ပန်းခြွေတဲ့နေ့၊ပန်းကြွေတဲ့နေ့ အချစ်မှားသူတွေရဲ့ (ချစ်သူများနေ့) - Property Knowledge in Myanmar from iMyanmarHouse.com
691 Views

ပန်းခြွေတဲ့နေ့၊ပန်းကြွေတဲ့နေ့ အချစ်မှားသူတွေရဲ့ (ချစ်သူများနေ့)

Knowledge | Posted by Shwe Zin Win

[Unicode]

 

မြတ်နိုးတန်ဖိုးထားရကောင်းမှန်းသိမှ မြတ်နိုးဖွယ်ရာဖြစ်မှာပေါ့။ဘာရည်ရွယ်ချက်တွေနဲ့ ချဉ်းကပ်ကြသလဲ ဆိုတာက ကာယကံရှင်တွေကိုယ်တိုင်မှပဲ သိပါလိမ့်မယ်။

သူတို့ဆီက ဒီနေ့ ဒီရက်လေးကို စတင်ခဲ့တဲ့ သူတို့နိုင်ငံမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ကြတယ်ဆိုတာကိုတော့ အရင်းမစစ်နိုင်ပါ။ ကျွန်တော်တို့ဆီမှာတော့ ရည်ရွက်ချက်တွေက ယုတ်ရင်းကြမ်းတမ်းတယ်လို ထင်ပါတယ်။လမ်းလွဲနေတယ်လို့လည်း ထင်ပါတယ်။

အဲဒီရက်မရောက်ခင် အသိပေးမှုတွေ၊သတိပေးမှုတွေတောင် တခုတ်တရလုပ်ယူရတဲ့အထိ ဖြစ်နေတာကို ကြည့်ရင် ပန်းခြွေတဲ့နေ့လို့တောင် ပြောရမလိုဖြစ်နေပါပြီ။

 

ဟိုတယ်တွေ၊တည်းခိုခန်းတွေကို ကြိုတင်ငှားရမ်းထားလို့ ပြည့်နေပြီဆိုတဲ့အထိ ဖြစ်ကုန်ပါရောလား။ အကာအကွယ် ဆောင်ထားကြဖို့ထိတောင် စာထုတ်ထားကြရတယ်။လိင်စိတ်ကို ပြင်းထန်စေတဲ့ ဆေးဝါးတွေ မရောင်းချဖို့ထိတောင် တားမြစ်ရတဲ့အထိပါပဲ။ ဒါဟာကောင်းတဲ့လက္ခဏာ မဟုတ်ဘူးဆိုတာ ကိုတော့ သိကြပါလိမ့်မယ်။

သူ့ယဉ်ကျေးမှုကို ယူရင်လည်း သူ့အတိုင်းလေးယူ၊ဒါမှမဟုတ် သူ့ထက်ကောင်းတဲ့ ပြယုဂ်တွေဖြစ်အောင်တော့ လုပ်ကြရပါလိမ့်မယ်။

 

အခုတော့ သူ့နိုင်ငံရဲ့ ယဉ်ကျေးမှုကို အတုခိုးပြီး ပျက်စီးအောင်လုပ်လိုက်တယ်လို့ပဲပြောရမှာပါ။ကိုယ့်နိုင်ရဲ့ ကောင်းတဲ့ ဓလေ့စရိုက်တွေကိုယူပြီး သူတို့ဆီမှာ မဖွယ်မရာ မအပ်မစပ်တာတွေ လုပ်မယ်ဆိုရင်ရော ကျွန်တော်တို့ကြိုက်ပါမလား။အခုဟာက သူတို့ကလုပ်တာထက် ကိုယ်တွေကယူပြီး မအပ်မစပ်လုပ်တာတွေက များနေသလိုပါပဲ။

ချစ်ခြင်းကိုတန်ဖိုးထားတဲ့ နှလုံးသားတွေရှိကြရင် ဒီနေ့ဟာ သန့်စင်တဲ့ မေတ္တာလှလှလေးတွေကို ပြရမယ့်နေလို့ ခံယူပြီး အင်မတန်လှပတဲ့နေ့လေးအဖြစ် ဖြတ်ကျော်ရမှာပါ။

 

ကိုယ်ဘဝရဲ့ အချစ်နေ့စွဲတွေမှာ နောင်တရစရာ နေ့ရက်မရှိဘဲ ကြည်နူးရင်ခုန်ဖွယ်နေ့ရက်တွေကိုသာ ပိုင်ဆိုင်ဖြတ်ကျော်သွားနိုင်ဖို့ ရည်ရွယ်ပြီး ဒီစာကိုရေးပါတယ်။

တစ်နေ့၊တစ်ရက်၊တစ်ခဏတာကိစ္စလေးကြောင့် ဘဝမှာ ပြင်မရတဲ့ အမှားကြီးက သေရာညောင်စောင်းထိ အရိပ်ပမာကပ်ပါ သွားပါလိမ့်မယ်။

ချစ်သူများနေ့ဟာလိုသေးပေမယ့် ကြိုတွေးပြီး သတိပေးလိုက်ရပါတယ်။မကောင်းရွယ်နေသူအတွက် အနာကို ဆားပက်လိုက်ခြင်းပါ။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]


 














 



 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

Upcoming Property Events

bkk-projects
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service