အဆောက်အုံတည်ဆောက်ကြတဲ့အခါ ၃ထပ်ခွဲ ၆ထပ်ခွဲ ၈ထပ်ခွဲ တို့ ဘာကြောင့် တွေ့ရများတာလဲ..... - Property Knowledge in Myanmar from iMyanmarHouse.com
1530 Views

အဆောက်အုံတည်ဆောက်ကြတဲ့အခါ ၃ထပ်ခွဲ ၆ထပ်ခွဲ ၈ထပ်ခွဲ တို့ ဘာကြောင့် တွေ့ရများတာလဲ.....

Knowledge | Posted by Shwe Zin Win

[Unicode]

အဆောက်အအုံတွေ ဆောက်ကြတဲ့အခါ ဘာလို့ ၃ထပ်ခွဲတို့ ၆ထပ်ခွဲတို့ ၈ထပ်ခွဲလို့ ဆိုတာမျိုး အတွေ့များတာလဲတဲ့။ ဥပမာအားဖြင့် ၅ထပ်ခွဲတို့ ဘာတို့ သိပ်မရှိတာလဲပေါ့။ အဲဒါက အဆောက်အအုံတည်ဆောက်ဖို့ building permit တင်ရတဲ့အခါ အထပ်အမြင့်အလိုက် စီစစ်ပြီး ခွင့်ပြုတဲ့ အဖွဲ့တွေ ရှိလို့ပါ။

၃ထပ်ခွဲအထိအောင်က အိမ်ဆောက်မိန့်တင်တဲ့အခါ structural design တွက်ချက်ပြီး တင်စရာ မလိုပါဘူး။ ၄ထပ်ကနေ စပြီး structural design တွေ တွက်ချက်တင်ရပါပြီ။ အဲလို တွက်ချက်ပြီး တင်တဲ့နေရာမှာ ၄ထပ်ကနေ ၈ထပ်ခွဲအထိကို YCDC ဌာနကနေ စစ်ဆေးအတည်ပြုပေးပါတယ်။ ၉ထပ်ကနေ ၁၂ထပ်ခွဲ အထိကို High-rise Inspection Committee HIC အဖွဲ့ကနေ စီစစ်အတည်ပြုပေးပါတယ်။ ၁၃ထပ်နှင့် အထက်ကို Committee for Quality Control of High-rise Building Construction Projects CQHP အဖွဲ့က စီစစ်အတည်ပြုပေးပါတယ်။ အထပ်မြင့်လာလေလေ သက်ဆိုင်ရာ စီစစ်တဲ့ အဖွဲ့ကို တင်ပြရတဲ့ အဆင့်တွေ လိုအပ်တဲ့ စာရွက်စာတမ်းတွေက များပြားပြီး အချိန်အားဖြင့် ပိုယူရတဲ့ အတွက် အဲ့လို သတ်မှတ်တဲ့ အထပ်တွေအလိုက် တည်ဆောက်ကြတာ များပါတယ်။

 

 

နောက်ပြီး ၆ထပ်အဆောက်အအုံတွေ တော်တော်များများက အဆောက်အအုံအမြင့် ၆၂ပေ ကျော်ပါက ဓါတ်လှေကား တပ်ဆင်ရမယ် ဆိုတာမျိုး ရှိလို့ ၆ထပ်ခွဲ လူနေတိုက်ခန်းတွေ တည်ဆောက်ကြတာပါ။ ဒီမှာက ဓါတ်လှေကားမပါရင် တိုက်ခန်း ဓါတ်လှေကားပါရင် ကွန်ဒို ဆိုတာမျိုး လုပ်နေကြတော့ ဓါတ်လှေကားပါ ၈ထပ်ခွဲ ကွန်ဒိုတွေ တည်ဆောက်ကြတာ များပါတယ်။

 

နောက်တစ်ခုက တာဝန်ယူတည်ဆောက်ရတဲ့ အင်ဂျင်နီယာအရလဲ RSE တွေက ၈ထပ်ခွဲအထိ တည်ဆောက်နိုင်ပြီး အဲဒီထက်များရင် PE တွေက တာဝန်ယူတည်ဆောက်ရတာပါ။ အဲ့ဒါကြောင့်လဲ ၈ထပ်ခွဲ အဆောက်အအုံတွေ တွေ့ရတာ ဖြစ်ပါတယ်။

 

 

 

အဲ့ဒါကြောင့် မြို့ထဲ အဆောက်အအုံတွေတည်ဆောက်ရာမှာ အထပ်အရေအတွက် ဓါတ်လှေကားပါမပါ တာဝန်ယူတဲ့ အင်ဂျင်နီယာ စတာတွေကြောင့် အဆောက်အအုံတွေက ၃ထပ်ခွဲ ၆ထပ် ၈ထပ်ခွဲ စသဖြင့် အတွေ့ရ များတာ ဖြစ်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: Kyithar Myint

 

 

[Zawgyi]

အေဆာက္အုံတည္ေဆာက္ၾကတဲ့အခါ ၃ထပ္ခြဲ ၆ထပ္ခြဲ ၈ထပ္ခြဲ တို႔ ဘာေၾကာင့္ ေတြ႕ရမ်ားတာလဲ.....

 

အေဆာက္အအုံေတြ ေဆာက္ၾကတဲ့အခါ ဘာလို႔ ၃ထပ္ခြဲတို႔ ၆ထပ္ခြဲတို႔ ၈ထပ္ခြဲလို႔ ဆိုတာမ်ိဳး အေတြ႕မ်ားတာလဲတဲ့။ ဥပမာအားျဖင့္ ၅ထပ္ခြဲတို႔ ဘာတို႔ သိပ္မ႐ွိတာလဲေပါ့။ အဲဒါက အေဆာက္အအုံတည္ေဆာက္ဖို႔ building permit တင္ရတဲ့အခါ အထပ္အျမင့္အလိုက္ စီစစ္ၿပီး ခြင့္ျပဳတဲ့ အဖြဲ႕ေတြ ႐ွိလို႔ပါ။

၃ထပ္ခြဲအထိေအာင္က အိမ္ေဆာက္မိန္႔တင္တဲ့အခါ structural design တြက္ခ်က္ၿပီး တင္စရာ မလိုပါဘူး။ ၄ထပ္ကေန စၿပီး structural design ေတြ တြက္ခ်က္တင္ရပါၿပီ။ အဲလို တြက္ခ်က္ၿပီး တင္တဲ့ေနရာမွာ ၄ထပ္ကေန ၈ထပ္ခြဲအထိကို YCDC ဌာနကေန စစ္ေဆးအတည္ျပဳေပးပါတယ္။ ၉ထပ္ကေန ၁၂ထပ္ခြဲ အထိကို High-rise Inspection Committee HIC အဖြဲ႕ကေန စီစစ္အတည္ျပဳေပးပါတယ္။ ၁၃ထပ္ႏွင့္ အထက္ကို Committee for Quality Control of High-rise Building Construction Projects CQHP အဖြဲ႕က စီစစ္အတည္ျပဳေပးပါတယ္။ အထပ္ျမင့္လာေလေလ သက္ဆိုင္ရာ စီစစ္တဲ့ အဖြဲ႕ကို တင္ျပရတဲ့ အဆင့္ေတြ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြက မ်ားျပားၿပီး အခ်ိန္အားျဖင့္ ပိုယူရတဲ့ အတြက္ အဲ့လို သတ္မွတ္တဲ့ အထပ္ေတြအလိုက္ တည္ေဆာက္ၾကတာ မ်ားပါတယ္။

ေနာက္ၿပီး ၆ထပ္အေဆာက္အအုံေတြ ေတာ္ေတာ္မ်ားမ်ားက အေဆာက္အအုံအျမင့္ ၆၂ေပ ေက်ာ္ပါက ဓါတ္ေလွကား တပ္ဆင္ရမယ္ ဆိုတာမ်ိဳး ႐ွိလို႔ ၆ထပ္ခြဲ လူေနတိုက္ခန္းေတြ တည္ေဆာက္ၾကတာပါ။ ဒီမွာက ဓါတ္ေလွကားမပါရင္ တိုက္ခန္း ဓါတ္ေလွကားပါရင္ ကြန္ဒို ဆိုတာမ်ိဳး လုပ္ေနၾကေတာ့ ဓါတ္ေလွကားပါ ၈ထပ္ခြဲ ကြန္ဒိုေတြ တည္ေဆာက္ၾကတာ မ်ားပါတယ္။

ေနာက္တစ္ခုက တာဝန္ယူတည္ေဆာက္ရတဲ့ အင္ဂ်င္နီယာအရလဲ RSE ေတြက ၈ထပ္ခြဲအထိ တည္ေဆာက္ႏိုင္ၿပီး အဲဒီထက္မ်ားရင္ PE ေတြက တာဝန္ယူတည္ေဆာက္ရတာပါ။ အဲ့ဒါေၾကာင့္လဲ ၈ထပ္ခြဲ အေဆာက္အအုံေတြ ေတြ႕ရတာ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ၿမိဳ႕ထဲ အေဆာက္အအုံေတြတည္ေဆာက္ရာမွာ အထပ္အေရအတြက္ ဓါတ္ေလွကားပါမပါ တာဝန္ယူတဲ့ အင္ဂ်င္နီယာ စတာေတြေၾကာင့္ အေဆာက္အအုံေတြက ၃ထပ္ခြဲ ၆ထပ္ ၈ထပ္ခြဲ စသျဖင့္ အေတြ႕ရ မ်ားတာ ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: Kyithar Myint

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

Upcoming Property Events

42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service