အေးခဲထားသော အသား၊ ငါးများအား ရေခဲမြန်မြန်ပျော်စေသောနည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
1122 Views

အေးခဲထားသော အသား၊ ငါးများအား ရေခဲမြန်မြန်ပျော်စေသောနည်းများ

Knowledge | Posted by Hnin Ei Khin

[Unicode]

ဟင်းချက်မယ့်အချိန်ရောက်မှ အသားငါးကို ရေခဲမ‌ဖျော်ရသေးတာ သိရတာလောက် ဟင်းချက်မယ့်သူအတွက် စိတ်ရှုပ်စရာကောင်းတာမရှိတော့ပါဘူး။

အခုဆောင်းပါးကိုဖတ်ပြီးလျှင်တော့သင့်မှာ ထိုပြဿနာမျိုး ထပ်မံကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။

ရေခဲသေတ္တာခဲခန်းထဲက အသား၊ ငါးကို မချက်မပြုတ်ခင် နာရီအနည်းငယ်ကြို၍ ခဲခန်းထဲနေထုတ်ကာ အောက်ကရိုးရိုးရေခဲသေတ္တာအကန့်ထဲ ပြောင်းထည့်ကာ ရေခဲပျော်စေတာက အကောင်းဆုံးပါ။

 

ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ မြန်မြန်ဆန်ဆန်ရေခဲပျော်အောင် လုပ်ဖို့လိုတဲ့အခါမျိုးရှိပါလိမ့်မယ်။ ဒါ့အပြင် မိမိချက်ပြုတ်မယ့်အသားငါးကို ဆုံးဖြတ်ပြီးတဲ့တိုင် နေရာကြိုရွှေ့ဖို့မေ့တာက မကြာခဏဆိုသလို အကြိမ်အရေအတွက်ပိုများနိုင်ပါတယ်။

အသား၊ ငါးကို ရေခဲသေတ္တာပြင်ပမှာ ရေခဲပျော်အောင် ဒါမှမဟုတ် အအေးဓာတ်ပျက်ပြယ်သွားအောင် လုပ်တဲ့အခါ အဓိကစိုးရိမ်ပူပန်မှုဖြစ်တဲ့ သူ့မှာ ဘက်တီးရီးယား၊ အဏုဇီဝပိုးမွှားတွေ ဖြစ်ထွန်းကြီးထွားလာဖို့ လိုအပ်တဲ့အချိန်ကိုမပေးစေဘဲ မြန်မြန်နဲ့အန္တရာယ်ကင်းစွာ ရေခဲပျော်စေဖို့ နည်းလမ်းလေးတွေရှိပါတယ်။

 

၁။ မိုက်ခရိုဝေ့

- ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးနဲ့အလျင်မြန်ဆုံးနည်းလမ်းပါ။ အကြာဆုံး ၁၀ မိနစ်ဝန်းကျင်ပါပဲ။ မိုက်ခရိုဝေ့ (အစားအစာများကို လျှပ်စစ်သံလိုက်လှိုင်း အသုံးပြု၍ အလျင်အမြန် ချက် သို့မဟုတ် အပူပေးသော စက်) တွေမှာ defrost ဒါမှမဟုတ် thaw ဆိုတဲ့ ရေခဲဖျော်တဲ့ setting ပါဝင်ပါတယ်။ အသား၊ ငါးရဲ့ အမျိုးအစားနဲ့ အထူပေါ်လိုက်ပြီး အပူချိန်နဲ့ကြာချိန်ကို ချိန်ညှိ၍ ရေခဲဖျော်နိုင်ပါတယ်။

ကိုယ့်အိမ်မှာ မိုက်ခရိုဝေ့ မသုံးဘူး၊ မိုက်ခရိုဆိုရင်ရော? အခုဆက်လက်ဖော်ပြပေးမယ့် နည်းလမ်းက မိုက်ခရိုဝေ့ထက်ကို မိနစ်အနည်းငယ်ပိုကြာပေမဲ့ အသားကို ပိုပြီးတော့ ညီညာစွာ ရေခဲဖျော်ပေးပါတယ်။

 

 

၂။ ရေအေး (ရေခဲရေမဟုတ်သော ရိုးရိုးရေ)

- ဘုံဘိုင်ခေါင်းကနေ ချက်ချင်းဖွင့်ချလိုက်တဲ့ ရေဆို ရပါပြီ။ ဇလုံတစ်ခုထဲ အသားငါး ထည့်ပြီး အသားငါးမြုပ်တဲ့အထိ ဇလုံထဲ ရေထည့်ပါ။ တကယ်လို့ လေစုပ်ထားတဲ့ပလတ်စတစ်အိတ်နဲ့ ထည့်ထားတာဆိုလျှင် အထုပ်လိုက် ရေထဲနှစ်လိုက်ပါ။

- ဇလုံထဲက ရေတွေ မူလအပူချိန်ထက် ပိုအေးလာပိုဆိုလျှင် သွန်ပစ်ပြီး ဘုံဘိုင်ခေါင်းကနေ အသစ်ထပ်ဖွင့်ထည့်ပါ။ နည်းနည်းလေးပိုနွေးတဲ့ရေက ရေခဲဖျော်တဲ့လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေပါလိမ့်မယ်။ (ကြာချိန် - အသားငါးရဲ့အထူနဲ့ပမာဏပေါ်မူတည်ပြီး မိနစ် ၂၀ မှ သုံးနာရီခန့်ကြာ)

 

ဒါဆို ကျိုထားတဲ့ရေ‌နွေးနဲ့ပဲ လုပ်လိုက်လို့မရဘူးလားဆိုလျှင် အဖြေကတော့ မရပါဘူး။ ရေနွေးဟာ အသားငါးတွေကို သေချာပေါက် ရေခဲပျော်စေမှာပါ။ ဒါပေမဲ့ အသားငါးရဲ့ အစိတ်အပိုင်းအချို့ကို အပူချိန် ၄.၄ ဒီဂရီဆဲလ်ဆီးယပ်စ် (၄၀ ဒီဂရီဖာရင်ဟိုက်) အထက်ကို ‌ရောက်ရှိသွားစေနိုင်ပါတယ်။ အဲဒီအပူချိန်ဟာဆိုလျှင် အဏုဇီဝပိုးမွှားတွေ စတင်ဖြစ်ထွန်းကြီးထွားနိုင်တဲ့အပူချိန်ပါ။

အထူးသတိထားရမှာကတော့ အေးခဲထားတဲ့အသားငါးတွေကို ခဲခန်းထဲကနေထုတ်ပြီး အထူးသဖြင့် လေဟာပြင်၊ ကားဂိုဒေါင်နဲ့ မြေအောက်ခန်းတွေအပါအဝင် ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် သာမန်အခန်းအပူချိန်မှာ ရေခဲပျော်စေတာမျိုး မလုပ်ဖို့ပဲဖြစ်ပါတယ်။ ဘာလို့ဆို အန္တရာယ်မရှိတဲ့သာမန်အခန်းအပူချိန်ဟာ ဘယ်နိုင်ငံမှာမဆို ၁၅ - ၂၅ ဒီဂရီဆဲလ်ဆီးယပ်စ် အတိုင်းအတာအတွင်းမှာရှိတာကြောင့် ၄.၄ ထက်မြင့်တဲ့အတွက် ဘက်တီးရီးယား၊ အဏုဇီဝပိုးမွှားတွေ ဖြစ်ထွန်းကြီးထွားလာနိုင်လို့ပဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေအးခဲထားေသာ အသား၊ ငါးမ်ားအား ေရခဲျမန္ျမန္ေပ်ာ္ေစေသာနည္းမ်ား

 

ဟင္းခ်က္မယ့္အခ်ိန္ေရာက္မွ အသားငါးကို ေရခဲမ‌ေဖ်ာ္ရေသးတာ သိရတာေလာက္ ဟင္းခ်က္မယ့္သူအတြက္ စိတ္႐ႈပ္စရာေကာင္းတာမ႐ွိေတာ့ပါဘူး။

အခုေဆာင္းပါးကိုဖတ္ၿပီးလွ်င္ေတာ့သင့္မွာ ထိုျပႆနာမ်ိဳး ထပ္မံၾကဳံေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။

ေရခဲေသတၱာခဲခန္းထဲက အသား၊ ငါးကို မခ်က္မျပဳတ္ခင္ နာရီအနည္းငယ္ႀကိဳ၍ ခဲခန္းထဲေနထုတ္ကာ ေအာက္က႐ိုး႐ိုးေရခဲေသတၱာအကန္႔ထဲ ေျပာင္းထည့္ကာ ေရခဲေပ်ာ္ေစတာက အေကာင္းဆုံးပါ။

ဒါေပမဲ့ တစ္ခါတစ္ရံမွာေတာ့ ျမန္ျမန္ဆန္ဆန္ေရခဲေပ်ာ္ေအာင္ လုပ္ဖို႔လိုတဲ့အခါမ်ိဳး႐ွိပါလိမ့္မယ္။ ဒါ့အျပင္ မိမိခ်က္ျပဳတ္မယ့္အသားငါးကို ဆုံးျဖတ္ၿပီးတဲ့တိုင္ ေနရာႀကိဳေ႐ႊ႕ဖို႔ေမ့တာက မၾကာခဏဆိုသလို အႀကိမ္အေရအတြက္ပိုမ်ားႏိုင္ပါတယ္။

အသား၊ ငါးကို ေရခဲေသတၱာျပင္ပမွာ ေရခဲေပ်ာ္ေအာင္ ဒါမွမဟုတ္ အေအးဓာတ္ပ်က္ျပယ္သြားေအာင္ လုပ္တဲ့အခါ အဓိကစိုးရိမ္ပူပန္မႈျဖစ္တဲ့ သူ႕မွာ ဘက္တီးရီးယား၊ အဏုဇီဝပိုးမႊားေတြ ျဖစ္ထြန္းႀကီးထြားလာဖို႔ လိုအပ္တဲ့အခ်ိန္ကိုမေပးေစဘဲ ျမန္ျမန္နဲ႔အႏၲရာယ္ကင္းစြာ ေရခဲေပ်ာ္ေစဖို႔ နည္းလမ္းေလးေတြ႐ွိပါတယ္။

 

၁။ မိုက္ခ႐ိုေဝ့

- ဒီနည္းလမ္းကေတာ့ အလြယ္ကူဆုံးနဲ႔အလ်င္ျမန္ဆုံးနည္းလမ္းပါ။ အၾကာဆုံး ၁၀ မိနစ္ဝန္းက်င္ပါပဲ။ မိုက္ခ႐ိုေဝ့ (အစားအစာမ်ားကို လွ်ပ္စစ္သံလိုက္လိႈင္း အသုံးျပဳ၍ အလ်င္အျမန္ ခ်က္ သို႔မဟုတ္ အပူေပးေသာ စက္) ေတြမွာ defrost ဒါမွမဟုတ္ thaw ဆိုတဲ့ ေရခဲေဖ်ာ္တဲ့ setting ပါဝင္ပါတယ္။ အသား၊ ငါးရဲ႕ အမ်ိဳးအစားနဲ႔ အထူေပၚလိုက္ၿပီး အပူခ်ိန္နဲ႔ၾကာခ်ိန္ကို ခ်ိန္ညႇိ၍ ေရခဲေဖ်ာ္ႏိုင္ပါတယ္။

ကိုယ့္အိမ္မွာ မိုက္ခ႐ိုေဝ့ မသုံးဘူး၊ မိုက္ခ႐ိုဆိုရင္ေရာ? အခုဆက္လက္ေဖာ္ျပေပးမယ့္ နည္းလမ္းက မိုက္ခ႐ိုေဝ့ထက္ကို မိနစ္အနည္းငယ္ပိုၾကာေပမဲ့ အသားကို ပိုၿပီးေတာ့ ညီညာစြာ ေရခဲေဖ်ာ္ေပးပါတယ္။

 

၂။ ေရေအး (ေရခဲေရမဟုတ္ေသာ ႐ိုး႐ိုးေရ)

- ဘုံဘိုင္ေခါင္းကေန ခ်က္ခ်င္းဖြင့္ခ်လိုက္တဲ့ ေရဆို ရပါၿပီ။ ဇလုံတစ္ခုထဲ အသားငါး ထည့္ၿပီး အသားငါးျမဳပ္တဲ့အထိ ဇလုံထဲ ေရထည့္ပါ။ တကယ္လို႔ ေလစုပ္ထားတဲ့ပလတ္စတစ္အိတ္နဲ႔ ထည့္ထားတာဆိုလွ်င္ အထုပ္လိုက္ ေရထဲႏွစ္လိုက္ပါ။

- ဇလုံထဲက ေရေတြ မူလအပူခ်ိန္ထက္ ပိုေအးလာပိုဆိုလွ်င္ သြန္ပစ္ၿပီး ဘုံဘိုင္ေခါင္းကေန အသစ္ထပ္ဖြင့္ထည့္ပါ။ နည္းနည္းေလးပိုေႏြးတဲ့ေရက ေရခဲေဖ်ာ္တဲ့လုပ္ငန္းစဥ္ကို ပိုမိုျမန္ဆန္ေစပါလိမ့္မယ္။ (ၾကာခ်ိန္ - အသားငါးရဲ႕အထူနဲ႔ပမာဏေပၚမူတည္ၿပီး မိနစ္ ၂၀ မွ သုံးနာရီခန္႔ၾကာ)

ဒါဆို က်ိဳထားတဲ့ေရ‌ေႏြးနဲ႔ပဲ လုပ္လိုက္လို႔မရဘူးလားဆိုလွ်င္ အေျဖကေတာ့ မရပါဘူး။ ေရေႏြးဟာ အသားငါးေတြကို ေသခ်ာေပါက္ ေရခဲေပ်ာ္ေစမွာပါ။ ဒါေပမဲ့ အသားငါးရဲ႕ အစိတ္အပိုင္းအခ်ိဳ႕ကို အပူခ်ိန္ ၄.၄ ဒီဂရီဆဲလ္ဆီးယပ္စ္ (၄၀ ဒီဂရီဖာရင္ဟိုက္) အထက္ကို ‌ေရာက္႐ွိသြားေစႏိုင္ပါတယ္။ အဲဒီအပူခ်ိန္ဟာဆိုလွ်င္ အဏုဇီဝပိုးမႊားေတြ စတင္ျဖစ္ထြန္းႀကီးထြားႏိုင္တဲ့အပူခ်ိန္ပါ။

အထူးသတိထားရမွာကေတာ့ ေအးခဲထားတဲ့အသားငါးေတြကို ခဲခန္းထဲကေနထုတ္ၿပီး အထူးသျဖင့္ ေလဟာျပင္၊ ကားဂိုေဒါင္နဲ႔ ေျမေအာက္ခန္းေတြအပါအဝင္ ဘယ္လိုေနရာမ်ိဳးမွာပဲျဖစ္ျဖစ္ သာမန္အခန္းအပူခ်ိန္မွာ ေရခဲေပ်ာ္ေစတာမ်ိဳး မလုပ္ဖို႔ပဲျဖစ္ပါတယ္။ ဘာလို႔ဆို အႏၲရာယ္မ႐ွိတဲ့သာမန္အခန္းအပူခ်ိန္ဟာ ဘယ္ႏိုင္ငံမွာမဆို ၁၅ - ၂၅ ဒီဂရီဆဲလ္ဆီးယပ္စ္ အတိုင္းအတာအတြင္းမွာ႐ွိတာေၾကာင့္ ၄.၄ ထက္ျမင့္တဲ့အတြက္ ဘက္တီးရီးယား၊ အဏုဇီဝပိုးမႊားေတြ ျဖစ္ထြန္းႀကီးထြားလာႏိုင္လို႔ပဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
magical-world
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service