အိမ်တစ်လုံးရဲ့ မြန်မာအခေါ်များ.... - Property Knowledge in Myanmar from iMyanmarHouse.com
6802 Views

အိမ်တစ်လုံးရဲ့ မြန်မာအခေါ်များ....

Knowledge | Posted by Shwe Zin Win

[Unicode]

“ခေါင်လျောက် ( Rafter Plate ) "

အဆောက်အဦးတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ဆိုတာဟာ ဒိုင်းများရဲ့အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ ခေါင်တန်းနဲ့အပြိုင်ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျောက်ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုး ၄"×၂" ၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။

“ဒိုင်း (Rafter) "

မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကိုတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။

“ မြင့်မိုရ်ပိတ် ( Gable Wall ) "

မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။

“ထုပ် ( Tie Beam / Roof Tie )"

မြန်မာအခေါ်`ထုပ်´ဆိုတာက ၂ ဘက်ချဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း ဖြစ်တယ်။ အင်္ဂလိပ်လို tie beam သို့မဟုတ် roof tie လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုးသစ် ၄"×၂"၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။ အင်ဂျင်နီယာကျောင်းသားများ အများဆုံးမှားတတ်တယ်။

 

“ လျောက် ( Wall Plate ) "

လျောက်ဆိုတာကတော့ ထုပ်နဲ့ ကန့်လန်ဖြတ်အနေအထားအတိုင်းရှိတဲ့သစ်သားကိုခေါ်တယ်။ လျောက်တန်းကို အများအားဖြင့် ထုပ်အပေါ်မှာ ထားလေ့ရှိတယ်။ ဒိုင်းများနားခိုနိုင်အောင် ထားတဲ့ ရေပြင်ညီတန်းဖြစ်တယ်။ သူ့ကိုလည်း များသောအားဖြင့် ၅"×၂" နဲ့ ပြုလုပ်လေ့ရှိတယ်။ အင်္ဂလိပ်လိုတော့ wall plate လို့ခေါ်တယ်။ သူ့အောက်မှာ နံရံရှိလို့ဖြစ်တယ်။

“ရက်မ ( Beam) "

ပျဉ်ထောင်အိမ်များမှာ သစ်သားကြမ်းခင်းခင်းဖို့ ဆင့်မတင်မီ အရင်ဆုံးတင်ရတဲ့ သစ်သားက ရက်မဖြစ်တယ်။ ကြမ်းခင်းကိုတောင့်စေဖို့ ရက်မကို ၅"×၂" နဲ့တင်လေ့ရှိတယ်။ အင်္ဂလိပ်လို ရက်မကို beam လို့ခေါ်တယ်။အိမ်တစ်အိမ်မှာ ကြမ်းခင်းတောင့်တင်းဖို့အတွက် ရက်မကို ၅ ပေထက်ပို မဝေးရဘူး။

“ဆင့် ( Joist ) "

ရက်မရဲ့အပေါ်မှာ ပျဉ်းကတိုး ၄"×၂"နဲ့ ဆင့်ကိုတင်လေ့ရှိတယ်။ ဆင့်ကို အင်္ဂလိပ်လို joist လို့ခေါ်တယ်။ ကြမ်းခင်းမညွှတ်ဖို့အတွက် ဆင့်များကိုလည်း ၁၀ လက်မခြားထားလေ့ရှိတယ်။

“ခါးပန်း ( Facia Board ) "

ကြမ်းခင်းဆင့်များကို ပိတ်တဲ့ ပျဉ်ပြားကို ခါးပန်းလို့ခေါ်တယ်။ ၁လက်မထုရှိတဲ့ ပျဉ်ပြားဗျက်ကတော့ အမျိုးမျိုးရှိတယ်။ ၆လက်မကနေ ၁၂ လက်မအထိ ရှိတတ်တယ်။ ဒါကို အင်္ဂလိပ်လို facia board လို့ခေါ်တယ်။ ပန်းဆွဲကိုလည်း facia, fascia နဲ့ eaves board လို့လည်းခေါ်တယ်။

“မြား ( Purlin ) "

ဒိုင်းများရဲ့အပေါ်မှာ မြားတန်းများတင်ရတယ်။ ဒိုင်းရဲ့အစိုင်းကြောင့် မြားတန်းလဲမကျအောင် ဖားများ(cleats)ခံပေးရပါသေးတယ်။ အဲဒီမြားကို purlin လို့ခေါ်တယ်။ ပျဉ်းကတိုး ၃"×၂"နဲ့ ၄"×၂" တို့ကို ၃ ပေခွဲထက်မဝေးအောင် တင်ပေးရတယ်။

တချို့ မြားတန်းပေါ်မှာ အုတ်ကြွတ်မိုးဖို့အတွက် ၂"×၁" သစ်သားနဲ့ အခြင်တန်းတင်ရတယ်။ အဲဒီအခြင်တန်းကို batten လို့ခေါ်တယ်။ batten အစိတ်အကြဲကို အုတ်ကြွတ်အမိုးပြားရဲ့ချိတ်အပေါ်မူတည်ပြီးထည့်ရတယ်။

“မြာတိုင် ( King Post ) "

တချို့ ဒိုင်းများကို ထောက်ပေးတဲ့ တိုင်ကို မြာတိုင်လို့ခေါ်တယ်။ ဒါကိုအင်္ဂလိပ်လို king post လို့ခေါ်တယ်။အများအားဖြင့် ၄"×၄" တိုင်များနဲ့ပြုလုပ်လေ့ရှိတယ်။

အဆောက်အဦတစ်လုံးဆောက်လို့ နံရံများမတက်မီ အဖြူထည်ကို အင်္ဂလိပ်လို framework လို့ခေါ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

 

 

[Zawgyi]

အိမ္တစ္လုံးရဲ႕ ျမန္မာအေခၚမ်ား....

 

“ေခါင္ေလ်ာက္ ( Rafter Plate ) "

အေဆာက္အဦးတစ္ခုရဲ႕ အေပၚကေနစေျပာရရင္ လက္သမားအေခၚ `ေခါင္ေလ်ာက္´ဆိုတာဟာ ဒိုင္းမ်ားရဲ႕အေပၚ ေခါင္အုပ္ရဲ႕ေအာက္မွာ ေရျပင္ညီ ေခါင္တန္းနဲ႔အၿပိဳင္ထည့္ထားတဲ့ ေခါင္တန္းကို ေခၚတယ္။ အဲဒီေခါင္ေလ်ာက္ကို rafter plate လို႔ေခၚတယ္။ မ်ားေသာအားျဖင့္ ပ်ဥ္းကတိုး ၄"×၂" ၊ ၅"×၂" တို႔ကိုသုံးေလ့႐ွိတယ္။

“ဒိုင္း (Rafter) "

ျမန္မာအေခၚ ဒိုင္းကိုေတာ့ အဂၤလိပ္လို rafter လို႔ေခၚတာကိုေတာ့ သိၾကၿပီးျဖစ္ပါလိမ့္မယ္။

“ ျမင့္မိုရ္ပိတ္ ( Gable Wall ) "

ျမင့္မိုရ္ပိတ္ဆိုတာကေတာ့ အေဆာက္အဦ ေဘး ၂ ဘက္ရဲ႕နံရံအေပၚပိုင္း ႀတိဂံပုံ နံရံကို ေခၚတယ္။ အဂၤလိပ္လို gable wall လို႔ေခၚတယ္။ ပ်ဥ္ေထာင္အိမ္ဆိုရင္ ပ်ဥ္နဲ႔ကာၿပီး တိုက္အိမ္ဆိုရင္ အုတ္နဲ႔ပိတ္တယ္။

“ထုပ္ ( Tie Beam / Roof Tie )”

ျမန္မာအေခၚ`ထုပ္´ဆိုတာက ၂ ဘက္ခ်ဒိုင္းမ်ားရဲ႕ ေအာက္ဖက္ အဖ်ား ၂ ဘက္ကို ေရျပင္ညီခ်ဳပ္ထားတဲ့တန္း ျဖစ္တယ္။ အဂၤလိပ္လို tie beam သို႔မဟုတ္ roof tie လို႔ေခၚတယ္။ မ်ားေသာအားျဖင့္ ပ်ဥ္းကတိုးသစ္ ၄"×၂"၊ ၅"×၂" တို႔ကိုသုံးေလ့႐ွိတယ္။ အင္ဂ်င္နီယာေက်ာင္းသားမ်ား အမ်ားဆုံးမွားတတ္တယ္။

“ ေလ်ာက္ ( Wall Plate ) "

ေလ်ာက္ဆိုတာကေတာ့ ထုပ္နဲ႔ ကန္႔လန္ျဖတ္အေနအထားအတိုင္း႐ွိတဲ့သစ္သားကိုေခၚတယ္။ ေလ်ာက္တန္းကို အမ်ားအားျဖင့္ ထုပ္အေပၚမွာ ထားေလ့႐ွိတယ္။ ဒိုင္းမ်ားနားခိုႏိုင္ေအာင္ ထားတဲ့ ေရျပင္ညီတန္းျဖစ္တယ္။ သူ႕ကိုလည္း မ်ားေသာအားျဖင့္ ၅"×၂" နဲ႔ ျပဳလုပ္ေလ့႐ွိတယ္။ အဂၤလိပ္လိုေတာ့ wall plate လို႔ေခၚတယ္။ သူ႕ေအာက္မွာ နံရံ႐ွိလို႔ျဖစ္တယ္။

“ရက္မ ( Beam)"

ပ်ဥ္ေထာင္အိမ္မ်ားမွာ သစ္သားၾကမ္းခင္းခင္းဖို႔ ဆင့္မတင္မီ အရင္ဆုံးတင္ရတဲ့ သစ္သားက ရက္မျဖစ္တယ္။ ၾကမ္းခင္းကိုေတာင့္ေစဖို႔ ရက္မကို ၅"×၂" နဲ႔တင္ေလ့႐ွိတယ္။ အဂၤလိပ္လို ရက္မကို beam လို႔ေခၚတယ္။အိမ္တစ္အိမ္မွာ ၾကမ္းခင္းေတာင့္တင္းဖို႔အတြက္ ရက္မကို ၅ ေပထက္ပို မေဝးရဘူး။

“ဆင့္ ( Joist ) "

ရက္မရဲ႕အေပၚမွာ ပ်ဥ္းကတိုး ၄"×၂"နဲ႔ ဆင့္ကိုတင္ေလ့႐ွိတယ္။ ဆင့္ကို အဂၤလိပ္လို joist လို႔ေခၚတယ္။ ၾကမ္းခင္းမၫႊတ္ဖို႔အတြက္ ဆင့္မ်ားကိုလည္း ၁၀ လက္မျခားထားေလ့႐ွိတယ္။

“ခါးပန္း ( Facia Board ) "

ၾကမ္းခင္းဆင့္မ်ားကို ပိတ္တဲ့ ပ်ဥ္ျပားကို ခါးပန္းလို႔ေခၚတယ္။ ၁လက္မထု႐ွိတဲ့ ပ်ဥ္ျပားဗ်က္ကေတာ့ အမ်ိဳးမ်ိဳး႐ွိတယ္။ ၆လက္မကေန ၁၂ လက္မအထိ ႐ွိတတ္တယ္။ ဒါကို အဂၤလိပ္လို facia board လို႔ေခၚတယ္။ ပန္းဆြဲကိုလည္း facia, fascia နဲ႔ eaves board လို႔လည္းေခၚတယ္။

“ျမား ( Purlin ) "

ဒိုင္းမ်ားရဲ႕အေပၚမွာ ျမားတန္းမ်ားတင္ရတယ္။ ဒိုင္းရဲ႕အစိုင္းေၾကာင့္ ျမားတန္းလဲမက်ေအာင္ ဖားမ်ား(cleats)ခံေပးရပါေသးတယ္။ အဲဒီျမားကို purlin လို႔ေခၚတယ္။ ပ်ဥ္းကတိုး ၃"×၂"နဲ႔ ၄"×၂" တို႔ကို ၃ ေပခြဲထက္မေဝးေအာင္ တင္ေပးရတယ္။

တခ်ိဳ႕ ျမားတန္းေပၚမွာ အုတ္ႂကြတ္မိုးဖို႔အတြက္ ၂"×၁" သစ္သားနဲ႔ အျခင္တန္းတင္ရတယ္။ အဲဒီအျခင္တန္းကို batten လို႔ေခၚတယ္။ batten အစိတ္အႀကဲကို အုတ္ႂကြတ္အမိုးျပားရဲ႕ခ်ိတ္အေပၚမူတည္ၿပီးထည့္ရတယ္။

“ျမာတိုင္ ( King Post ) "

တခ်ိဳ႕ ဒိုင္းမ်ားကို ေထာက္ေပးတဲ့ တိုင္ကို ျမာတိုင္လို႔ေခၚတယ္။ ဒါကိုအဂၤလိပ္လို king post လို႔ေခၚတယ္။အမ်ားအားျဖင့္ ၄"×၄" တိုင္မ်ားနဲ႔ျပဳလုပ္ေလ့႐ွိတယ္။

အေဆာက္အဦတစ္လုံးေဆာက္လို႔ နံရံမ်ားမတက္မီ အျဖဴထည္ကို အဂၤလိပ္လို framework လို႔ေခၚပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: original writer

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service