မျက်ရည်ကြွေလင့် ရှိုက်သံနင့်နင့်(အိမ်ခြေရာမဲ့ အသိုက်အမြုံများ) - Property Knowledge in Myanmar from iMyanmarHouse.com
2900 Views

မျက်ရည်ကြွေလင့် ရှိုက်သံနင့်နင့်(အိမ်ခြေရာမဲ့ အသိုက်အမြုံများ)

Knowledge | Posted by Aye Myat Thu

[Unicode]

မြင်ရတဲ့မြင်ကွင်းက ရင်မှာနင့်ရပါတယ်။ခြံဝင်းတစ်ခုရဲ့ဘေး ရေမြောင်းဖုံးကြီးရဲ့အောက်က နေရာလွတ်လေးတစ်ခုကို နေစရာပြုနေကြတဲ့ မိသားတစ်စုရဲ့ ဆိုးရွားတဲ့အခြေအနေတစ်ခုကို အလှူလာလုပ်သူတွေရဲ့ပြကွက်နဲ့ ရင်မှာရှိုက်သံတို့ဖြင့်နင့်ခဲ့ရပါတယ်။မျက်ရည်တို့လည်း စို့ခဲ့ပါတယ်။

နေရာလေးက မြောက်ဒဂုံ..၅၀ကွေ့နားဟု သိရပါတယ်။ မြောင်းရဲ့လျှိုအောက်မှာအိပ်နေရတဲ့မိသားစု တစ်စုကို အလှူရှင် ကိုထွန်းမင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အဲဒီမိသားစုအတွက် အလှူလုပ်ရင်း ဖော်ပြသွားတာကို တွေ့ရပါတယ်။

ကိုထွန်းမင်းတို့ အဖွဲ့က လူအများရဲ့ အလှူကိုတာဝန်ခံပြီးလိုက်လှူပေးကြပါတယ်။အရင်ရက်တွေက သူတို့ရဲ့ အလှူမှတ်တမ်းကို ကြည့်မိသော်လည်း ခံစားချက်က သာဓုခေါ်မိရုံပါပဲ။ရွှံ့ဗွက်ရေထဲကိုဖြတ်ပြီး သွားရောက် လှူဒါန်းတဲ့ တဲသာသာအိမ်လေးတွေရဲ့ ခနော်နီ ခနော်နဲ့အခြေအနေလေးတွေကိုတွေ့ခဲ့ရပါတယ်။ နေစရာလေးတွေ ရှိနေသေးတယ်ပေါ့။

အောက်ခြေလူတန်းစားတွေရဲ့ ဘဝတွေက မီးယပ်ကျိုးလှည်းနင်းခံရသလိုပါပဲ။မလှုပ်နိုင်တဲ့သူကို ဖမ်းချုပ်ထားပြီး လောကဓံတွေက ပိုပြီးဖိထောင်းနေသလိုပါပဲ။

ရှင်သန်ဖို့ဟာ အတော်ခက်ခဲနေကြပါပဲလား။မြေအလွန်ပေါများလှတဲ့ မြန်မာနိုင်ငံဟာ နေစရာရှားလှပါတယ်။ ကိုယ့်ရဲ့ကုသိုလ်၊အကုသိုလ်အတိုင်း ဘဝတွေကွဲပြားကြတယ်ဆိုဦးတော့ ဘယ်မှာမှ မှီခိုလို့မရအောင် ဖြစ်နေတာကတော့ တယ်ပြီးမဟုတ်လှဘူးလို့လည်း ယူဆပါတယ်။

မြေပေါတဲ့သူက မြေပိုင်ဆိုင်မှုရဲ့ အရသာကိုသိပြီး ရတဲ့နည်းနဲ့ ထပ်လိုချင်ကြတယ်။အိမ်ခြေရာမဲ့တွေရဲ့ ဘဝတွေကြတော့လည်း လမ်းဘေးရေမြောင်းဖုံးအောက်မှာ ခိုမှီကပ်ရပ်နေတာတောင် ဘယ်သူလာနှောင့်ယှက်ဦးမလဲ တွေးပူနေရတဲ့ဘဝတွေပါလား။

ဗီဒီယိုပြကွက်ထဲက ဒီမိသားစုဟာ အန္တရာယ်ရှိတာကို သိသိကြီးနဲ့ နေဖို့ခက်ခဲနေတော့ မနေချင်ပေမယ့် နေနေရတယ်။

စိုစွတ်ထိုင်းမှိုင်းတဲ့ ကြမ်းပြင်၊ရေဆိုးမြောင်းက လာတဲ့အနံ့အသက် ဒီနေရာကိုဘယ်သူနှစ်သက်မလဲ။ ဘယ်သူမှ ဒီလိုနေရာကို မိသားစုစံမြန်းရာ ဘုံဗိမာန်လုပ်လိုကြပါ့မလဲ။

လူတိုင်းဟာ ဆွေမျိုးအသိုင်းအဝိုင်းဆိုတာရှိကြပါတယ်။မိတ်ဆွေအပေါင်းအသင်းဆိုတာရှိပါတယ်။ ဒီလိုနေနေရတဲ့ ဘဝကို ကိုယ့်ရဲ့ ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းတွေ တွေ့သွားမှာကို ရှက်ရွံ့ကြမှာပါပဲ။

အင်မတန်ဒုက္ခရောက်ကြလို့သာ ဒီလိုအခြေအနေကို မရွေးချင်ဘဲ ရွေးကြရတာဖြစ်မှာပါ။ ဒီလိုမိသားစုဘဝတွေက မြန်မာနိုင်ငံမှာ ဘယ်လောက်တောင်များနေကြလဲ။

သာသူကလှူ၊ပြည့်သူက ဖြည့်ပေး၊လဲသူကို ထူပေးလို့ အမိုးအကာ အရံအတားလေးတွေနဲ့ နွေးထွေးတဲ့ မိသားစုလေးတွေ ဖြစ်တည်ပိုင်ဆိုင်နိုင်ကြပါစေလို့သာ ကိုယ့်ဘဝကလည်း ဆုတောင်းပေးနိုင်ရုံသာပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit Photo

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မ်က္ရည္ေၾကြလင့္ ရႈိက္သံနင့္နင့္(အိမ္ေျခရာမဲ့ အသိုက္အၿမဳံမ်ား)

 

ျမင္ရတဲ့ျမင္ကြင္းက ရင္မွာနင့္ရပါတယ္။ျခံဝင္းတစ္ခုရဲ႕ေဘး ေရေျမာင္းဖုံးႀကီးရဲ႕ေအာက္က ေနရာလြတ္ေလးတစ္ခုကို ေနစရာျပဳေနၾကတဲ့ မိသားတစ္စုရဲ႕ ဆိုးရြားတဲ့အေျခအေနတစ္ခုကို အလွဴလာလုပ္သူေတြရဲ႕ျပကြက္နဲ႔ ရင္မွာရႈိက္သံတို႔ျဖင့္နင့္ခဲ့ရပါတယ္။မ်က္ရည္တို႔လည္း စို႔ခဲ့ပါတယ္။

ေနရာေလးက ေျမာက္ဒဂံု..၅၀ေကြ႔နားဟု သိရပါတယ္။ ေျမာင္းရဲ႕လွ်ိဳေအာက္မွာအိပ္ေနရတဲ့မိသားစု တစ္စုကို အလွဴရွင္ ကိုထြန္းမင္းရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန အဲဒီမိသားစုအတြက္ အလွဴလုပ္ရင္း ေဖာ္ျပသြားတာကို ေတြ႔ရပါတယ္။

ကိုထြန္းမင္းတို႔ အဖြဲ႔က လူအမ်ားရဲ႕ အလွဴကိုတာဝန္ခံၿပီးလိုက္လွဴေပးၾကပါတယ္။အရင္ရက္ေတြက သူတို႔ရဲ႕ အလွဴမွတ္တမ္းကို ၾကည့္မိေသာ္လည္း ခံစားခ်က္က သာဓုေခၚမိရုံပါပဲ။ရႊံ႕ဗြက္ေရထဲကိုျဖတ္ၿပီး သြားေရာက္ လွဴဒါန္းတဲ့ တဲသာသာအိမ္ေလးေတြရဲ႕ ခေနာ္နီ ခေနာ္နဲ႕အေျခအေနေလးေတြကိုေတြ႔ခဲ့ရပါတယ္။ ေနစရာေလးေတြ ရွိေနေသးတယ္ေပါ့။

ေအာက္ေျခလူတန္းစားေတြရဲ႕ ဘဝေတြက မီးယပ္က်ိဳးလွည္းနင္းခံရသလိုပါပဲ။မလႈပ္ႏုိင္တဲ့သူကို ဖမ္းခ်ဳပ္ထားၿပီး ေလာကဓံေတြက ပိုၿပီးဖိေထာင္းေနသလိုပါပဲ။

ရွင္သန္ဖို႔ဟာ အေတာ္ခက္ခဲေနၾကပါပဲလား။ေျမအလြန္ေပါမ်ားလွတဲ့ ျမန္မာႏိုင္ငံဟာ ေနစရာရွားလွပါတယ္။ ကိုယ့္ရဲ႕ကုသိုလ္၊အကုသိုလ္အတိုင္း ဘဝေတြကြဲျပားၾကတယ္ဆိုဦးေတာ့ ဘယ္မွာမွ မွီခိုလို႔မရေအာင္ ျဖစ္ေနတာကေတာ့ တယ္ၿပီးမဟုတ္လွဘူးလို႔လည္း ယူဆပါတယ္။

ေျမေပါတဲ့သူက ေျမပုိင္ဆိုင္မႈရဲ႕ အရသာကိုသိၿပီး ရတဲ့နည္းနဲ႕ ထပ္လိုခ်င္ၾကတယ္။အိမ္ေျခရာမဲ့ေတြရဲ႕ ဘဝေတြၾကေတာ့လည္း လမ္းေဘးေရေျမာင္းဖုံးေအာက္မွာ ခိုမွီကပ္ရပ္ေနတာေတာင္ ဘယ္သူလာ ေႏွာင့္ယွက္ဦးမလဲ ေတြးပူေနရတဲ့ဘဝေတြပါလား။

ဗီဒီယိုျပကြက္ထဲက ဒီမိသားစုဟာ အႏၱရာယ္ရွိတာကို သိသိႀကီးနဲ႔ ေနဖို႔ခက္ခဲေနေတာ့ မေနခ်င္ေပမယ့္ ေနေနရတယ္။

စိုစြတ္ထိုင္းမႈိင္းတဲ့ ၾကမ္းျပင္၊ေရဆိုးေျမာင္းက လာတဲ့အနံ႔အသက္ ဒီေနရာကိုဘယ္သူႏွစ္သက္မလဲ။ ဘယ္သူမွ ဒီလိုေနရာကို မိသားစုစံျမန္းရာ ဘုံဗိမာန္လုပ္လိုၾကပါ့မလဲ။

လူတိုင္းဟာ ေဆြမ်ိဳးအသိုင္းအဝိုင္းဆိုတာရွိၾကပါတယ္။မိတ္ေဆြအေပါင္းအသင္းဆိုတာရွိပါတယ္။ ဒီလိုေနေနရတဲ့ ဘဝကို ကိုယ့္ရဲ႕ ေဆြမ်ိဳးမိတ္ေဆြ အေပါင္းအသင္းေတြ ေတြ႔သြားမွာကို ရွက္ရြံ႕ၾကမွာပါပဲ။

အင္မတန္ဒုကၡေရာက္ၾကလို႔သာ ဒီလိုအေျခအေနကို မေရြးခ်င္ဘဲ ေရြးၾကရတာျဖစ္မွာပါ။ ဒီလိုမိသားစုဘဝေတြက ျမန္မာႏိုင္ငံမွာ ဘယ္ေလာက္ေတာင္မ်ားေနၾကလဲ။

သာသူကလွဴ၊ျပည့္သူက ျဖည့္ေပး၊လဲသူကို ထူေပးလို႔ အမိုးအကာ အရံအတားေလးေတြနဲ႔ ေႏြးေထြးတဲ့ မိသားစုေလးေတြ ျဖစ္တည္ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔သာ ကိုယ့္ဘဝကလည္း ဆုေတာင္းေပးႏိုင္ရုံသာပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit Photo

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

Upcoming Property Events

42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service