အိမ်ပြောင်း အိမ်ရွေ့လုပ်သည့်အခါ၊နဂါးလှည့်ကိုသိပါမှ အန္တရာယ်ကင်းမည်ပ - Property Knowledge in Myanmar from iMyanmarHouse.com
5357 Views

အိမ်ပြောင်း အိမ်ရွေ့လုပ်သည့်အခါ၊နဂါးလှည့်ကိုသိပါမှ အန္တရာယ်ကင်းမည်ပ

Knowledge | Posted by Si Thu Aung

[Unicode]

ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ အယူအစွဲမထားဘူးလို့ ပါးစပ်ကဘယ်လောက်ပြောပြော တကယ်လို့ အိမ်နေရာအပြောင်း အရွေ့လေးများ ကြုံလာပြီဆိုလျှင် ပြက္ခဒိန်လှန်ကြည့်ပြီး နဂါးဦးခေါင်း ဘယ်ဘက်လှည့်လဲလို့ လူအတော်များများ ကြည့်မိတတ်ကြသည်။

ကြိုတင်ကာကွယ်ခြင်းက အန္တရာယ်ကင်းစေပါသည်။ရှောင်ကြဉ်လုပ်ဆောင်ရသည့် ကိစ္စကလည်း အပမ်းမကြီးလှလျှင် လုပ်နိုင်သည်တို့ကို လုပ်လိုက်ခြင်းအားဖြင့် အကျိုးယုတ်စရာမရှိပေ။

အရပ်တစ်ပါး ပြောင်းရွေ့ရန်ကြုံလျှင် နဂါးခေါင်း အလှည့် သိချင်သူများအတွက် နဂါးလှည့်အကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါသည်။

တ၊ တ၊ က (အနောက်)

န၊ ဝါ၊ ဝါ (မြောက်)

တော်၊ ကျွတ်၊ မုန်း (အရှေ့)

နတ်၊ ပြာ၊ တွဲ (တောင်)

ပထမ (တ၊တ၊က)သည် တပေါင်း၊တန်ခူး၊ကဆုန် လတို့ကိုဆိုလိုပါသည်။အဆိုပါလတို့တွင် နဂါးဦးခေါင်း အနောက်သို့လှည့်သဖြင့် အရှေ့အရပ်သို့ မပြောင်းမရွေ့ရကြောင်းကို ဆိုလိုပေသည်။

ဒုတိယ (န၊ဝါ၊ဝါ)သည် နယုန်၊ဝါဆို၊ဝါခေါင်လတို့ကို ဆိုလိုပြီး နဂါးဦးခေါင်းသည် မြောက်အရပ်သို့ လှည့်နေပြီး တောင်အရပ် အပြောင်းအရွေ့တို့ မပြုလုပ်ရကြောင်း ဆိုလိုပေသည်။

တတိယ (တော်၊ကျွတ်၊မုန်း)မှာ တော်သလင်း၊သီတင်းကျွတ်၊တန်ဆောင်မုန်းလတို့ကို ဆိုလိုပါသည်။ ထိုလတို့တွင် နဂါးဦးခေါင်းမှာ အရှေ့ အရပ်သို့လှည့်သဖြင့် အနောက်အရပ်သို့ ပြောင်းရွေ့ရန် မသင့်ကြောင်း ဆိုလိုပါသည်။

စတုတ္ထ (နတ်၊ပြာ၊တွဲ)မှာ နတ်တော်၊ပြာသို၊တပို့တွဲလတို့ကို ဆိုလိုပြီး နဂါးဦးခေါင်းမှာ တောင်ဘက် အရပ်သို့လှည့်နေသဖြင့် မြောက်အရပ်သို့ အပြောင်းအရွေ့ မလုပ်သင့်ကြောင်းဆိုထားပါသည်။

ပညာရှိ စာဆိုကဝိတို့သည် မှတ်ရလွယ်အောင်လည်း စာချိုးလေးဖြင့် ဖော်ပြထားခဲ့ကြသည်။

“နဂါးခံတွင်းမဝင်လျှင်းနှင့်၊အမြီးကိုလျှောက်၊ဝမ်းကိုဖောက်၍၊အမောက်ကိုသာကျော်နင်းရာ၏။”

“နတ်နှင့်နဂါး မလှည့်စားနှင့်၊နတ်တိုက်နှင့် နဂါးခံတွင်းကို ရှောင်ပါလေ။” ဟု အဆိုတို့ထားခဲ့သည်။

အပြောင်းအရွေ့တို့ အဖြစ်မနေလုပ်ရာတွင် နဂါးခေါင်းလှည့် အဆင်ပြေမှု မရှိခဲ့လျှင် ကြာသပတေးသားသမီးကို ပါအောင် ခေါ်သွားသင့်ကြောင်းလည်း အဆိုရှိပါသည်။

ကြာသပတေးမှာ ကြွက်ဖြစ်သောကြောင့် နဂါးကြီးဗိုက် ကြွက်ကြီးဖောက်ဟု အဆိုရှိသောကြောင့် နဂါးလှည့် မသင့်သည့်အခါ ထိုသို့လုပ်လိုက်ခြင်းဖြင့် အပြောင်းအရွေ့တွင် အကောင်းတို့သာဖြစ်စေချင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အိမ္ေျပာင္း အိမ္ေရြ႕လုပ္သည့္အခါ၊နဂါးလွည့္ကိုသိပါမွ အႏၱရာယ္ကင္းမည္ပ

 

ကၽြန္ေတာ္တို႔ျမန္မာလူမ်ိဳးေတြမွာ အယူအစြဲမထားဘူးလို႔ ပါးစပ္ကဘယ္ေလာက္ေျပာေျပာ တကယ္လို႔ အိမ္ေနရာအေျပာင္း အေရြ႕ေလးမ်ား ႀကဳံလာၿပီဆိုလွ်င္ ျပကၡဒိန္လွန္ၾကည့္ၿပီး နဂါးဦးေခါင္း ဘယ္ဘက္လွည့္လဲလို႔ လူအေတာ္မ်ားမ်ား ၾကည့္မိတတ္ၾကသည္။

ႀကိဳတင္ကာကြယ္ျခင္းက အႏၱရာယ္ကင္းေစပါသည္။ေရွာင္ၾကဥ္လုပ္ေဆာင္ရသည့္ ကိစၥကလည္း အပမ္းမႀကီးလွလွ်င္ လုပ္ႏိုင္သည္တို႔ကို လုပ္လိုက္ျခင္းအားျဖင့္ အက်ိဳးယုတ္စရာမရွိေပ။

အရပ္တစ္ပါး ေျပာင္းေရြ႕ရန္ႀကဳံလွ်င္ နဂါးေခါင္း အလွည့္ သိခ်င္သူမ်ားအတြက္ နဂါးလွည့္အေၾကာင္းကို ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုက္ရပါသည္။

တ၊ တ၊ က (အေနာက္)

န၊ ဝါ၊ ဝါ (ေျမာက္)

ေတာ္၊ ကၽြတ္၊ မုန္း (အေရွ႕)

နတ္၊ ျပာ၊ တြဲ (ေတာင္)

ပထမ (တ၊တ၊က)သည္ တေပါင္း၊တန္ခူး၊ကဆုန္ လတို႔ကိုဆိုလိုပါသည္။အဆိုပါလတို႔တြင္ နဂါးဦးေခါင္း အေနာက္သို႔လွည့္သျဖင့္ အေရွ႕အရပ္သို႔ မေျပာင္းမေရြ႕ရေၾကာင္းကို ဆိုလိုေပသည္။

ဒုတိယ (န၊ဝါ၊ဝါ)သည္ နယုန္၊ဝါဆို၊ဝါေခါင္လတို႔ကို ဆိုလိုၿပီး နဂါးဦးေခါင္းသည္ ေျမာက္အရပ္သို႔ လွည့္ေနၿပီး ေတာင္အရပ္ အေျပာင္းအေရြ႕တို႔ မျပဳလုပ္ရေၾကာင္း ဆိုလိုေပသည္။

တတိယ (ေတာ္၊ကၽြတ္၊မုန္း)မွာ ေတာ္သလင္း၊သီတင္းကၽြတ္၊တန္ေဆာင္မုန္းလတို႔ကို ဆိုလိုပါသည္။ ထိုလတို႔တြင္ နဂါးဦးေခါင္းမွာ အေရွ႕ အရပ္သို႔လွည့္သျဖင့္ အေနာက္အရပ္သို႔ ေျပာင္းေရြ႕ရန္ မသင့္ေၾကာင္း ဆိုလိုပါသည္။

စတုတၳ (နတ္၊ျပာ၊တြဲ)မွာ နတ္ေတာ္၊ျပာသို၊တပို႔တြဲလတို႔ကို ဆိုလိုၿပီး နဂါးဦးေခါင္းမွာ ေတာင္ဘက္ အရပ္သို႔လွည့္ေနသျဖင့္ ေျမာက္အရပ္သို႔ အေျပာင္းအေရြ႕ မလုပ္သင့္ေၾကာင္းဆိုထားပါသည္။

ပညာရွိ စာဆိုကဝိတို႔သည္ မွတ္ရလြယ္ေအာင္လည္း စာခ်ိဳးေလးျဖင့္ ေဖာ္ျပထားခဲ့ၾကသည္။

“နဂါးခံတြင္းမဝင္လွ်င္းႏွင့္၊အၿမီးကိုေလွ်ာက္၊ဝမ္းကိုေဖာက္၍၊အေမာက္ကိုသာေက်ာ္နင္းရာ၏။”

“နတ္ႏွင့္နဂါး မလွည့္စားႏွင့္၊နတ္တိုက္ႏွင့္ နဂါးခံတြင္းကို ေရွာင္ပါေလ။” ဟု အဆိုတို႔ထားခဲ့သည္။

အေျပာင္းအေရြ႕တို႔ အျဖစ္မေနလုပ္ရာတြင္ နဂါးေခါင္းလွည့္ အဆင္ေျပမႈ မရွိခဲ့လွ်င္ ၾကာသပေတးသားသမီးကို ပါေအာင္ ေခၚသြားသင့္ေၾကာင္းလည္း အဆိုရွိပါသည္။ၾကာသပေတးမွာ ၾကြက္ျဖစ္ေသာေၾကာင့္ နဂါးႀကီးဗိုက္ ၾကြက္ႀကီးေဖာက္ဟု အဆိုရွိေသာေၾကာင့္ နဂါးလွည့္ မသင့္သည့္အခါ ထိုသို႔လုပ္လိုက္ျခင္းျဖင့္ အေျပာင္းအေရြ႕တြင္ အေကာင္းတို႔သာျဖစ္ေစခ်င္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service