“ဘယ်သူတားလို့ ရနိုင်မယ်” - Property Knowledge in Myanmar from iMyanmarHouse.com
445 Views

“ဘယ်သူတားလို့ ရနိုင်မယ်”

Knowledge | Posted by Hnin Ei Khin

[Unicode]

သူငယ်ချင်း မင်းရဲ့မြင့်တက်လာတဲ့ ဘဝအခြေအနေလေးတွေကိုမြင်ရတော့ ငါသိပ်ဝမ်းသာလိုက်တာကွာ။

တစ်ချိန်က မင်းဘဝက မီခြစ်ဂတ်ဖြည့်နေတဲ့ အနေအထားနော် ။နောက်နှစ်အနည်းငယ်အကြာမှာတော့ စက်ဘီးပြင်ဆိုင် လေထိုး ကျွတ်ဖာဆိုင်လေးဖြစ်လာတယ်။

ငါသိပ်ဝမ်းသာတာပေါ့သူငယ်ချင်ရာ။အမှန်ပြောရရင် မင်းရဲ့မီးခြစ်ဂတ်ဖြည့်တဲ့ ဘဝကိုမြင်ရတုန်းကတော့ ငါစိတ်မကောင်းဖြစ်မိသေးတယ်။ဒီအလုပ်ကို ငါ့သူငယ်ချင်လုပ်နေရပါလားလို့ ငါက စိတ်မကောင်းတောင်ဖြစ်ခဲ့ရတာပါ။ ငါ့အမြင်က ပစ္စက္ခမြင်ကွင်းလေးကိုကြည့်ပြီး အဲဒီတုန်းကဖြစ်ခဲ့တဲ့စိတ်ပါ။

ငါ့စိတ်ကသာဒီလိုဖြစ်ခဲ့တာ မင်းစိတ်ကတော့ ဒီအလုပ်အပေါ်ကနေ ရှေ့ဆက် ဘယ်ကိုသွားရမယ်ဆိုတာကို လမ်းကြောင်းဖော်ခဲ့တာပဲနော်။မိုးထိအောင် လှေကားထောင်မယ်ဆိုတဲ့ အရွေ့စိတ်လေးဆိုတာကို အဲဒီတုန်းက ငါမတွေးခဲ့၊ မသိခဲ့ဘူးလေ။

မင်းရဲ့စိတ်အစဉ်က အမြင့်ကိုတက်လိုတဲ့ စိတ်ပဲသူငယ်ချင်း။ငါဂုဏ်ယူပါတယ် သူငယ်ချင်းရယ်။နောက်တော့ မင်းနဲ့ငါနဲ့ ပိုအနေဝေးသွားပြီး အဆက်အသွယ်ပြတ်သွားခဲ့တယ်။ငါနောက်တစ်ခေါက် အညာရောက်တော့ မင်းတို့ မရှိတော့ဘူးလေ။မြစ်ကြီးနားကိုပြောင်းသွားပြီလို့ကြားခဲ့ရတယ်။

“သူကလုပ်တတ်ကိုင်တတ်ရှိတယ်။စီးပွားရေးလာဘ်မြင်တယ်။ဟိုမှာလုပ်ငန်း ကိုင်ငန်းတွေကောင်းနေတယ်”လို့ အမေကပြောတော့ ကိုယ့်ကိုယ်ကိုယ်တောင် စိတ်မကောင်းဖြစ်သေးတယ် သူငယ်ချင်းရာ။ဘာဖြစ်လို့လည်း ဆိုတော့ တို့မြို့ကို အရင်စွန့်ခွာခဲ့တာ ငါဖြစ်ပြီး အခုထိ မကြီးပွားမချမ်းသာဘဲ၊အပြောင်းအလဲ ကြီးကြီးမားမား မရှိဘဲ တော်ရိလျော်ရိနဲ့ ဘဝကိုဖြတ်သန်းလို့နေမိတယ်လေ။အကြိုက်ခြင်း၊ဝါသနာခြင်းကမတူဘူးလေ။

ကိုယ်စိတ်ကပဲ ကိုယ်ဘဝကိုပြဌာန်းလိုက်တာပဲပေါ့ သူငယ်ချင်းရာ။ကြီးပွားချမ်းသာခြင်းကို သိပ်ပြီးစိတ်မဝင်စား သူအတွက် အလိုအလျောက် သူ့ဆီကို ချမ်းသာခြင်းတွေက ဘယ်လိုလုပ်လာမှာလည်းနော်။ဟုတ်တယ် မဟုတ်လား။

ဘဝအခြေအနေ ပြောင်းလဲပြီး မြင့်မားချမ်းသာမှုကို ရှာဖွေနေတဲ့မင်းကတော့ မင်းရဲ့စိတ်ကပြဌာန်းတဲ့အတိုင်း ကာလရွေ့လျားမှုနဲ့အတူပြောင်းလဲသွားလိုက်တာကွာ။ဂုဏ်ယူပါတယ်သူငယ်ချင်း။

နောက်ပိုင်းတစ်ယောက်အကြောင်းတစ်ယောက်သိဖို့ ပိုခက်သွားလိုက်တာနော်။ဆက်သွယ်ရေးကွန်ရက်တွေ ကောင်းလာတာတောင် မင်းနဲ့ငါနဲ့ အဆက်အသွယ်ပြန်မဖြစ်ခဲ့ကြသေးဘူး။

ငါလည်းငါ့အကြိုက်နဲ့ငါ ရုန်းကန်နေရတာပါပဲ။ဒါပေမဲ့ ဘဝအပေါ် အလေးအနက်ထားခြင်းမှာတော့ မင်းကိုမမှီဘူးပေါ့ကွာ။ငါမွေ့လျော်တာက စာပေနဲ့ပတ်သက်တဲ့အပေါ်မှာပါပဲ။စာပေနဲ့ပတ်သက်ရင် ထမင်းမေ့ ဟင်းမေ့ကိုဖြစ်လို့ပေါ့ကွာ။ စာပေစိတ်ဝင်စားတဲ့သူတွေရဲ့ အမူအကျင့်က တခြားစီးပွားရေးဆိုတာကို စိတ်မဝင်စားကြသလို ဖြစ်တတ်တယ်ထင်ပါ့ကွာ။စာဖတ်ဖို့နဲ့စာရေးဖို့ကိုပဲ အာရုံစိုက်တတ်ကြတယ်။

ငါလည်းစာရေးစာဖတ်တာလောက်ကိုပဲ လုပ်ဖို့ အမြဲလုံ့လပြုနေမိတယ်။ပြောင်းလဲမှုအရွေ့ကြီးတွေ အများကြီးဖြစ်ပေါ်ခဲ့ပေမယ့် ထူးခြားပြီးမပြောင်းလဲတာက ငါဖြစ်နေပြီး။အဆက်အသွယ်ပြန်ရလို့ တွေ့ရတဲ့ မင်းဘဝကတော့ လုံးဝကို မြင့်မြင့်မားမားကြီးကိုပြောင်းလဲသွားပါရောလား။

မင်းပုံစံက ငယ်စဉ်ကဟန်ပန်တွေနဲ့ လုံးဝကို ခြားနားသွားပြီကိုးသူငယ်ချင်းရ။ ကိုယ်တိုင်တည်ထောင်ထားတဲ့ လုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင် စီမံခန့်ခွဲရသူတစ်ယောက်ရဲ့ ပြောဟန်၊ဆိုဟန်တွေ၊ အမိန့်ပေးညွှန်ကြား ပုံတွေက လုပ်ငန်းရှင်တစ်ယောက်ရဲ့ဟန်အပြည့်ဖြစ်နေတာကို ငါတွေ့ရတယ်။ကွဲပြားရမယ်လေ။

ကိုယ့်အတွေနဲ့ကိုယ် ကျက်စားတတ်တဲ့ငါတို့နဲ့တော့ မင်းပုံစံက အတော်ကိုခြားနားသွားတယ်။ဒါပေမဲ့ မပြောင်းလဲသေးတာက ငယ်ကအကြောင်းလေးတွေပြောဖြစ်ကြတော့ မင်းနဲ့ငါ ငယ်အတိတ်တွေကို နှစ်ယောက်လုံးရောက်သွားကြတယ်။လက်ရှိအခြေအနေကိုမေ့လို့ပေါ့။

မင်းရန်ကုန်ကိုရောက်တော့ ငါ့ကိုတွေ့ဖို့ အဆက်အသွယ်ရအောင်ရှာပြီး ဆက်သွယ်လာတာ ဝမ်းသာတာပေါ့ သူငယ်ချင်းရာ။မင်းအနေနဲ့ မဆက်သွယ်ဘဲနေမယ်ဆိုရင်နေနိုင်ပါတယ်။လူတွေရဲ့စိတ်မှာ မရှိသူက ရှိသူကို အမှီအခိုအကမ်းအလှမ်းလေးတွေကို မျှော်ကိုးတတ်ကြတယ်မို့လား။ရှိတဲ့သူကလည်း ဒီကောင်ငါ့ကိုတွေ့ချင်တာ ဘာအကျိုးလိုလို့လည်းလို့တွေးမှာပဲလေ။

အခြေအနေကွာတဲ့ ငါ့ကို မင်းကတော့သံယောဇဉ်တကြီးနဲ့ လာတွေ့တော့ဝမ်းသာတာပေါ့ကွာ။ တခြားကိစ္စတွေ အသာထားပြီး ပြန်ဆက်သွယ်ဖြစ်တယ်ဆိုတာကိုက တို့တတွေကြားမှာ ဘာအဟန့်အတားမှမရှိကြလို့ပဲပေါ့ကွာ။

အောင်မြင်သွားသူကို မုဒိတာပွားရမှာပဲမို့လား။ကိုယ်က မုဒိတာမပွားလည်း ကြိုးစားသူအတွက်အ သူ့လမ်းကြောင်းကိုသူ မပြတ်မောင်းနှင်နေမှာပဲလေ။

နောက်ပိုင်းလူမှုကွန်ရက်စာမျက်နှာကနေ မင်းရဲ့လုပ်ငန်းလည်ပတ်နေမှုတွေကို မပြတ်တွေ့နေရတယ်။ အေဂျင်စီတစ်ခုထောင်ပြီး တည်ဆောင်ရေးလုပ်ငန်းတွေအပါအဝင် ဆိုင်းပုဒ်ဖွင့်ပွဲတွေလုပ်တာ၊ တိုက်တာ အဆောက်အအုံတွေ ဆောက်တာကအစ မြင်တွေ့နေရတော့ ငါ့သူငယ်ချင်းကတော့ လုပ်ငန်းတွေ ကောင်းလိုက်တာလို့ မုဒိတာတွေဆက်ပွားနေမိတယ်။ဒီလောက်နေမလားဆိုတော့..မဟုတ်ဘူးနော်။

ဟိုတလောက မင်းငါဆီဖုန်းဆက်လာတော့ မင်းမန္တလေးသွားတဲ့အကြောင်း ငါမေးမိတယ်လေ။ အလည်ပဲလားလို့ ငါမေးတော့… “မဟုတ်ဘူးသူငယ်ချင်းရ ငါမန္တလေးမှာ ဟိုတယ်ဖွင့်မလို့”လို့ မင်းပြောတော့ မင်းရဲ့ခရီးဟာ အဆုံးမသတ်သေးဘဲကိုးလို့ ငါအံ့ဩမိပါတယ်။

ငါက လမ်းကြောင်းတစ်ခုတည်းသတ်မှတ်ပြီး တစ်လမ်းထဲသွားနေတဲ့အချိန်မှာမင်းကတော့ လမ်းကြောင်းတွေအများကြီးနဲ့ ပန်းတိုင်တွေ အများကြီးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခွဲဖြန့်ပြီး သွားနေလိုက်တာ။အားကျပါရဲ့။

တစ်ဦးနဲ့တစ်ဦးတစ်ဦး ရှင်သန်ရာဘဝတွေကွာနေတာဟာ ကိုယ်ပိုင်စိတ်တွေရဲ့ပြဌာန်းကြပုံတွေ ကွာဟသွားခြင်းကပဲ အခြေခံကြောင်းတွေဖြစ်နေကြပါလားလို့ ပိုပြီးသိလိုက်ရတယ်။

ဒီလိုလူမျိုးတွေဟာ လမ်းကြောင်းတွေအများကြီး ရှာဖွေကြပြီး ရှေ့ဆက်ပြီးအားသွန်ခွန်စိုက် လျှောက်နေကြဦး မှာပါပဲ။ဘယ်သူတားလို့ရော ရနိုင်မှာလဲဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

“ဘယ္သူတားလို႔ ရႏိုင္မယ္”

 

သူငယ္ခ်င္း မင္းရဲ႕ျမင့္တက္လာတဲ့ ဘဝအေျခအေနေလးေတြကိုျမင္ရေတာ့ ငါသိပ္ဝမ္းသာလိုက္တာကြာ။

တစ္ခ်ိန္က မင္းဘဝက မီျခစ္ဂတ္ျဖည့္ေနတဲ့ အေနအထားေနာ္ ။ေနာက္ႏွစ္အနည္းငယ္အၾကာမွာေတာ့ စက္ဘီးျပင္ဆိုင္ ေလထိုး ကၽြတ္ဖာဆိုင္ေလးျဖစ္လာတယ္။

ငါသိပ္ဝမ္းသာတာေပါ့သူငယ္ခ်င္ရာ။အမွန္ေျပာရရင္ မင္းရဲ႕မီးျခစ္ဂတ္ျဖည့္တဲ့ ဘဝကိုျမင္ရတုန္းကေတာ့ ငါစိတ္မေကာင္းျဖစ္မိေသးတယ္။ဒီအလုပ္ကို ငါ့သူငယ္ခ်င္လုပ္ေနရပါလားလို႔ ငါက စိတ္မေကာင္းေတာင္ျဖစ္ခဲ့ရတာပါ။ ငါ့အျမင္က ပစၥကၡျမင္ကြင္းေလးကိုၾကည့္ၿပီး အဲဒီတုန္းကျဖစ္ခဲ့တဲ့စိတ္ပါ။

ငါ့စိတ္ကသာဒီလိုျဖစ္ခဲ့တာ မင္းစိတ္ကေတာ့ ဒီအလုပ္အေပၚကေန ေရွ႕ဆက္ ဘယ္ကိုသြားရမယ္ဆိုတာကို လမ္းေၾကာင္းေဖာ္ခဲ့တာပဲေနာ္။မိုးထိေအာင္ ေလွကားေထာင္မယ္ဆိုတဲ့ အေရြ႕စိတ္ေလးဆိုတာကို အဲဒီတုန္းက ငါမေတြးခဲ့၊ မသိခဲ့ဘူးေလ။

မင္းရဲ႕စိတ္အစဥ္က အျမင့္ကိုတက္လိုတဲ့ စိတ္ပဲသူငယ္ခ်င္း။ငါဂုဏ္ယူပါတယ္ သူငယ္ခ်င္းရယ္။ေနာက္ေတာ့ မင္းနဲ႔ငါနဲ႔ ပိုအေနေဝးသြားၿပီး အဆက္အသြယ္ျပတ္သြားခဲ့တယ္။ငါေနာက္တစ္ေခါက္ အညာေရာက္ေတာ့ မင္းတို႔ မရွိေတာ့ဘူးေလ။ျမစ္ႀကီးနားကိုေျပာင္းသြားၿပီလို႔ၾကားခဲ့ရတယ္။

“သူကလုပ္တတ္ကိုင္တတ္ရွိတယ္။စီးပြားေရးလာဘ္ျမင္တယ္။ဟိုမွာလုပ္ငန္း ကိုင္ငန္းေတြေကာင္းေနတယ္”လို႔ အေမကေျပာေတာ့ ကိုယ့္ကိုယ္ကိုယ္ေတာင္ စိတ္မေကာင္းျဖစ္ေသးတယ္ သူငယ္ခ်င္းရာ။ဘာျဖစ္လို႔လည္း ဆိုေတာ့ တို႔ၿမိဳ႕ကို အရင္စြန္႔ခြာခဲ့တာ ငါျဖစ္ၿပီး အခုထိ မႀကီးပြားမခ်မ္းသာဘဲ၊အေျပာင္းအလဲ ႀကီးႀကီးမားမား မရွိဘဲ ေတာ္ရိေလ်ာ္ရိနဲ႔ ဘဝကိုျဖတ္သန္းလို႔ေနမိတယ္ေလ။အႀကိဳက္ျခင္း၊ဝါသနာျခင္းကမတူဘူးေလ။

ကိုယ္စိတ္ကပဲ ကိုယ္ဘဝကိုျပဌာန္းလိုက္တာပဲေပါ့ သူငယ္ခ်င္းရာ။ႀကီးပြားခ်မ္းသာျခင္းကို သိပ္ၿပီးစိတ္မဝင္စား သူအတြက္ အလိုအေလ်ာက္ သူ႔ဆီကို ခ်မ္းသာျခင္းေတြက ဘယ္လိုလုပ္လာမွာလည္းေနာ္။ဟုတ္တယ္ မဟုတ္လား။

ဘဝအေျခအေန ေျပာင္းလဲၿပီး ျမင့္မားခ်မ္းသာမႈကို ရွာေဖြေနတဲ့မင္းကေတာ့ မင္းရဲ႕စိတ္ကျပဌာန္းတဲ့အတိုင္း ကာလေရြ႕လ်ားမႈနဲ႔အတူေျပာင္းလဲသြားလိုက္တာကြာ။ဂုဏ္ယူပါတယ္သူငယ္ခ်င္း။

ေနာက္ပိုင္းတစ္ေယာက္အေၾကာင္းတစ္ေယာက္သိဖို႔ ပိုခက္သြားလိုက္တာေနာ္။ဆက္သြယ္ေရးကြန္ရက္ေတြ ေကာင္းလာတာေတာင္ မင္းနဲ႔ငါနဲ႔ အဆက္အသြယ္ျပန္မျဖစ္ခဲ့ၾကေသးဘူး။

ငါလည္းငါ့အႀကိဳက္နဲ႔ငါ ရုန္းကန္ေနရတာပါပဲ။ဒါေပမဲ့ ဘဝအေပၚ အေလးအနက္ထားျခင္းမွာေတာ့ မင္းကိုမမွီဘူးေပါ့ကြာ။ငါေမြ႔ေလ်ာ္တာက စာေပနဲ႔ပတ္သက္တဲ့အေပၚမွာပါပဲ။စာေပနဲ႔ပတ္သက္ရင္ ထမင္းေမ့ ဟင္းေမ့ကိုျဖစ္လို႔ေပါ့ကြာ။ စာေပစိတ္ဝင္စားတဲ့သူေတြရဲ႕ အမူအက်င့္က တျခားစီးပြားေရးဆိုတာကို စိတ္မဝင္စားၾကသလို ျဖစ္တတ္တယ္ထင္ပါ့ကြာ။စာဖတ္ဖို႔နဲ႔စာေရးဖို႔ကိုပဲ အာရုံစိုက္တတ္ၾကတယ္။

ငါလည္းစာေရးစာဖတ္တာေလာက္ကိုပဲ လုပ္ဖို႔ အျမဲလုံ႔လျပဳေနမိတယ္။ေျပာင္းလဲမႈအေရြ႕ႀကီးေတြ အမ်ားႀကီးျဖစ္ေပၚခဲ့ေပမယ့္ ထူးျခားၿပီးမေျပာင္းလဲတာက ငါျဖစ္ေနၿပီး။အဆက္အသြယ္ျပန္ရလို႔ ေတြ႔ရတဲ့ မင္းဘဝကေတာ့ လုံးဝကို ျမင့္ျမင့္မားမားႀကီးကိုေျပာင္းလဲသြားပါေရာလား။

မင္းပုံစံက ငယ္စဥ္ကဟန္ပန္ေတြနဲ႔ လုံးဝကို ျခားနားသြားၿပီကိုးသူငယ္ခ်င္းရ။ ကိုယ္တိုင္တည္ေထာင္ထားတဲ့ လုပ္ငန္းတစ္ခုကို ဦးစီးဦးေဆာင္ စီမံခန္႔ခြဲရသူတစ္ေယာက္ရဲ႕ ေျပာဟန္၊ဆိုဟန္ေတြ၊ အမိန္႔ေပးညႊန္ၾကား ပုံေတြက လုပ္ငန္းရွင္တစ္ေယာက္ရဲ႕ဟန္အျပည့္ျဖစ္ေနတာကို ငါေတြ႔ရတယ္။ကြဲျပားရမယ္ေလ။

ကိုယ့္အေတြနဲ႔ကိုယ္ က်က္စားတတ္တဲ့ငါတို႔နဲ႔ေတာ့ မင္းပုံစံက အေတာ္ကိုျခားနားသြားတယ္။ဒါေပမဲ့ မေျပာင္းလဲေသးတာက ငယ္ကအေၾကာင္းေလးေတြေျပာျဖစ္ၾကေတာ့ မင္းနဲ႔ငါ ငယ္အတိတ္ေတြကို ႏွစ္ေယာက္လုံးေရာက္သြားၾကတယ္။လက္ရွိအေျခအေနကိုေမ့လို႔ေပါ့။

မင္းရန္ကုန္ကိုေရာက္ေတာ့ ငါ့ကိုေတြ႔ဖို႔ အဆက္အသြယ္ရေအာင္ရွာၿပီး ဆက္သြယ္လာတာ ဝမ္းသာတာေပါ့ သူငယ္ခ်င္းရာ။မင္းအေနနဲ႔ မဆက္သြယ္ဘဲေနမယ္ဆိုရင္ေနႏိုင္ပါတယ္။လူေတြရဲ႕စိတ္မွာ မရွိသူက ရွိသူကို အမွီအခိုအကမ္းအလွမ္းေလးေတြကို ေမွ်ာ္ကိုးတတ္ၾကတယ္မို႔လား။ရွိတဲ့သူကလည္း ဒီေကာင္ငါ့ကိုေတြ႔ခ်င္တာ ဘာအက်ိဳးလိုလို႔လည္းလို႔ေတြးမွာပဲေလ။

အေျခအေနကြာတဲ့ ငါ့ကို မင္းကေတာ့သံေယာဇဥ္တႀကီးနဲ႔ လာေတြ႔ေတာ့ဝမ္းသာတာေပါ့ကြာ။ တျခားကိစၥေတြ အသာထားၿပီး ျပန္ဆက္သြယ္ျဖစ္တယ္ဆိုတာကိုက တို႔တေတြၾကားမွာ ဘာအဟန္႔အတားမွမရွိၾကလို႔ပဲေပါ့ကြာ။

ေအာင္ျမင္သြားသူကို မုဒိတာပြားရမွာပဲမို႔လား။ကိုယ္က မုဒိတာမပြားလည္း ႀကိဳးစားသူအတြက္အ သူ႔လမ္းေၾကာင္းကိုသူ မျပတ္ေမာင္းႏွင္ေနမွာပဲေလ။

ေနာက္ပိုင္းလူမႈကြန္ရက္စာမ်က္ႏွာကေန မင္းရဲ႕လုပ္ငန္းလည္ပတ္ေနမႈေတြကို မျပတ္ေတြ႔ေနရတယ္။ ေအဂ်င္စီတစ္ခုေထာင္ၿပီး တည္ေဆာင္ေရးလုပ္ငန္းေတြအပါအဝင္ ဆိုင္းပုဒ္ဖြင့္ပြဲေတြလုပ္တာ၊ တိုက္တာ အေဆာက္အအုံေတြ ေဆာက္တာကအစ ျမင္ေတြ႔ေနရေတာ့ ငါ့သူငယ္ခ်င္းကေတာ့ လုပ္ငန္းေတြ ေကာင္းလိုက္တာလို႔ မုဒိတာေတြဆက္ပြားေနမိတယ္။ဒီေလာက္ေနမလားဆိုေတာ့..မဟုတ္ဘူးေနာ္။

ဟိုတေလာက မင္းငါဆီဖုန္းဆက္လာေတာ့ မင္းမႏၱေလးသြားတဲ့အေၾကာင္း ငါေမးမိတယ္ေလ။ အလည္ပဲလားလို႔ ငါေမးေတာ့… “မဟုတ္ဘူးသူငယ္ခ်င္းရ ငါမႏၱေလးမွာ ဟိုတယ္ဖြင့္မလို႔”လို႔ မင္းေျပာေတာ့ မင္းရဲ႕ခရီးဟာ အဆုံးမသတ္ေသးဘဲကိုးလို႔ ငါအံ႔ဩမိပါတယ္။

ငါက လမ္းေၾကာင္းတစ္ခုတည္းသတ္မွတ္ၿပီး တစ္လမ္းထဲသြားေနတဲ့အခ်ိန္မွာမင္းကေတာ့ လမ္းေၾကာင္းေတြအမ်ားႀကီးနဲ႔ ပန္းတိုင္ေတြ အမ်ားႀကီးကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ခြဲျဖန္႔ၿပီး သြားေနလိုက္တာ။အားက်ပါရဲ႕။

တစ္ဦးနဲ႔တစ္ဦးတစ္ဦး ရွင္သန္ရာဘဝေတြကြာေနတာဟာ ကိုယ္ပိုင္စိတ္ေတြရဲ႕ျပဌာန္းၾကပုံေတြ ကြာဟသြားျခင္းကပဲ အေျခခံေၾကာင္းေတြျဖစ္ေနၾကပါလားလို႔ ပိုၿပီးသိလိုက္ရတယ္။

ဒီလိုလူမ်ိဳးေတြဟာ လမ္းေၾကာင္းေတြအမ်ားႀကီး ရွာေဖြၾကၿပီး ေရွ႕ဆက္ၿပီးအားသြန္ခြန္စိုက္ ေလွ်ာက္ေနၾကဦး မွာပါပဲ။ဘယ္သူတားလို႔ေရာ ရႏိုင္မွာလဲဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

area-one-business-complex
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service