ၾကာၾကာမေနလိုတတ္ၾကပါဘူး။ဒီအခါမွာ ေနာက္ထပ္ဆိုတာ စဥ္းစားလာၾကဦးမွာပါပဲ။ ေနာက္အိမ္ေထာင္ျပဳၾကျပန္ရင္လည္း အျပန္အလွန္ ယုယညႇာတာမႈေတြ ေပးႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ေနာက္တစ္ခါ လာျပန္ၿပီးေပါ့ ဆိုရင္ျဖင့္….။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service