“ ကုမ္ပဏီ ကုန်အမှတ်တံဆိပ် လုပ်ကြမလား “ - Property Knowledge in Myanmar from iMyanmarHouse.com
819 Views

“ ကုမ္ပဏီ ကုန်အမှတ်တံဆိပ် လုပ်ကြမလား “

Knowledge | Posted by Si Thu Aung

[Unicode] အတတ်ပညာတစ်ခုကို မိမိ ကျွမ်းကျင်စွာ တတ်မြောက်ထားသော်လည်း အသုံးပြုခွင့်မရသောအခါ အချိန်ကြာလာသည်နှင့်အမျှ မေ့ပျောက်တတ်သည်မှာ လူ့သဘာဝပင်ဖြစ်သည်။ ထက်မြက်နေသော ဓားကိုမသုံးဘဲ သိမ်းထားမိလျှင် သံချေးတက်သွားတတ်သကဲ့သို့ မိမိလုပ်နေကျအလုပ်ပင်ဖြစ်သော်လည်း မေ့လျော့သွားသည့်အခါမှ အလုပ်ပြန်ပေါ်လာလျှင် အားလုံးမမှတ်နိုင်တော့ပါ။ ထိုအခါကျမှ လုပ်နေကျ ပုဂ္ဂိုလ်များထံတွင် စုံစမ်းမေးမြန်းရလေ့ရှိပါသည်။

မကြာသေးမီက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ် ၈၃၊ အခန်း (၁၃) ဒုတိယထပ်တွင် ခေတ္တရာမြင့်အောင် (မောင်ကောင်းဖေ) LLB,DML၊ ဦးမျိုးအောင် LLB,DIL,DIR,DBL၊ ဦးတင်မောင်မြင့် LL.B,DIL၊ တရားလွှတ်တော်ရှေ့နေ သူငယ်ချင်းသုံးဦးစုပေါင်း ဖွင့်လှစ်ထားသော “ Emperor Law Firm” ရုံးခန်းသို့ ကုမ္ပဏီတစ်ခုမှ မန်နေဂျာအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရောက်လာကြပြီး ကုန်အမှတ်တံဆိပ် ပြုလုပ်ပေးရန် အလုပ်လာရောက်အပ်နှံကြပါသည်။

ကြေညာလိုသည့် ကုန်အမှတ်တံဆိပ်မှာ “ကားအပိုပစ္စည်းများ'ဖြစ်သည်။ မိမိကုမ္ပဏီမူပိုင်ဖြစ်သော အဆိုပါ ကုန်အမှတ်တံဆိပ်အမည်အမှတ်အသားများကို ဆိုင်းဘုတ်၊ ဘလောက်၊ တီဗီ၊ မဂ္ဂဇင်း၊ စာစောင်၊ ကြော်ငြာ၊ ငွေပြေစာဖြတ်ပိုင်း၊ တံဆိပ်တုံး၊ Letter Head , Internet, Website အစရှိသည် တို့တွင်လည်း အသုံးပြုသွားမည်ဖြစ်ပါသည်။

ယင်း ကားအပိုပစ္စည်းများကို ထုတ်လုပ်ဖြန့်ချိ ရောင်းချရာတွင် အဆိုပါ ကုန်ပစ္စည်းအမျိုးမျိုးကို ထည့်သွင်း အသုံးပြုသော ပလတ်စတစ်ဘူး၊ ကော်ဘူး။ ပလတ်စတစ်အိတ်၊ စက္ကူပတ်၊ စက္ကူ အိတ်၊ ပါဆယ်ထုပ်များနှင့် ထုပ်ပိုးပစ္စည်း အစရှိသည်တို့အပေါ်တွင် ကုန်အမှတ်တံဆိပ်အမည်၊ အမှတ်အသားကိုအရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးတို့ကို ပြုလုပ်ပြီးလျှင် ဖိနှိပ်၍၊ ကပ်နှိပ်၍၊ ရိုက်နှိပ်၍ အသားတံဆိပ် ပြုလုပ်၍ ရန်ကုန်မြို့နှင့်တကွ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြန့်ချိရောင်းချသွားလို ကြောင်း သူတို့ရဲ့ဆန္ဒကို ပြောပြသည်။

ထို့အပြင် မိမိတို့ ကုမ္ပဏီမူပိုင်အဖြစ် အသုံးပြုလျက်ရှိတဲ့ K.K.KAUNG အမည်အမှတ်အသားကို မိမိတို့ ကုမ္ပဏီမှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပုံတူပုံမှား၊ ထင်ယောင်ထင်မှား၊ ဆင်တူယိုးမှား ထုတ်လုပ်သုံးစွဲနေသည်များကို ကြားသိရပါက မိမိကုမ္ပဏီ လုပ်ငန်းအကျိုးစီးပွား ထိခိုက်နစ်နာဆုံးရှုံးမှုမှ ကုန်ကျသမျှသော အရပ်ရပ် ကြေးငွေစရိတ်များအတွက် လျော်ကြေးငွေများ တောင်းဆိုသွားနိုင်ရန်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ မည်သည့် တရားရုံးတွင်မဆို တရားမကြောင်း အရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုနိုင်ရန် အလုပ်အပ်နှံခြင်းဖြစ်ကြောင်း ပြောပါသည်။

ယင်း ကုမ္ပဏီအပ်နှံသော ကုန်အမှတ်တံဆိပ်အလုပ်ကို မောင်ကောင်းဖေ မှလက်ခံပြီး မှတ်ပုံတင်သွင်းမည့် ရန်ကင်းမြို့နယ်ရှိ ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ ရက်သတ်မှတ်၍ ချိန်းဆိုလိုက်သည်။

လိုအပ်သည့်စာရွက်စာတမ်းများဖြစ်သည် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန မှ ထုတ်ပေးထားသော

(၁) ကုမ္ပဏီလက်မှတ် (ယာယီ)၊

( ၂) RETURN OF ALLOTMENTS THE MYANMAR COMPANIES ACT. See Section-104 အရ Form VI စာရွက်စာတမ်း၊

(၃) PARTICULARS OF DIRECTORS, MANAGERS AND MANAGER AGENTS AND OF ANY CHANGES THEREIN (Myanmar Companies Act,See Section 87) အရForm XXVI စာရွက်စာတမ်း၊

(၄) ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း၊

(၅) ကုမ္ပဏီမှ တာဝန်ပေးသူ၏မှတ်ပုံတင်နှင့် အသိသက်သေနှစ်ဦး၏ မှတ်ပုံတင်များကို ယူဆောင်၍ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကံဘဲ့ဘူတာလမ်းမှ ဝင်လာ၍ ဆည်မြောင်းလမ်းသွယ်ရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ နံနက် (၁၀) နာရီ အရောက်လာခဲ့ရန် မှာကြားလိုက်သည်။

ကုန်အမှတ်တံဆိပ်ဖြစ်၍ တံဆိပ်ခေါင်းတွင် ကုမ္ပဏီမှ ကြေညာမည့်စာသားများ ထည့်သွင်း ရိုက်နှိပ်ရမည် ဖြစ်သဖြင့် အထက်တွင်ဖော်ပြခဲ့သော စာရွက်စာတမ်း မိတ္တူတစ်စုံကူးယူလာရန်နှင့် တစ်ရက် ကြိုတင် လာရောက်ပေးထားရန် မှာကြားလိုက်သည်။ မှတ်ပုံတင်ကုန်အမှတ်တံဆိပ်မှာ တစ်ဦးတည်း မူပိုင် စာချုပ် ဖြစ်သည့် K.K.Kaung ကုမ္ပဏီမှာ ယခုမှစတင်၍ ကုန်အမှတ်တံဆိပ် စတင်ပြုလုပ်ခြင်းဖြစ်၍ “ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း’ ရေးသားပုံနမူနာ လာရောက်ယူလိုကြောင်း မန်နေဂျာက "မောင်ကောင်းဖေ" ထံ ဖုန်းဆက်သည်။

"မောင်ကောင်းဖေ"မှန်တာပြောရလျှင် ယခင်က တစ်ဦးတည်းမူပိုင် ကုန်အမှတ်တံဆိပ် လာရောက်အပ်နှံ သူများခဲ့သဖြင့် ယခင်လုပ်ခဲ့ဖူးသော ကုန်အမှတ်တံဆိပ်အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်းများကို ရှာဖွေကြည့်သည်။ ယခုအခါ ယင်းဖိုင်တွဲကြီးကိုမတွေ့ရတော့သဖြင့် "မောင်ကောင်းဖေ"စိတ်မောလူမောဖြစ်ကာ စိတ်ဆင်းရဲသွားသည်။ ပို၍ဆိုးသည်က ရုံးခန်းအပြောင်းအရွှေ့လုပ်ရာတွင် ဖိုင်တွဲများ နေရာရွှေ့ပြောင်း ထားသဖြင့် ရှာမရဖြစ်ပြီး စိတ်အကြံအိုက်သွားသည်။ သို့ဖြင့် နမူနာရသည့်အခါ ဖုန်းဆက်လိုက်မည် ဖြစ်ကြောင်း မန်နေဂျာဖြစ်သူကို အကြောင်းပြန်ကြားလိုက်ရသည်။

"မောင်ကောင်းဖေ"ပေါ့ဆမှုကြောင့် ဖြစ်ရသည့်အတွက် ဘယ်သူမပြုမိမိမှု သဘောထားပြီးအကြံရလာပြီး စာချုပ်စာတမ်းရုံးသို့ အပြေးသွား၍ သက်ဆိုင်သူများထံ အကူအညီတောင်းရတော့သည်။ မေးမြန်းစုံစမ်း ရသည်။ လိုအပ်သည်များကို မှတ်စုလုပ်ထားရသည်။ ဒါရိုက်တာအစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်းမှာ မြင်ဖူးတွေ့ဖူးနေကျဖြစ်၍ သိပ်မခက်ခဲဟု ထင်သည်။ သို့သော်လည်း ရုံးလုပ်ထုံးလုပ်နည်းအရ ပုံစံတကျ ဖြစ်ဖို့လိုသည်။ သို့ဖြင့်အစည်းအဝေးနမူနာပုံစံ ကူးယူပြီးမှ K.K.Kaung ကုမ္ပဏီသို့ ပေးလိုက်ရသည်။ ထို့ကြောင့် အမှန်တကယ် စာချုပ်သည့်နေ့တွင် လိုအပ်သည့်

• ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ Form VI နှင့်

• XXVI ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း၊

• မှတ်ပုံတင်သွင်းမည့်သူ၏ မှတ်ပုံတင်မူရင်း၊

• သက်သေနှစ်ဦးနှင့်အတူ မှတ်ပုံတင်များ

တင်ပြနိုင်ခဲ့သဖြင့် ကုမ္ပဏီပိုင် ကုန်အမှတ်တံဆိပ်ကို အောင်မြင်စွာ မှတ်ပုံနိုင်ခဲ့ပါသည်။

ထို့ကြောင့် ကုမ္ပဏီပိုင်ရှင်များအနေဖြင့်လည်း ကုမ္ပဏီမူပိုင် ကုန်အမှတ်တံဆိပ်ပြုလုပ်ရာတွင် မပါမဖြစ်သည့် ‘ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်း’ ကိုနမူနာယူနိုင်စေရန်ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“ ကုမၸဏီ ကုန္အမွတ္တံဆိပ္ လုပ္ၾကမလား “

အတတ္ပညာတစ္ခုကို မိမိ ကြၽမ္းက်င္စြာ တတ္ေျမာက္ထားေသာ္လည္း အသုံးျပဳခြင့္မရေသာအခါ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေမ့ေပ်ာက္တတ္သည္မွာ လူ႕သဘာဝပင္ျဖစ္သည္။ ထက္ျမက္ေနေသာ ဓားကိုမသုံးဘဲ သိမ္းထားမိလွ်င္ သံေခ်းတက္သြားတတ္သကဲ့သို႔ မိမိလုပ္ေနက်အလုပ္ပင္ျဖစ္ေသာ္လည္း ေမ့ေလ်ာ့သြားသည့္အခါမွ အလုပ္ျပန္ေပၚလာလွ်င္ အားလုံးမမွတ္ႏိုင္ေတာ့ပါ။ ထိုအခါက်မွ လုပ္ေနက် ပုဂၢိဳလ္မ်ားထံတြင္ စုံစမ္းေမးျမန္းရေလ့႐ွိပါသည္။

မၾကာေသးမီက ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ပန္းဆိုးတန္းလမ္း၊ တိုက္အမွတ္ ၈၃၊ အခန္း (၁၃) ဒုတိယထပ္တြင္ ေခတၱရာျမင့္ေအာင္ (ေမာင္ေကာင္းေဖ) LLB,DML၊ ဦးမ်ိဳးေအာင္ LLB,DIL,DIR,DBL၊ ဦးတင္ေမာင္ျမင့္ LL.B,DIL၊ တရားလႊတ္ေတာ္ေ႐ွ႕ေန သူငယ္ခ်င္းသုံးဦးစုေပါင္း ဖြင့္လွစ္ထားေသာ “ Emperor Law Firm” ႐ုံးခန္းသို႔ ကုမၸဏီတစ္ခုမွ မန္ေနဂ်ာအမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ ေရာက္လာၾကၿပီး ကုန္အမွတ္တံဆိပ္ ျပဳလုပ္ေပးရန္ အလုပ္လာေရာက္အပ္ႏွံၾကပါသည္။

ေၾကညာလိုသည့္ ကုန္အမွတ္တံဆိပ္မွာ “ကားအပိုပစၥည္းမ်ား'ျဖစ္သည္။ မိမိကုမၸဏီမူပိုင္ျဖစ္ေသာ အဆိုပါ ကုန္အမွတ္တံဆိပ္အမည္အမွတ္အသားမ်ားကို ဆိုင္းဘုတ္၊ ဘေလာက္၊ တီဗီ၊ မဂၢဇင္း၊ စာေစာင္၊ ေၾကာ္ျငာ၊ ေငြေျပစာျဖတ္ပိုင္း၊ တံဆိပ္တုံး၊ Letter Head , Internet, Website အစ႐ွိသည္ တို႔တြင္လည္း အသုံးျပဳသြားမည္ျဖစ္ပါသည္။

ယင္း ကားအပိုပစၥည္းမ်ားကို ထုတ္လုပ္ျဖန္႔ခ်ိ ေရာင္းခ်ရာတြင္ အဆိုပါ ကုန္ပစၥည္းအမ်ိဳးမ်ိဳးကို ထည့္သြင္း အသုံးျပဳေသာ ပလတ္စတစ္ဘူး၊ ေကာ္ဘူး။ ပလတ္စတစ္အိတ္၊ စကၠဴပတ္၊ စကၠဴ အိတ္၊ ပါဆယ္ထုပ္မ်ားႏွင့္ ထုပ္ပိုးပစၥည္း အစ႐ွိသည္တို႔အေပၚတြင္ ကုန္အမွတ္တံဆိပ္အမည္၊ အမွတ္အသားကိုအ႐ြယ္အစားအမ်ိဳးမ်ိဳး၊ အေရာင္အမ်ိဳးမ်ိဳး၊ ဒီဇိုင္းအမ်ိဳးမ်ိဳးတို႔ကို ျပဳလုပ္ၿပီးလွ်င္ ဖိႏွိပ္၍၊ ကပ္ႏွိပ္၍၊ ႐ိုက္ႏွိပ္၍ အသားတံဆိပ္ ျပဳလုပ္၍ ရန္ကုန္ၿမိဳ႕ႏွင့္တကြ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ ျဖန္႔ခ်ိေရာင္းခ်သြားလို ေၾကာင္း သူတို႔ရဲ႕ဆႏၵကို ေျပာျပသည္။

ထို႔အျပင္ မိမိတို႔ ကုမၸဏီမူပိုင္အျဖစ္ အသုံးျပဳလ်က္႐ွိတဲ့ K.K.KAUNG အမည္အမွတ္အသားကို မိမိတို႔ ကုမၸဏီမွတစ္ပါး အျခားမည္သူတစ္ဦးတစ္ေယာက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ၊ ပုံတူပုံမွား၊ ထင္ေယာင္ထင္မွား၊ ဆင္တူယိုးမွား ထုတ္လုပ္သုံးစြဲေနသည္မ်ားကို ၾကားသိရပါက မိမိကုမၸဏီ လုပ္ငန္းအက်ိဳးစီးပြား ထိခိုက္နစ္နာဆုံး႐ႈံးမႈမွ ကုန္က်သမွ်ေသာ အရပ္ရပ္ ေၾကးေငြစရိတ္မ်ားအတြက္ ေလ်ာ္ေၾကးေငြမ်ား ေတာင္းဆိုသြားႏိုင္ရန္ႏွင့္ ျပည္ေထာင္စု ျမန္မာႏိုင္ငံအတြင္း႐ွိ မည္သည့္ တရား႐ုံးတြင္မဆို တရားမေၾကာင္း အရျဖစ္ေစ၊ ျပစ္မႈေၾကာင္းအရျဖစ္ေစ တရားစြဲဆိုႏိုင္ရန္ အလုပ္အပ္ႏွံျခင္းျဖစ္ေၾကာင္း ေျပာပါသည္။

ယင္း ကုမၸဏီအပ္ႏွံေသာ ကုန္အမွတ္တံဆိပ္အလုပ္ကို ေမာင္ေကာင္းေဖ မွလက္ခံၿပီး မွတ္ပုံတင္သြင္းမည့္ ရန္ကင္းၿမိဳ႕နယ္႐ွိ ရန္ကုန္ၿမိဳ႕စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးသို႔ ရက္သတ္မွတ္၍ ခ်ိန္းဆိုလိုက္သည္။

လိုအပ္သည့္စာ႐ြက္စာတမ္းမ်ားျဖစ္သည္ အမ်ိဳးသားစီမံကိန္းႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီးဌာန မွ ထုတ္ေပးထားေသာ

(၁) ကုမၸဏီလက္မွတ္ (ယာယီ)၊

( ၂) RETURN OF ALLOTMENTS THE MYANMAR COMPANIES ACT. See Section-104 အရ Form VI စာ႐ြက္စာတမ္း၊

(၃) PARTICULARS OF DIRECTORS, MANAGERS AND MANAGER AGENTS AND OF ANY CHANGES THEREIN (Myanmar Companies Act,See Section 87) အရForm XXVI စာ႐ြက္စာတမ္း၊

(၄) ဒါ႐ိုက္တာအဖြဲ႕အစည္းအေဝး ဆုံးျဖတ္ခ်က္မွတ္တမ္း၊

(၅) ကုမၸဏီမွ တာဝန္ေပးသူ၏မွတ္ပုံတင္ႏွင့္ အသိသက္ေသႏွစ္ဦး၏ မွတ္ပုံတင္မ်ားကို ယူေဆာင္၍ ရန္ကုန္ၿမိဳ႕၊ ရန္ကင္းၿမိဳ႕နယ္၊ ကံဘဲ့ဘူတာလမ္းမွ ဝင္လာ၍ ဆည္ေျမာင္းလမ္းသြယ္႐ွိ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးသို႔ နံနက္ (၁၀) နာရီ အေရာက္လာခဲ့ရန္ မွာၾကားလိုက္သည္။

ကုန္အမွတ္တံဆိပ္ျဖစ္၍ တံဆိပ္ေခါင္းတြင္ ကုမၸဏီမွ ေၾကညာမည့္စာသားမ်ား ထည့္သြင္း ႐ိုက္ႏွိပ္ရမည္ ျဖစ္သျဖင့္ အထက္တြင္ေဖာ္ျပခဲ့ေသာ စာ႐ြက္စာတမ္း မိတၱဴတစ္စုံကူးယူလာရန္ႏွင့္ တစ္ရက္ ႀကိဳတင္ လာေရာက္ေပးထားရန္ မွာၾကားလိုက္သည္။ မွတ္ပုံတင္ကုန္အမွတ္တံဆိပ္မွာ တစ္ဦးတည္း မူပိုင္ စာခ်ဳပ္ ျဖစ္သည့္ K.K.Kaung ကုမၸဏီမွာ ယခုမွစတင္၍ ကုန္အမွတ္တံဆိပ္ စတင္ျပဳလုပ္ျခင္းျဖစ္၍ “ဒါ႐ိုက္တာအဖြဲ႕အစည္းအေဝး ဆုံးျဖတ္ခ်က္မွတ္တမ္း’ ေရးသားပုံနမူနာ လာေရာက္ယူလိုေၾကာင္း မန္ေနဂ်ာက "ေမာင္ေကာင္းေဖ" ထံ ဖုန္းဆက္သည္။

"ေမာင္ေကာင္းေဖ"မွန္တာေျပာရလွ်င္ ယခင္က တစ္ဦးတည္းမူပိုင္ ကုန္အမွတ္တံဆိပ္ လာေရာက္အပ္ႏွံ သူမ်ားခဲ့သျဖင့္ ယခင္လုပ္ခဲ့ဖူးေသာ ကုန္အမွတ္တံဆိပ္အစည္းအေဝးဆုံးျဖတ္ခ်က္မွတ္တမ္းမ်ားကို ႐ွာေဖြၾကည့္သည္။ ယခုအခါ ယင္းဖိုင္တြဲႀကီးကိုမေတြ႕ရေတာ့သျဖင့္ "ေမာင္ေကာင္းေဖ"စိတ္ေမာလူေမာျဖစ္ကာ စိတ္ဆင္းရဲသြားသည္။ ပို၍ဆိုးသည္က ႐ုံးခန္းအေျပာင္းအေ႐ႊ႕လုပ္ရာတြင္ ဖိုင္တြဲမ်ား ေနရာေ႐ႊ႕ေျပာင္း ထားသျဖင့္ ႐ွာမရျဖစ္ၿပီး စိတ္အၾကံအိုက္သြားသည္။ သို႔ျဖင့္ နမူနာရသည့္အခါ ဖုန္းဆက္လိုက္မည္ ျဖစ္ေၾကာင္း မန္ေနဂ်ာျဖစ္သူကို အေၾကာင္းျပန္ၾကားလိုက္ရသည္။

"ေမာင္ေကာင္းေဖ"ေပါ့ဆမႈေၾကာင့္ ျဖစ္ရသည့္အတြက္ ဘယ္သူမျပဳမိမိမႈ သေဘာထားၿပီးအၾကံရလာၿပီး စာခ်ဳပ္စာတမ္း႐ုံးသို႔ အေျပးသြား၍ သက္ဆိုင္သူမ်ားထံ အကူအညီေတာင္းရေတာ့သည္။ ေမးျမန္းစုံစမ္း ရသည္။ လိုအပ္သည္မ်ားကို မွတ္စုလုပ္ထားရသည္။ ဒါ႐ိုက္တာအစည္းအေဝး ဆုံးျဖတ္ခ်က္မွတ္တမ္းမွာ ျမင္ဖူးေတြ႕ဖူးေနက်ျဖစ္၍ သိပ္မခက္ခဲဟု ထင္သည္။ သို႔ေသာ္လည္း ႐ုံးလုပ္ထုံးလုပ္နည္းအရ ပုံစံတက် ျဖစ္ဖို႔လိုသည္။ သို႔ျဖင့္အစည္းအေဝးနမူနာပုံစံ ကူးယူၿပီးမွ K.K.Kaung ကုမၸဏီသို႔ ေပးလိုက္ရသည္။ ထို႔ေၾကာင့္ အမွန္တကယ္ စာခ်ဳပ္သည့္ေန႔တြင္ လိုအပ္သည့္

• ကုမၸဏီမွတ္ပုံတင္လက္မွတ္၊ Form VI ႏွင့္

• XXVI ဒါ႐ိုက္တာအဖြဲ႕ အစည္းအေဝး ဆုံးျဖတ္ခ်က္မွတ္တမ္း၊

• မွတ္ပုံတင္သြင္းမည့္သူ၏ မွတ္ပုံတင္မူရင္း၊

• သက္ေသႏွစ္ဦးႏွင့္အတူ မွတ္ပုံတင္မ်ား

တင္ျပႏိုင္ခဲ့သျဖင့္ ကုမၸဏီပိုင္ ကုန္အမွတ္တံဆိပ္ကို ေအာင္ျမင္စြာ မွတ္ပုံႏိုင္ခဲ့ပါသည္။

ထို႔ေၾကာင့္ ကုမၸဏီပိုင္႐ွင္မ်ားအေနျဖင့္လည္း ကုမၸဏီမူပိုင္ ကုန္အမွတ္တံဆိပ္ျပဳလုပ္ရာတြင္ မပါမျဖစ္သည့္ ‘ဒါ႐ိုက္တာအဖြဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္ မွတ္တမ္း’ ကိုနမူနာယူႏိုင္ေစရန္ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။ လႊတ္ေတာ္ေ႐ွ႕ေန ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

Upcoming Property Events

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service