အိမ်ခြံမြေ ဂရန်ခွဲ အပြောလွယ်သလောက် လုပ်တော့ တကယ်ခက်ခဲ… - Property Knowledge in Myanmar from iMyanmarHouse.com
1284 Views

အိမ်ခြံမြေ ဂရန်ခွဲ အပြောလွယ်သလောက် လုပ်တော့ တကယ်ခက်ခဲ…

Knowledge | Posted by Zarni Kyaw

[Unicode]

 

လွန်ခဲ့သော (၁)လခန့်က တောင်ဒဂုံ (၂၄)ရပ်ကွက်တွင် မြေနှင့်တိုက်အိမ်ဝယ်ယူခဲ့သည့် “ ကိုနေမျိုး “ နှင့် မဆုံဖြစ်သည်မှာ ကြာနေပြီဖြစ်၍ သတိရနေဆဲတွင် တိုက်တိုက်ဆိုင်ဆိုင် “ကိုနေမျိုး “ထံမှ ဖုန်းဆက်လာသည်။

“ ရှေ့နေကြီးရေ ကျွန်တော် “ကိုနေမျိုး” ပါ ကျွန်တော် သူငယ်ချင်း “ မင်းမင်း ” က တောင်ဒဂုံ (၂၅) ရပ်ကွက်မှာ (20’ x 60’) မြေကွက်ဝယ်ချင်လို့ပါ။ “ မင်းမင်း ” ကတော့ “ မြေအကြောင်း နားမလည်လို့ ၊ စာရွက်စာတမ်း စစ်ဆေးပေးဖို့နဲ့ ၊ စရန်ပေးစာချုပ်ပါ ချုပ်ဆိုချင်လို့ ဒီနေ့ ညနေ (၆) နာရီမှာ ရောင်းသူတွေနဲ့ ချိန်ထားပါတယ် ” “ ရှေ့နေကြီးကို ကျွန်တော်တို့ မင်းမင်း ” စတိုးဆိုင်က စောင့်နေပါမယ်ဆရာ ” ဟု ပြော၍ ချိန်ဆိုသည်။

ရောင်းမည့်သူက အလာစော။ ဝယ်သူကနောက်ကျ ၊ ပွဲဖြစ်ချင်သည်ထင်ပါ့

“ မောင်ကောင်းဖေလည်း ညနေ ရုံးဆင်ချိန်ဖြစ်၍ လာခဲ့မည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်သည်။ ညနေရုံဆင်းချိန်တွင် “ မင်းမင်း ” စဆိုးဆိုင်သို့ အရောက်သွားခဲ့သည် ။ မောင်ကောင်းဖေ ရောက်သွားသည်နှင့် ကိုနေမျိုးက အသင့်စောင့်နေပြီး ဝယ်မည့်သူ ကိုမင်းမင်းနှင့် မိတ်ဆက်ပေးသည်။ “ ရှေ့နေကြီးရေ ရောင်းမယ့်သူတွေက ညနေ(၅) နာရီခွဲထဲက မြို့ထဲကလာပြီး အသိအိမ်မှာလာစောင့်နေတယ်လို့ပြောတယ် ။ တစ်ခါတည်း သွားလိုက်ကြရအောင်” ဟု ဆိုသဖြင့် မောင်ကောင်းဖေ လည်း ကိုမင်းမင်းတို့နှင့်အတူ ရောင်းသူများစောင့်နေသည့် အိမ်သို့ လမ်းလျှောက်သွားလိုက်ကြသည်။

 

ဝယ်မည့်မြေကွက် (20’x60’) ပြည့်မပြည့် ပေတိုင်းကြည့်ဖို့လိုအပ်

ရောင်းမည့်မြေကွက်မှာ “ စည်ပင်လမ်းမကြီး ” အနောက်ဘက်ခြမ်းတွင် ရှိပြီး (၂)လမ်း မြောက်လမ်းသွယ် အတွင်း၌ ရှိသည်။ မြေကွက်ရှေ့သို့ရောက်သည်နှင့် ကိုမင်းမင်းက အခုဝယ်မယ့်မြေကွက်ပါ ဟု ပြောသည်။ မောင်ကောင်းဖေလည်း မြေကွက်ရှေ့ တည့်တည့် တွင်ရပ်၍ လေ့လာကြည့်လိုက်သည်။

“ ကိုမင်းမင်းရေ ရောင်းမည့်မြေကွက်အကျယ်က (20’x60’) ထင်တယ်။ ခေါင်းရင်းဘက် တိုက်အိမ်နှင့် ပေါင်းပြီး ခြံခတ်ထားပါလား ” “ ဟုတ်တယ် အစ်ကိုရေ (၂၅) ရပ်ကွက် က ဝန်ထမ်းရပ်ကွက်ဆိုတော့ (40’x60’) ခြံကွက်တွေလေ ခေါင်းရင်းဘက်ခြမ်း က ရောင်းပြီးသွားပြီအခု ခြေရင်းဘက်တစ်ခြမ်းက ကျန်တဲ့ (20’x 60’’) ကို ပြန်ရောင်းမှာ လို့ပြောတယ် ” “ ဟုတ်လား (20’ x60’) ပြည့်မပြည့်တော့ စရန်ပေး စာချုပ်ပြီးရင် “ ပေကြိုးနဲ့ ” တိုင်းကြည့်သင့်တယ် ” ဟု အကြံပေးလိုက်သည်။

ဝယ်သူမင်းမင်းနှင့် မောင်ကောင်းဖေတို့ ရောင်းသူနေအိမ် ရောက်သွားသည့်နှင့် ရောင်းသူက အိတ်အတွင်းမှ မကြာမီက မှ ရရှိထားသည့် အနှစ်(၆၀) ဂရန်သစ်စာအုပ် (အစိမ်းရင့်ရောင်) ကို ထုတ်ပြသည်။

ဂရန်အသစ်ဖြစ်၍ ပြုံးပျော်ရသည့် အကြောင်းရင်း

အနှစ်(၆၀) မြေငှါးဂရန်စာအုပ်အသစ်ကြီးမြင်လိုက်သည်နှင့် မောင်ကောင်းဖေ ပျော်သွားသည်။ ကိုမင်း ဝယ်ယူလျင် ဂရန်အသစ် စာအုပ်ကြီးကို ကိုင်ထားရတော့မည်။ ဝယ်ပြီးလျင်လည် ကုန်ကျစရိတ်များမည့် အမည်ပြောင်းခြင်း ကိစ္စမပြုလုပ်သေးဘဲ၊ ဂရန်အမည်ပေါက် စာအုပ်သာ ကိုင်ထားရန် အကြံပေးလိုက်မည်။ ဂရန်အမည်ပေါက်ရောင်းသူထံမှ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) ယူထားလိုက်ပြီး အဆင်ပြေသည့်အခါမှ ဂရန်အမည်ပေါက်နာမည်ပြောင်းခိုင်မည်ဟူသော အတွေးကြောင့် ပြုံးပျော်သွားခြင်း ဖြစ်သည်။

သို့သော် ဂရန်စာအုပ်အသစ်ကြီးကို ဖွင့်၍ဂရန်အမည်ပေါက် နာမည်များအားကြည့်လိုက်ရာ တစ်ဦးတည်း မဟုတ်ဘဲ (၄)ဦး အမည်ပေါက်ဖြစ်နေသည်ကိုတွေ့ရ၍ ပျော်နေသည့် စိတ်ပျောက်ကာ စိတ်ပျက်သွားသည်။ ကိုမင်းမင်း ဝယ်မည်ပြောစဉ်က (20’x60) မြေကွက်ဟု သိထားသဖြင့် ဂရန်ခွဲပြီး မြေကို တစ်ဦးတည်းအမည်ပေါက်ထံမှ ပြန်ဝယ်ရမည်ဟု ထင်ထားသည်။

(၄)ဦးပေါက် (40’ x 60’) ဂရန် ဝယ်သူအမည်ပေါက် ရဖို့ မလွယ်သည်မှာ အမှန်

ယခုတော့ ဤသို့မဟုတ် ဂရန်စာအုပ်တွင် (၄)ဦး အမည်ပေါက်နေသလို။ မြေအကျယ်ကလည်း (40’x60’) ရှိနေပြီး ဂရန်ခွဲစာအုပ် မလုပ်ရသေးပေ။ ယင်းသို့ လက်ရှိ အခြေအနေအတိုင်း ဝယ်ယူသူသို့ တစ်ဝက်ခွဲရောင်းမည် ဟု ဆိုလျင် ဝယ်သူအနေဖြင့် မြေကိုသာ လက်ရောက်ရမည်ဖြစ်သော်လည်း ဂရန်မူရင်းစာအုပ်ကို မရနိုင်သေးဘဲ ဂရန်မိတ္တူကို သာ ရနိုင်မည်။

မြေအမည်ပေါက် ဂရန်ခွဲ ၊ အပြောလွယ်သလောက် လုပ်တော့ တကယ်ခက်ခဲ

ဂရန်ခွဲလျှောက်လျင် (၂) လခန့်သာကြညမည်ဟု ရောင်းသူကပြောသော်လည်း ထင်သလောက်မလွယ်ကူပါ။ အနေဖြင့် လက်တွေ့ဂရန်ခွဲလျှောက်ထားနေသည့် မြေတစ်ကွက်ရှိသည်။ ယခင်မြေကွက်မှာ တစ်နှစ်ခန့်ကြာသော်လည်း ဂရန်ခွဲအမည်ပေါက်မရသေး၍ ကြိုးစားနေရဆဲ ဖြစ်သည်။ ရောင်းသူဘက်ကမူ (40’x60’) (4)ဦးပိုင်ဖြစ်၍ အပြန်အလှန် စွန့်လွတ်စာချုပ်ချုပ်ပေးမည်။ (20’x60’) တစ်ဝက်စီပိုင်သွားမည်ဟု အလွယ်ပြောသော်လည်း တကယ်လက်တွေ့ ဂရန်ခွဲလျင် စွန့်လွှတ်စာချုပ်ချုပ်ဆို ရုံဖြင့် (20 ‘x 60’) မြေအမည်ပေါက်များ ချက်ခြင်းဖြစ်မလာနိုင်ပါ။

မြေတိုင်းရဦးမည် မြေကွက် ခွဲစိတ်ရဦးမည်။ မြေတိုင်းခွဲ မြေပုံတင်ပြ၍ အတည်ပြုချက်ရယူရဦးမည်။ မြေယာဌာနမှူးထံမှ အတည်ပြုချက်ရမှသာလျင် ရောင်းသူ ဂရန်ခွဲအမည်ပေါက် ဖြစ်လာမည် ဖြစ်သည်။

 

ဂရန်မခွဲမီ ဝယ်ယူမိလျင် ကျော်ဖြတ်ရမည့်ခရီးစဉ်

ယင်းသို့ရောင်းသူအမည်ပေါက် ( 20’x60’) ဂရန်ခွဲကို ဝယ်ယူပြီးနောက်မှ ဝယ်သူက ဂရန်ခွဲအမည်ပေါက်ထံမှ အထူးကိုယ်စာလှယ်လွှဲစာယူ၍ မိမိအမည်ပေါက်ဖြစ်လာရန် စည်ပင်မြေယာဌာနတွင် အရောင်းမြေပုံကူးရမည်။ အခွန်ရုံးတွင်တန်ဖိုးဖြတ်ပေးဖို့တင်ပြရမည်။ အခွန်ရုံးမှ သတ်မှတ်သည့် ဝယ်ခွန်ဆောင်ပြီးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရဦးမည်။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ရပြီးမှသာလျှင် စည်ပင်မြေယာဌာနတွင် မိမိအမည်ပြောင်းရမည်။

ယင်းသို့ အဆင့်ဆင့်ဆောင်ရွက်ပြီးမှ မိမိအမည်ပေါက်ဂရန်ဖြစ်လာမည်ဖြစ်ကြောင်း ဝယ်သူ ကိုမင်းမင်း အားရှင်းပြရာ သဘောပေါက်သွားသဖြင့် ကျွန်တော်က အဲ့ဒါတွေ ဘာမှမသိဘူး ဝယ်ရင် ရောင်းသူအမည်ပေါက်ဂရန်ရမယ် ပါဝါယူထားပြီး နောက်မှ ဂရန်အမည်ပြောင်းမယ်ဆိုတဲ့ အစီအစဉ်နဲ့ ဝယ်ချင်တာ ရှေ့နေကြီးရှင်းပြသလိုဆိုရင်တော့ အဲဒီ့လောက်ကြီး အချိန်လည်းမပေးနိုင်ဘူး။ စိတ်ရှုပ်လည်းမခံနိုင်ဘူးဗျာ။ အဲဒီတော့ ရောင်းသူဂရန်အမည်ပေါက်ရတဲ့နေ့မှ ဝယ်တော့မယ်လေ ဟု ရောင်းသူကို နှုတ်ဆက်ပြီးပြန်ခဲ့ကြပါတော့သည်။

 

ဂရန်မြေဝယ်လိုသူများ ကြိုတင်သိထားကြစေချင်

ဂရန်အမည်ပေါက်မြေများမှာ ပါမစ်မြေ/စလစ်မြေများကဲ့သို့ အရပ်ကတိအရောင်းအဝယ် စာချုပ်အဆက်ဆက်ဖြင့် အလွယ်တကူ ဝယ်ယူရန် မလွယ်ကူလှပါ။ အဆင့်ဆင့်ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များရှိနေပါသဖြင့် မြေကွက်တစ်ကွက်ကို မဝယ်မှီ ကြိုတင်လေ့လာထားသင့်ကြောင်း အိမ်ခြံမြေဗဟုသုတ တစ်ခုကို မျှဝေပေးလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အိမ္ျခံေျမ ဂရန္ခြဲ အေျပာလြယ္သေလာက္ လုပ္ေတာ့ တကယ္ခက္ခဲ…

 

လြန္ခဲ့ေသာ (၁)လခန္႕က ေတာင္ဒဂံု (၂၄)ရပ္ကြက္တြင္ ေျမနွင့္တိုက္အိ္မ္ယူခဲ့သည့္ “ ကိုေနမ်ိဳး “ နွင့္ မဆံုျဖစ္သည္မွာ ၾကာေနျပီျဖစ္၍ သတိရေနဆဲတြင္ တိုက္တိုက္ဆိုင္ဆိုင္ “ကိုေနမ်ိဳး “ထံမွ ဖုန္းဆက္လာသည္။

“ ေရွ႕ေနၾကီးေရ ကၽြန္ေတာ္ “ကိုေနမ်ိဳး” ပါ ကၽြန္ေတာ္ သူငယ္ခ်င္း “ မင္းမင္း ” က ေတာင္ဒဂံု (၂၅) ရပ္ကြက္မွာ (20’ x 60’) ေျမကြက္ဝယ္ခ်င္လို႕ပါ။ “ မင္းမင္း ” ကေတာ့ “ ေျမအေၾကာင္း နားမလည္လို႕ ၊ စာရြက္စာတမ္း စစ္ေဆးေပးဖို႕နဲ႕ ၊ စရန္ေပးစာခ်ဳပ္ပါ ခ်ဳပ္ဆိုခ်င္လို႕ ဒီေန႕ ညေန (၆) နာရီမွာ ေရာင္းသူေတြနဲ႕ ခ်ိန္ထားပါတယ္ ” “ ေရွ႕ေနၾကီးကို ကၽြန္ေတာ္တို႕ မင္းမင္း ” စတိုးဆိုင္က ေစာင့္ေနပါမယ္ဆရာ ” ဟု ေျပာ၍ ခ်ိန္ဆိုသည္။

ေရာင္းမည့္သူက အလာေစာ။ ဝယ္သူကေနာက္က် ၊ ပြဲျဖစ္ခ်င္သည္ထင္ပါ့

“ ေမာင္ေကာင္းေဖလည္း ညေန ရုံးဆင္ခ်ိန္ျဖစ္၍ လာခဲ့မည္ျဖစ္ေၾကာင္း အေၾကာင္းျပန္လိုက္သည္။ ညေနရုံဆင္းခ်ိန္တြင္ “ မင္းမင္း ” စဆိုးဆိုင္သို႕ အေရာက္သြားခဲ့သည္ ။ ေမာင္ေကာင္းေဖ ေရာက္သြားသည္နွင့္ ကိုေနမ်ိဳးက အသင့္ေစာင့္ေနျပီး ဝယ္မည့္သူ ကိုမင္းမင္းနွင့္ မိတ္ဆက္ေပးသည္။ “ ေရွ႕ေနၾကီးေရ ေရာင္းမယ့္သူေတြက ညေန(၅) နာရီခြဲထဲက ျမိဳ႕ထဲကလာျပီး အသိအိမ္မွာလာေစာင့္ေနတယ္လို႕ေျပာတယ္ ။ တစ္ခါတည္း သြားလိုက္ၾကရေအာင္” ဟု ဆိုသျဖင့္ ေမာင္ေကာင္းေဖ လည္း ကိုမင္းမင္းတို႕နွင့္အတူ ေရာင္းသူမ်ားေစာင့္ေနသည့္ အိမ္သို႔ လမ္းေလွ်ာက္သြားလိုက္ၾကသည္။

 

ဝယ္မည့္ေျမကြက္ (20’x60’) ျပည့္မျပည့္ ေပတိုင္းၾကည့္ဖို႔လိုအပ္

ေရာင္းမည့္ေျမကြက္မွာ “ စည္ပင္လမ္းမၾကီး ” အေနာက္ဘက္ျခမ္းတြင္ ရွိျပီး (၂)လမ္း ေျမာက္လမ္းသြယ္ အတြင္း၌ ရွိသည္။ ေျမကြက္ေရွ႕သို႕ေရာက္သည္နွင့္ ကိုမင္းမင္းက အခုဝယ္မယ့္ေျမကြက္ပါ ဟု ေျပာသည္။ ေမာင္ေကာင္းေဖလည္း ေျမကြက္ေရွ႕ တည့္တည့္ တြင္ရပ္၍ ေလ့လာၾကည့္လိုက္သည္။

“ ကိုမင္းမင္းေရ ေရာင္းမည့္ေျမကြက္အက်ယ္က (20’x60’) ထင္တယ္။ ေခါင္းရင္းဘက္ တိုက္အိမ္နွင့္ ေပါင္းျပီး ျခံခတ္ထားပါလား ” “ ဟုတ္တယ္ အစ္ကိုေရ (၂၅) ရပ္ကြက္ က ဝန္ထမ္းရပ္ကြက္ဆိုေတာ့ (40’x60’) ျခံကြက္ေတြေလ ေခါင္းရင္းဘက္ျခမ္း က ေရာင္းျပီးသြားျပီအခု ေျခရင္းဘက္တစ္ျခမ္းက က်န္တဲ့ (20’x 60’’) ကို ျပန္ေရာင္းမွာ လို႕ေျပာတယ္ ” “ ဟုတ္လား (20’ x60’) ျပည့္မျပည့္ေတာ့ စရန္ေပး စာခ်ဳပ္ျပီးရင္ “ ေပၾကိဳးနဲ႕ ” တိုင္းၾကည့္သင့္တယ္ ” ဟု အၾကံေပးလိုက္သည္။

ဝယ္သူမင္းမင္းနွင့္ ေမာင္ေကာင္းေဖတို႕ ေရာင္းသူေနအိမ္ ေရာက္သြားသည့္နွင့္ ေရာင္းသူက အိတ္အတြင္းမွ မၾကာမီက မွ ရရွိထားသည့္ အနွစ္(၆၀) ဂရန္သစ္စာအုပ္ (အစိမ္းရင့္ေရာင္) ကို ထုတ္ျပသည္။

ဂရန္အသစ္ျဖစ္၍ ျပံဳးေပ်ာ္ရသည့္ အေၾကာင္းရင္း

အနွစ္(၆၀) ေျမငွါးဂရန္စာအုပ္အသစ္ၾကီးျမင္လိုက္သည္နွင့္ ေမာင္ေကာင္းေဖ ေပ်ာ္သြားသည္။ ကိုမင္း ဝယ္ယူလ်င္ ဂရန္အသစ္ စာအုပ္ၾကီးကို ကိုင္ထားရေတာ့မည္။ ဝယ္ျပီးလ်င္လည္ ကုန္က်စရိတ္မ်ားမည့္ အမည္ေျပာင္းျခင္း ကိစၥမျပဳလုပ္ေသးဘဲ၊ ဂရန္အမည္ေပါက္ စာအုပ္သာ ကိုင္ထားရန္ အၾကံေပးလိုက္မည္။ ဂရန္အမည္ေပါက္ေရာင္းသူထံမွ အထူးကိုယ္စားလွယ္လႊဲစာ (Special Power) ယူထားလိုက္ျပီး အဆင္ေျပသည့္အခါမွ ဂရန္အမည္ေပါက္နာမည္ေျပာင္းခိုင္မည္ဟူေသာ အေတြးေၾကာင့္ ျပံဳးေပ်ာ္သြားျခင္း ျဖစ္သည္။

သို႕ေသာ္ ဂရန္စာအုပ္အသစ္ၾကီးကို ဖြင့္၍ဂရန္အမည္ေပါက္ နာမည္မ်ားအားၾကည့္လိုက္ရာ တစ္ဦးတည္း မဟုတ္ဘဲ (၄)ဦး အမည္ေပါက္ျဖစ္ေနသည္ကိုေတြ႕ရ၍ ေပ်ာ္ေနသည့္ စိတ္ေပ်ာက္ကာ စိတ္ပ်က္သြားသည္။ ကိုမင္းမင္း ဝယ္မည္ေျပာစဥ္က (20’x60) ေျမကြက္ဟု သိထားသျဖင့္ ဂရန္ခြဲျပီး ေျမကို တစ္ဦးတည္းအမည္ေပါက္ထံမွ ျပန္ဝယ္ရမည္ဟု ထင္ထားသည္။

(၄)ဦးေပါက္ (40’ x 60’) ဂရန္ ဝယ္သူအမည္ေပါက္ ရဖို႔ မလြယ္သည္မွာ အမွန္

ယခုေတာ့ ဤသို႕မဟုတ္ ဂရန္စာအုပ္တြင္ (၄)ဦး အမည္ေပါက္ေနသလို။ ေျမအက်ယ္ကလည္း (40’x60’) ရွိေနျပီး ဂရန္ခြဲစာအုပ္ မလုပ္ရေသးေပ။ ယင္းသို႔ လက္ရွိ အေျခအေနအတိုင္း ဝယ္ယူသူသို႕ တစ္ဝက္ခြဲေရာင္းမည္ ဟု ဆိုလ်င္ ဝယ္သူအေနျဖင့္ ေျမကိုသာ လက္ေရာက္ရမည္ျဖစ္ေသာ္လည္း ဂရန္မူရင္းစာအုပ္ကို မရႏိုင္ေသးဘဲ ဂရန္မိတၱဴကို သာ ရႏိုင္မည္။

ေျမအမည္ေပါက္ ဂရန္ခြဲ ၊ အေျပာလြယ္သေလာက္ လုပ္ေတာ့ တကယ္ခက္ခဲ

ဂရန္ခြဲေလွ်ာက္လ်င္ (၂) လခန္႕သာၾကညမည္ဟု ေရာင္းသူကေျပာေသာ္လည္း ထင္သေလာက္မလြယ္ကူပါ။ အေနျဖင့္ လက္ေတြ႕ဂရန္ခြဲေလွ်ာက္ထားေနသည့္ ေျမတစ္ကြက္ရွိသည္။ ယခင္ေျမကြက္မွာ တစ္နွစ္ခန္႕ၾကာေသာ္လည္း ဂရန္ခြဲအမည္ေပါက္မရေသး၍ ၾကိဳးစားေနရဆဲ ျဖစ္သည္။ ေရာင္းသူဘက္ကမူ (40’x60’) (4)ဦးပိုင္ျဖစ္၍ အျပန္အလွန္ စြန္႕လြတ္စာခ်ဳပ္ခ်ဳပ္ေပးမည္။ (20’x60’) တစ္ဝက္စီပိုင္သြားမည္ဟု အလြယ္ေျပာေသာ္လည္း တကယ္လက္ေတြ႕ ဂရန္ခြဲလ်င္ စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆို ရုံျဖင့္ (20 ‘x 60’) ေျမအမည္ေပါက္မ်ား ခ်က္ျခင္းျဖစ္မလာႏိုင္ပါ။

ေျမတိုင္းရဦးမည္ ေျမကြက္ ခြဲစိတ္ရဦးမည္။ ေျမတိုင္းခြဲ ေျမပံုတင္ျပ၍ အတည္ျပဳခ်က္ရယူရဦးမည္။ ေျမယာဌာနမွဴးထံမွ အတည္ျပဳခ်က္ရမွသာလ်င္ ေရာင္းသူ ဂရန္ခြဲအမည္ေပါက္ ျဖစ္လာမည္ ျဖစ္သည္။

 

ဂရန္မခြဲမီ ဝယ္ယူမိလ်င္ ေက်ာ္ျဖတ္ရမည့္ခရီးစဥ္

ယင္းသို႕ေရာင္းသူအမည္ေပါက္ ( 20’x60’) ဂရန္ခြဲကို ဝယ္ယူျပီးေနာက္မွ ဝယ္သူက ဂရန္ခြဲအမည္ေပါက္ထံမွ အထူးကိုယ္စာလွယ္လႊဲစာယူ၍ မိမိအမည္ေပါက္ျဖစ္လာရန္ စည္ပင္ေျမယာဌာနတြင္ အေရာင္းေျမပံုကူးရမည္။ အခြန္ရုံးတြင္တန္ဖိုးျဖတ္ေပးဖို႕တင္ျပရမည္။ အခြန္ရုံးမွ သတ္မွတ္သည့္ ဝယ္ခြန္ေဆာင္ျပီးမွ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ရဦးမည္။ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ရျပီးမွသာလွ်င္ စည္ပင္ေျမယာဌာနတြင္ မိမိအမည္ေျပာင္းရမည္။

ယင္းသို႔ အဆင့္ဆင့္ေဆာင္ရြက္ျပီးမွ မိမိအမည္ေပါက္ဂရန္ျဖစ္လာမည္ျဖစ္ေၾကာင္း ဝယ္သူ ကိုမင္းမင္း အားရွင္းျပရာ သေဘာေပါက္သြားသျဖင့္ ကၽြန္ေတာ္က အဲ့ဒါေတြ ဘာမွမသိဘူး ဝယ္ရင္ ေရာင္းသူအမည္ေပါက္ဂရန္ရမယ္ ပါဝါယူထားျပီး ေနာက္မွ ဂရန္အမည္ေျပာင္းမယ္ဆိုတဲ့ အစီအစဥ္နဲ႕ ဝယ္ခ်င္တာ ေရွ႕ေနၾကီးရွင္းျပသလိုဆိုရင္ေတာ့ အဲဒီ့ေလာက္ၾကီး အခ်ိန္လည္းမေပးႏိုင္ဘူး။ စိတ္ရႈပ္လည္းမခံႏိုင္ဘူးဗ်ာ။ အဲဒီေတာ့ ေရာင္းသူဂရန္အမည္ေပါက္ရတဲ့ေန႕မွ ဝယ္ေတာ့မယ္ေလ ဟု ေရာင္းသူကို ႏႈတ္ဆက္ျပီးျပန္ခဲ့ၾကပါေတာ့သည္။

 

ဂရန္ေျမ၀ယ္လိုသူမ်ား ၾကိဳတင္သိထားၾကေစခ်င္

ဂရန္အမည္ေပါက္ေျမမ်ားမွာ ပါမစ္ေျမ/စလစ္ေျမမ်ားကဲ့သို႕ အရပ္ကတိအေရာင္းအဝယ္ စာခ်ဳပ္အဆက္ဆက္ျဖင့္ အလြယ္တကူ ဝယ္ယူရန္ မလြယ္ကူလွပါ။ အဆင့္ဆင့္ေဆာင္ရြက္ရသည့္လုပ္ငန္းစဥ္မ်ားရွိေနပါသျဖင့္ ေျမကြက္တစ္ကြက္ကို မဝယ္မွီ ၾကိဳတင္ေလ့လာထားသင့္ေၾကာင္း အိမ္ျခံေျမဗဟုသုတ တစ္ခုကို မွ်ေဝေပးလိုက္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service