“ပွင့်သည့်ပန်းတို့လှသလို သစ်ရွက်တို့လည်းလှပါသည်” - Property Knowledge in Myanmar from iMyanmarHouse.com
1984 Views

“ပွင့်သည့်ပန်းတို့လှသလို သစ်ရွက်တို့လည်းလှပါသည်”

Knowledge | Posted by Aye Myat Thu

[Unicode]

ဖူးသစ်စ ရွက်လေးနုလေးများကလည်းလှပါပေ၏။နေဝင်ချိန် သရုပ်ကိုပြနေသည့် ရွက်ရင့်တို့ကလည်း ရင့်ကျက်ခြင်းများနှင့်လှပါပေ၏။ရင့်ကျက်ခြင်းတွင် အရောင်အသွေးတို့စုံလင်လှပေသည်။

မျိုးဆက်သစ်ရွက်နုလေးများ ရောက်လာတော့မည်ဖြစ်၍ နေရာတို့ဖယ်ပေးရန် ရွက်ဟောင်းတို့ ရဲဝံ့နေကြပါပြီ။ ဒီအပင်၊ဒီနေရာအား အလှပဆုံး၊အတင့်တယ်ဆုံးဖြစ်အောင် သူတို့တည်ဆောက်ခဲ့ပြီးပြီမို့ ရွက်သစ်တို့ကို တာဝန်လွှဲပေးရပေတော့မည်။

ဟိုအရင် နွေဦးတုန်းကလည်း သူတို့အရင် ရွက်အိုရှင်များက တာဝန်ကျေခဲ့ကြပြီး၍ သူတို့ကို လိုလိုလားလား နေရာတို့လွှဲပေးခဲ့ကြသည်။ဒီလိုနှင့် ဒီအပင်ကြီးကို သူတို့တစ်တွေ လက်ဆင့်ကမ်းလို့ အလှဆင်ပေးခဲ့ကြသည်။

ကိုယ့်အလှည့်ရောက်၍ ကိုယ်လည်းတာဝန်ကျေကျေ အလှတို့ ဆင်ပေးခဲ့ပြီးပါပြီ။ကြွေဖို့ရန်သာ စောင့်နေ၏။

တာဝန်ကျေခဲ့ပြီမို့ ကြွေသူတို့ကလည်း တဖြုတ်ဖြုတ်။ကြွေသူများ၏နေရာတွင် ဝေစည်ဖို့ ငုံဖူးတို့ကလည်း တရုတ်ရုတ်။ နောက်မျိုးဆက်များသည် ဒီအပင်ကြီးဝေစည်နေဖို့ အားပင့်လို့ ကြွားဝံ့နေကြပါပြီ။

လေပြေခြွေအသုတ်ကိုတော့စောင့်ရမည်လေ။လေပြေအခြွေမှာ ညင်ညင်သာသာ ကြွေဆင်းရမည်။ လာပါလေ… လေပြေညင်း။တွယ်မှီမနေလို့တော့ပြီမို့။ လာပါလေ...လေပြေညင်း..။လာပါလေ… လေပြေညင်း..။

ဟောင်းရွက်ညှာများနှင့် ဒီအပင်ကို တွယ်မှီမနေလိုတော့ပါ။ နွေဦးတောင်ရောက်နေပြီဖြစ်သည်။ အရွက်ရင့်တွေကုန်မှ ပွင့်သည့်အပင်များလည်း ရှိပါသည်။ရွက်ဟောင်းများရှိနေ၍ မပွင့်နိုင်ဘူးဖြစ်နေပါဦးမည်။

ရွက်ဟောင်းများကြွေ၍ ရွက်နုသစ်များ ဝေဝေဖားဖားနှင့် ပွင့်ကြသည့် အပင်များလည်းရှိကြပါသည်။

ဘာပဲဖြစ်ဖြစ် အချိန်တန်ခဲ့ပြီမို့ စွန့်လွှတ်ရပေဦးမည်။

 

 

ငြိမ့်ကနဲ ဝေ့သုတ်လိုက်သည့် လေပြေကြောင့် တွယ်ဖက်ထားသည့် ရွက်ညှာသည် ပင်မကိုစွန့်ခွာခဲ့ပြီတည်း။

မြေပြင်သို့ ညင်သာလျောဆင်းလို့ရောက်ခဲ့ပါပြီ။ဝမ်းနည်းစရာအဖြစ် ရင်ထဲတွင်မရှိ။ရွက်ဟောင်းများ ကြွေခြင်းသည် ဒီအပင်ကြီးကို ပြန်အားဖြစ်စေဖို့လို့ အတွေးတို့ဖြစ်ရသည်။

ကြည်နူးစိတ်နှင့် ပင်မြင့်ကိုမော့ကြည့်လိုက်သည်။ကိုင်းတံတစ်လျှောက်တွင် ရွက်နုသစ်တို့ နေရာယူပြီး ကြပြီကော။ ဒီအပင်ကြီးကို သူတို့ အလှသစ်တို့ ဆင်ကြပေတော့မည်။

အို…ဟိုး… သစ်ကိုင်းတွေကြားက ဘာများလည်းဟု ကြည့်လိုက်မိသည်။ရွက်အိုတစ်ရွက် ဖြစ်နေသည်။ ဘာလို့ကျန်နေခဲ့သနည်း။

 

 

မင်းမလိုတော့ဘူးလေ။ ကျေနပ်လိုက်ပါတော့။မင်းရဲ့ဂုဏ်ရှိန်တွေ၊မင့်ရဲ့ရင့်ကျက်မှုတွေကို ဒီအချိန်ရောက်တော့မှ ဒီလုပ်ရပ်တွေကို မဖျက်ဆီးပါနဲ့တော့လေ။စွန့်လိုက်ပါတော့…စွန့်ခဲ့လိုက်ပါတော့ဟု ပြောလိုက်ရပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

- Credit Photo

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

“ပြင့္သည့္ပန္းတို႔လွသလို သစ္ရြက္တို႔လည္းလွပါသည္”

 

ဖူးသစ္စ ရြက္ေလးႏုေလးမ်ားကလည္းလွပါေပ၏။ေနဝင္ခ်ိန္ သရုပ္ကိုျပေနသည့္ ရြက္ရင့္တို႔ကလည္း ရင့္က်က္ျခင္းမ်ားႏွင့္လွပါေပ၏။ရင့္က်က္ျခင္းတြင္ အေရာင္အေသြးတို႔စုံလင္လွေပသည္။

မ်ိဳးဆက္သစ္ရြက္ႏုေလးမ်ား ေရာက္လာေတာ့မည္ျဖစ္၍ ေနရာတို႔ဖယ္ေပးရန္ ရြက္ေဟာင္းတို႔ ရဲဝံ႔ေနၾကပါၿပီ။ ဒီအပင္၊ဒီေနရာအား အလွပဆုံး၊အတင့္တယ္ဆုံးျဖစ္ေအာင္ သူတို႔တည္ေဆာက္ခဲ့ၿပီးၿပီမို႔ ရြက္သစ္တို႔ကို တာဝန္လႊဲေပးရေပေတာ့မည္။

ဟိုအရင္ ေႏြဦးတုန္းကလည္း သူတို႔အရင္ ရြက္အိုရွင္မ်ားက တာဝန္ေက်ခဲ့ၾကၿပီး၍ သူတို႔ကို လိုလိုလားလား ေနရာတို႔လႊဲေပးခဲ့ၾကသည္။ဒီလိုႏွင့္ ဒီအပင္ႀကီးကို သူတို႔တစ္ေတြ လက္ဆင့္ကမ္းလို႔ အလွဆင္ေပးခဲ့ၾကသည္။

ကိုယ့္အလွည့္ေရာက္၍ ကိုယ္လည္းတာဝန္ေက်ေက် အလွတို႔ ဆင္ေပးခဲ့ၿပီးပါၿပီ။ေၾကြဖို႔ရန္သာ ေစာင့္ေန၏။

တာဝန္ေက်ခဲ့ၿပီမို႔ ေၾကြသူတို႔ကလည္း တျဖဳတ္ျဖဳတ္။ေၾကြသူမ်ား၏ေနရာတြင္ ေဝစည္ဖို႔ ငုံဖူးတို႔ကလည္း တရုတ္ရုတ္။ ေနာက္မ်ိဳးဆက္မ်ားသည္ ဒီအပင္ႀကီးေဝစည္ေနဖို႔ အားပင့္လို႔ ၾကြားဝံ႔ေနၾကပါၿပီ။

ေလေျပေျခြအသုတ္ကိုေတာ့ေစာင့္ရမည္ေလ။ေလေျပအေျခြမွာ ညင္ညင္သာသာ ေၾကြဆင္းရမည္။ လာပါေလ… ေလေျပညင္း။

တြယ္မွီမေနလို႔ေတာ့ၿပီမို႔။ လာပါေလ...ေလေျပညင္း..။လာပါေလ… ေလေျပညင္း..။

ေဟာင္းရြက္ညွာမ်ားႏွင့္ ဒီအပင္ကို တြယ္မွီမေနလိုေတာ့ပါ။ ေႏြဦးေတာင္ေရာက္ေနၿပီျဖစ္သည္။ အရြက္ရင့္ေတြကုန္မွ ပြင့္သည့္အပင္မ်ားလည္း ရွိပါသည္။ရြက္ေဟာင္းမ်ားရွိေန၍ မပြင့္ႏိုင္ဘူးျဖစ္ေနပါဦးမည္။

ရြက္ေဟာင္းမ်ားေၾကြ၍ ရြက္ႏုသစ္မ်ား ေဝေဝဖားဖားႏွင့္ ပြင့္ၾကသည့္ အပင္မ်ားလည္းရွိၾကပါသည္။

ဘာပဲျဖစ္ျဖစ္ အခ်ိန္တန္ခဲ့ၿပီမို႔ စြန္႔လႊတ္ရေပဦးမည္။

ၿငိမ့္ကနဲ ေဝ့သုတ္လိုက္သည့္ ေလေျပေၾကာင့္ တြယ္ဖက္ထားသည့္ ရြက္ညွာသည္ ပင္မကိုစြန္႔ခြာခဲ့ၿပီတည္း။

ေျမျပင္သို႔ ညင္သာေလ်ာဆင္းလုိ႔ေရာက္ခဲ့ပါၿပီ။ဝမ္းနည္းစရာအျဖစ္ ရင္ထဲတြင္မရွိ။ရြက္ေဟာင္းမ်ား ေၾကြျခင္းသည္ ဒီအပင္ႀကီးကို ျပန္အားျဖစ္ေစဖို႔လို႔ အေတြးတို႔ျဖစ္ရသည္။

ၾကည္ႏူးစိတ္ႏွင့္ ပင္ျမင့္ကိုေမာ့ၾကည့္လိုက္သည္။ကိုင္းတံတစ္ေလွ်ာက္တြင္ ရြက္ႏုသစ္တို႔ ေနရာယူၿပီး ၾကၿပီေကာ။ ဒီအပင္ႀကီးကို သူတို႔ အလွသစ္တို႔ ဆင္ၾကေပေတာ့မည္။

အို…ဟိုး… သစ္ကိုင္းေတြၾကားက ဘာမ်ားလည္းဟု ၾကည့္လိုက္မိသည္။ရြက္အုိတစ္ရြက္ ျဖစ္ေနသည္။ ဘာလို႔က်န္ေနခဲ့သနည္း။

မင္းမလိုေတာ့ဘူးေလ။ ေက်နပ္လိုက္ပါေတာ့။မင္းရဲ႕ဂုဏ္ရွိန္ေတြ၊မင့္ရဲ႕ရင့္က်က္မႈေတြကို ဒီအခ်ိန္ေရာက္ေတာ့မွ ဒီလုပ္ရပ္ေတြကို မဖ်က္ဆီးပါနဲ႔ေတာ့ေလ။စြန္႔လိုက္ပါေတာ့…စြန္႔ခဲ့လိုက္ပါေတာ့ဟု ေျပာလိုက္ရပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

- Credit Photo

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service