Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ အမြန်တွက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
1377 Views

Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ အမြန်တွက်နည်း

Knowledge | Posted by Zarni Kyaw

[Unicode]

Site ထဲမှာ သံချီသံကွေး လေခေါင်းတွေက အင်/ယာတွေထက် သုံးရမယ့်သံချောင်းအရေအတွက်ကိုတွက်တာ ပိုမြန်တတ်တယ်ဗျ

ဒါက အကြောင်းရှိတယ်...သူ့တို့လည်း သူတို့နည်းနဲ့ သူတို့ပဲ .. တခါတလေဆို ကိုယ်တွေအင်/ယာတွေ ခပ်ကြောင်ကြောင်ဖြစ်မိတတ်တယ်(သူတို့တွက်တာ စွန်း မြန်တာကိုးဗျ )

တခါကဆို ကျနော်က (အင်/ယာတွေတွက်တဲ့အတိုင်း) 1st floor မှာ Slab ဆင်ဖို့ (12'x 15') အခန်းအတွက် ကုန်မယ့် သံချောင်းအရေ တွက်နေတာ။ ကျနော် တွက်နေတာက ဒီလို .....

(12'-0" x15'-0") > spacing က @6"c/c (10 mm dia) ဆိုတော့ ... Short span (12'-0") >12' x 12 = 144 " > 144 ÷ 6" = 24 = 24+1 = 25 nos ( by 15'-0" ) > 25 x 15' = 375 R-ft. Long span (15'-0") > 15' x 12 = 180 " > 180 ÷ 6 = 30 = 30 + 1 = 31 nos (by 12'-0") > 31 x 12' = 372 R-ft therefore, short span + long span =375 + 372 = 747 R-ft Layer က အပေါ်/အောက် 2 layers ဆိုတော့ 2 နဲ့ထပ်မြှောက် > 747 x 2 = 1494 R-ft > 1494 R-ft ÷ 39'-4" ( as 1 nos steel = 39'-4") >> Ans.... = 38 nos

 

အဲလိုတွက်နေခိုက်.. အိုက်သံဆရာ လေခေါင်းက ရောက်လာပီးတော့ " ဆရာ... မနက်ဖြန် (12' x 15') အခန်းအတွက် သံကုန်ပီ.. မှာပေးပါအုံး ဆရာ") တဲ့ ယဉ်ယဉ်ကျေးကျေးပဲ သူက အဲလိုပြောတယ်။ ကျနော်လည်း ရုတ်တရတ် မော့ကြည့်ပီး ဘာမှတော့ မဖြေမိသေးဘူး။

ဒါနဲ့ သူက ဆက်ပြောတယ်.. ရေရွတ်ရင်း ( " 12 ပေ.. 15 ပေ ဆိုတော့ ... 180......360 ...ဆို..တော့ >> 37 ချောင်းလောက် ကုန်မယ် ဆရာ" ) တဲ့ ...ကိုင်း ကြည့်... ကျုပ် မျက်လုံးပြူးသွားတယ်...

(" ဟာ .. ခင်ဗျာ့ တွက်တာမြန်လှချည်လား ကျနော် စောနက အဲဒါပဲ တွက်နေတာ 38 ချောင်းရတယ်.... ခင်ဗျား အမြန်တွက်လိုက်တာကလည်း 37 ချောင်း ဆိုတော့ ဟုတ်လှချီလားဗျ " ) အေးလေဗျာ .. ကျနော်တွက်နေတာက Calculator တွေရော ၊ စာရွက်တွေရော၊ ဘောပင်တွေရော ရှုပ်ရှက်ခက်လို့လေ:-) နှိပ်လိုက်၊တွက်လိုက်၊ရေးလိုက်နဲ့။ ခုကျ ... သူတွက်တာ စက္ကန့်ပိုင်းပဲ ကြာလိုက်တယ်။:-)

အာ့နဲ့ ကျနော်လည်း စိတ်ဝင်စားတာနဲ့ မသိမသာလေး ဆွေးနွေးသလို မေးသလိုနဲ့.....( " လုပ်စမ်းပါအုံးဗျ ခင်ဗျာ့ စောနက အမြန်တွက်လိုက်တဲ့ နည်းလေး.." ) ဆိုတော့ သူက

" သြော်... ဆရာရယ်.. ဒီလိုပါ 12 ပေ ၊ 15 ပေ ဆိုတော့ မြောက်လိုက်ရင် 180 ft2 ရတယ်....ပီးတော့ ၂ ထပ် သံစဉ်မှာ ဆိုတော့ ၂ နဲ့ ထပ်မြှောက် ... 360 ရရော.. အိုက် 360 ကို 10 နဲ့ စားပီး 1 ပေါင်းလိုက်တာပဲ... လွယ်ပါတယ် ဆရာရယ်.." တဲ့

ကိုင်း .....ကျုပ်လည်း သူ့ကို ကျေးဇူးလည်းတင် လေးလည်း လေးစားလိုက်မိပါတယ်။

သူဆိုလိုတာ ဒီလို..

 

(12' x 15' Room)

12'x 15' = 180 Sft > 180 x 2 = 360 Sft ( as two layers) > 360 ÷ (10) = 36 = 36 + 1 = 37 nos Next eg.. (10' x 10' Room) > 10 x 10 = 100 Sft > 100 x 2 = 200 Sft (As two layers) > 200 ÷ (10) = 20 = 20 + 1 = 21 nos

မှတ်ချက်။ ။ ဒီနည်းက site ထဲမှာ သုံးရလေ့ရှိတဲ့ အလွယ်နည်းသပ်သပ်သာ ဖြစ်ပါတယ်။ တနည်းအား ယေဘုယျအားဖြင့်သာ မှန်ပါတယ်( 6" c/c နဲ့ပဲ အားလုံးတွက်ထားတာ). ... Spacing ပြောင်းသွားရင် မှားပါပီ...ဒါကြောင့် တကယ်က အပေါ်က အင်/ယာ တွက်နည်းဖြင့်သာ တွက်ယူပါ။ သူတို့ လေခေါင်းတွေ တွက်တတ်တဲ့ နည်းလေးသိထားတော့လည်း သူတို့လို တမ်း ကောက်ပြောနိုင်တာပေါ့ဗျာ။

ဒါက ခန့်မှန်းခြေ အလွယ် အနီးစပ်ဆုံး မှန်းပြောနိုင်ခြင်းမျှသာ ဖြစ်ပါသည်။

Site ထဲမှ Junior ညီလေး/ညီမလေးများ အသုံးပြုနိုင်ပါစေ....

...ကျနော်ဟာ အင်/ယာ မူကြိုဆရာ အဆင့်မျှသာဖြစ်ပါသည်။ Seniors များနှင့် ဆရာ့ဆရာများအား အမြဲ ရိုသေလေးစားလျက်.....

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: မူရင်းရေးသားသူ

 

 

 

[Zawgyi]

 

Site ထဲမွာ စကၠန္႔ပိုင္းအတြင္း Slab သံေခ်ာင္းေရမ်ား အျမန္တြက္နည္း

 

Site ထဲမွာ သံခ်ီသံေကြး ေလေခါင္းေတြက အင္/ယာေတြထက္ သုံးရမယ့္သံေခ်ာင္းအေရအတြက္ကိုတြက္တာ ပိုျမန္တတ္တယ္ဗ်

ဒါက အေၾကာင္း႐ွိတယ္...သူ႕တို႔လည္း သူတို႔နည္းနဲ႔ သူတို႔ပဲ .. တခါတေလဆို ကိုယ္ေတြအင္/ယာေတြ ခပ္ေၾကာင္ေၾကာင္ျဖစ္မိတတ္တယ္(သူတို႔တြက္တာ စြန္း ျမန္တာကိုးဗ် )

တခါကဆို က်ေနာ္က (အင္/ယာေတြတြက္တဲ့အတိုင္း) 1st floor မွာ Slab ဆင္ဖို႔ (12'x 15') အခန္းအတြက္ ကုန္မယ့္ သံေခ်ာင္းအေရ တြက္ေနတာ။ က်ေနာ္ တြက္ေနတာက ဒီလို .....

(12'-0" x15'-0") > spacing က @6"c/c (10 mm dia) ဆိုေတာ့ ... Short span (12'-0") >12' x 12 = 144 " > 144 ÷ 6" = 24 = 24+1 = 25 nos ( by 15'-0" ) > 25 x 15' = 375 R-ft. Long span (15'-0") > 15' x 12 = 180 " > 180 ÷ 6 = 30 = 30 + 1 = 31 nos (by 12'-0") > 31 x 12' = 372 R-ft therefore, short span + long span =375 + 372 = 747 R-ft Layer က အေပၚ/ေအာက္ 2 layers ဆိုေတာ့ 2 နဲ႔ထပ္ေျမႇာက္ > 747 x 2 = 1494 R-ft > 1494 R-ft ÷ 39'-4" ( as 1 nos steel = 39'-4") >> Ans.... = 38 nos

အဲလိုတြက္ေနခိုက္.. အိုက္သံဆရာ ေလေခါင္းက ေရာက္လာပီးေတာ့ " ဆရာ... မနက္ျဖန္ (12' x 15') အခန္းအတြက္ သံကုန္ပီ.. မွာေပးပါအုံး ဆရာ") တဲ့ ယဥ္ယဥ္ေက်းေက်းပဲ သူက အဲလိုေျပာတယ္။ က်ေနာ္လည္း ႐ုတ္တရတ္ ေမာ့ၾကည့္ပီး ဘာမွေတာ့ မေျဖမိေသးဘူး။

ဒါနဲ႔ သူက ဆက္ေျပာတယ္.. ေရ႐ြတ္ရင္း ( " 12 ေပ.. 15 ေပ ဆိုေတာ့ ... 180......360 ...ဆို..ေတာ့ >> 37 ေခ်ာင္းေလာက္ ကုန္မယ္ ဆရာ" ) တဲ့ ...ကိုင္း ၾကည့္... က်ဳပ္ မ်က္လုံးျပဴးသြားတယ္...

(" ဟာ .. ခင္ဗ်ာ့ တြက္တာျမန္လွခ်ည္လား က်ေနာ္ ေစာနက အဲဒါပဲ တြက္ေနတာ 38 ေခ်ာင္းရတယ္.... ခင္ဗ်ား အျမန္တြက္လိုက္တာကလည္း 37 ေခ်ာင္း ဆိုေတာ့ ဟုတ္လွခ်ီလားဗ် " ) ေအးေလဗ်ာ .. က်ေနာ္တြက္ေနတာက Calculator ေတြေရာ ၊ စာ႐ြက္ေတြေရာ၊ ေဘာပင္ေတြေရာ ႐ႈပ္႐ွက္ခက္လို႔ေလ:-) ႏွိပ္လိုက္၊တြက္လိုက္၊ေရးလိုက္နဲ႔။ ခုက် ... သူတြက္တာ စကၠန္႔ပိုင္းပဲ ၾကာလိုက္တယ္။:-)

အာ့နဲ႔ က်ေနာ္လည္း စိတ္ဝင္စားတာနဲ႔ မသိမသာေလး ေဆြးေႏြးသလို ေမးသလိုနဲ႔.....( " လုပ္စမ္းပါအုံးဗ် ခင္ဗ်ာ့ ေစာနက အျမန္တြက္လိုက္တဲ့ နည္းေလး.." ) ဆိုေတာ့ သူက

" ေၾသာ္... ဆရာရယ္.. ဒီလိုပါ 12 ေပ ၊ 15 ေပ ဆိုေတာ့ ေျမာက္လိုက္ရင္ 180 ft2 ရတယ္....ပီးေတာ့ ၂ ထပ္ သံစဥ္မွာ ဆိုေတာ့ ၂ နဲ႔ ထပ္ေျမႇာက္ ... 360 ရေရာ.. အိုက္ 360 ကို 10 နဲ႔ စားပီး 1 ေပါင္းလိုက္တာပဲ... လြယ္ပါတယ္ ဆရာရယ္.." တဲ့

ကိုင္း .....က်ဳပ္လည္း သူ႕ကို ေက်းဇူးလည္းတင္ ေလးလည္း ေလးစားလိုက္မိပါတယ္။

သူဆိုလိုတာ ဒီလို.. (12' x 15' Room) 12'x 15' = 180 Sft > 180 x 2 = 360 Sft ( as two layers) > 360 ÷ (10) = 36 = 36 + 1 = 37 nos Next eg.. (10' x 10' Room) > 10 x 10 = 100 Sft > 100 x 2 = 200 Sft (As two layers) > 200 ÷ (10) = 20 = 20 + 1 = 21 nos

မွတ္ခ်က္။ ။ ဒီနည္းက site ထဲမွာ သုံးရေလ့႐ွိတဲ့ အလြယ္နည္းသပ္သပ္သာ ျဖစ္ပါတယ္။ တနည္းအား ေယဘုယ်အားျဖင့္သာ မွန္ပါတယ္( 6" c/c နဲ႔ပဲ အားလုံးတြက္ထားတာ). ... Spacing ေျပာင္းသြားရင္ မွားပါပီ...ဒါေၾကာင့္ တကယ္က အေပၚက အင္/ယာ တြက္နည္းျဖင့္သာ တြက္ယူပါ။ သူတို႔ ေလေခါင္းေတြ တြက္တတ္တဲ့ နည္းေလးသိထားေတာ့လည္း သူတို႔လို တမ္း ေကာက္ေျပာႏိုင္တာေပါ့ဗ်ာ။

ဒါက ခန္႔မွန္းေျခ အလြယ္ အနီးစပ္ဆုံး မွန္းေျပာႏိုင္ျခင္းမွ်သာ ျဖစ္ပါသည္။

Site ထဲမွ Junior ညီေလး/ညီမေလးမ်ား အသုံးျပဳႏိုင္ပါေစ....

...က်ေနာ္ဟာ အင္/ယာ မူႀကိဳဆရာ အဆင့္မွ်သာျဖစ္ပါသည္။ Seniors မ်ားႏွင့္ ဆရာ့ဆရာမ်ားအား အၿမဲ ရုိေသေလးစားလ်က္.....

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: မူရင္းေရးသားသူ

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service