သင်နေတဲ့ အိမ် (သို့) အခန်းမှာ ဒီအချက် (၄) ချက် ရှိနေရင် အမြန်ဆုံးပြင်လိုက်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
611 Views

သင်နေတဲ့ အိမ် (သို့) အခန်းမှာ ဒီအချက် (၄) ချက် ရှိနေရင် အမြန်ဆုံးပြင်လိုက်ပါ

Knowledge | Posted by Shwe Zin Win

[Unicode]

အရာရာတိုင်း၊ ပစ္စည်းတိုင်းမှာ စွမ်းအင်တွေရှိနေပါတယ်။ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ သင့်အိမ်ကို လာဘ်တိတ်စေသလို၊ သင့်ကိုလည်း ဘုန်းကံနိမ့်စေတဲ့ ပစ္စည်းတွေရှိပါတယ်။ ဘာတွေလဲဆိုတာကိုတော့ ကြည့်လိုက်ပါနော်။

(၁) ရှုပ်ပွနေခြင်း

သင့်အိမ်ကို ရှုပ်ပွညစ်ပတ်နေအောင်ထားတာ၊ အမှိုက်တွေ၊ ဖုန်တွေမရှင်းတာ၊ ပင့်ကူမျှင်တွေမရှင်းတာ၊ ပန်းကန်တွေမဆေးပဲ ပုံထားတာမျိုး၊ အဝတ်အစားတွေလည်း သေချာမခေါက်ပဲ ပြန့်ကျဲရှုပ်ပွနေတာမျိုးတွေ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူရှိမနေပဲ ရှုပ်ပွညစ်ပတ်နေတာမျိုးတွေက သင့်အိမ်ကို လာဘ်တိတ်စေသလို၊ ဘုန်းကံနိမ့်စေပါတယ်။

(၂) အနံ့အသက်ဆိုးခြင်း

သင့်အိမ်ကလေထုကလည်း သင့်အပေါ်ကို အများကြီးသက်ရောက်နိုင်ပါတယ်။ သင့်အိမ်မှာ အနံ့အသက်တွေမကောင်းတာ၊ အဝတ်အစားမှိုစော်တွေနံနေတာ ဒါမှမဟုတ် အမှိုက်နံ့တွေနဲ့ တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်စေပြီး ဘုန်းကံနိမ့်စေတာကြောင့် သင့်အိမ်ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်းလေသန့် ရအောင်လုပ်တာ၊ အမွှေးနံ့တွေ ဖြန်းပေးတာမျိုးတွေကို အမြဲတမ်း လုပ်ပေးသင့်ပါတယ်။

(၃) ပစ္စည်းအပျက်တွေထားခြင်း

သင့်အိမ်မှာ အက်နေတဲ့မှန်တွေ၊ ကျိုးနေတဲ့ ချိတ်တွေ၊ အင်္ကျီအပြဲတွေကအစ မထားသင့်ပါဘူး။ ဒီလို မကောင်းတော့တဲ့ အရာတွေကို ဆက်လက်သိမ်းထားတာဟာ အိမ်ကို လာဘ်တိတ်စေတဲ့အပြင် ဘုန်းကံကိုလည်း နိမ့်စေနိုင်လို့ပါ။

(၄) ဘုရားတရားမလုပ်ခြင်း

သင့်အိမ်မှာ သင်ကိုးကွယ်ရာ ဘာသာတရားကို လေးနက်စွာ ပြုလုပ်သင့်ပါတယ်။ ကျမ်းစာ ဘုရားစာတွေကို အသံထွက်ပြီး ရွတ်ဖတ်တာ၊ ဆုတောင်းဝတ်ပြုတာတွေ၊ အိမ်ကို ကောင်းချီးမင်္ဂလာပေးခြင်းတွေကို နေ့စဉ်မပျက်မကွက်ပြုလုပ်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်အိမ်ကို မကောင်းတဲ့ ဝိညာဉ်ဆိုးတွေအပြင် တခြားသော ကံနိမ့်မှုတွေ၊ လာဘ်တိတ်မှုတွေက တံခါးမရှိ၊ ဓားမရှိဝင်လာနိုင်ပြီး သင့်ရဲ့ ဘုန်းကံတွေကို နိမ့်စေနိုင်လို့ပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: auntymay

 

 

 

[Zawgyi]


 


(၁) ရှုပ်ပွနေခြင်း


(၂) အနံ့အသက်ဆိုးခြင်း









Credit: auntymay

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

Upcoming Property Events

pan-swal-taw
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service