အမှားနဲအောင်ပြင်ဆင်ဖို့ တစ်ကနေပြန်စဖို့ မလိုပါဘူး - Property Knowledge in Myanmar from iMyanmarHouse.com
670 Views

အမှားနဲအောင်ပြင်ဆင်ဖို့ တစ်ကနေပြန်စဖို့ မလိုပါဘူး

Knowledge | Posted by Aye Myat Thu

[Unicode]

လူတွေ မရနိုင်တာကို ပြန်တောင့်တတတ်ကြတယ်။ ဘဝကို “တစ်ကသာပြန်စလို့ရရင် ဘဝထဲမှာ အမှားတွေမများခဲ့အောင် ကြိုးစားပြီးနေထိုင်ခဲ့မိမှာပါ..တကယ်..”ပါတဲ့။ဒီလိုအခါတွေမှာ ကျွန်တော်တို့တွေဟာ တစ်ကနေပြန်စချင်တာနဲ့ ကလေးဘဝကို တစ်ဖန်ပြန်ရချင်တာနဲ့ တောင့်တတတ်ကြတယ်။

တကယ်ပြန်ရပြီဆိုတော့ရော။တစ်ကပြန်စလို့ ရပြီဆိုတော့ရော။ ကလေးဘဝ၊ကလေးအတွေးနဲ့ ပြန်သွားကြရမှာပါပဲ။ကလေးလို မသိနားမလည်ခြင်းတွေနဲ့ မှားယွင်းမှုတွေကြုံရဦးမှာပါပဲ။ကလေးဘဝ ကလေးအတွေးနဲ့ အမှားအမှန် မဝေခွဲတတ်လို့ လုပ်ခဲ့ကြတာဟာ ဘဝမပျက်ပါဘူး။ခွင့်လွှတ်ခြင်းတွေနဲ့ပြန်ပြီး တည့်မတ်ပေးကြပါတယ်။

လူတွေရဲ့ဖြတ်သန်းရာ ဘဝခရီးမှာ အမှားကင်းတဲ့သူ ဘယ်သူရှိသလဲ။မရှိပါဘူး။အမှားမကင်းလို့ အမှားများခဲ့လို့ ဘဝမှာနေဖို့ မထိုက်တန်ဘူးလည်း ယူဆလို့မရပါဘူး။မသေခင် အချိန်ထိပြင်ဆင်ခွင့်ဟာ လူတိုင်းမှာရှိတဲ့ အခွင့်အရေးပါပဲ။အရွယ်သုံးပါးလုံး အမှားအမှန်နဲ့ ရောထွေးရှင်သန်နေမှာပါပဲ။အရွယ်ကြီးလာလို့ ပြန်ဆင်ခြင်မှ အမှားတွေများခဲ့ပါလားလို့ တွေးပြီးနောင်တပူဝန်ရှိနေပြီး တစ်ကပြန်စချင်တယ်ဖြစ်ကုန်ရော။ပြန်စရာမလိုပါဘူး။

ဗုဒ္ဓဝင်မှာ မြတ်ဘုရားနဲ့တွေ့ခဲ့ပါလျက် အချိန်လွန်ပြီးကာမှ တရားအမြိုက်ရကြသူတွေရဲ့ အကြောင်းလေးတွေနဲနဲ မျှဝေလိုက်ချင်ပါတယ်။သူတို့တွေလည်းမှားခဲ့ကြတာမှ အကြီးကြီးတွေလို့ ပြောလို့ရပါတယ်။အသိတွေရင့်ပြီး အမှန်သိသွားတော့ ပြန်ပြင်ဆင်ဖို့ ငယ်ဘဝ တစ်ကနေစဖို့ကို မတောင်းဆိုပါဘူး။ရောက်တဲ့နေရာကနေ အကောင်းဆုံးရှေ့ဆက်သွားတာပါပဲ။

မြတ်စွာဘုရားဖြစ်ပြီးလို့ ဓမ္မစကြာတရားမဟောခင်မှာ ဘုရားနဲ့တွေ့ခွင့်ရခဲ့တဲ့ ဥပကဆိုတဲ့တက္ကတွန်းဆိုတာ ရှိပါတယ်။ သူဟာ ဘုရားရှင်ကိုတွေ့တော့ "ငါ့ရှင် သင်၏ မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူသော ဣန္ဒြေ ခြောက်ပါး တို့သည် ကြည်လင် လှပေ၏ ကိုယ်ရေအဆင်းလည်း သန့်ရှင်း စင်ကြယ်လျက် ပြိုးပြိုးပြက်မျှ ထွန်းတောက်သော အရောင်လည်း ရှိပေ၏ သင်သည် အဘယ်ဆရာကို ရည်မှန်း၍ ရဟန်းပြုခဲ့ပါသနည်း သင့်ဆရာကား အဘယ်သူနည်း အဘယ်သူ၏တရားကို သင် နှစ်သက်ပါသနည်း သင်ကား အဘယ်အမည်ရှိ သနည်း"ဆိုပြီး မေးပါတယ်။

မြတ်စွာဘုရားကလည်း "ဥပက ..ငါကား ကိလေသာရန်သင်းကို နှိမ်နင်းဖျက်ဆီး၍ အလုံးစုံဘုံသုံးပါး၌ဖြစ်သော တရားအပေါင်းကို သိတော်မူ၍ တေဘူမက ဓမ္မခပ်သိမ်းတို့၌ လိမ်းကျံကပ်ငြိခြင်းမှ ကင်းတော်မူ၏ အကုသိုလ် တရားအပေါင်းကို စွန့်ခွာ၍ တဏှာ၏ကုန်ရာ နိဗ္ဗာန်ကိုအာရုံပြုသဖြင့် ကိလေသာအပေါင်းတို့မှလွတ်၏ ချစ်သားဥပက .. စတုဘူမကဓမ္မအလုံးစုံကို အလိုလိုသာ ငါသိတော်မူရကား လောက၌ ထင်ရှားပြစရာ ငါ့ဆရာသည် အဘယ်မှာရှိတော့အံ့နည်း .ငါဘုရားအား ဤလောက၌ ဆရာဟူ၍ မရှိပါ ငါသည် လောက၌ ပူဇော်အထူးကိုခံထိုက်သော အရဟံဂုဏ်ရှင်ဖြစ်ပေ၏ ငါ့အမည်ကား ငါးပါးသောမာရ်ကို ပယ်လှန်အောင်ပြီး၍ အနန္တဇိန မည်သတည်း"ဆိုပြီး ဘုရားက ဘုရားအဖြစ်ဝန်ခံတာတောင် အရွယ်ရောက်ပြီး၊အသိရှိပြီးတဲ့ သူဖြစ်တဲ့ ဥပကက မှားချင်တော့ အမှန်မမြင်ဘူးပေါ့။အမှန်မမြင်တော့ ဖြတ်သန်းရာဘဝမှာ အမှားတွေထပ်ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ သူဟာတစ်ကပြန်စဖို့မတောင်းဆိုခဲ့ဘူး။ရောက်တဲ့နေရကပဲ လက်ခံပြီးကြိုးစာလိုက်တဲ့အခါ အနာဂါမိဖိုလ်၌ တည်ပါတယ်တဲ့။မကြာမီပဲ အဲဒီဘဝကနေ သေလွန်ပြီး သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံငါးဘုံရဲ့အောက်ဆုံး (ပထမ) အဝိဟာဘုံမှာဖြစ်ပြီး မကြာမီမှာပဲ အရဟတ္တဖိုလ်ကို ဆိုက်ရောက်သွားပါတယ်တဲ့။တစ်ကနေပြန်စလို့ အရင်အတိုင်း အမှားအမှန် မခွဲခြားတတ်ပဲဖြစ်ခဲ့ရင် ဘဝကြီးကပြန်ပြီး နစ်နာမကုန်ပေဘူးလား။

ဂေါတမမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံကားနီးမှ ရဟန္တာဖြစ်သွားတဲ့ သုဘဒ္ဒပရိဗိုဇ်ကြီးဟာဆိုရင် သူ့အကြောင်း ပြန်ပြောပြထားတာက တစ်ကပြန်စချင်သူတွေအတွက် သတိထားစရာပါပဲ။သုဘဒ္ဒ ရဟန္တာကြီး ပြန်ပြောထား တာက-

“သုဘဒ္ဒထေရ်လောင်းလျာဖြစ်သောငါသည် ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ၌ လူ၏ဘဝကို ရ၍ ငါ့၌ တိဿအမည်ရှိသော သားရှိ၏။ ထိုတိဿအမည်ရှိသောငါ၏သားသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုသဖြင့် အဂ္ဂသာဝကရဟန္တာဖြစ်၏။ထိုအဂ္ဂသာဝကရဟန္တာကြီးဖြစ်သောသားကို မရိုမသေ မခံ့မညား မိမိသားဟူ၍ အဖေကလေးစားမှုမပြုဘဲ ငြူစူသောစကားဖြင့် "နောက်ဆုံးမွေးသောသား"ဟူ၍ ဆိုမိ၏။ ထိုအဂ္ဂသာဝက ရဟန္တာအရှင်မြတ်ကို ပြောဆိုမိသောကြောင့် ယခုအခါ၌ ရဟန္တာအဖြစ်သို့ရောက်သောငါသည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးကာလအခါမှ သစ္စာတရားကိုသိရသည့် နောက်ကျအကျိုး ခံစားရ၏”လို့ သူ့ရဲ့ အတိတ်ကဖြစ်စဉ်ကို ပြောထားခဲ့တယ်။

အတိတ်နုစဉ်တွေက လက်ရှိ အသိလောက်မကြွယ်ခဲ့ကြလို့သာ ဒီလိုမှားခဲ့ကြတာပါ။အသိကြွယ်လာတဲ့အခါ အမှန်လမ်းကြောင်းကိုရွေးပြီး ဆက်လျှောက်ဖို့သာပါပဲ။နောက်ကြောင်းပြန်ခေါက်ပြီး တစ်ကပြန်စတော့ရော အမှားတွေနဲအောင် ရှောင်နိုင်လိမ့်မယ်လို့တွေးရင်တော့ အမှန်နဲ့ပြန်ဝေးသွားပါလိမ့်မယ်လို့ ယူစမိပေကြောင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အမွားနဲေအာင္ျပင္ဆင္ဖို႔ တစ္ကေနျပန္စဖို႔ မလိုပါဘူး

 

လူေတြ မရႏိုင္တာကို ျပန္ေတာင့္တတတ္ၾကတယ္။ ဘဝကို “တစ္ကသာျပန္စလို႔ရရင္ ဘဝထဲမွာ အမွားေတြမမ်ားခဲ့ေအာင္ ႀကိဳးစားၿပီးေနထိုင္ခဲ့မိမွာပါ..တကယ္..”ပါတဲ့။ဒီလိုအခါေတြမွာ ကၽြန္ေတာ္တို႔ေတြဟာ တစ္ကေနျပန္စခ်င္တာနဲ႔ ကေလးဘဝကို တစ္ဖန္ျပန္ရခ်င္တာနဲ႔ ေတာင့္တတတ္ၾကတယ္။

တကယ္ျပန္ရၿပီဆိုေတာ့ေရာ။တစ္ကျပန္စလို႔ ရၿပီဆိုေတာ့ေရာ။ ကေလးဘဝ၊ကေလးအေတြးနဲ႔ ျပန္သြားၾကရမွာပါပဲ။ကေလးလို မသိနားမလည္ျခင္းေတြနဲ႔ မွားယြင္းမႈေတြႀကဳံရဦးမွာပါပဲ။ကေလးဘဝ ကေလးအေတြးနဲ႔ အမွားအမွန္ မေဝခြဲတတ္လို႔ လုပ္ခဲ့ၾကတာဟာ ဘဝမပ်က္ပါဘူး။ခြင့္လႊတ္ျခင္းေတြနဲ႔ျပန္ၿပီး တည့္မတ္ေပးၾကပါတယ္။

လူေတြရဲ႕ျဖတ္သန္းရာ ဘဝခရီးမွာ အမွားကင္းတဲ့သူ ဘယ္သူရွိသလဲ။မရွိပါဘူး။အမွားမကင္းလို႔ အမွားမ်ားခဲ့လို႔ ဘဝမွာေနဖို႔ မထိုက္တန္ဘူးလည္း ယူဆလို႔မရပါဘူး။မေသခင္ အခ်ိန္ထိျပင္ဆင္ခြင့္ဟာ လူတိုင္းမွာရွိတဲ့ အခြင့္အေရးပါပဲ။အရြယ္သုံးပါးလုံး အမွားအမွန္နဲ႔ ေရာေထြးရွင္သန္ေနမွာပါပဲ။အရြယ္ႀကီးလာလို႔ ျပန္ဆင္ျခင္မွ အမွားေတြမ်ားခဲ့ပါလားလို႔ ေတြးၿပီးေနာင္တပူဝန္ရွိေနၿပီး တစ္ကျပန္စခ်င္တယ္ျဖစ္ကုန္ေရာ။ျပန္စရာမလိုပါဘူး။

ဗုဒၶဝင္မွာ ျမတ္ဘုရားနဲ႔ေတြ႔ခဲ့ပါလ်က္ အခ်ိန္လြန္ၿပီးကာမွ တရားအၿမိဳက္ရၾကသူေတြရဲ႕ အေၾကာင္းေလးေတြနဲနဲ မွ်ေဝလိုက္ခ်င္ပါတယ္။သူတို႔ေတြလည္းမွားခဲ့ၾကတာမွ အႀကီးႀကီးေတြလို႔ ေျပာလို႔ရပါတယ္။အသိေတြရင့္ၿပီး အမွန္သိသြားေတာ့ ျပန္ျပင္ဆင္ဖို႔ ငယ္ဘဝ တစ္ကေနစဖို႔ကို မေတာင္းဆိုပါဘူး။ေရာက္တဲ့ေနရာကေန အေကာင္းဆုံးေရွ႕ဆက္သြားတာပါပဲ။

ျမတ္စြာဘုရားျဖစ္ၿပီးလို႔ ဓမၼစၾကာတရားမေဟာခင္မွာ ဘုရားနဲ႔ေတြ႔ခြင့္ရခဲ့တဲ့ ဥပကဆိုတဲ့တကၠတြန္းဆိုတာ ရွိပါတယ္။ သူဟာ ဘုရားရွင္ကိုေတြ႔ေတာ့ "ငါ့ရွင္ သင္၏ မ်က္စိ နား ႏွာ လ်ွာ ကိုယ္ စိတ္ဟူေသာ ဣေျႏၵ ေျခာက္ပါး တို့သည္ ႀကည္လင္ လွေပ၏ ကိုယ္ေရအဆင္းလည္း သန့္ရွင္း စင္ႀကယ္လ်က္ ျပိဳးျပိဳးျပက္မ်ွ ထြန္းေတာက္ေသာ အေရာင္လည္း ရွိေပ၏ သင္သည္ အဘယ္ဆရာကို ရည္မွန္း၍ ရဟန္းျပဳခဲ႔ပါသနည္း သင့္ဆရာကား အဘယ္သူနည္း အဘယ္သူ၏တရားကို သင္ ႏွစ္သက္ပါသနည္း သင္ကား အဘယ္အမည္ရွိ သနည္း"ဆိုၿပီး ေမးပါတယ္။

ျမတ္စြာဘုရားကလည္း "ဥပက ..ငါကား ကိေလသာရန္သင္းကို ႏွိမ္နင္းဖ်က္ဆီး၍ အလံုးစံုဘံုသံုးပါး၌ျဖစ္ေသာ တရားအေပါင္းကို သိေတာ္မူ၍ ေတဘူမက ဓမၼခပ္သိမ္းတို့၌ လိမ္းက်ံကပ္ျငိျခင္းမွ ကင္းေတာ္မူ၏ အကုသိုလ္ တရားအေပါင္းကို စြန့္ခြာ၍ တဏွာ၏ကုန္ရာ နိဗၺာန္ကိုအာရံုျပဳသျဖင့္ ကိေလသာအေပါင္းတို့မွလြတ္၏ ခ်စ္သားဥပက .. စတုဘူမကဓမၼအလံုးစံုကို အလိုလိုသာ ငါသိေတာ္မူရကား ေလာက၌ ထင္ရွားျပစရာ ငါ့ဆရာသည္ အဘယ္မွာရွိေတာ့အံ႔နည္း .ငါဘုရားအား ဤေလာက၌ ဆရာဟူ၍ မရွိပါ ငါသည္ ေလာက၌ ပူေဇာ္အထူးကိုခံထိုက္ေသာ အရဟံဂုဏ္ရွင္ျဖစ္ေပ၏ ငါ့အမည္ကား ငါးပါးေသာမာရ္ကို ပယ္လွန္ေအာင္ျပီး၍ အနႏၲဇိန မည္သတည္း"ဆိုၿပီး ဘုရားက ဘုရားအျဖစ္ဝန္ခံတာေတာင္ အရြယ္ေရာက္ၿပီး၊အသိရွိၿပီးတဲ့ သူျဖစ္တဲ့ ဥပကက မွားခ်င္ေတာ့ အမွန္မျမင္ဘူးေပါ့။အမွန္မျမင္ေတာ့ ျဖတ္သန္းရာဘဝမွာ အမွားေတြထပ္ျဖစ္ခဲ့ရတယ္။

ဒါေပမဲ့ သူဟာတစ္ကျပန္စဖို႔မေတာင္းဆိုခဲ့ဘူး။ေရာက္တဲ့ေနရကပဲ လက္ခံၿပီးႀကိဳးစာလိုက္တဲ့အခါ အနာဂါမိဖိုလ္၌ တည္ပါတယ္တဲ့။မႀကာမီပဲ အဲဒီဘဝကေန ေသလြန္ၿပီး သုဒၶါဝါသ ျဗဟၼာ့ဘံုငါးဘံုရဲ႕ေအာက္ဆံုး (ပထမ) အဝိဟာဘံုမွာျဖစ္ၿပီး မႀကာမီမွာပဲ အရဟတၱဖိုလ္ကို ဆိုက္ေရာက္သြားပါတယ္တဲ့။တစ္ကေနျပန္စလို႔ အရင္အတိုင္း အမွားအမွန္ မခြဲျခားတတ္ပဲျဖစ္ခဲ့ရင္ ဘဝႀကီးကျပန္ၿပီး နစ္နာမကုန္ေပဘူးလား။

ေဂါတမျမတ္စြာဘုရားရွင္ ပရိနိဗၺာန္ဝင္စံကားနီးမွ ရဟႏၱာျဖစ္သြားတဲ့ သုဘဒၵပရိဗိုဇ္ႀကီးဟာဆိုရင္ သူ႔အေၾကာင္း ျပန္ေျပာျပထားတာက တစ္ကျပန္စခ်င္သူေတြအတြက္ သတိထားစရာပါပဲ။သုဘဒၵ ရဟႏၱာႀကီး ျပန္ေျပာထား တာက-

“သုဘဒၵေထရ္ေလာင္းလ်ာျဖစ္ေသာငါသည္ ကႆပျမတ္စြာဘုရား လက္ထက္ေတာ္အခါ၌ လူ၏ဘဝကို ရ၍ ငါ့၌ တိႆအမည္ရွိေသာ သားရွိ၏။ ထိုတိႆအမည္ရွိေသာငါ၏သားသည္ ကႆပျမတ္စြာဘုရား၏ သာသနာေတာ္၌ ရဟန္းျပဳသျဖင့္ အဂၢသာဝကရဟႏၲာျဖစ္၏။ထိုအဂၢသာဝကရဟႏၲာႀကီးျဖစ္ေသာသားကို မရိုမေသ မခံ႔မညား မိမိသားဟူ၍ အေဖကေလးစားမႈမျပဳဘဲ ျငဴစူေသာစကားျဖင့္ "ေနာက္ဆံုးေမြးေသာသား"ဟူ၍ ဆိုမိ၏။ ထိုအဂၢသာဝက ရဟႏၲာအရွင္ျမတ္ကို ေျပာဆိုမိေသာေႀကာင့္ ယခုအခါ၌ ရဟႏၲာအျဖစ္သို့ေရာက္ေသာငါသည္ ျမတ္စြာဘုရားပရိနိဗၺာန္စံခါနီး ေနာက္ဆံုးကာလအခါမွ သစၥာတရားကိုသိရသည့္ ေနာက္က်အက်ိဳး ခံစားရ၏”လို႔ သူ႔ရဲ႕ အတိတ္ကျဖစ္စဥ္ကို ေျပာထားခဲ့တယ္။

အတိတ္ႏုစဥ္ေတြက လက္ရွိ အသိေလာက္မၾကြယ္ခဲ့ၾကလို႔သာ ဒီလိုမွားခဲ့ၾကတာပါ။အသိၾကြယ္လာတဲ့အခါ အမွန္လမ္းေၾကာင္းကိုေရြးၿပီး ဆက္ေလွ်ာက္ဖို႔သာပါပဲ။ေနာက္ေၾကာင္းျပန္ေခါက္ၿပီး တစ္ကျပန္စေတာ့ေရာ အမွားေတြနဲေအာင္ ေရွာင္ႏိုင္လိမ့္မယ္လို႔ေတြးရင္ေတာ့ အမွန္နဲ႔ျပန္ေဝးသြားပါလိမ့္မယ္လို႔ ယူစမိေပေၾကာင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service