နောင်တကင်းအောင် - Property Knowledge in Myanmar from iMyanmarHouse.com
796 Views

နောင်တကင်းအောင်

Knowledge | Posted by Zarni Kyaw

[Unicode]

လူတိုင်း “နောင်တ”ဆိုတဲ့ စကားကို ငယ်ငယ်ကတည်းက ကြားခဲ့ကြရမှာပါ။ဒါပေမဲ့ ဘယ်သူတွေဘယ်လောက်ပဲ အာပေါက်အောင်ပြောပြော အဲဒီတုန်းက ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့တာပေါ့။ကိုယ်လုပ်ချင်တာကိုယ် ကိုယ်လုပ် တယ်။ကိုယ်ပြောချင်တာကို ကိုယ်ပြောခဲ့တယ်။ဒီဟာကိုလုပ်ရတာနှစ်သက်တယ်။အဲဒီနှစ်သက်တာကို ကိုယ့်ဝါသနာလို့ ထင်ခဲ့ပြီး ထင်တဲ့အတိုင်းလုပ်နေခဲ့မိတယ်။

ကိုယ်လုပ်ချင်တာကို လုပ်နေမိတော့ လုပ်သင့်တာတွေကို မလုပ်မိတာတွေရှိလာခဲ့တာပေါ့။တစ်ခါတစ်ရံ ကိုယ်လုပ်ချင်တဲ့ ဟာတွေက ကိုယ့်ဘဝအတွက် ရပ်တည်ရာမဖြစ်ခဲ့ဘဲ ဘာမှမဟုတ်ဘဲ အချိန်ဖြုန်းလိုက်သလို ဖြစ်သွားတယ်ဆိုတာ နောင်မှတွေးသိခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

လူတွေဟာ ဝါသနာလို့ထင်ခဲ့ပြီး လုပ်ခဲ့တဲ့ကိစ္စတွေနဲ့ လူ့ဘဝရဲ့ အကောင်းဆုံးသက်တမ်းတွေကို အချိန်တော်တော်များများ ဖြုန်းပစ်ခဲ့ကြသူတွေရှိပါတယ်။ဝါသနာလို့ ထင်တဲ့ အရာတွေကိုလည်း အောင်မြင်အောင် မလုပ်နိုင်၊ ဘဝရပ်တည်ရေး အတွက်လည်း ထမင်းစားပညာသင်ဖို့ စိတ်မဝင်စားဘဲ နောင်တ တ,ကြီးနဲ့ ဝေ့လည်လည် ဖြစ်သွားကြတဲ့ ဘဝတွေ ကိုလည်း တွေ့ရပါတယ်။

ပထမရွယ်၊ဒုတိယအရွယ်၊တတိယအရွယ်ဆိုပြီး အရွယ်သုံးပါးရှိတဲ့နေရာမှာ သူ့အရွယ်အလိုက်လုပ်ဆောင်ရမယ့် ကိစ္စတွေကို လုပ်ဆောင်ခဲ့ပါမှ နောင်တ ပူဝန်ကနေ ကင်းပါလိမ့်မယ်။ဒီလိုမှမဟုတ်ရင် ပူပန်လောင်မြိုက်မှုတွေနဲ့ ဘဝတွေကို ကျွန်တော်တို့ ဖြတ်သန်းရပါလိမ့်မယ်။

ပညာရှာတဲ့ရွယ်မှာ ပညာရှာပေါ့၊ဥစ္စာရှာတဲ့အရွယ်မှာ ဥစ္စာရှာပေါ့။ဘာဝနာလို့ခေါ်တဲ့ ကုသိုလ်ကောင်းမှုအတွက် ကိုလည်း ရှာကြရမှာဖြစ်ပါတယ်။ပညာဥစ္စာကုသိုလ်တွေကို အရွယ်သုံးပါနဲ့ခွဲထားပြီးရှာဖွေဖို့ပြောထားပေမယ့် ခေတ်ကာလအရ အရွယ်သုံးပါးစလုံးမှာ ဒီကိစ္စရပ်သုံးရပ်လုံးကို ရောနှောလုပ်ဆောင်ပါမှ တန်ကာကျလိမ့်မယ်လို့ ထင်ပါတယ်။

နောင်တရစေခြင်းနဲ့ ပတ်သက်လို့ ဒီအချက်ဆယ်ချက်ကို မလုပ်ခဲ့ရင် နောင်တနဲ့ပူပန်မှုတွေ ဖြစ်လိမ့်မယ်လို့ “နောင်တရကြောင်း ဆယ်ပါး” ဖြစ်တဲ့ လင်္ကာလေးကိုလည်းမှတ်သားထားသင့်တာပေါ့။

“ငယ်ခါကလျင်၊ မသင်ပညာ၊ ဥစ္စာမစု၊ သူ့ကိုချစ်ဖျက်၊ သူ့သက်သတ်စား၊ သူ့မယား၌၊ ပစ်မှားတုံဘိ၊ ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊ မွေးမြူမိဘ၊ မပြုရနှင့်၊ ဆုံးမ မနာ၊ ပညာရှိထံ၊ နည်းခံ မမှတ်၊ အမြတ်မကျင့်၊ ဤဆယ် ဆင့်ကား၊ ကြီးရင့် ဇရာ၊ အိုသောခါလျင်၊ ပူဆာ နောင်တ၊ ရတတ်စွ၏။”လို့ နောင်တရကြောင်းဆယ်ပါးကို မှတ်ရလွယ်ကူစေဖို့ လင်္ကာသီဖွဲ့ပေးထားခဲ့တာလေးပါ။

ဘဝတာဝန်တွေမှာ စိတ်ထင်တိုင်းမပေါက်ဘူးဖြစ်လာရင် လုပ်သင့်တာကို မလုပ်ခဲ့လို့ဆိုတဲ့ နောင်တကနေဖြစ် လာတဲ့ ပူပန်ရခြင်း(ကုက္ကုစ္စ)တွေက သေရာညောင်စောင်းထိ နှိပ်စက်နေပါလိမ့်မယ်။

ဒီတော့ ပူပန်ရခြင်းဆိုတဲ့ နောင်တရစေမယ့် အချက်ဆယ်ချက်ကို ပြောင်းပြန်လှန်ပြီး နောင်တကင်းရာ တရားတွေကိုလုပ်နိုင်ကြပါစေ။

လုပ်ချင်တာလေးတွေလည်းလုပ်ပါ၊ လုပ်သင့်တာလေးတွေလည်း လုပ်ကြပါလို့ တိုက်တွန်းလိုက်ရပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေနာင္တကင္းေအာင္

 

လူတိုင္း “ေနာင္တ”ဆိုတဲ့ စကားကို ငယ္ငယ္ကတည္းက ၾကားခဲ့ၾကရမွာပါ။ဒါေပမဲ့ ဘယ္သူေတြဘယ္ေလာက္ပဲ အာေပါက္ေအာင္ေျပာေျပာ အဲဒီတုန္းက ကိုယ္နဲ႔မဆိုင္သလိုပဲ ေနခဲ့တာေပါ့။ကိုယ္လုပ္ခ်င္တာကိုယ္ ကိုယ္လုပ္ တယ္။ကိုယ္ေျပာခ်င္တာကို ကိုယ္ေျပာခဲ့တယ္။ဒီဟာကိုလုပ္ရတာႏွစ္သက္တယ္။အဲဒီႏွစ္သက္တာကို ကိုယ့္ဝါသနာလို႔ ထင္ခဲ့ၿပီး ထင္တဲ့အတုိင္းလုပ္ေနခဲ့မိတယ္။

ကိုယ္လုပ္ခ်င္တာကို လုပ္ေနမိေတာ့ လုပ္သင့္တာေတြကို မလုပ္မိတာေတြရွိလာခဲ့တာေပါ့။တစ္ခါတစ္ရံ ကိုယ္လုပ္ခ်င္တဲ့ ဟာေတြက ကိုယ့္ဘဝအတြက္ ရပ္တည္ရာမျဖစ္ခဲ့ဘဲ ဘာမွမဟုတ္ဘဲ အခ်ိန္ျဖဳန္းလိုက္သလို ျဖစ္သြားတယ္ဆိုတာ ေနာင္မွေတြးသိခဲ့ရတာေတြလည္းရွိခဲ့ပါတယ္။

လူေတြဟာ ဝါသနာလို႔ထင္ခဲ့ၿပီး လုပ္ခဲ့တ့ဲကိစၥေတြနဲ႔ လူ႔ဘဝရဲ႕ အေကာင္းဆုံးသက္တမ္းေတြကို အခ်ိန္ေတာ္ေတာ္မ်ားမ်ား ျဖဳန္းပစ္ခဲ့ၾကသူေတြရွိပါတယ္။ဝါသနာလို႔ ထင္တဲ့ အရာေတြကိုလည္း ေအာင္ျမင္ေအာင္ မလုပ္ႏိုင္၊ ဘဝရပ္တည္ေရး အတြက္လည္း ထမင္းစားပညာသင္ဖို႔ စိတ္မဝင္စားဘဲ ေနာင္တ တ,ႀကီးနဲ႔ ေဝ့လည္လည္ ျဖစ္သြားၾကတဲ့ ဘဝေတြ ကိုလည္း ေတြ႔ရပါတယ္။

ပထမရြယ္၊ဒုတိယအရြယ္၊တတိယအရြယ္ဆိုၿပီး အရြယ္သုံးပါးရွိတဲ့ေနရာမွာ သူ႔အရြယ္အလိုက္လုပ္ေဆာင္ရမယ့္ ကိစၥေတြကို လုပ္ေဆာင္ခဲ့ပါမွ ေနာင္တ ပူဝန္ကေန ကင္းပါလိမ့္မယ္။ဒီလိုမွမဟုတ္ရင္ ပူပန္ေလာင္ၿမိဳက္မႈေတြနဲ႔ ဘဝေတြကို ကၽြန္ေတာ္တို႔ ျဖတ္သန္းရပါလိမ့္မယ္။

ပညာရွာတဲ့ရြယ္မွာ ပညာရွာေပါ့၊ဥစၥာရွာတဲ့အရြယ္မွာ ဥစၥာရွာေပါ့။ဘာဝနာလို႔ေခၚတဲ့ ကုသိုလ္ေကာင္းမႈအတြက္ ကိုလည္း ရွာၾကရမွာျဖစ္ပါတယ္။ပညာဥစၥာကုသိုလ္ေတြကို အရြယ္သုံးပါနဲ႔ခြဲထားၿပီးရွာေဖြဖို႔ေျပာထားေပမယ့္ ေခတ္ကာလအရ အရြယ္သုံးပါးစလုံးမွာ ဒီကိစၥရပ္သုံးရပ္လုံးကို ေရာေႏွာလုပ္ေဆာင္ပါမွ တန္ကာက်လိမ့္မယ္လို႔ ထင္ပါတယ္။

ေနာင္တရေစျခင္းနဲ႔ ပတ္သက္လို႔ ဒီအခ်က္ဆယ္ခ်က္ကို မလုပ္ခဲ့ရင္ ေနာင္တနဲ႔ပူပန္မႈေတြ ျဖစ္လိမ့္မယ္လို႔ “ေနာင္တရေၾကာင္း ဆယ္ပါး” ျဖစ္တဲ့ လကၤာေလးကိုလည္းမွတ္သားထားသင့္တာေပါ့။

“ငယ္ခါကလ်င္၊ မသင္ပညာ၊ ဥစၥာမစု၊ သူ႔ကိုခ်စ္ဖ်က္၊ သူ႔သက္သတ္စား၊ သူ႔မယား၌၊ ပစ္မွားတုံဘိ၊ ပစၥည္းရွိလ်က္၊ စိုးစိမလွဴ၊ ေမြးျမဴမိဘ၊ မျပဳရႏွင့္၊ ဆုံးမ မနာ၊ ပညာရွိထံ၊ နည္းခံ မမွတ္၊ အျမတ္မက်င့္၊ ဤဆယ္ ဆင့္ကား၊ ႀကီးရင့္ ဇရာ၊ အိုေသာခါလ်င္၊ ပူဆာ ေနာင္တ၊ ရတတ္စြ၏။”လို႔ ေနာင္တရေၾကာင္းဆယ္ပါးကို မွတ္ရလြယ္ကူေစဖို႔ လကၤာသီဖြဲ႔ေပးထားခဲ့တာေလးပါ။

ဘဝတာဝန္ေတြမွာ စိတ္ထင္တိုင္းမေပါက္ဘူးျဖစ္လာရင္ လုပ္သင့္တာကို မလုပ္ခဲ့လို႔ဆိုတဲ့ ေနာင္တကေနျဖစ္ လာတဲ့ ပူပန္ရျခင္း(ကုကၠဳစၥ)ေတြက ေသရာေညာင္ေစာင္းထိ ႏွိပ္စက္ေနပါလိမ့္မယ္။

ဒီေတာ့ ပူပန္ရျခင္းဆိုတဲ့ ေနာင္တရေစမယ့္ အခ်က္ဆယ္ခ်က္ကို ေျပာင္းျပန္လွန္ၿပီး ေနာင္တကင္းရာ တရားေတြကိုလုပ္ႏိုင္ၾကပါေစ။

လုပ္ခ်င္တာေလးေတြလည္းလုပ္ပါ၊ လုပ္သင့္တာေလးေတြလည္း လုပ္ၾကပါလို႔ တိုက္တြန္းလိုက္ရပါရေစ။

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service