ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား - Property Knowledge in Myanmar from iMyanmarHouse.com
776 Views

ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား

Knowledge | Posted by Si Thu Aung

[Unicode]

ကြက်ဥ ဆိုတာ လူတိုင်းနီးပါးနဲ့ လက်လှမ်းမှီပြီး အာဟာရဓာတ်လည်း ကြွယ်ဝလှတဲ့ အစားအစာတစ်မျိုးဆိုရင် မမှားပါဘူး။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေရဲ့ လက်စွဲလို့လည်း ဆိုလို့ရပါတယ်။ ကြက်ဥစား ပြီး ဝိတ်ချကြတာမျိုးပေါ့။

ကြက်ဥစားရင် ဝိတ်ကျတယ်လို့ဆိုတဲ့အချက်က မှန်သင့်သလောက်မှန်ပေမယ့် လုံးဝအတိအကျကြီး မှန်ကန်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဝိတ်ချတဲ့လုပ်ငန်းစဉ်မှာ ကြက်ဥပြုတ်ကို အမယ်တစ်ခုအဖြစ် ထည့်သွင်းချင်သူတွေကို ဗဟုသုတဖြစ်စေဖို့ ရှင်းပြပေးချင်ပါတယ်။

ကြက်ဥစား တာက ဝိတ်ကျစေတာလား

 

ကြက်ဥက အာဟာရဓာတ်ကြွယ်ဝပြီး ဗိုက်လည်းပြည့်စေတာမို့ အစာစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်လျှော့ချမှုကို အထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်ဥက ဝိတ်ကျစေတာတော့ မဟုတ်ပါဘူး။ ကြက်ဥက ဝိတ်ချတဲ့လုပ်ငန်းစဉ်ကို ပံ့ပိုးပေးတာသာဖြစ်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့် ကြက်ဥဟာ ပရိုတိန်း၊ အာဟာရဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ကယ်လိုရီ၊ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်နေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ကြက်ဥက ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူဖြစ်စေတဲ့ အချက် ၃ ချက်ရှိပါတယ်။

 

* ကြက်ဥတစ်လုံးထဲမှာပါရှိနေတဲ့ ကယ်လိုရီ ရာခိုင်နှုန်းက အတော်များတယ်ဆိုပေမယ့် ၇၈ ကယ်လိုရီဆိုတဲ့ ပမာဏဟာ တခြားအစားအစာတွေနဲ့ယှဉ်ကြည့်ရင်တော့ နည်းပါးတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။ ကြက်ဥကို ဆီနဲ့ကြော်စားရင်တောင်မှ ကယ်လိုရီပမာဏက ၁၁၉ အထိသာမြင့်တက်နိုင်ပါတယ်။

* ကြက်ဥက ပရိုတိန်းဓာတ်ကြွယ်ဝပါတယ်။ ဒါကြောင့် ဗိုက်ပြည့်စေတာဖြစ်ပြီးတော့ အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ တစ်ဖက်မှာလည်း ကြက်ဥမှာ အာဟာရဓာတ်ပြည့်ဝနေတာမို့ ဗိုက်မဆာပေမယ့် အာဟာရဓာတ်တွေ ချို့ယွင်းနေမှာမဟုတ်ဘဲ ကြက်ဥက ဖြည့်ဆည်းပေးနေမှာပါ။ တစ်နေ့ကို ကြက်ဥ ၂ လုံးမှီဝဲပေးမယ်ဆိုရင် ကျန်းမာတဲ့လူတစ်ယောက်ရဲ့ နေ့စဉ် ပရိုတိန်းလိုအပ်ချက် ၂၀-၂၅% ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

* နောက်ထပ်တစ်ချက်တော့ ကြက်ဥက ကိုယ်တွင်းဇီဝကမ္မ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်တယ်ဆိုတာပါပဲ။ ၂၀၁၄ ခုနှစ်ကပြုလုပ်တဲ့ လေ့လာချက်တစ်ခုအရ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်နိုင်ဖို့ ပရိုတိန်းက ၁၅-၃၀%၊ ကာဘိုဟိုက်ဒြိတ်က ၅-၁၀% နဲ့ အဆီက ၃% လောက် အရေးပါပါတယ်တဲ့။ ကြက်ဥမှာ အဆိုပါ ဓာတ်တွေ အကုန်ပါဝင်နေပါတယ်။

ဒီအချက် ၃ ချက်ကတော့ ကြက်ဥက ခန္ဓာကိုယ်အလေးချိန်ကို လျော့ပါးသွားအောင် ကူညီပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

ကြက်ဥစား လိုက်ရုံနဲ့တော့ ဝိတ်ကျသွားမှာမဟုတ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ကြက်ဥက ဝိတ်ကျစေတာမဟုတ်ပါဘူး။ ဝိတ်ကျစေမယ့် လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ရာမှာ ကြက်ဥက ဝင်ရောက်အားဖြည့်ပေးတာဖြစ်ပါတယ်။

 

 

ကြက်ဥ ကို ဘယ်လို မှီဝဲကြမလဲ

ကိုယ်အလေးချိန်လျှော့ချချင်သူတွေနေနဲ့ ကြက်ဥကို သေချာကျက်အောင် ပြုတ်ပြီးစားတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

အကောင်းဆုံးမှီဝဲသင့်တဲ့အချိန်က မနက်ပိုင်းလို့ လေ့လာချက်တွေကဆိုပါတယ်။ ဒီလို မနက်စောစောမှာ မှီဝဲခြင်းအားဖြင့် ကိုယ်အလေးချိန် လျှော့ချရေးမှာ အထောက်အကူဖြစ်စေပြီး ခန္ဓာကိုယ်ကိုလည်း တစ်နေ့တာလုံးကို အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။

၂၀၀၅ ခုနှစ်တုန်းက လေ့လာချက်တစ်ခုအရဆိုရင် မနက်စာမှီဝဲရာမှာ ကယ်လိုရီပါဝင်မှုတူညီတဲ့ တခြားအစားအစာတွေနဲ့ ယှဉ်ရင် ကြက်ဥစားတာက ပိုပြီး ကိုယ်အလေးချိန်လျော့ကျစေဖို့ အကျိုးဖြစ်ထွန်းစေတယ်လို့ ဆိုထားပါတယ်။

နောက်ပြီး အရေးပါသေးတဲ့ အချက်တစ်ချက်ကတော့ ဘယ်လောက်ပမာဏ မှီဝဲမလဲဆိုတာပါပဲ။ ကြက်ဥဟာ ဗိုက်ပြည့်စေတဲ့ ဂုဏ်သတ္တိမျိုးရှိပါတယ်။ ဒါကြောင့်အများကြီးမှီဝဲတာမျိုး ပြုလုပ်ဖို့ ခက်ပါလိမ့်မယ်။ လေ့လာချက်တွေကတော့ တစ်နေ့ကို တစ်လုံးနှုန်းနဲ့ မှီဝဲတာက နည်းလမ်းကောင်းလို့ ဆိုပါတယ်။

တစ်နေ့ တစ်လုံးမှီဝဲတာက ကိုယ်အလေးချိန်ချဖို့ အထောက်အကူဖြစ်စေသလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း တားဆီးပေးနိုင်ပါတယ်တဲ့။ ဒါ့အပြင် တစ်လကို ၁၂ လုံးလောက် မှီဝဲပေးမယ်ဆိုရင်လည်း သွေးတိုးနဲ့ ဆီးချိုတိုက်ဖျက်ရေးမှာ ကူညီနိုင်ပါသေးတယ်။

ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာကလည်း ရှိသေးတာမို့ တစ်နေ့ကို ၂ လုံးထက်ပိုစားတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းကတော့ ကြက်ဥမှာ အာဟာရဓာတ်တွေအပြင် ကိုယ်လက်စထရောလည်း ပါဝင်နေတာကြောင့်ပါပဲ။

တန်ဖိုးချိုချို အာဟာရဓာတ်ကြွယ်ဝတဲ့ ကြက်ဥတွေကို မှီဝဲပြီး ကိုယ်အလေးချိန်ကို အောင်အောင်မြင်မြင်လျှော့ချနိုင်ကြပါစေနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: hellosayarwon

 

 

[Zawgyi]

ၾကက္ဥစား ရင္ ဝိတ္က်တယ္ဆိုတာ မွန္ရဲ႕လား

 

ၾကက္ဥ ဆိုတာ လူတိုင္းနီးပါးနဲ႔ လက္လွမ္းမွီၿပီး အာဟာရဓာတ္လည္း ႂကြယ္ဝလွတဲ့ အစားအစာတစ္မ်ိဳးဆိုရင္ မမွားပါဘူး။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္သူေတြရဲ႕ လက္စြဲလို႔လည္း ဆိုလို႔ရပါတယ္။ ၾကက္ဥစား ၿပီး ဝိတ္ခ်ၾကတာမ်ိဳးေပါ့။

ၾကက္ဥစားရင္ ဝိတ္က်တယ္လို႔ဆိုတဲ့အခ်က္က မွန္သင့္သေလာက္မွန္ေပမယ့္ လုံးဝအတိအက်ႀကီး မွန္ကန္ေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဝိတ္ခ်တဲ့လုပ္ငန္းစဥ္မွာ ၾကက္ဥျပဳတ္ကို အမယ္တစ္ခုအျဖစ္ ထည့္သြင္းခ်င္သူေတြကို ဗဟုသုတျဖစ္ေစဖို႔ ႐ွင္းျပေပးခ်င္ပါတယ္။

ၾကက္ဥစား တာက ဝိတ္က်ေစတာလား

ၾကက္ဥက အာဟာရဓာတ္ႂကြယ္ဝၿပီး ဗိုက္လည္းျပည့္ေစတာမို႔ အစာစားခ်င္စိတ္ကို ေလ်ာ့က်ေစၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်မႈကို အေထာက္အကူျဖစ္ေစတာျဖစ္ပါတယ္။ ဒါေပမယ့္ ၾကက္ဥက ဝိတ္က်ေစတာေတာ့ မဟုတ္ပါဘူး။ ၾကက္ဥက ဝိတ္ခ်တဲ့လုပ္ငန္းစဥ္ကို ပံ့ပိုးေပးတာသာျဖစ္ပါတယ္။

အၾကမ္းဖ်ဥ္းအားျဖင့္ ၾကက္ဥဟာ ပ႐ိုတိန္း၊ အာဟာရဓာတ္ေတြနဲ႔ သတၱဳဓာတ္ေတြ ႂကြယ္ဝသလို ကယ္လိုရီ၊ အဆီနဲ႔ ကိုလက္စထေရာေတြ ပါဝင္ေနတဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။

ဒါေပမယ့္ တစ္ဖက္မွာလည္း ၾကက္ဥက ကိုယ္အေလးခ်ိန္က်ေစဖို႔ အေထာက္အကူျဖစ္ေစတဲ့ အခ်က္ ၃ ခ်က္႐ွိပါတယ္။

* ၾကက္ဥတစ္လုံးထဲမွာပါ႐ွိေနတဲ့ ကယ္လိုရီ ရာခိုင္ႏႈန္းက အေတာ္မ်ားတယ္ဆိုေပမယ့္ ၇၈ ကယ္လိုရီဆိုတဲ့ ပမာဏဟာ တျခားအစားအစာေတြနဲ႔ယွဥ္ၾကည့္ရင္ေတာ့ နည္းပါးတဲ့ ကိန္းဂဏန္းတစ္ခုျဖစ္ပါတယ္။ ၾကက္ဥကို ဆီနဲ႔ေၾကာ္စားရင္ေတာင္မွ ကယ္လိုရီပမာဏက ၁၁၉ အထိသာျမင့္တက္ႏိုင္ပါတယ္။

* ၾကက္ဥက ပ႐ိုတိန္းဓာတ္ႂကြယ္ဝပါတယ္။ ဒါေၾကာင့္ ဗိုက္ျပည့္ေစတာျဖစ္ၿပီးေတာ့ အစာစားခ်င္စိတ္ကို ေလ်ာ့က်ေစပါတယ္။ တစ္ဖက္မွာလည္း ၾကက္ဥမွာ အာဟာရဓာတ္ျပည့္ဝေနတာမို႔ ဗိုက္မဆာေပမယ့္ အာဟာရဓာတ္ေတြ ခ်ိဳ႕ယြင္းေနမွာမဟုတ္ဘဲ ၾကက္ဥက ျဖည့္ဆည္းေပးေနမွာပါ။ တစ္ေန႔ကို ၾကက္ဥ ၂ လုံးမွီဝဲေပးမယ္ဆိုရင္ က်န္းမာတဲ့လူတစ္ေယာက္ရဲ႕ ေန႔စဥ္ ပ႐ိုတိန္းလိုအပ္ခ်က္ ၂၀-၂၅% ကို ျဖည့္ဆည္းေပးႏိုင္ပါတယ္။

* ေနာက္ထပ္တစ္ခ်က္ေတာ့ ၾကက္ဥက ကိုယ္တြင္းဇီဝကမၼ လုပ္ေဆာင္ခ်က္ေတြကို ျမႇင့္တင္ေပးႏိုင္တယ္ဆိုတာပါပဲ။ ၂၀၁၄ ခုႏွစ္ကျပဳလုပ္တဲ့ ေလ့လာခ်က္တစ္ခုအရ လူ႕ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြကို ျမႇင့္တင္ႏိုင္ဖို႔ ပ႐ိုတိန္းက ၁၅-၃၀%၊ ကာဘိုဟိုက္ၿဒိတ္က ၅-၁၀% နဲ႔ အဆီက ၃% ေလာက္ အေရးပါပါတယ္တဲ့။ ၾကက္ဥမွာ အဆိုပါ ဓာတ္ေတြ အကုန္ပါဝင္ေနပါတယ္။

ဒီအခ်က္ ၃ ခ်က္ကေတာ့ ၾကက္ဥက ခႏၶာကိုယ္အေလးခ်ိန္ကို ေလ်ာ့ပါးသြားေအာင္ ကူညီေပးႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြျဖစ္ပါတယ္။

ၾကက္ဥစား လိုက္႐ုံနဲ႔ေတာ့ ဝိတ္က်သြားမွာမဟုတ္တာကို သိနားလည္ထားဖို႔ လိုအပ္ပါတယ္။ ၾကက္ဥက ဝိတ္က်ေစတာမဟုတ္ပါဘူး။ ဝိတ္က်ေစမယ့္ လုပ္ေဆာင္ခ်က္ေတြကို လုပ္ေဆာင္ရာမွာ ၾကက္ဥက ဝင္ေရာက္အားျဖည့္ေပးတာျဖစ္ပါတယ္။

 

ၾကက္ဥ ကို ဘယ္လို မွီဝဲၾကမလဲ

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္သူေတြေနနဲ႔ ၾကက္ဥကို ေသခ်ာက်က္ေအာင္ ျပဳတ္ၿပီးစားတာက အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

အေကာင္းဆုံးမွီဝဲသင့္တဲ့အခ်ိန္က မနက္ပိုင္းလို႔ ေလ့လာခ်က္ေတြကဆိုပါတယ္။ ဒီလို မနက္ေစာေစာမွာ မွီဝဲျခင္းအားျဖင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေရးမွာ အေထာက္အကူျဖစ္ေစၿပီး ခႏၶာကိုယ္ကိုလည္း တစ္ေန႔တာလုံးကို အက်ိဳးျဖစ္ထြန္းေစပါလိမ့္မယ္။

၂၀၀၅ ခုႏွစ္တုန္းက ေလ့လာခ်က္တစ္ခုအရဆိုရင္ မနက္စာမွီဝဲရာမွာ ကယ္လိုရီပါဝင္မႈတူညီတဲ့ တျခားအစားအစာေတြနဲ႔ ယွဥ္ရင္ ၾကက္ဥစားတာက ပိုၿပီး ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစဖို႔ အက်ိဳးျဖစ္ထြန္းေစတယ္လို႔ ဆိုထားပါတယ္။

ေနာက္ၿပီး အေရးပါေသးတဲ့ အခ်က္တစ္ခ်က္ကေတာ့ ဘယ္ေလာက္ပမာဏ မွီဝဲမလဲဆိုတာပါပဲ။ ၾကက္ဥဟာ ဗိုက္ျပည့္ေစတဲ့ ဂုဏ္သတၱိမ်ိဳး႐ွိပါတယ္။ ဒါေၾကာင့္အမ်ားႀကီးမွီဝဲတာမ်ိဳး ျပဳလုပ္ဖို႔ ခက္ပါလိမ့္မယ္။ ေလ့လာခ်က္ေတြကေတာ့ တစ္ေန႔ကို တစ္လုံးႏႈန္းနဲ႔ မွီဝဲတာက နည္းလမ္းေကာင္းလို႔ ဆိုပါတယ္။

တစ္ေန႔ တစ္လုံးမွီဝဲတာက ကိုယ္အေလးခ်ိန္ခ်ဖို႔ အေထာက္အကူျဖစ္ေစသလို ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကိုလည္း တားဆီးေပးႏိုင္ပါတယ္တဲ့။ ဒါ့အျပင္ တစ္လကို ၁၂ လုံးေလာက္ မွီဝဲေပးမယ္ဆိုရင္လည္း ေသြးတိုးနဲ႔ ဆီးခ်ိဳတိုက္ဖ်က္ေရးမွာ ကူညီႏိုင္ပါေသးတယ္။

ဒါေပမယ့္ တန္ေဆးလြန္ေဘးဆိုတာကလည္း ႐ွိေသးတာမို႔ တစ္ေန႔ကို ၂ လုံးထက္ပိုစားတာမ်ိဳးကိုေတာ့ ေ႐ွာင္ၾကဥ္သင့္ပါတယ္။ အေၾကာင္းကေတာ့ ၾကက္ဥမွာ အာဟာရဓာတ္ေတြအျပင္ ကိုယ္လက္စထေရာလည္း ပါဝင္ေနတာေၾကာင့္ပါပဲ။

တန္ဖိုးခ်ိဳခ်ိဳ အာဟာရဓာတ္ႂကြယ္ဝတဲ့ ၾကက္ဥေတြကို မွီဝဲၿပီး ကိုယ္အေလးခ်ိန္ကို ေအာင္ေအာင္ျမင္ျမင္ေလွ်ာ့ခ်ႏိုင္ၾကပါေစေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
shwe-wutthmone
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service